Tuesday, October 8, 2019

မေတ္တာအစွမ်း 🌷🌷🌷🌷 တစ်ရံခါဝယ်၊ မိလိန္ဒမင်းကြီးသည် မေတ္တာအစွမ်းနှင့် ပတ်သက်၍… စိတ်တွင် ဒွိဟ ဖြစ်ခဲ့မိလေသည်။ သို့နှင့် မိမိမေးမြန်းသမျှကို ဖြေဆိုနိုင်သည့် အရှင်နာဂသိန် ထံမှောက်သို့့ သွားရောက်လျှောက်ထား ခဲ့တော့၏ … (မင်းကြီး) - အရှင်ဘုရား၊ အင်္ဂုတ္တိုရ်ပါဠိတော်၌ ဗုဒ္ဓက… မေတ္တာပွားသူအား မီး၊ အဆိပ်၊ ဓါး စသောလက်နက်များ မကျရောက်နိုင်ဟု ဟောတော် မူပါသည်။ တစ်ဖန်၊ သုဝဏ္ဏသာမဇာတ်တော်တွင် မေတ္တာဘာဝနာ ပွားများလေ့ရှိသဖြင့် တောတိရစ္ဆာန်တို့၏ ချစ်ခင်ယုယမှုကိုပင် ရရှိသော သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီး ပစ်လွှတ်လိုက်သော အဆိပ်လူးမြားထိပြီး တွေဝေမိန်းမော၏ ဟု ဟောတော်မူပြန်၏။ မေတ္တာပွားများသူအား မီး၊ အဆိပ်၊ ဓါး စသောလက်နက်များ မကျရောက်နိုင်ဟူသော ဟောကြားချက်က မှန်သည်ဆိုလျှင်… မေတ္တာကို ပွားများလေ့ရှိသော သုဝဏ္ဏသာမသည် ပီဠိယက္ခမင်း ပစ်လွှတ်အပ်သော မြားထိပြီး တွေဝေမိန်းမောသည်ဟူသော ဟောကြားချက် မှားရာ၏။ (သို့မဟုတ်) မေတ္တာကို ပွားများလေ့ရှိသော သုဝဏ္ဏသာမ အဆိပ်လူးမြားထိပြီး တွေဝေမိန်းမောသည်ဟူသော ဟောကြားချက်မှန်လျှင်… မေတ္တာပွားများသူအား မီး၊ အဆိပ်၊ ဓါး စသောလက်နက်များ မကျ ရောက်နိုင်ဟူသော ဟောကြားချက်သည်… မှားရာ၏။ ဤဒေသနာနှစ်ခု တစ်ခုနှင့်တစ်ခု ဆန့်ကျင်သကဲ့သို့ ဖြစ်နေသည်။ တပည့်တော်၏ စိတ်ထဲတွင် ဝေခွဲမရနိုင် ဖြစ်နေပါသည်။ နောင်လာ နောင်သားများပါ သံသယကင်းအောင် ရှင်းလင်းဖြေကြား ပေးတော်မူပါ။ (အရှင်မြတ်) - မင်းကြီး၊ ဗုဒ္ဓဟောကြားချက် နှစ်ခုလုံး မှန်၏။ တစ်ခုနှင့်တစ်ခု ဆန့်ကျင်မှု မရှိချေ။ မေတ္တာပွားသူအား မီး၊ အဆိပ်၊ ဓါး စသောလက်နက်များ မကျရောက်ခြင်းသည် လူ၏ တန်ခိုးမဟုတ်၊ မေတ္တာ၏ တန်ခိုးသာဖြစ်၏။ ဥပမာ - ပြအံ့။ စစ်ဆင်တိုက်ခိုက်သော စစ်သည်တော်သည် လှံများ၊ မြားများ မထိခိုက်ရန် သံကြပ်ချပ်ဝတ်တန်ဆာကို ဝတ်၏။ စစ်ပွဲတွင် တစ်ဖက်မှ ပစ်လွှတ်အပ်သော မြားများ၊ လှံများ မထိခြင်းသည် လူ၏အစွမ်း