အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, October 7, 2019
အချိန်အနည်းငယ်ပဲဖြစ်စေမသူတော်နှင့်ပေါင်းမိရင် #အကလျာဏမိတ္တ ================== #အချိန်အနည်းငယ်ပင်ဖြစ်ချင် ဖြစ်ပါစေ အကလျာဏမိတ္တလို့ ခေါ်တဲ့ မသူတော်နဲ့ ပေါင်းဖော်မိခဲ့မယ်ဆိုရင် ဘုရားအလောင်းသော်မှလည်း ပြောင်းပြန်လှန်သွားတယ် တဲ့။ #ဒါကြောင့် မိမိရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ ပညာရှိမှန်ခဲ့ရင်တော့ မသူတော် လူယုတ်မာကို ခတ်ဝေးဝေးကပဲ ရှောင်ရမယ်။ ဘယ်လောက်ထိ ဝေးဝေးရှောင်ရမလဲ? အလွန်အဆိပ်ပြင်းထန်နေတဲ့ မြွေပွေး မြွေဟောက်ကို ဝေးဝေးကရှောင်သလို ရှောင်ရမယ်။ #ဘာဖြစ်လို့လဲ? မသူတော်ရဲ့ အဆိပ်တက်လိုက်ပြီဆိုရင်တော့ ပုံစံပြောင်းသွားပြီ။ မသူတော်ရဲ့အဆိပ်တက်လိုက်လို့ ဘုန်းကြီးတို့ဘုရားအလောင်းတော် ဘာဖြစ်လဲ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာကျင့်ရတယ်။ ဒီလို ဒုက္ကရစရိယာကျင့်လို့ ဘုရားဖြစ်သလားဆို မဖြစ်ပါဘူး။ " #ငါဘုရားသည် အတိတ် ဇောတိပါလလုလင်ဘဝက မသူတော်ဗြဟ္မဏတို့၏ ဇာတ်၌ဖွားမြင်ပြီး ကဿပဘုရားရှင်အား ပြစ်မှားမိကာ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာအကျင့်မှားနည်းမှားကို ကျင့်ခြင်းဖြင့် သဗ္ဗေညုတဉာဏ်ကို ရရန်အလို့ငှာ ရှာဖွေခဲ့မိလေ၏" တဲ့။ #ဒါကြောင့် မသူတော်ကိုပေါင်းမိတာက တစ်ကြောင်း ပါးစပ်ကိုလွယ်လွယ် လှုပ်မိတာကတစ်ကြောင်း ဆိုတာ သတိရှိဖို့လိုပါတယ်။ (ကဋိကာရသုတ္တန်) Credit ...အရှင်ဗုဒ္ဓဃောသ အခ်ိန္အနည္းငယ္ပဲျဖစ္ေစမသူေတာ္ႏွင့္ေပါင္းမိရင္ #အကလ်ာဏမိတၱ ================== #အခ်ိန္အနည္းငယ္ပင္ျဖစ္ခ်င္ ျဖစ္ပါေစ အကလ်ာဏမိတၱလို႔ ေခၚတဲ့ မသူေတာ္နဲ႕ ေပါင္းေဖာ္မိခဲ့မယ္ဆိုရင္ ဘုရားအေလာင္းေသာ္မွလည္း ေျပာင္းျပန္လွန္သြားတယ္ တဲ့။ #ဒါေၾကာင့္ မိမိရဲ႕ အက်ိဳးစီးပြားကို လိုလားေတာင့္တေနတဲ့ ပညာရွိမွန္ခဲ့ရင္ေတာ့ မသူေတာ္ လူယုတ္မာကို ခတ္ေဝးေဝးကပဲ ေရွာင္ရမယ္။ ဘယ္ေလာက္ထိ ေဝးေဝးေရွာင္ရမလဲ? အလြန္အဆိပ္ျပင္းထန္ေနတဲ့ ေႁမြေပြး ေႁမြေဟာက္ကို ေဝးေဝးကေရွာင္သလို ေရွာင္ရမယ္။ #ဘာျဖစ္လို႔လဲ? မသူေတာ္ရဲ႕ အဆိပ္တက္လိုက္ၿပီဆိုရင္ေတာ့ ပုံစံေျပာင္းသြားၿပီ။ မသူေတာ္ရဲ႕အဆိပ္တက္လိုက္လို႔ ဘုန္းႀကီးတို႔ဘုရားအေလာင္းေတာ္ ဘာျဖစ္လဲ ေျခာက္ႏွစ္လုံးလုံး ဒုကၠရစရိယာက်င့္ရတယ္။ ဒီလို ဒုကၠရစရိယာက်င့္လို႔ ဘုရားျဖစ္သလားဆို မျဖစ္ပါဘူး။ " #ငါဘုရားသည္ အတိတ္ ေဇာတိပါလလုလင္ဘဝက မသူေတာ္ျဗဟၼဏတို႔၏ ဇာတ္၌ဖြားျမင္ၿပီး ကႆပဘုရားရွင္အား ျပစ္မွားမိကာ ေျခာက္ႏွစ္လုံးလုံး ဒုကၠရစရိယာအက်င့္မွားနည္းမွားကို က်င့္ျခင္းျဖင့္ သေဗၺၫုတဉာဏ္ကို ရရန္အလို႔ငွာ ရွာေဖြခဲ့မိေလ၏" တဲ့။ #ဒါေၾကာင့္ မသူေတာ္ကိုေပါင္းမိတာက တစ္ေၾကာင္း ပါးစပ္ကိုလြယ္လြယ္ လႈပ္မိတာကတစ္ေၾကာင္း ဆိုတာ သတိရွိဖို႔လိုပါတယ္။ (ကဋိကာရသုတၱန္) Credit ...အရွင္ဗုဒၶေဃာသ
via အလင္းေရာင္ ဓမၼ https://ift.tt/35dsJs1
Newer Post
Older Post
Home