အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 12, 2019
Unicode and Zawgyi read (မဖက်လိုက်ရတဲ့ သူတွေအတွက်) (မဖက္လိုက္ရတဲ့ သူေတြအတြက္) သီတင်းကျွတ်လပြည့်နေ့ ( သို့မဟုတ် ) အဘိဓမ္မာအခါတော်နေ့ သမိုင်း 🙏🙏🙏🙏🙏🙏🙏🙏 ဖတ်ကြည့်နော်… သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ် အဖြစ် အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကြသည်။ ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌ ဆီမီးများ ထွန်းညှိကာ မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။ ထိုအစဉ်အလာကား မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်မှ မယ်တော်မိနတ်သားအား ကျေးဇူးဆပ်သော အားဖြင့် အဘိဓမ္မာမြတ်ဒေသနာတော်ကို ဟောကြားတော် မူပြီး သင်္ကဿနဂိုရ်ပြည်တောင်တံခါးသို့ ဆင်းသက်တော် မူရာအခါ၌ နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းကာဖြင့် ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် ပူဇော်ခြင်း ဖြစ်၏။ ဘိုးဘွား မိဘ ဆရာသမားများအား… ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှားမိခဲ့သည် ရှိသော်… အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့် မိဘဆရာ ပူဇော်ပွဲများ၊ ဝါတွင်းသုံးလ ဝါဆို ဝါကပ်တော်မူကြသည့် သံဃာတော်များ ဝါကျွတ်သည့်အခါ အပြစ်ရှိက အချင်းချင်း တောင်းပန် ပြောကြားကြသော ပဝါရဏာနေ့ အခမ်းအနားများ၊ မီးထွန်းပွဲအခမ်းအနား စသည်ဖြင့် ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့် နေထူးနေ့မြတ်ပင် ဖြစ်သည်။ မဟာသက္ကရာဇ်(၁ဝ၉)ခုနှစ်၊ဝါဆိုလပြည့် သာဝတ္ထိပြည် ကောသလမင်းကြီး၏ ကဏ္ဍ ဥယျာဉ်မှူး မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော် မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသည်။ ဤသို့ ယမိုက်(ရေးမီးအစုံ) ပြာဋိဟာကို ပြတော်မူပြီး၍ ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင် ရှေးမြတ်စွာဘုရားရှင်တို့နည်းတူ တာဝတိံသာနတ်ပြည် ၌ ဝါကပ်တော်မူ၍ မယ်တော်မိနတ်သားအား အဘိဓမ္မာတရား ဟောကြား တော်မူရန် တာဝတိံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့် ကြွသွားတော်မူ၏။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးရန် ပယ်လယ်ကသစ်ပင်ရင်းရှိ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်၌ သီတင်းသုံးတော်မူ၏။ ဤသို့ တာဝတိံသာ နတ်ပြည်သို့ မြတ်စွာဘုရားရှင် ကြွတော်မူလျှင် လူ့ပြည်၌ တန်ခိုးပြာဋိဟာကိုပြပွဲသို့ စုဝေးရောက်ရှိကြ ကုန်သော လူအပေါင်းတို့က ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင် အဘယ်သို့ ကြွတော်မူပါသနည်းဟု မေးလျှောက်သဖြင့်… ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှင်အနုရုဒ္ဓါမထေရ်က… ဘုရားရှင်သည် တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူလျှင် မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်း အား အဘိဓမ္မာတရားကို ဟောကြားရန် တာဝတိံသာ နတ်ပြည် သို့ ကြွတော်မူ၏ဟု ဖြေကြား၏။ လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရသမျှ ဤအရပ်မှ မပြန်အံ့ဟု ကြံပြီးလျှင် သာဝတ္ထိပြည်အနီးဝယ် အသီးသီး သစ်ခက်တဲမဏ္ဍပ်ကို ပြု၍ နေကြကုန်၏။ မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင် အရှင်မောဂ္ဂလာန်အား… သင်ချစ်သားသည်… ဤပရိတ်သတ်အား တရားဟောရစ်ရမည်ဟု မိန့်တော်မူခဲ့ပြီး ဖြစ်၏။ မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာပေါ်၌ ( ၇ )ဝါမြောက် ဝါကပ်တော်မူ၍ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။ တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်း ဟောတော်မူ၏။ အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့် ရဟန်းငါးရာ အား မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာ အကျဉ်းကို မိမိဉာဏ်ဖြင့် ချဲ့ကာ မကျဉ်းမကျယ် အလယ်အလတ် အားဖြင့် ပြန်လည်ဟောကြားတော်မူပါတယ်။ မြတ်စွာဘုရားရှင် တာဝတိံသာ၌ အဘိဓမ္မာတရား ဟောကြားခြင်းပြီးဆုံးသည်နှင့် တပြိုင်နက် အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို အဘိဓမ်မာတရား သင်ပြပို့ချပေးမှုလည်း ပြီးဆုံးလေတော့၏။ ထိုနေ့ကား…သီတင်းကျွတ်လပြည့်နေ့ပင်တည်း။ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသော် သိကြားမင်းအား… မြတ်စွာဘုရားရှင်က သင်သိကြားမင်း၏ နတ်ပြည်၌ ငါဘုရား ပြုဖွယ်ကိစ္စကို ပြုပြီးပြီ။ လူ့ပြည်ရှိ သင်္ကဿနဂိုရ်ပြည်သို့ ငါဘုရား ဆင်းသက်တော် မူအံ့ဟု မိန့်တော်မူ၏။ သီတင်းကျွတ်လဆန်း( ၈ )ရက်နေ့တွင် အရှင်မောဂ္ဂလာန် မှ တာဝတိံသာနတ်ပြည်သို့ တက်တော်မူပြီး မြတ်စွာဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်မည်နည်း ဟု မေးလျှောက်သဖြင့် မြတ်စွာဘုရားရှင်က… ချစ်သား သင်၏ နောင်တော်ကြီး သာရိပုတ္တရာ ဝါကပ်ရာ သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌ သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင် ဆင်းသက် တော်မူမည်ဟု မိန့်တော်မူပါတယ်။ လူအပေါင်းတို့ဟာ ထိုအကြောင်းကို အရှင်မောဂ္ဂလာန်မှ တဆင့် ကြားသိရဖြင့် သီတင်းကျွတ်လဆန်း( ၉ )ရက်နေ့၌ပင် သင်္ကဿနဂိုရ်ပြည် တောင်တံခါးသို့ ရှေးရှုသွားကြကုန်၏။ သီတင်းကျွတ်လပြည့်နေ့ရောက်သော်… သိကြားမင်းသည် တာဝတိံသာနတ်ပြည် သုဒဿနမြို့မှ သည် သင်္ကဿနဂိုရ်ပြည်တောင်တံခါးဝထိ ရွှေစောင်းတန်း၊ပတ္တမြားစောင်းတန်း၊ငွေစောင်းတန်း ဟူသော စောင်းတန်းလှေကားသုံးသွယ်ကို