Thursday, October 10, 2019

ဘဝအခြေအနေ၏ အဆင်မပြေမှုများကို ဖြေရှင်းနည်း ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ လောကလူတွေဟာ ကိုယ်က အကောင်းလုပ်တယ်။ သို့သော် မကောင်းတာတွေနဲ့ တွေ့ချင်တွေ့မယ်။ ကိုယ်က မကောင်းတာတွေ လုပ်တယ်။ သို့သော် ကောင်းတာတွေနဲ့ တွေ့ချင် တွေ့မယ်။ ဒီနေ့ခေတ်မှာလည်းပဲ လူတွေရဲ့အမြင်မှာ ဒီလူကတော့ ကောင်းတယ်။ ဒါပေမယ့် သူ မကောင်းတာတွေ ဖြစ်ချင်ဖြစ်မယ်။ ဒီလူကတော့ ဆိုးတယ်။ ဒါပေမယ့် သူ ကောင်းစားချင် ကောင်းစားမယ်။ အဲလို အခြေနေမျိုးတွေဟာ ဘဝအခြေအနေ တစ်ခုရဲ့ အဆင်မပြေမှုများတွေပဲ ဖြစ်တယ်။ အဲဒီအဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ရှင်းပြထားတယ်။ "ပါပေါပိ ပဿတိ ဘဒြံ" မကောင်းတဲ့သူ ကလည်း တစ်ခါတစ်လေ အကောင်းနဲ့ကြုံတွေ့ရတတ်တယ်။ ဘယ်အခါမျိုးတုန်းဆိုရင် "ယာဝ ပါပံနပစ္စတိ" သူရဲ့ ဆိုးရွားတဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကျိုးမပေးသေးခင်ပေါ့။ အရာခပ်သိမ်းက ဘယ်အရာပဲဖြစ်ဖြစ် ခုလုပ် ခုဖြစ်တာမဟုတ်ဘူး။ ငရုပ်သီးသာ အခုစား အခုစပ်တယ်။ ကံကျတော့ အခုရေတွင်းတူးရင် အခု ရေကြည်သောက်ရမှာ မဟုတ်ဘူး။ သစ်ပင်က ခုစိုက် ခုသီးမှာ မဟုတ်ဘူး။ ကံဆိုတာလည်း အဲဒီတိုင်းပဲ။ ငရုပ်သီးလို ခုလုပ် ခုစပ်မယ်ဆိုရင် ဘယ်သူမှ မလုပ်ရဲပါဘူး။ အဲဒီမှာ "ယာဝ ပါပံ န ပစ္စတိ" အဆိုးတရား တွေက အကျိုးကို မထုတ်လုပ်သေးဘူးဆိုရင် "ပါပေါပိ" ဆိုးယုတ်တဲ့ ပုဂ္ဂိုလ်ပင် ဖြစ်သော် လည်း အကောင်းတွေ ကြုံရတတ်တယ်။ ဒါဟာ လောကသဘာဝရဲ့ အဆင်မပြေမှုတွေပေါ့။ ဘာ့ကြောင့် မကောင်းတဲ့လူက အကောင်းနဲ့တွေ့လည်းဆိုရင် သူ့ရဲ့ လုပ်ရပ်တွေက အကျိုးမပေးသေးဘူး။ ရင်းနှီးမြုပ်နှံထားတုန်းပဲ ရှိသေးတယ်။ ထွက်မလာသေးဘူး။ တချိန်တုန်းက လုပ်ထားတဲ့ အကောင်းတွေ ခံစားနေရတယ်လို့ ဆိုလိုတယ်။ သို့သော် အခုလုပ်ရပ်အတွက် အကျိုးမရောက် သေးဘူး။ ဒါ့ကြောင့် ကောင်းစားနေတယ်။ "ယဒါ စ ပစ္စတိ ပါပံ" သူလုပ်တဲ့ မကောင်းမှုတွေ အကျိုးပေးပြီဆိုရင်တော့ … "အထ ပါပေါ ပါပါနိ ပဿတိ" မကောင်းကျိုးတွေ တွေ့ပြီ။ ခံစားရပြီ။ ဥပမာ… ချိုအေးနေတဲ့ အရက်ထဲမှာ အဆိပ်ခပ်ထားတယ်။ သို့သော် အဆိပ်ခပ်ထားမှန်းမသိပဲ သောက်တယ်။ ကောင်းတယ်။ ချိုတယ်။ အေးတယ်။ သို့သော် အဆိပ်က အကျိုးမပေးသေး ရင်တော့ ကောင်းနေသေးတယ်။ အကျိုးပေးရင်တော့ ဒုက္ခဖြစ်ပြီ။ အကုသိုလ်ဟာလည်း အဲဒီတိုင်းပါပဲ။ ထို့အတူပဲ ဘဝမှာ အဆင်မပြေမှုတွေက "ဘေျဒာပိ ပႆတိ ပါပံ" လူကောင်းတွေလည်း အဆိုးတွေ့ချင် တွေ့နေတတ်တယ်။ ဘယ်အခါတုန်းဆို "ယာဝ ဘဒြံ န ပစ္စတိ" သူလုပ်တဲ့ အကောင်းတွေ အကျိုးမပေး သေးခင်တော့ အဆိုးနဲ့ တွေ့နေဦးမှာပဲ။ "ယဒါ စ ပစ်စတိ ဘဒွံ အထ ဘေျဒာ ဘျဒာနိ ပႆတိ" အကောင်းတွေက အကျိုးပေးပြီဆိုရင်တော့ လူကောင်းက အကောင်းတွေကို ခံစားရ တော့မှာ တွေ့ရတော့မှာပါ။ အချုပ်အားဖြင့် ဆိုရင်… ကောင်းတာလုပ်ဖို့ မကောင်းတာတွေမှ ရှောင်ကြဉ်ဖို့ ​ ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာ အခိုက် အတန့့်မှာ မကောင်းတာတွေနဲ့ တွေ့ပေမယ့် ရေရှည်ကျတော့ ကောင်းတာတွေပဲ တွေ့မှာပါ။ မကောင်းတဲ့ပုဂ္ဂိုလ်တွေကတော့ ရေရှည်မှာ မကောင်းကျိုးတွေပဲ ခံစားရမှာပါ။ ဒါကြောင့် ဘုန်းကြီးတို့တတွေရဲ့ ဘဝမှာ လည်းပဲ ဘဝအခြေအနေရဲ့ အဆင်မပြေမှု တွေ ကြုံနေရတဲ့အခါမှာ… မိမိတို့ရဲ့သတိ လုံ့လဝီရိယ အသိပညာ တို့နဲ့ ဆင်ခြင်သုံးသပ်ပြီးတော့ အခြေနေတစ်ခုကို အောင့်အီးသည်းခံခြင်း ကျော်ဖြတ်ခြင်းဖြင့်သာလျှင် ဖြေရှင်းကြရမှာ ဖြစ်တယ်ဆိုတာကို … ကိုယ်စီကိုယ်စီ မှတ်သားပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း … ဘဝအခြေနေရဲ့ အဆင်မပြေမှုတွေကို ရင်ဆိုင်နိုင်အောင် ကြိုးစားအားထုတ်နိုင် ကြပါစေ။ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဘဝအခြေနေ၏ အဆင်မပြေမှုများ တရားတော်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။ Thank : Paral lel


via အလင်းရောင် ဓမ္မ https://ift.tt/2IBNzHW