Tuesday, October 8, 2019

မဟာဂန္ဓာရုံဆရာတော် မိန့်တော်မူသည့် အိမ်သုံးမဂ္ဂင်ရှစ်ပါး 🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡 🌲 သမ္မာဒိဋ္ဌိ 🌲 ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏ သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင် အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏ အကျိုးကို နားလည်သောဉာဏ် ဖြစ်ပါစေ၊ တစ်ခါ တစ်ရံ၌ကား ရုပ် နာမ်နှစ်ရပ် ပေါင်းစပ်၍ လူဟု ခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင် အောင် ဝိပဿနာဉာဏ် ဖြစ်ပါစေ။ 🌲 သမ္မာသင်္ကပ္ပ 🌲 မိမိအတွက်ဖြစ်စေ-သူများအတွက်ဖြစ် စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျိုးများမည့် အကြံကိုသာ ကြံပါ၊ သူတစ်ပါးကို ပျက်စီးသွားမည့်အကြံ၊ ဆင်းရဲ သွားမည့် အကြံများကို မကြံမိပါစေနှင့်၊ မေတ္တာ ကရုဏာထား၍ သနားပါ၊ စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား "လူ့လုပ်ငန်း ကိစ္စစုကို ဖြတ်၍ သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည် စောင့်ကာ) ဆိတ်ဆိတ်ငြိမ် ငြိမ် တရားကျင့်မည်"ဟု ကြံပါ။ 🌲 သမ်မာဝါစာ 🌲 မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ၊ မုသားစကား, ကြမ်းတမ်းသောစကား, အပျက် အချော် အပြောင်အလှောင် စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထအခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ ကောင်းပါသည်။ 🌲 သမ်မာကမ်မန်တ🌲 မိမိမှာဖြစ်စေ, သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မှု, ခိုးမှု စသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ, ပန်းကပ်) စသည်ကို နေ့စဉ် ပြုမိပါစေ။ 🌲 သမ်မာအာဇီဝ 🌲 မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ, သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝမည့် အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊ စွမ်းနိုင်လျှင် ရောင်းရေး, ဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။ 🌲 သမ်မာဝါယာမ 🌲 စီးပွားရှာရာ ဖြစ်စေ, ကုသိုလ်ကိစ္စ၌ ဖြစ်စေ, ဝီရိယ အမြဲရှိပါစေ၊ လောကီစီးပွားရေး ဖြစ်စေ, သံသရာ ကြီးပွားရေး ဖြစ်စေ, မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ အရေးဖြစ်စေ, "အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်"ဟု ကံတစ်ခုကို အားကိုးလို့ ရနိုင် ရိုးမရှိပါ၊ ရေလာ မြောင်းပေး ဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။ 