တင့်တယ်စွာ စီရင်၏။ မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ် တပြိုင်နက် ထွန်းလင်းစေလျက် အတုမရှိသော အသရေတော်ကို ပြတော်မူ၍ ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်ကြွတော်မူပါတယ်။ ဗြဟ္မာကြီးတို့က ဘုရားရှင်အား ရွှေထီး ငွေထီး၊သန္တာထီး တို့ဖြင့် အသီးသီးမိုးလျှက် လက်ျာဘက်ရှိ ရွှေစောင်းတန်းဖြင့်၊ သိကြားမင်းအမှူးရှိသော နတ်အပေါင်းတို့မှ ရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကို ကိုင်လျှက် မြတ်စွာဘုရားရှင်အား ပူဇော်ကာ လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့် ဆင်းသက်လာကုန် ၏။ ဤသို့အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ရသော လူပရိတ်သတ်အပေါင်းတို့သည် အားရဝမ်းသာဖြစ်၍ ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင် မရှိပေ။ အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာနှင့်တကွ မြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌ ဦးခိုက်ရှိခိုးကြ၏။ အရှင်သာရိပုတ္တရာက… မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော လူနတ်ဗြဟ္မာ တို့သည် အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော် ကို ဖူးမြင်ကြရ၍ လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို တောင့်တ ကြကုန်၏။ မြတ်စွာဘုရားရှင်က… အရှင်သာရိပုတ္တရာအား…ချစ်သား ကိလေသာမီးတို့၏ ငြိမ်းရာ အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော သဗ္ဗညုတဘုရားရှင်တို့အား ဗြဟ္မာ နတ် လူအပေါင်းတို့က ဤသို့ ချစ်မြတ်နိုးကြကုန်သည်သာတည်းဟု မေးကာ ဖြေကာဖြင့် တရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်။ ထိုတရားကိုနာကြားကြရ၍ အရှင်သာရိပုတ္တရာ၏ တပည့်ငါးရာသည် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုနေ့သည်ကား သီတင်းကျွတ်လပြည့်နေ့ပေတည်း။ အချုပ်အားဖြင့်… သီတင်းကျွတ်လပြည့်နေ့ကို မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော် သန္တုဿိတနတ်သားအမှူးရှိသော နတ်ဗြဟ္မာ အပေါင်းအား အဘိဓမ္မာတရား ဟောကြားတော်မူပြီးခဲ့သည့်နေ့။ အရှင်သာရိပုတ္တရာအား အဘိဓမ္မတရားအကျဉ်း ဟောတော်မူပြီးခဲ့သည့်နေ့။ အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား မကျဉ်းမကျယ် အဘိဓမ္မာတရားကို ဟောတော်မူပြီး ခဲ့သည့်နေ့။ အဘိဓမ္မာဒေသနာတော် ဟောတော်မူပြီးနောက် တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူခဲ့သည့်နေ့။ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များ အပြစ်ရှိက အချင်းချင်း ပြောကြားကြရသော ပဝါရဏာနေ့။ မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော် မူရာအခါ၌ ကြိုဆိုပူဇော်ကြသော နတ်ဗြဟ္မာနှင့်လူအပေါင်းတို့ ဘုရားဆုပန်ကြသောနေ့များသည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း စသည်ဖြင့် နေ့ထူး နေ့မြတ်ပေါင်းများစွာမှ ရှေးဘုရားရှင်တို့၏ ထုံးစံအတိုင်း မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီး သည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု မှတ်တမ်းတင်တော်မူခဲ့ခြင်း ဖြစ်လေသည်။ မူရင်း-Credit မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း ) သီတငျးကြှတျလပွည့ျနေ့ ( သို့မဟုတျ ) အဘိဓမ်မာအခါတောျနေ့ သမိုငျး *************************** ဖတျကွညျ့နောျ… သီတငျးကြှတျလပွည့ျနေ့ကို နေ့ထူးနေ့မွတျ အဖွဈ အဘိဓမ်မာအခါတောျနေ့ဟု သတျမှတျကွသညျ။ ထိုနေ့တှငျ နယျတိုငျး မွို့တိုငျး၌ ဆီမီးမြား ထှနျးညှိကာ မွတျစှာဘုရားရှငျအား ပူဇောျကွ၏။ ထိုအစဉျအလာကား မွတျစှာဘုရားရှငျ တာဝတိံသာ နတျပွညျမှ မယျတောျမိနတျသားအား ကြေးဇူးဆပျသော အားဖွငျ့ အဘိဓမ်မာမွတျဒသေနာတောျကို ဟောကွားတောျ မူပွီး သငျ်ကူနဂိုရျပွညျတောငျတံခါးသို့ ဆငျးသကျတောျ မူရာအခါ၌ နတျဗွဟ်မာအပေါငျးမှ ကွိုဆိုခဲ့သညျ့ အစဉျအလာကို ဆကျလကျထိနျးသိမျးကာဖွငျ့ ယနေ့အခါတှငျ ဆီမီးမြား ထှနျးညှိခွငျးဖွငျ့ ပူဇောျခွငျး ဖွဈ၏။ ဘိုးဘှား မိဘ ဆရာသမားမြားအား… ကာယကံ ဝစီကံ မနောကံမြားဖွငျ့ ပွဈမှားမိခဲ့သညျ ရှိသောျ… အပွဈခပျသိမျး ပပြောကျငွိမျးဖို့ ကနျတော့ကွသညျ့ မိဘဆရာ ပူဇောျပှဲမြား၊ ဝါတှငျးသုံးလ ဝါဆို ဝါကပျတောျမူကွသညျ့ သံဃာတောျမြား ဝါကြှတျသညျ့အခါ အပွဈရှိက အခငြျးခငြျး တောငျးပနျ ပွောကွားကွသော ပဝါရဏာနေ့ အခမျးအနားမြား၊ မီးထှနျးပှဲအခမျးအနား စသညျဖွငျ့ ကွညျညိုဖှယျရာမြားစှာ ပွည့ျနှကျနေ့သညျ့ နထေူးနေ့မွတျပငျ ဖွဈသညျ။ မဟာသက်ကရာဇျ(၁ဝ၉)ခုနှဈ၊ဝါဆိုလပွည့ျ သာဝတ်ထိပွညျ ကောသလမငျးကွီး၏ ကဏ်ဍ ဥယြာဉျမှူး မွတျစှာဘုရားရှငျ၏ ညှှနျကွားခကြျအတိုငျး စိုကျပြိုးအပျသော ကဏ်ဍမ်ဗသရကျဖွူပငျအနီးမှာ တိတ်ထိတို့ကို နှိမျနှငျးတောျ မူရနျ ရမေီးအစုံစုံ တနျခိုးပွာဋိဟာကို ပွတောျမူသညျ။ ဤသို့ ယမိုကျ(ရေးမီးအစုံ) ပွာဋိဟာကို ပွတောျမူပွီး၍ ဝါဆိုလပွည့ျ ညနဆေညျးဆာခြိနျတှငျ ရှေးမွတျစှာဘုရားရှငျတို့နညျးတူ တာဝတိံသာနတျပွညျ ၌ ဝါကပျတောျမူ၍ မယျတောျမိနတျသားအား အဘိဓမ်မာတရား ဟောကွား တောျမူရနျ တာဝတိံသာနတျပွညျသို့ ခွနှေဈလှမျး(သုံးဖဝါး)ဖွငျ့ ကွှသှားတောျမူ၏။ မွတျစှာဘုရားရှငျသညျ တာဝတိံသာနတျပွညျ၌ ဝါတှငျးသုံးလပတျလုံး ဝါကပျသီတငျးသုံးရနျ ပယျလယျကသဈပငျရငျးရှိ သိကွားမငျး၏ ပဏ်ဍုကမ်ဗလာ မွကြောကျဖြာကွီးပေါျ၌ သီတငျးသုံးတောျမူ၏။ ဤသို့ တာဝတိံသာ နတျပွညျသို့ မွတျစှာဘုရားရှငျ ကွှတောျမူလြှငျ လူ့ပွညျ၌ တနျခိုးပွာဋိဟာကိုပွပှဲသို့ စုဝေးရောကျရှိကွ ကုနျသော