အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 9, 2019
"သူဋ္ဌေးဘဝ ချက်ချင်းရောက်ခဲ့ရသော ဒါနကုသိုလ်" --------------------------------- ဂေါတမဘုရားလက်ထက်တော် ********************** နိရောဓသမာပတ်မှထလာသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် သူဆင်းရဲမောင်နှံ မောင်ပုဏ္ဏနှင့် ဘာရိတာ,သမီးဥတ္တရာတို့အား ချီးမြှောက်ရန် နံနက် စောစောတွင် မောင်ပုဏ္ဏလယ်ထွန်ရာသို့သွားပြီး မျက်နှာသစ်ရေ,ဒန်ပူတို့အားအလှူခံ၏။ ထမင်းလာပို့သည့် ဇနီးဖြစ်သူ ဘာရိတာကလည်း စေတနာအပြည့်နှင့်ဆွမ်းဟင်းတို့အားလောင်းလှူလိုက် ၏။လင်မယားနှစ်ယောက်မှာတယောက်အလှူ တယောက်ဝမ်းသာအားရဖြစ်ပြီး သာဓုခေါ်ဆိုကြ၏။ မောင်ပုဏ္ဏတို့အလှူသည် အချိန်ပိုင်းအတွင်းမှာပင် ကောင်းကျိုးများရရှိကာ ထွန်ထားသည့် မြေကြီးခဲများ သည် ရွှေများဖြစ်သွားကာ ဗိမ္ဗိသာရမင်းကြီးမှသူဋ္ဌေးဘွဲ့ ပေးလိုက်ရ၏။ ---အင်္ဂါလေးချက်နှင့်ညီသော ဒါနဖြစ်ခြင်း------ "သီပေါမင်းလက်ထက်" --------------- သီပေါမင်းလက်ထက်တွင် ဦးစီဟုခေါ်သည့် သူဋ္ဌေးတစ်ဦးရှိ၏။သူသည် ယခင်ကအလွန်ဆင်းရဲ၏။ မိုင်းတိုင်သူ မချိုနှင့်အိမ်ထောင်ကျပြီး ခရိုင်အုပ်မင်းမှ လယ်တစ်လုပ်စာချပေး၍ ကိုယ်ပိုင်လယ်လေး လုပ်ခွင့် ရ၏။ တစ်နေ့တွင် ရဟန်းတော်တစ်ပါးအား သူစားမည့် ထမင်းနှင့်ဟင်းအား မစားဘဲဆက်ကပ်လှူဒါန်းလိုက် ၏။အဆိုပါအလှူအား မယားအားပြောပြကာ မယားမှ လည်း ဝမ်းသာအားရ သာဓုခေါ်ဆို၏။နောက် မကြာမီ သူတို့လယ်ကွက်အလယ်ကောင်တွင် တောင်ပူဇာကြီး တခုပေါက်လာသည်။ တောင်ပူဇာကြီးအား ဖြိုချလိုက်သည့်အခါ အလယ်တွင် ကျင်းကြီးဖြစ်နေ၏။ကျင်းထဲတွင် ရတနာ များအပြည့်ရှိနေ၏။ထိုရတနာများရသွားကာ သူဋ္ဌေး ဘဝရောက်ရလေသည်။သူဋ္ဌေးဘဝအား သီပေါမင်း ကိုယ်တိုင် ချီးမြှင့်ပေးအပ်ခဲ့၏။ အလှူဒါနပြုရာတွင် တကယ်လိုအပ်သည့်နေရာတွင် လှူဒါန်းခြင်းဖြင့် အကျိုးကျေးဇူးများစွာ ခံစားရကြောင်း မောင်ပုဏ္ဏတို့ဇနီးမောင်နှံနှင့် ဦစီတို့အကြောင်းလေ့လာ ခြင်းဖြင့်တွေ့ရှိနိုင်ပေသည်။ဥာဏ်ယှဉ်သော ဒါနဖြစ်ရန် လိုအပ်ပေသည်။ =========တရား ရတနာ==========
via အလင်းရောင် ဓမ္မ https://ift.tt/322nae6
Newer Post
Older Post
Home