🌲 သမ်မာသတိ 🌲 နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲသတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည်။ 🌲 သမ်မာသမာဓိ 🌲 စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာပြောပါ၊ မျက်နှာ အနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက် တည်ကြည်နေလျှင် မြင်သူ လူအများက ခန့်ညား ကြည်ညိုလျက် (မျက်နှာအနေ မတင်းသည့်အတွက် လည်း) တစ်မျိုး ကျက်သရေ တိုးကာ ချစ်ခင်စရာ ဖြစ်လာပါ လိမ့်မည်။ ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်း ဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ ဈာန် မဂ်ဖိုလ် မဂ္ဂင်များသို့ ရောက်အောင် သမ္မာသတိ ကြီးစွာထားလျက် သမ္မာဝါယာမဖြင့် ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားအာရုံပြုရင်း, ဘုရာရှိခိုးရင်း, ရေတော် ပန်းတော် ဆီမီးတော် ကပ်ရင်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများရင်း လုပ်ရင်း ကိုင်ရင်း ရောင်းရင်း၀ယ်ရင်းနှင့်ပင် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါး ဖြစ်နိုင်ပါသည်။ မှတ်ချက်။ ။ (မဟာဂန္ဓာရုံဆရာတော်ကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်မှ) ထုတ်နုတ်တင်ပြသည်။ credit : Dhamma World မဟာဂန်ဓာရုံဆရာတောျ မိနျ့တောျမူသညျ့ အိမျသုံးမဂ်ဂငျရှဈပါး 🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡🏡 🌲 သမ်မာဒိဋ်ဌိ 🌲 ဘယျကိစ်စ၌မဆို ပွုသမြှကောငျးမှု မကောငျးမှု ကံတှသေညျ ငါ၏ သန်တာနျ၌ အဖတျတငျရဈသညျ၊ နောငျ အခါ အခှငျ့သငျ့သလို ကောငျးကြိုး မကောငျးကြိုးကို တှေ့ကွုံရမညျဟု ကံနှငျ့ ကံ၏ အကြိုးကို နားလညျသောဉာဏျ ဖွဈပါစေ၊ တဈခါ တဈရံ၌ကား ရုပျ နာမျနှဈရပျ ပေါငျးစပျ၍ လူဟု ခေါျဆိုအပျသော ခန်ဓာကိုယျ၏ ဒုက်ခမြားစှာနှငျ့ မကငျးပုံကို ဆငျခွငျ၍ ခန်ဓာကိုယျ၌ အပွဈမွငျ အောငျ ဝိပူနာဉာဏျ ဖွဈပါစေ။ 🌲 သမ်မာသငျ်ကပ်ပ 🌲 မိမိအတှကျဖွဈစေ-သူမြားအတှကျဖွဈ စေ စိတျသဘောကွီးကွီးထားလကြျ အပွဈမရှိဘဲ အကြိုးမြားမညျ့ အကွံကိုသာ ကွံပါ၊ သူတဈပါးကို ပကြျစီးသှားမညျ့အကွံ၊ ဆငျးရဲ သှားမညျ့ အကွံမြားကို မကွံမိပါစနှေငျ့၊ မတေ်တာ ကရုဏာထား၍ သနားပါ၊ စောငျ့ရှောကျပါ၊ တဈခါတဈရံ၌ကား "လူ့လုပျငနျး ကိစ်စစုကို ဖွတျ၍ သငျ့တောျရာအရပျ၌ (ဥပုသျရကျရှညျ စောငျ့ကာ) ဆိတျဆိတျငွိမျ ငွိမျ တရားကငြျ့မညျ"ဟု ကွံပါ။ 🌲 သမျမာဝါစာ 🌲 မိမိမှာဖွဈစေ, သူ့မှာဖွဈစေ အကြိုးမြားမညျ့ စကားကိုသာပွောပါ၊ မုသားစကား, ကွမျးတမျးသောစကား, အပကြျ အခြောျ အပွောငျအလှောငျ စကားနှငျ့ ရနျတိုကျစကားတို့ကို မပွောမိပါစနှေငျ့၊ အိပျရာဝငျ အိပျရာထအခါတို့၌ မိမိကကြျမှတျထားသော ဘုရားနှုတျတောျထှကျ တရားစာမြားကို ရှတျနိုငျလြှငျ သာ၍ ကောငျးပါသညျ။ 🌲 သမျမာကမျမနျတ🌲 မိမိမှာဖွဈစေ, သူမြားမှာဖွဈစေ အကြိုးရှိသော အလုပျမြားကိုသာ ဤခန်ဓာကိုယျဖွငျ့ ပွုလုပျမိပါစေ၊ သတျမှု, ခိုးမှု စသော ကိုယျနှငျ့စပျဆိုငျရာ မကောငျးမှုမြားကို မပွုမိပါစနှေငျ့၊ အိပျရာဝငျ အိပျရာထ၌ ဘုရားကိစ်စ (ရလေဲ, ပနျးကပျ) စသညျကို နေ့စဉျ ပွုမိပါစေ။ 🌲 သမျမာအာဇီဝ 🌲 မိမိ၏ အသကျမှေးဝမျးကြောငျးအတှကျ ပစ်စညျးရှာဖှရော၌ အပွဈကငျးပါစေ, သူတဈပါး မကြျရညျကမြှ မိမိဝမျးဝမညျ့ အလုပျကို တဈသကျလုံး ရှောငျကွဉျပါ၊ စှမျးနိုငျလြှငျ ရောငျးရေး, ဝယျရေး၌ ဆငျးရဲသူမြားကို ညှာနိုငျသမြှ ညှာပါ။ 🌲 သမျမာဝါယာမ 🌲 စီးပှားရှာရာ ဖွဈစေ, ကုသိုလျကိစ်စ၌ ဖွဈစေ, ဝီရိယ အမွဲရှိပါစေ၊ လောကီစီးပှားရေး ဖွဈစေ, သံသရာ ကွီးပှားရေး ဖွဈစေ, မဂျဖိုလျ နိဗ်ဗာနျရဖို့ အရေးဖွဈစေ, "အေးအေးစကျစကျနှငျ့ ကံစီမံသလို ဖွဈလိမျ့မညျ"ဟု ကံတဈခုကို အားကိုးလို့ ရနိုငျ ရိုးမရှိပါ၊ ရလော မွောငျးပေး ဆိုသလို ဝီရိယဖွငျ့ ကူညီပေးမှ ရှေးကံတှေ အခှငျ့သာ၍ သငျ့ရာအကြိုးကို ပေးပါသညျ။ 🌲 သမျမာသတိ 🌲 နေ့စဉျ ပွုစုနကေဖြွဈသော ကုသိုလျကိစ်စကို မမေ့ပါနှငျ့၊ အမွဲသတိရပါစေ၊ သခေါနီးတိုငျအောငျ ကုသိုလျကိစ်စ သတိရနလြှေငျ ဂတိကောငျးကို မုခြ ရပါတော့မညျ။ 🌲 သမျမာသမာဓိ 🌲 စိတျနစေိတျထား တညျကွညျပါစေ၊ နှုတျအပွောလညျး စဉျးစဉျးစားစား သတိထားလကြျ တညျကွညျစှာပွောပါ၊ မကြျနှာ အနအေထားနှငျ့ ကိုယျအသှားအလာ အနအေထိုငျ ငွိမျသကျ တညျကွညျနလြှေငျ မွငျသူ လူအမြားက ခနျ့ညား ကွညျညိုလကြျ (မကြျနှာအနေ မတငျးသညျ့အတှကျ လညျး) တဈမြိုး ကကြျသရေ တိုးကာ ခစြျခငျစရာ ဖွဈလာပါ လိမျ့မညျ။ ဤသို့လြှငျ အိမျမှာပငျ နထေိုငျရငျး ဖွဈနိုငျသော မဟာကုသိုလျ အကွမျးစား အိမျသုံးမဂ်ဂငျရှဈပါးမှ အဆငျ့ဆငျ့တကျ၍ ဈာနျ မဂျဖိုလျ မဂ်ဂငျမြားသို့ ရောကျအောငျ သမ်မာသတိ ကွီးစှာထားလကြျ သမ်မာဝါယာမဖွငျ့ ကွိုးကွိုးစားစား အားထုတျနကွေသူတို့မှာ အိပျရာဝငျ အိပျရာထ၌ ဘုရားအာရုံပွုရငျး, ဘုရာရှိခိုးရငျး, ရတေောျ ပနျးတောျ ဆီမီးတောျ ကပျရငျး ဗုဒ်ဓါနုူတိ ကမ်မဋ်ဌာနျး ပှားမြားရငျး လုပျရငျး ကိုငျရငျး ရောငျးရငျး၀ယျရငျးနှငျ့ပငျ အကွမျးစား အိမျသုံးမဂ်ဂငျရှဈပါး ဖွဈနိုငျပါသညျ။ မှတျခကြျ။ ။ (မဟာဂန်ဓာရုံဆရာတောျကွီး၏ ရတနာ့ဂုဏျရညျစာအုပျမှ) ထုတျနုတျတငျပွသညျ။ credit : Dhamma World


via အလင်းရောင် ဓမ္မ https://ift.tt/30TdNM7