Wednesday, October 9, 2019

🌷🌷🌷🌷🌷 တရားသိသွားသောအခါ ******************** တရားမသိခင်က ငွေရဖို့ အဓိကထားသည်။တရားသိသွားသောအခါ ကုသိုလ်ရဖို့ အဓိကထား သွားသည်။ တရားမသိခင်က လောဘဖြင့် စီးပွားရှာသည်။ တရားသိသွားသောအခါမေတ္တာဖြင့်စီးပွားရှာသည်။ လောဘဖြင့်စီးပွားရှာသူသည် ကိုယ်ချမ်းသာဖို့အဓိ ကထားသည်။ မေတ္တာဖြင့်စီးပွားရှာသူသည် သူတစ်ပါးချမ်းသာဖို့ အဓိကထားသည်။ တရားမသိခင်က ဓာတ် နတ် ယတြာ ကို အဓိကထားသည်။ တရားသိသွားသောအခါ စေတနာဟူသောကံကို အဓိကထားတော့သည်။ တရားမသိခင်က အကုသိုလ်အလုပ်ကိုမကြောက်ဘဲ အပါယ်လေးပါးကိုသာကြောက်သည်။ တရားသိသွားသောအခါ အကုသိုလ်လုပ်ရမည်ကိုသာကြောက်ပြီး အပါယ်လေးပါးကိုမကြောက်တော့ချေ။ တရားမသိခင်က အချိန်မရွေး သေရမှာကြောက်နေသည်။ တရားသိသွားသောအခါ အချိန် မရွေးသေရဲသွားသည်။ တရားမသိခင်က ရတနာသုံးပါးကို အသုံးချ ပစ္စည်းတစ်ခုအဖြစ် သဘောထားကာ လှူလေ့ရှိ သည်။ တရားသိသွားသောအခါ သံသရာတစ်လျှောက်အပါယ်တံခါးပိတ်ပေးသည့် ကျေးဇူးရှင် အဖြစ်သဘောထားကာလှူလေ့ရှိသည်။ တရားမသိခင်က ကိုယ့်ထက်သာသူကိုတွေ့လျှင် မနာလိုစိတ်ပေါ်ကာ အကုသိုလ်ဖြစ်လေ့ရှိ သည်။ တရားသိသွားသောအခါ ကိုယ့်ထက်သာသူ ကိုတွေ့လျှင် ဝမ်းသာစိတ်ပေါ်ကာ ချီးကျူးစကားပြောကာကုသိုလ်ဖြစ်လေ့ရှိသည်။ မေတ္တာရှင် (ရွှေပြည်သာ)၏ စူဠသောတာပန်ကျင့်စဉ် မှ ကူးယူပါသည်... ဓမ္မမိတ်ဆွေများအားလုံး တရားအသိဖြင့်ကောင်း ကျိုးများခံစားနိုင်ကြပါစေ လို့ ဆန္ဒပြုလျှက်..... #မြတ်သောသစ္စာ မြတ်ဗုဒ္ဓ၏သာသနာpage မှ ကုသိုလ်ပြုတင်ဆက်သည်။ Credit to ဓမ္မ၏အရသာ Aye 9-10-19 🌷🌷🌷🌷🌷 တရားသိသြားေသာအခါ ******************** တရားမသိခင္က ေငြရဖို႔ အဓိကထားသည္။တရားသိသြားေသာအခါ ကုသိုလ္ရဖို႔ အဓိကထား သြားသည္။ တရားမသိခင္က ေလာဘျဖင့္ စီးပြားရွာသည္။ တရားသိသြားေသာအခါေမတၱာျဖင့္စီးပြားရွာသည္။ ေလာဘျဖင့္စီးပြားရွာသူသည္ ကိုယ္ခ်မ္းသာဖို႔အဓိ ကထားသည္။ ေမတၱာျဖင့္စီးပြားရွာသူသည္ သူတစ္ပါးခ်မ္းသာဖို႔ အဓိကထားသည္။ တရားမသိခင္က ဓာတ္ နတ္ ယၾတာ ကို အဓိကထားသည္။ တရားသိသြားေသာအခါ ေစတနာဟူေသာကံကို အဓိကထားေတာ့သည္။ တရားမသိခင္က အကုသိုလ္အလုပ္ကိုမေၾကာက္ဘဲ အပါယ္ေလးပါးကိုသာေၾကာက္သည္။ တရားသိသြားေသာအခါ အကုသိုလ္လုပ္ရမည္ကိုသာေၾကာက္ၿပီး အပါယ္ေလးပါးကိုမေၾကာက္ေတာ့ေခ်။ တရားမသိခင္က အခ်ိန္မေ႐ြး ေသရမွာေၾကာက္ေနသည္။ တရားသိသြားေသာအခါ အခ်ိန္ မေ႐ြးေသရဲသြားသည္။ တရားမသိခင္က ရတနာသုံးပါးကို အသုံးခ် ပစၥည္းတစ္ခုအျဖစ္ သေဘာထားကာ လႉေလ့ရွိ သည္။ တရားသိသြားေသာအခါ သံသရာတစ္ေလွ်ာက္အပါယ္တံခါးပိတ္ေပးသည့္ ေက်းဇူးရွင္ အျဖစ္သေဘာထားကာလႉေလ့ရွိသည္။ တရားမသိခင္က ကိုယ့္ထက္သာသူကိုေတြ႕လွ်င္ မနာလိုစိတ္ေပၚကာ အကုသိုလ္ျဖစ္ေလ့ရွိ သည္။ တရားသိသြားေသာအခါ ကိုယ့္ထက္သာသူ ကိုေတြ႕လွ်င္ ဝမ္းသာစိတ္ေပၚကာ ခ်ီးက်ဴးစကားေျပာကာကုသိုလ္ျဖစ္ေလ့ရွိသည္။ ေမတၱာရွင္ (ေ႐ႊျပည္သာ)၏ စူဠေသာတာပန္က်င့္စဥ္ မွ ကူးယူပါသည္... ဓမၼမိတ္ေဆြမ်ားအားလုံး တရားအသိျဖင့္ေကာင္း က်ိဳးမ်ားခံစားနိုင္ၾကပါေစ လို႔ ဆႏၵျပဳလွ်က္..... #ျမတ္ေသာသစၥာ ျမတ္ဗုဒၶ၏သာသနာpage မွ ကုသိုလ္ျပဳတင္ဆက္သည္။ Credit to ဓမၼ၏အရသာ Aye


via အလင္းေရာင္ ဓမၼ https://ift.tt/2ohrg3q