Monday, October 7, 2019

အမှန်ကို နားလည်တဲ့စိတ်က ချမ်းသာစေလိမ့်မယ်။ •••••••••••••••••••••••••••• ဖြစ်ချင်သလို ဖြစ်နေတဲ့ သူများရဲ့သဘောတွေကို တွေးချင်သလို တွေးနေတဲ့ သူများရဲ့ အတွေးတွေကို ဘာဖြစ်လို့များ သဘောမကျ ဖြစ်နေရတာလဲ။ သူတို့အတွေးတွေကို ကိုယ့်အတွေးထဲ ရောက်အောင် ကိုယ့်ဟာကိုယ် တွေးယူ ပြီးတော့ ကိုယ့်ကိုယ်ကို ဒေါသတွေနဲ့ ထိခိုက်အောင် လုပ်နေတာ ကောင်းသလား။ သူတို့က သူတို့အတွေးတွေကို ကိုယ့်အတွေးထဲ ရောက်အောင် လာထည့်ပေးတာလည်း မဟုတ်။ ကိုယ့်ဟာ့ကို အားအားယားယား သူတို့ အတွေးတွေကို ကိုယ့်အတွေးထဲ ထည့် တွေးပြီး ကိုယ့်ဟာကိုယ် ခံစားနေတာ။ သူတို့က သိတောင်သိမှာ မဟုတ်ဘူး။ ကိုယ်သာ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ဒေါသတွေနဲ့ အလုပ်ရှုပ်နေတာ။ တကယ်ဆို မြင့်မြတ်တဲ့ ကိုယ့်အလုပ် ကိုယ့်အတွေးနဲ့ ကိုယ့်ဟာကိုယ် နေနိုင်မယ်ဆိုရင်… သူတို့အတွေး သူတို့အကြောင်းတွေဟာ ကိုယ့်ခေါင်းထဲ ရောက်လာစရာ အကြောင်း မရှိဘူး။ ဒါဆိုရင် သူတို့နဲ့ ပတ်သက်ပြီးတော့ စိတ်တိုစရာ အကုသိုလ်ဖြစ်စရာ မရှိဘူးပေါ့။ သူတို့က ကိုယ့်ကိုမကောင်းဘူးပြောကြလို့ ကိုယ်တကယ် မကောင်းသွားတာမှမဟုတ်ပဲ။ ငါ့ကို ပြောရကောင်းလား ဆိုတဲ့ မခံချင်စိတ်ကြောင့်သာ ကိုယ့်မှာ ဆင်းရဲသွားရတာ။ ငါက အဲလိုမဟုတ်ပါဘူးလို့ သူတို့ကို လိုက်ရှင်းနေစရာမလိုပါဘူး။ ကိုယ့်ကို ကောင်းတယ်လို့ ထင်စေချင်တဲ့ လောဘတွေ ကိုယ့်ကို မကောင်းပြောတာကို မကြိုက်တဲ့ ဒေါသတွေ "သူတို့က ကိုယ့်ကိုမကောင်းဘူးပြောကြလို့ ကိုယ်တကယ် မကောင်းသွားတာမှမဟုတ်ပဲ" ဆိုတာကို မသိတဲ့ မောဟတွေ သူတိုရဲ့ကိုယ့်အပေါ်မှာ ထင်ချင်သလို ထင်နေတဲ့ အထင်တွေ ပြောချင်သလိုပြောနေတဲ့ အပြောတွေ အဲဒီအထင်တွေ အပြောတွေဟာ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့… ဖြစ်ပြီး မရှိတော့တဲ့ အတွေးတွေ အသံတွေမျှပဲလို့ တကယ်မသိတဲ့ မောဟတွေ… ကိုယ့်ရဲ့ အဲဒီလောဘ ဒေါသ မောဟတွေကိုပဲ ရှင်းပစ်ရမှာ။ မောဟကို ရှင်းလိုက်ရင် လောဘနှင့် ဒေါသကို