လူအပေါငျးတို့က ကောငျးကငျသို့ မြှောျကွည့ျ၍ ဘုရားရှငျ အဘယျသို့ ကွှတောျမူပါသနညျးဟု မေးလြှောကျသဖွငျ့… ဒိဗ်ဗစက်ခုဧတဒဂျရ အရှငျအနုရုဒ်ဓါမထရျေက… ဘုရားရှငျသညျ တာဝတိံသာနတျပွညျဝယျ သိကွားမငျး၏ ပဏ်ဍုကမ်ဗလာ ကြောကျဖြာထကျ၌ ဝါကပျတောျမူလြှငျ မယျတောျမိနတျသားအမှူးပွုသော နတျဗွဟ်မာအပေါငျး အား အဘိဓမ်မာတရားကို ဟောကွားရနျ တာဝတိံသာ နတျပွညျ သို့ ကွှတောျမူ၏ဟု ဖွကွေား၏။ လူတို့သညျ မွတျစှာဘုရားရှငျကို မဖူးမွငျရသမြှ ဤအရပျမှ မပွနျအံ့ဟု ကွံပွီးလြှငျ သာဝတ်ထိပွညျအနီးဝယျ အသီးသီး သဈခကျတဲမဏ်ဍပျကို ပွု၍ နကွေကုနျ၏။ မွတျစှာဘုရားရှငျသညျ ရှေးဦးကပငျလြှငျ အရှငျမောဂ်ဂလာနျအား… သငျခစြျသားသညျ… ဤပရိတျသတျအား တရားဟောရဈရမညျဟု မိနျ့တောျမူခဲ့ပွီး ဖွဈ၏။ မွတျစှာဘုရားရှငျသညျ ပဏ်ဍုကမ်ဗလာမွကြောကျဖြာပေါျ၌ ( ၇ )ဝါမွောကျ ဝါကပျတောျမူ၍ ဝါတှငျးသုံးလပတျလုံး အဘိဓမ်မာဒသေနာတောျကို ဟောကွားတောျမူခဲ့၏။ တဈဖနျ အရှငျသာရိပုတ်တရာအား အဘိဓမ်မာတရား အကဉြျး ဟောတောျမူ၏။ အရှငျသာရိပုတ်တရာမှလညျး မိမိ၏ တပည့ျ ရဟနျးငါးရာ အား မွတျစှာဘုရားရှငျ ဟောကွားတောျမူသော အဘိဓမ်မာ အကဉြျးကို မိမိဉာဏျဖွငျ့ ခြဲ့ကာ မကဉြျးမကယြျ အလယျအလတျ အားဖွငျ့ ပွနျလညျဟောကွားတောျမူပါတယျ။ မွတျစှာဘုရားရှငျ တာဝတိံသာ၌ အဘိဓမ်မာတရား ဟောကွားခွငျးပွီးဆုံးသညျနှငျ့ တပွိုငျနကျ အရှငျသာရိပုတ်တရာက တပည့ျ ရဟနျးငါးရာကို အဘိဓမျမာတရား သငျပွပို့ခပြေးမှုလညျး ပွီးဆုံးလတေော့၏။ ထိုနေ့ကား…သီတငျးကြှတျလပွည့ျနေ့ပငျတညျး။ အဘိဓမ်မာဒသေနာတောျကို ဟောကွားတောျမူပွီးသောျ သိကွားမငျးအား… မွတျစှာဘုရားရှငျက သငျသိကွားမငျး၏ နတျပွညျ၌ ငါဘုရား ပွုဖှယျကိစ်စကို ပွုပွီးပွီ။ လူ့ပွညျရှိ သငျ်ကူနဂိုရျပွညျသို့ ငါဘုရား ဆငျးသကျတောျ မူအံ့ဟု မိနျ့တောျမူ၏။ သီတငျးကြှတျလဆနျး( ၈ )ရကျနေ့တှငျ အရှငျမောဂ်ဂလာနျ မှ တာဝတိံသာနတျပွညျသို့ တကျတောျမူပွီး မွတျစှာဘုရားရှငျ အဘယျအရပျ၌ ဆငျးသကျမညျနညျး ဟု မေးလြှောကျသဖွငျ့ မွတျစှာဘုရားရှငျက… ခစြျသား သငျ၏ နောငျတောျကွီး သာရိပုတ်တရာ ဝါကပျရာ သငျ်ကူနဂိုရျပွညျ တောငျတံခါး၌ သီတငျးကြှတျလပွည့ျနေ့ ပဝါရဏာနေ့တှငျ ဆငျးသကျ တောျမူမညျဟု မိနျ့တောျမူပါတယျ။ လူအပေါငျးတို့ဟာ ထိုအကွောငျးကို အရှငျမောဂ်ဂလာနျမှ တဆငျ့ ကွားသိရဖွငျ့ သီတငျးကြှတျလဆနျး( ၉ )ရကျနေ့၌ပငျ သငျ်ကူနဂိုရျပွညျ တောငျတံခါးသို့ ရှေးရှုသှားကွကုနျ၏။ သီတငျးကြှတျလပွည့ျနေ့ရောကျသောျ… သိကွားမငျးသညျ တာဝတိံသာနတျပွညျ သုဒူနမွို့မှ သညျ သငျ်ကူနဂိုရျပွညျတောငျတံခါးဝထိ ရှှစေောငျးတနျး၊ပတ်တမွားစောငျးတနျး၊ငှစေောငျးတနျး ဟူသော စောငျးတနျးလှကေားသုံးသှယျကို တငျ့တယျစှာ စီရငျ၏။ မွတျစှာဘုရားရှငျသညျ ရောငျခွညျတောျ ခွောကျသှယျ တပွိုငျနကျ ထှနျးလငျးစလေကြျ အတုမရှိသော အသရတေောျကို