အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, October 8, 2019
ရောင်ရဲခြင်းတွေနဲ့ နေတတ်လာတဲ့အခါ သူများဆီက မျှော်လင့်ချက်တွေကို မတောင့်တမိတော့ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတဲ့အခါ ဘဝတွေ လဲကျမှာကိုလည်း မကြောက် တော့ပါဘူး။ ကိုယ်ကိုယ့်ကို ကိုးကွယ်တတ်လာတဲ့အခါ အားကိုးမရတာတွေကိုလည်း မရှာချင်တော့ ပါဘူး။ အစိုးမရခြင်းကို သဘောပေါက်လာတဲ့အခါ ဘယ်အရာကိုမှ ဆုပ်ကိုင်မထားတော့ပါဘူး။ ဘဝမှာ အကျင့်စရဏတွေ ပြည့်ဝလာပြီဆိုရင် အေးချမ်းမှုဆိုတဲ့အရာနှင့် အဆင်ပြေပြည့်စုံမှု ဆိုတဲ့အရာဟာ ရှာရတာ လွယ်ကူပါတယ်။ ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့လည်းမဆိုင်။ အရပ်နေရာဒေသနဲ့လည်းမဆိုင်။ ချမ်းသာကြွယ်ဝမှုနဲ့လည်း မဆိုင်ကြပါဘူး။ ဘဝများစွာက ပြုလုပ်ဆည်းပူးခဲ့ကြတဲ့ ပါရမီတွေ လက်တွေ့လိုက်နာ ကျင့်ကြံ အားထုတ်မှု စရဏတွေနဲ့ပဲဆိုင်သွားတာပါ။ ပစ္စုပ္ပန်ဘဝအချိန်မှာ ကောင်းအောင် နေခြင်းဟာ အနာဂတ်ဘဝ လှအောင် ကြိုးစားနေခြင်းပါပဲ။ ကံတွေဟာ မိမိတို့အရိပ်တွေ ဖြစ်နေလို့ အပူပေးမယ့် အရိပ်တွေကို မလုပ်သင့်ပါဘူး။ အအေးပေးမယ့် အရိပ်ကိုပဲ ကြိုးစားရမှာပါ။ ဒါကြောင့် ပစ္စုပ္ပန်ဘဝမှာ အလုပ်တွေ စင်ကြယ်မယ်ဆိုရင် အနာဂတ်မှာ ဘဝမှာလည်း သာယာ အဆင်ပြေနေမှာ သေချာပါတယ်။ (သာရ ဂေဝသီ) ေရာင္ရဲျခင္းေတြနဲ႕ ေနတတ္လာတဲ့အခါ သူမ်ားဆီက ေမွ်ာ္လင့္ခ်က္ေတြကို မေတာင့္တမိေတာ့ပါဘူး။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိလာတဲ့အခါ ဘဝေတြ လဲက်မွာကိုလည္း မေၾကာက္ ေတာ့ပါဘူး။ ကိုယ္ကိုယ့္ကို ကိုးကြယ္တတ္လာတဲ့အခါ အားကိုးမရတာေတြကိုလည္း မရွာခ်င္ေတာ့ ပါဘူး။ အစိုးမရျခင္းကို သေဘာေပါက္လာတဲ့အခါ ဘယ္အရာကိုမွ ဆုပ္ကိုင္မထားေတာ့ပါဘူး။ ဘဝမွာ အက်င့္စရဏေတြ ျပည့္ဝလာၿပီဆိုရင္ ေအးခ်မ္းမႈဆိုတဲ့အရာႏွင့္ အဆင္ေျပျပည့္စုံမႈ ဆိုတဲ့အရာဟာ ရွာရတာ လြယ္ကူပါတယ္။ ရင့္က်က္မႈဆိုတာ အသက္အ႐ြယ္နဲ႕လည္းမဆိုင္။ အရပ္ေနရာေဒသနဲ႕လည္းမဆိုင္။ ခ်မ္းသာႂကြယ္ဝမႈနဲ႕လည္း မဆိုင္ၾကပါဘူး။ ဘဝမ်ားစြာက ျပဳလုပ္ဆည္းပူးခဲ့ၾကတဲ့ ပါရမီေတြ လက္ေတြ႕လိုက္နာ က်င့္ႀကံ အားထုတ္မႈ စရဏေတြနဲ႕ပဲဆိုင္သြားတာပါ။ ပစၥဳပၸန္ဘဝအခ်ိန္မွာ ေကာင္းေအာင္ ေနျခင္းဟာ အနာဂတ္ဘဝ လွေအာင္ ႀကိဳးစားေနျခင္းပါပဲ။ ကံေတြဟာ မိမိတို႔အရိပ္ေတြ ျဖစ္ေနလို႔ အပူေပးမယ့္ အရိပ္ေတြကို မလုပ္သင့္ပါဘူး။ အေအးေပးမယ့္ အရိပ္ကိုပဲ ႀကိဳးစားရမွာပါ။ ဒါေၾကာင့္ ပစၥဳပၸန္ဘဝမွာ အလုပ္ေတြ စင္ၾကယ္မယ္ဆိုရင္ အနာဂတ္မွာ ဘဝမွာလည္း သာယာ အဆင္ေျပေနမွာ ေသခ်ာပါတယ္။ (သာရ ေဂဝသီ)
via အလင္းေရာင္ ဓမၼ https://ift.tt/30U1Eqt
Newer Post
Older Post
Home