ရှင်းပြီးသားဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိသိနေတဲ့ သတိပဋ္ဌာန် အကျင့်ဟာ အကောင်းဆုံး မောဟရှင်းနည်းပဲ။ စိတ်ကို ကြားအောင် ပြောလိုက်ပါ။ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ စိတ်ကို နားလည်အောင်ပြောလိုက်ပါ။ အကြောင်းမရှိလို့ မဖြစ်ဘူးဆိုရင်လည်း ဘာမှ မတောင်းဆိုပါနဲ့လို့… အကြောင်းရှိလို့ ဖြစ်မယ်ဆိုရင်လည်း ဘာမှ မငြင်းဆိုပါနဲ့လို့ … သဘာဝတရားက ကိုယ်တောင်းဆိုတာ ကိုလည်းမကြား ကိုယ်ငြင်းဆိုတာကို လည်းမသိ… ကိုယ့်မှာသာ တောင်းဆိုရင်းနဲ့ ငြင်းဆိုရင်းနဲ့ မောနေရတာလို့… သူကတော့ ဖြစ်စရာရှိတဲ့အတိုင်း ဖြစ်သွားမှာလို့ ပြောလိုက်ပါ။ အဲဒီ အမှန်တရားကိုပြောလိုက်ပါ။ စိတ်ကို ပြောလိုက်ပါ။ ကြားအောင် ပြောလိုက်ပါ။ အဲဒီအမှန်တရားကို အထပ်ထပ်ပြောလိုက်ပါ။ နားလည်အောင် ပြောလိုက်ပါ။ သဘောပေါက်အောင် ပြောလိုက်ပါ။ အမှန်ကို နားလည်တဲ့စိတ်က ချမ်းသာစေလိမ့်မယ်။ အမှန်ကို နားမလည်တဲ့စိတ်က ဆင်းရဲစေလိမ့်မယ်။ သစ္စာရွှေစည်ဆရာတော် အမွန္ကို နားလည္တဲ့စိတ္က ခ်မ္းသာေစလိမ့္မယ္။ •••••••••••••••••••••••••••• ျဖစ္ခ်င္သလို ျဖစ္ေနတဲ့ သူမ်ားရဲ႕သေဘာေတြကို ေတြးခ်င္သလို ေတြးေနတဲ့ သူမ်ားရဲ႕ အေတြးေတြကို ဘာျဖစ္လို႔မ်ား သေဘာမက် ျဖစ္ေနရတာလဲ။ သူတို႔အေတြးေတြကို ကိုယ့္အေတြးထဲ ေရာက္ေအာင္ ကိုယ့္ဟာကိုယ္ ေတြးယူ ၿပီးေတာ့ ကိုယ့္ကိုယ္ကို ေဒါသေတြနဲ႕ ထိခိုက္ေအာင္ လုပ္ေနတာ ေကာင္းသလား။ သူတို႔က သူတို႔အေတြးေတြကို ကိုယ့္အေတြးထဲ ေရာက္ေအာင္ လာထည့္ေပးတာလည္း မဟုတ္။ ကိုယ့္ဟာ့ကို အားအားယားယား သူတို႔ အေတြးေတြကို ကိုယ့္အေတြးထဲ ထည့္ ေတြးၿပီး ကိုယ့္ဟာကိုယ္ ခံစားေနတာ။ သူတို႔က သိေတာင္သိမွာ မဟုတ္ဘူး။ ကိုယ္သာ ကိုယ့္ဟာကိုယ္ တစ္ေယာက္တည္း ေဒါသေတြနဲ႕ အလုပ္ရႈပ္ေနတာ။ တကယ္ဆို ျမင့္ျမတ္တဲ့ ကိုယ့္အလုပ္ ကိုယ့္အေတြးနဲ႕ ကိုယ့္ဟာကိုယ္ ေနနိုင္မယ္ဆိုရင္… သူတို႔အေတြး သူတို႔အေၾကာင္းေတြဟာ ကိုယ့္ေခါင္းထဲ ေရာက္လာစရာ အေၾကာင္း မရွိဘူး။ ဒါဆိုရင္ သူတို႔နဲ႕ ပတ္သက္ၿပီးေတာ့ စိတ္တိုစရာ အကုသိုလ္ျဖစ္စရာ မရွိဘူးေပါ့။ သူတို႔က ကိုယ့္ကိုမေကာင္းဘူးေျပာၾကလို႔ ကိုယ္တကယ္ မေကာင္းသြားတာမွမဟုတ္ပဲ။ ငါ့ကို ေျပာရေကာင္းလား ဆိုတဲ့ မခံခ်င္စိတ္ေၾကာင့္သာ ကိုယ့္မွာ ဆင္းရဲသြားရတာ။ ငါက အဲလိုမဟုတ္ပါဘူးလို႔ သူတို႔ကို လိုက္ရွင္းေနစရာမလိုပါဘူး။ ကိုယ့္ကို ေကာင္းတယ္လို႔ ထင္ေစခ်င္တဲ့ ေလာဘေတြ ကိုယ့္ကို မေကာင္းေျပာတာကို မႀကိဳက္တဲ့ ေဒါသေတြ "သူတို႔က ကိုယ့္ကိုမေကာင္းဘူးေျပာၾကလို႔ ကိုယ္တကယ္ မေကာင္းသြားတာမွမဟုတ္ပဲ" ဆိုတာကို မသိတဲ့ ေမာဟေတြ သူတိုရဲ႕ကိုယ့္အေပၚမွာ ထင္ခ်င္သလို ထင္ေနတဲ့ အထင္ေတြ ေျပာခ်င္သလိုေျပာေနတဲ့ အေျပာေတြ အဲဒီအထင္ေတြ အေျပာေတြဟာ ပုဂၢိုလ္သတၱဝါ မဟုတ္တဲ့… ျဖစ္ၿပီး မရွိေတာ့တဲ့ အေတြးေတြ အသံေတြမွ်ပဲလို႔ တကယ္မသိတဲ့ ေမာဟေတြ… ကိုယ့္ရဲ႕ အဲဒီေလာဘ ေဒါသ ေမာဟေတြကိုပဲ ရွင္းပစ္ရမွာ။ ေမာဟကို ရွင္းလိုက္ရင္ ေလာဘႏွင့္ ေဒါသကို ရွင္းၿပီးသားျဖစ္တယ္။ ဘာပဲျဖစ္ျဖစ္ ျဖစ္ေနတာကို ျဖစ္ေနတဲ့အတိုင္း သိသိေနတဲ့ သတိပ႒ာန္ အက်င့္ဟာ အေကာင္းဆုံး ေမာဟရွင္းနည္းပဲ။ စိတ္ကို ၾကားေအာင္ ေျပာလိုက္ပါ။ ျဖစ္ေနတာေတြနဲ႕ ပတ္သက္လို႔ စိတ္ကို နားလည္ေအာင္ေျပာလိုက္ပါ။ အေၾကာင္းမရွိလို႔ မျဖစ္ဘူးဆိုရင္လည္း ဘာမွ မေတာင္းဆိုပါနဲ႕လို႔… အေၾကာင္းရွိလို႔ ျဖစ္မယ္ဆိုရင္လည္း ဘာမွ မျငင္းဆိုပါနဲ႕လို႔ … သဘာဝတရားက ကိုယ္ေတာင္းဆိုတာ ကိုလည္းမၾကား ကိုယ္ျငင္းဆိုတာကို လည္းမသိ… ကိုယ့္မွာသာ ေတာင္းဆိုရင္းနဲ႕ ျငင္းဆိုရင္းနဲ႕ ေမာေနရတာလို႔… သူကေတာ့ ျဖစ္စရာရွိတဲ့အတိုင္း ျဖစ္သြားမွာလို႔ ေျပာလိုက္ပါ။ အဲဒီ အမွန္တရားကိုေျပာလိုက္ပါ။ စိတ္ကို ေျပာလိုက္ပါ။ ၾကားေအာင္ ေျပာလိုက္ပါ။ အဲဒီအမွန္တရားကို အထပ္ထပ္ေျပာလိုက္ပါ။ နားလည္ေအာင္ ေျပာလိုက္ပါ။ သေဘာေပါက္ေအာင္ ေျပာလိုက္ပါ။ အမွန္ကို နားလည္တဲ့စိတ္က ခ်မ္းသာေစလိမ့္မယ္။ အမွန္ကို နားမလည္တဲ့စိတ္က ဆင္းရဲေစလိမ့္မယ္။ သစၥာေ႐ႊစည္ဆရာေတာ္


via အလင္းေရာင္ ဓမၼ https://ift.tt/30VgL2G