အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, October 8, 2019
# ငါလည်း မတွေ့ဘူး # *************************** တစ်ခါက မင်း စပွန်ဆာ ပေးတဲ့ ပရိတ်တရားပွဲ တစ်ခုမယ် ဗန်းမော်ဆရာတော်လည်း ပါ လာတယ်။ သံဃာတွေ ပရိတ်ရွတ်ကြတော့ မင်းတရားကြီးက ပရိတ်အိုးတွေကို လှမ်းကြည့်ဆိုပဲ။ ဗန်းမော်ဆရာတော် ကလည်း ခင်းထားတဲ့ ကော်ဇောတွေ လှန်ကြည့်တယ် တဲ့ ။ သံဃာတွေ ပရိတ် ရွတ်လို့လည်း ပြီးရော မင်းတရားကြီးက လျှောက်တင်တယ်။ “ အရှင်ဘုရားတို့ ၊ ဘုန်းတံခိုး ကြီးမားတဲ့ သံဃာတွေ ပရိတ် ရွတ်ရင် ပရိတ်အိုးတွေ ပွက်ပွက် ဆူတယ် ကြားဘူးလို့ တပည့်တော် ပရိတ်အိုးတွေကို ကြည့်နေတာ ဆူလည်း မဆူပါလား ဘုရား “ ဗန်းမော် ဆရာတော်က “ မှန်တယ် မင်းကြီး၊ ကျုပ်လည်း ကြားဘူးတယ်၊ ဘုန်းတန်ခိုး ကြီးတဲ့ ဘုရင်တွေ ကြွ လာရင် နတ်နဂါးတွေကတောင် အခစား ဝင်ရတယ် ဆိုပဲ ၊ ဒါကြောင့် မင်းကြီး ရောက် လာကတည်းက ကျုပ် ကော်ဇောတွေ လှန်ကြည့်နေတာ၊ နဂါး မပြော နဲ့ တီကောင် တောင် မတွေ့ဘူး” - ဆိုတော့ကာ ကိုယ်တိုင်က ငါးပါးသီလ ဆိုတဲ့ .ဥပသကာ ဝိနည်းထဲက အနိမ့်ဆုံး သီလလေးတောင် ခါးဝတ် ပုဆိုးလို ခဏခဏ ကျွတ်ကျနေပြီး “ ငါတို့က သံဃာစစ်စစ်ပဲ ကြည်ညိုချင်တာတို့ ၊ဘုန်းကြီး ဖြစ်ပြီး ဘုန်းကြီးလို မနေဘူး” ဆိုတဲ့ ဗုဒ္ဓဘာသာ အမည်ခံတွေကို တွေ့ ရင် “ ရေမဆူတဲ့ သံဃာ နဲ့ တီကောင်တောင် မလာတဲ့ ဘုရင် ဘဲစားဘဲခြေ ပေါ့ကွာ” လို့ ပြောချင်တော့တာပဲ။ Credit # ငါလည္း မေတြ႕ဘူး # *************************** တစ္ခါက မင္း စပြန္ဆာ ေပးတဲ့ ပရိတ္တရားပြဲ တစ္ခုမယ္ ဗန္းေမာ္ဆရာေတာ္လည္း ပါ လာတယ္။ သံဃာေတြ ပရိတ္႐ြတ္ၾကေတာ့ မင္းတရားႀကီးက ပရိတ္အိုးေတြကို လွမ္းၾကည့္ဆိုပဲ။ ဗန္းေမာ္ဆရာေတာ္ ကလည္း ခင္းထားတဲ့ ေကာ္ေဇာေတြ လွန္ၾကည့္တယ္ တဲ့ ။ သံဃာေတြ ပရိတ္ ႐ြတ္လို႔လည္း ၿပီးေရာ မင္းတရားႀကီးက ေလွ်ာက္တင္တယ္။ “ အရွင္ဘုရားတို႔ ၊ ဘုန္းတံခိုး ႀကီးမားတဲ့ သံဃာေတြ ပရိတ္ ႐ြတ္ရင္ ပရိတ္အိုးေတြ ပြက္ပြက္ ဆူတယ္ ၾကားဘူးလို႔ တပည့္ေတာ္ ပရိတ္အိုးေတြကို ၾကည့္ေနတာ ဆူလည္း မဆူပါလား ဘုရား “ ဗန္းေမာ္ ဆရာေတာ္က “ မွန္တယ္ မင္းႀကီး၊ က်ဳပ္လည္း ၾကားဘူးတယ္၊ ဘုန္းတန္ခိုး ႀကီးတဲ့ ဘုရင္ေတြ ႂကြ လာရင္ နတ္နဂါးေတြကေတာင္ အခစား ဝင္ရတယ္ ဆိုပဲ ၊ ဒါေၾကာင့္ မင္းႀကီး ေရာက္ လာကတည္းက က်ဳပ္ ေကာ္ေဇာေတြ လွန္ၾကည့္ေနတာ၊ နဂါး မေျပာ နဲ႕ တီေကာင္ ေတာင္ မေတြ႕ဘူး” - ဆိုေတာ့ကာ ကိုယ္တိုင္က ငါးပါးသီလ ဆိုတဲ့ .ဥပသကာ ဝိနည္းထဲက အနိမ့္ဆုံး သီလေလးေတာင္ ခါးဝတ္ ပုဆိုးလို ခဏခဏ ကြၽတ္က်ေနၿပီး “ ငါတို႔က သံဃာစစ္စစ္ပဲ ၾကည္ညိုခ်င္တာတို႔ ၊ဘုန္းႀကီး ျဖစ္ၿပီး ဘုန္းႀကီးလို မေနဘူး” ဆိုတဲ့ ဗုဒၶဘာသာ အမည္ခံေတြကို ေတြ႕ ရင္ “ ေရမဆူတဲ့ သံဃာ နဲ႕ တီေကာင္ေတာင္ မလာတဲ့ ဘုရင္ ဘဲစားဘဲေျခ ေပါ့ကြာ” လို႔ ေျပာခ်င္ေတာ့တာပဲ။ Credit
via အလင္းေရာင္ ဓမၼ https://ift.tt/2OAvmhP
Newer Post
Older Post
Home