ပွတောျမူ၍ ပတ်တမွားစောငျးတနျးဖွငျ့ ဆငျးသကျကွှတောျမူပါတယျ။ ဗွဟ်မာကွီးတို့က ဘုရားရှငျအား ရှှထေီး ငှထေီး၊သန်တာထီး တို့ဖွငျ့ အသီးသီးမိုးလြှကျ လကျြာဘကျရှိ ရှှစေောငျးတနျးဖွငျ့၊ သိကွားမငျးအမှူးရှိသော နတျအပေါငျးတို့မှ ရှှတေံခှနျ၊ ငှတေံခှနျ၊ ပုလဲတံခှနျတို့ကို ကိုငျလြှကျ မွတျစှာဘုရားရှငျအား ပူဇောျကာ လကျဝဲဘကျရှိ ငှစေောငျးတနျးဖွငျ့ ဆငျးသကျလာကုနျ ၏။ ဤသို့အတုမရှိသော မွတျစှာဘုရားရှငျ၏ အသရတေောျကို ဖူးမွငျရသော လူပရိတျသတျအပေါငျးတို့သညျ အားရဝမျးသာဖွဈ၍ ဘုရားအဖွဈကို မတောငျးတသူ တဈဦးမြှပငျ မရှိပေ။ အရှငျသာရိပုတ်တရာက တပည့ျရဟနျးငါးရာနှငျ့တကှ မွတျစှာဘုရားရှငျ၏ ခွတေောျစုံ၌ ဦးခိုကျရှိခိုးကွ၏။ အရှငျသာရိပုတ်တရာက… မွတျစှာဘုရား ယနေ့ ခပျသိမျးသော လူနတျဗွဟ်မာ တို့သညျ အတုမရှိသော မွတျစှာဘုရားရှငျ၏ အသရတေောျ ကို ဖူးမွငျကွရ၍ လှနျစှာ မွတျနိုးကွကုနျလကြျ ဘုရားဆုကို တောငျ့တ ကွကုနျ၏။ မွတျစှာဘုရားရှငျက… အရှငျသာရိပုတ်တရာအား…ခစြျသား ကိလသောမီးတို့၏ ငွိမျးရာ အေးမွသညျ့ နိဗ်ဗာနျခမြျးသာ၌ မှေ့လြောျကွကုနျသော သဗ်ဗညုတဘုရားရှငျတို့အား ဗွဟ်မာ နတျ လူအပေါငျးတို့က ဤသို့ ခစြျမွတျနိုးကွကုနျသညျသာတညျးဟု မေးကာ ဖွကောဖွငျ့ တရားတောျကို ဟောကွားတောျမူခဲ့ပါတယျ။ ထိုတရားကိုနာကွားကွရ၍ အရှငျသာရိပုတ်တရာ၏ တပည့ျငါးရာသညျ ရဟန်တာအဖွဈသို့ ရောကျတောျမူခဲ့ပါတယျ။ ထိုနေ့သညျကား သီတငျးကြှတျလပွည့ျနေ့ပတေညျး။ အခြုပျအားဖွငျ့… သီတငျးကြှတျလပွည့ျနေ့ကို မွတျစှာဘုရားရှငျ တာဝတိံသာနတျပွညျ၌ မယျတောျ သန်တုိူတနတျသားအမှူးရှိသော နတျဗွဟ်မာ အပေါငျးအား အဘိဓမ်မာတရား ဟောကွားတောျမူပွီးခဲ့သညျ့နေ့။ အရှငျသာရိပုတ်တရာအား အဘိဓမ်မတရားအကဉြျး ဟောတောျမူပွီးခဲ့သည့ျနေ့။ အရှငျသာရိပုတ်တရာမှ တပည့ျရဟနျးငါးရာအား မကဉြျးမကယြျ အဘိဓမ်မာတရားကို ဟောတောျမူပွီး ခဲ့သညျ့နေ့။ အဘိဓမ်မာဒသေနာတောျ ဟောတောျမူပွီးနောကျ တာဝတိံသာ နတျပွညျမှ သငျ်ကူနဂိုရျပွညျသို့ ဆငျးသကျတောျမူခဲ့သညျ့နေ့။ ဝါဆိုဝါကပျတောျမူကွသော သံဃာတောျမြား အပွဈရှိက အခငြျးခငြျး ပွောကွားကွရသော ပဝါရဏာနေ့။ မွတျစှာဘုရားရှငျ သငျ်ကူနဂိုရျပွညျသို့ ဆငျးသကျတောျ မူရာအခါ၌ ကွိုဆိုပူဇောျကွသော နတျဗွဟ်မာနှငျ့လူအပေါငျးတို့ ဘုရားဆုပနျကွသောနေ့မြားသညျ သီတငျးကြှတျလပွည့ျနေ့ဖွဈခွငျး စသညျဖွငျ့ နေ့ထူး နေ့မွတျပေါငျးမြားစှာမှ ရှေးဘုရားရှငျတို့၏ ထုံးစံအတိုငျး မယျတောျဖွဈခဲ့ဖူးသော သန်တုိူတနတျသားအား ကြေးဇူးဆပျသောအားဖွငျ့ အဘိဓမ်မာဒသေနာတောျကို ဟောကွားတောျမူပွီး သညျ့နေ့ကို အဘိဓမ်မာအခါတောျနေ့ဟု မှတျတမျးတငျတောျမူခဲ့ခွငျး ဖွဈလသေညျ။ မူရငျး-Credit မတေ်တာဖွငျ့… အရှငျပုည( ဝကုနျး )
via အလင်းရောင် ဓမ္မ https://ift.tt/329ZC79
Newer Post
Older Post
Home