မဟုတ်။ ချပ်ဝတ်၏ အစွမ်းသာဖြစ်၏။ ထို့အတူ … မေတ္တာပွားသည့်အတွက် မီး၊ အဆိပ်၊ ဓါး စသောလက်နက်များ မကျရောက်ခြင်းသည် လူ၏အစွမ်း မဟုတ်။ မေတ္တာ၏ အစွမ်းသာဖြစ်၏။ သုဝဏ္ဏသာမသည် မေတ္တာပွားလေ့ရှိသူကား မှန်ပေ၏။ သို့သော် … ချောင်းထဲမှရေကို အိုးနှင့် ခပ်ပြီး ပုခုံးပေါ် မ တင်လိုက်ချိန်တွင် မေတ္တာပွားမှုကို ရပ်မိ သွား၏။ ထိုကဲ့သို့ မေတ္တာပွားမှု ရပ်တန့်သွားချိန်တွင် ပီဠိယက္ခမင်းကြီးကလည်း အဆိပ်လူးမြားကို ပစ်လွှတ်လိုက်ခြင်းဖြစ်၏။ ထို့ကြောင့် အဆိပ်လူးမြားသည် သုဝဏ္ဏသာမကို ထိမှန်နိုင်ခြင်းဖြစ်သည် အရှင်မင်းကြီး …။ (မင်းကြီး) - မေတ္တာအစွမ်းနှင့်စပ်လျဉ်း၍ သံသယဒွိဟအလျင်းမရှိ ပကတိ ရှင်းလင်းသွားပါပြီ အရှင်မြတ်ဘုရား …။ 🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑 စာကိုး။ ဇဝန၊ အရှင် (မေတ္တာရှင်) ဘဝနှင့် ရင်းရသော အတွေးအမြင်များ အတွဲ-၂၊ မှ ပြန်လည်မျှဝေခြင်း၊ share ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါသည်။ Credit::(ဓမ္မဒါန) ေမတၱာအစြမ္း 🌷🌷🌷🌷 တစ္ရံခါဝယ္၊ မိလိႏၵမင္းႀကီးသည္ ေမတၱာအစြမ္းႏွင့္ ပတ္သက္၍… စိတ္တြင္ ဒြိဟ ျဖစ္ခဲ့မိေလသည္။ သို႔ႏွင့္ မိမိေမးျမန္းသမွ်ကို ေျဖဆိုနိုင္သည့္ အရွင္နာဂသိန္ ထံေမွာက္သို႔့ သြားေရာက္ေလွ်ာက္ထား ခဲ့ေတာ့၏ … (မင္းႀကီး) - အရွင္ဘုရား၊ အဂၤုတၱိုရ္ပါဠိေတာ္၌ ဗုဒၶက… ေမတၱာပြားသူအား မီး၊ အဆိပ္၊ ဓါး စေသာလက္နက္မ်ား မက်ေရာက္နိုင္ဟု ေဟာေတာ္ မူပါသည္။ တစ္ဖန္၊ သုဝဏၰသာမဇာတ္ေတာ္တြင္ ေမတၱာဘာဝနာ ပြားမ်ားေလ့ရွိသျဖင့္ ေတာတိရစ္ဆာန္တို႔၏ ခ်စ္ခင္ယုယမႈကိုပင္ ရရွိေသာ သုဝဏၰသာမသည္ ပီဠိယကၡမင္းႀကီး ပစ္လႊတ္လိုက္ေသာ အဆိပ္လူးျမားထိၿပီး ေတြေဝမိန္းေမာ၏ ဟု ေဟာေတာ္မူျပန္၏။ ေမတၱာပြားမ်ားသူအား မီး၊ အဆိပ္၊ ဓါး စေသာလက္နက္မ်ား မက်ေရာက္နိုင္ဟူေသာ ေဟာၾကားခ်က္က မွန္သည္ဆိုလွ်င္… ေမတၱာကို ပြားမ်ားေလ့ရွိေသာ သုဝဏၰသာမသည္ ပီဠိယကၡမင္း ပစ္လႊတ္အပ္ေသာ ျမားထိၿပီး ေတြေဝမိန္းေမာသည္ဟူေသာ ေဟာၾကားခ်က္ မွားရာ၏။ (သို႔မဟုတ္) ေမတၱာကို ပြားမ်ားေလ့ရွိေသာ သုဝဏၰသာမ အဆိပ္လူးျမားထိၿပီး ေတြေဝမိန္းေမာသည္ဟူေသာ ေဟာၾကားခ်က္မွန္လွ်င္… ေမတၱာပြားမ်ားသူအား မီး၊ အဆိပ္၊ ဓါး စေသာလက္နက္မ်ား မက် ေရာက္နိုင္ဟူေသာ ေဟာၾကားခ်က္သည္… မွားရာ၏။ ဤေဒသနာႏွစ္ခု တစ္ခုႏွင့္တစ္ခု ဆန့္က်င္သကဲ့သို႔ ျဖစ္ေနသည္။ တပည့္ေတာ္၏ စိတ္ထဲတြင္ ေဝခြဲမရနိုင္ ျဖစ္ေနပါသည္။ ေနာင္လာ ေနာင္သားမ်ားပါ သံသယကင္းေအာင္ ရွင္းလင္းေျဖၾကား ေပးေတာ္မူပါ။ (အရွင္ျမတ္) - မင္းႀကီး၊ ဗုဒၶေဟာၾကားခ်က္ ႏွစ္ခုလုံး မွန္၏။ တစ္ခုႏွင့္တစ္ခု ဆန့္က်င္မႈ မရွိေခ်။ ေမတၱာပြားသူအား မီး၊ အဆိပ္၊ ဓါး စေသာလက္နက္မ်ား မက်ေရာက္ျခင္းသည္ လူ၏ တန္ခိုးမဟုတ္၊ ေမတၱာ၏ တန္ခိုးသာျဖစ္၏။ ဥပမာ - ျပအံ့။ စစ္ဆင္တိုက္ခိုက္ေသာ စစ္သည္ေတာ္သည္ လွံမ်ား၊ ျမားမ်ား မထိခိုက္ရန္ သံၾကပ္ခ်ပ္ဝတ္တန္ဆာကို ဝတ္၏။ စစ္ပြဲတြင္ တစ္ဖက္မွ ပစ္လႊတ္အပ္ေသာ ျမားမ်ား၊ လွံမ်ား မထိျခင္းသည္ လူ၏အစြမ္း မဟုတ္။ ခ်ပ္ဝတ္၏ အစြမ္းသာျဖစ္၏။ ထို႔အတူ … ေမတၱာပြားသည့္အတြက္ မီး၊ အဆိပ္၊ ဓါး စေသာလက္နက္မ်ား မက်ေရာက္ျခင္းသည္ လူ၏အစြမ္း မဟုတ္။ ေမတၱာ၏ အစြမ္းသာျဖစ္၏။ သုဝဏၰသာမသည္ ေမတၱာပြားေလ့ရွိသူကား မွန္ေပ၏။ သို႔ေသာ္ … ေခ်ာင္းထဲမွေရကို အိုးႏွင့္ ခပ္ၿပီး ပုခုံးေပၚ မ တင္လိုက္ခ်ိန္တြင္ ေမတၱာပြားမႈကို ရပ္မိ သြား၏။ ထိုကဲ့သို႔ ေမတၱာပြားမႈ ရပ္တန့္သြားခ်ိန္တြင္ ပီဠိယကၡမင္းႀကီးကလည္း အဆိပ္လူးျမားကို ပစ္လႊတ္လိုက္ျခင္းျဖစ္၏။ ထို႔ေၾကာင့္ အဆိပ္လူးျမားသည္ သုဝဏၰသာမကို ထိမွန္နိုင္ျခင္းျဖစ္သည္ အရွင္မင္းႀကီး …။ (မင္းႀကီး) - ေမတၱာအစြမ္းႏွင့္စပ္လ်ဥ္း၍ သံသယဒြိဟအလ်င္းမရွိ ပကတိ ရွင္းလင္းသြားပါၿပီ အရွင္ျမတ္ဘုရား …။ 🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑 စာကိုး။ ဇဝန၊ အရွင္ (ေမတၱာရွင္) ဘဝႏွင့္ ရင္းရေသာ အေတြးအျမင္မ်ား အတြဲ-၂၊ မွ ျပန္လည္မွ်ေဝျခင္း၊ share ျခင္းျဖင့္ ကုသိုလ္ယူနိုင္ပါသည္။ Credit::(ဓမၼဒါန)


via အလင္းေရာင္ ဓမၼ https://ift.tt/2LWIXy3