Friday, October 11, 2019

❝ နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ ❞ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။ ဆိုကြပါစို့။ နေ့စဉ်မနက် အိပ်ရာက နိုးတာနဲ့ နမော တဿ (၃)ခေါက်၊ သရဏဂုံ (၃)ခေါက်။ မင်းကွန်းဆရာတော်ကြီးရဲ့ “လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ” စသဖြင့် … မေတ္တာသုတ်လာ မေတ္တာလေးကို အစအဆုံး တစ်ခေါက်လောက် စေတနာပါပါလေးနဲ့ အာရုံပြုပြီး လုပ်ကြည့်တာမျိုးလေးတွေပေါ့။ ဒီလို ကုသိုလ်မျိုးလေးကို မနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် လုပ်ကြည့်ကြဖို့ပါ။ အချိန်ဘယ်လောက်မှ ကုန်သွားတာမဟုတ်၊ အရင်းအနှီးတွေ ဘယ်လောက်မှ ရင်းနှီးလိုက်ရတာ မဟုတ်ပါဘူး။ အဓိကကတော့ မပျက်အောင် လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ နေ့စဉ်လုပ်ဖြစ်ဖို့ပါပဲ။ ဒါဆို ကိုယ့်အတွက်က နေ့တိုင်း ကုသိုလ်ဝတ်တွေ ဖြစ်နေတော့တာပါ။ အကြောင်းပြချက် အမျိုးမျိုးနဲ့ အလုပ်မအားလို့၊ နေ့ညမတူလို့၊ ခရီးသွားနေရလို့ စသဖြင့် ပြောမယ်ဆိုရင် ပြောနိုင်ပေမယ့် အလုပ်လုပ်ရင်းလည်း ဒါလေးကတော့ လုပ်နိုင်တာပါပဲ။ ကားစီးရင်း၊ ရထားစီးရင်းလည်း လုပ်နိုင်တာပါပဲ။ မပျက်အောင် လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့သာ လုပ်မယ်ဆိုရင် နေရာတိုင်းမှာ၊ လူတိုင်းမှာ၊ အချိန်တိုင်းမှာ ကုသိုလ်ရှိနေတာပါပဲ။ အဲဒီကုသိုလ်လေးဟာ ဘာမှမဟုတ်ရဘူး ထင်ပေမယ့် နေ့စဉ်လုပ်ပါများရင် ဝတ်တစ်ခုဖြစ်သွားပြီး ကြာလာတာနဲ့အမျှ ကုသိုလ်အားကြီးလာကာ ကိုယ့်ဘဝအတွက်… တကယ့်ကို ခွန်အားတွေ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ “ငါ ဘယ်အချိန်၊ ဘယ်အရွယ်ကစပြီး ဒီဝတ်ကုသိုလ်ကို လုပ်လာခဲ့တာ ခုချိန်ထိ မပျက်သေးဘူး”ဆိုတဲ့ အတွေးလေးနဲ့ … ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြည့်ရင် ကုသိုလ်ရဲ့အားနဲ့… အခက်အခဲရှိရင် သစ္စာပါထားပြီး ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှုကို အသေးလေးဆိုပေမယ့် အထင်မသေးဘဲ မပျက်အောင် ဝတ်ကလေးတစ်ခု အနေနဲ့ နေ့စဉ်လုပ်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ "ကုသိုလ်တစ်ခု နေ့စဉ်ပြု ကြီးသည်သေးသည် ရွေးမစီဘဲ ကုသိုလ်တစ်ခု နေ့စဉ်ပြုက ပြုဖန်ပါများ ထိုကံများကား ကုသိုလ်ပြုသူ များထိုသူကို အခုချမ်းသာ နောင်ချမ်းသာအောင် ကောင်းမှုအစွမ်း အံ့မခမ်းဖြင့် အကြောင်းအစု အကောင်းပြုမည် မုချအမှန် မလွဲတည်း" … မေတ္တာဖြင့်… မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး) ** ဓမ္မလက်ဆောင် ❝ ေန႕စဥ္မျပတ္ ကုသိုလ္ဆက္ ဝတ္စဥ္မပ်က္ ၿမဲပါေစ ❞ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ေန႕စဥ္ ေကာင္းမႈေလးတစ္ခုခုကို ဝတ္တစ္ခု ျဖစ္ေအာင္ ျပဳလုပ္ပါ။ အႀကီးႀကီး၊ အၾကာႀကီး၊ အကုန္အက်အမ်ားႀကီး၊ အရင္းအႏွီးအမ်ားႀကီး ေပးၿပီးလုပ္ဖို႔ မဟုတ္ပါဘူး။ နည္းနည္းေလးပဲ ျဖစ္ျဖစ္ လုပ္ျဖစ္ေအာင္ မျပတ္လုပ္ၾကည့္ဖို႔ပါပဲ။ ဆိုၾကပါစို႔။ ေန႕စဥ္မနက္ အိပ္ရာက နိုးတာနဲ႕ နေမာ တႆ (၃)ေခါက္၊ သရဏဂုံ (၃)ေခါက္။ မင္းကြန္းဆရာေတာ္ႀကီးရဲ႕ “လုံးစုံမ်ားစြာ သတၱဝါ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ၊ ဥပါဒ္ရန္ေဘး ကင္းစင္ေဝး ၿငိမ္းေအးၾကပါေစ” စသျဖင့္ … ေမတၱာသုတ္လာ ေမတၱာေလးကို အစအဆုံး တစ္ေခါက္ေလာက္ ေစတနာပါပါေလးနဲ႕ အာ႐ုံျပဳၿပီး လုပ္ၾကည့္တာမ်ိဳးေလးေတြေပါ့။ ဒီလို ကုသိုလ္မ်ိဳးေလးကို မနက္အိပ္ရာထ တစ္ႀကိမ္၊ ညအိပ္ရာဝင္ တစ္ႀကိမ္ လုပ္ၾကည့္ၾကဖို႔ပါ။ အခ်ိန္ဘယ္ေလာက္မွ ကုန္သြားတာမဟုတ္၊ အရင္းအႏွီးေတြ ဘယ္ေလာက္မွ ရင္းႏွီးလိုက္ရတာ မဟုတ္ပါဘူး။ အဓိကကေတာ့ မပ်က္ေအာင္ လုပ္မယ္ဆိုတဲ့ ခံယူခ်က္နဲ႕ ေန႕စဥ္လုပ္ျဖစ္ဖို႔ပါပဲ။ ဒါဆို ကိုယ့္အတြက္က ေန႕တိုင္း ကုသိုလ္ဝတ္ေတြ ျဖစ္ေနေတာ့တာပါ။ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးနဲ႕ အလုပ္မအားလို႔၊ ေန႕ညမတူလို႔၊ ခရီးသြားေနရလို႔ စသျဖင့္ ေျပာမယ္ဆိုရင္ ေျပာနိုင္ေပမယ့္ အလုပ္လုပ္ရင္းလည္း ဒါေလးကေတာ့ လုပ္နိုင္တာပါပဲ။ ကားစီးရင္း၊ ရထားစီးရင္းလည္း လုပ္နိုင္တာပါပဲ။ မပ်က္ေအာင္ လုပ္မယ္ဆိုတဲ့ အဓိ႒ာန္နဲ႕သာ လုပ္မယ္ဆိုရင္ ေနရာတိုင္းမွာ၊ လူတိုင္းမွာ၊ အခ်ိန္တိုင္းမွာ ကုသိုလ္ရွိေနတာပါပဲ။ အဲဒီကုသိုလ္ေလးဟာ ဘာမွမဟုတ္ရဘူး ထင္ေပမယ့္ ေန႕စဥ္လုပ္ပါမ်ားရင္ ဝတ္တစ္ခုျဖစ္သြားၿပီး ၾကာလာတာနဲ႕အမွ် ကုသိုလ္အားႀကီးလာကာ ကိုယ့္ဘဝအတြက္… တကယ့္ကို ခြန္အားေတြ ျဖစ္ေစေတာ့တာ ျဖစ္ပါတယ္။ “ငါ ဘယ္အခ်ိန္၊ ဘယ္အ႐ြယ္ကစၿပီး ဒီဝတ္ကုသိုလ္ကို လုပ္လာခဲ့တာ ခုခ်ိန္ထိ မပ်က္ေသးဘူး”ဆိုတဲ့ အေတြးေလးနဲ႕ … ကိုယ့္ကိုယ္ကို ျပန္ဆင္ျခင္ၾကည့္ရင္ ကုသိုလ္ရဲ႕အားနဲ႕… အခက္အခဲရွိရင္ သစၥာပါထားၿပီး ေက်ာ္လႊားနိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကုသိုလ္ေကာင္းမႈကို အေသးေလးဆိုေပမယ့္ အထင္မေသးဘဲ မပ်က္ေအာင္ ဝတ္ကေလးတစ္ခု အေနနဲ႕ ေန႕စဥ္လုပ္နိုင္ေအာင္ ႀကိဳးစားဖို႔ တိုက္တြန္းရျခင္း ျဖစ္ပါတယ္။ "ကုသိုလ္တစ္ခု ေန႕စဥ္ျပဳ ႀကီးသည္ေသးသည္ ေ႐ြးမစီဘဲ ကုသိုလ္တစ္ခု ေန႕စဥ္ျပဳက ျပဳဖန္ပါမ်ား ထိုကံမ်ားကား ကုသိုလ္ျပဳသူ မ်ားထိုသူကို အခုခ်မ္းသာ ေနာင္ခ်မ္းသာေအာင္ ေကာင္းမႈအစြမ္း အံ့မခမ္းျဖင့္ အေၾကာင္းအစု အေကာင္းျပဳမည္ မုခ်အမွန္ မလြဲတည္း" … ေမတၱာျဖင့္… မနာပဒါယီ အရွင္ဝိစိတၱ (ဒိုက္ဦး) ** ဓမၼလက္ေဆာင္


via အလင္းေရာင္ ဓမၼ https://ift.tt/33jU0XT