Tuesday, December 31, 2019

မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအားလုံး 🙏🙏🙏🙏🙏🙏 ၂၀၂၀ နှစ်သစ်မှာ ကံကောင်းခြင်းတွေ သာယာပျော်ရွင်ခြင်းတွေ အေးချမ်းခြင်းတွေ လာတ်လာဘ ရွင်လန်းခြင်းတွေ ဘေးရန်ကင်းခြင်း အနာရောဂါကင်းခြင်း ပြောသမျ လုပ်သမျ ကြံဆောင်သမျအောင်မြင်ခြင်းတွေ ပြည့်စုံကြပါစေ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2ML3upr

ဓမ္မအမြင်နဲ့ နှစ်သစ်ကူး ____________________ နှစ်သစ် ကူးတိုင်းကူးတိုင်း လူတွေဟာ နှစ်ဟောင်းထက် လာမယ့်နှစ်က ပိုကောင်းလာလိမ့်မယ်လို့ စိတ်ထဲ မျှော်လင့်ကြတယ်။ သို့သော် .... သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တို့ ဆိုတဲ့ အရေးပါတဲ့အခြေအနေကောင်းတွေ မဖန်တီးနိုင်ဘူး ဆိုရင် လူတွေရဲ့မျှော်လင့်ချက်ဟာ ဖြစ်လာမှာ မဟုတ်ဘူး။ * ပိုကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူ ။ နှစ်သစ်အခါ သမယမှာ ပိုပြီးကောင်းလာစေချင်လို့ရှိရင် * ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်.. * ပိုပြီး ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်.. * ပိုပြီး စွန့်လွတ်မှုတွေ ခိုင်မာလာအောင်... * ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝလာအောင် .... လုပ်ဖို့လိုတယ်။ အဲဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် .. မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ဆိုတဲ့ဆုတောင်းတွေ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ။ ___________________ အေး - နှစ်သစ်ကူးတာသက်သက်နဲ့တော့ ကောင်းကျိုး ချမ်းသာတွေ ရလာမှာ မဟုတ်ဘူး တဲ့ လောကမှာ "အသစ်အသစ်" ဆိုတာ ရှည်တဲ့ကာလအပိုင်းကလေးတစ်ခုကို ကြည့်ပြီးတော့ အဟောင်းကုန်ပြီးရင် အသစ်ကူးတယ် လို့ ဒီလို ပြောကြတာ။ #ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် စက္ကန့်ပိုင်းအတိုင်း အသစ်ကူးနေတာပါ အဟောင်းကုန်ပြီးရင် အသစ်ကို ပြောင်းနေတာပါ ဒီလကုန်ရင် နောက်လရောက်တာလည်း လအသစ် ကူးနတောပါပဲ ဒီနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ ရက်အသစ် ကူးနေတာပါ ဒီနာရီကုန်လို့ နောင်နာရီဆိုတာလည်း အသစ်ကူးနေတာပါ နောက်ဆုံး ဒီစက္ကန့်လေးကုန်သွားလို့ နောက်စက္ကန့်လေး ဆိုတာလည်း ကူးနေတာပါ။ နေ့စဉ်နဲ့အမျှ "အသစ်၊အသစ်"တွေချည်းပါပဲ အဲသလို အဟောင်းအဟောင်းတွေ ချုပ်သွားပြီး အသစ်၊အသစ်တွေ ပေါ်လာနေတယ် ဆိုတာ လောကရဲ့ မတည်မြဲတဲ့၊ ရပ်တည်မနေတဲ့ အစဉ်ထာဝရ ရွှေ့ပြောင်းနေတဲ့ သဘာဝတရားကြီးမျှသာ ဖြစ်ပါတယ်။ ___________________ တကယ်စဉ်းစားကြည့်မယ် ဆိုလို့ရှိရင် အသစ်ကို မျှော်တာဟာ * တဏှာလောဘရဲ့ သွေးဆောင်မှုတစ်ခုသာ ဖြစ်တယ်။ အသစ်ကို မျှော်ခြင်းသည် တဏှာမကင်းသူတို့ရဲ့ အတွေး တစ်ခုမျှသာ ဖြစ်တယ်။ နေ့စဉ်နဲ့အမျှ ကြည့်လေ နေကြီးထွက်လာပြီးတော့ ဝင်သွားလို့ရှိရင် မနက်ဖြန်ခါ နေအသစ် ပေါ့ အဲဒီလို နေ့တွေ၊ လတွေ အသစ်အသစ် ပြောင်းနေတဲ့ အချိန်ကိုတော့ အသစ်လို့ * မထင်ဘူး။ နဲနဲလေး ကြာလာတဲ့အခါ ကျတော့ လပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက် ကြာညောင်းလာတဲ့အခါ ကျတော့ နှစ်ဟောင်း ကုန်လို့ နှစ်သစ် ရောက်လာပြီ လို့ လူတွေက သတိထား မိလာတာပါ။ ဝိပဿနာဉာဏ်နဲ့ ဆက်စပ်သုံးမယ် ဆိုလို့ရှိရင် ... စက္ကန့်ပိုင်းတိုင်းမှာ အသစ်အသစ် ပြောင်းနေတယ်လို့ သိလာနိုင်တယ်။ အဲဒီတော့ အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ် ဆိုရင် #တဏှာလောဘရဲ့အမြင်နဲ့ မျှော်လင့်နေတာသာ ဖြစ်တယ်၊ ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် အသစ်ကိုမျှော်တာကို ရုတ်သိမ်းလိုက်တယ်၊ တရားအမြင်နဲ့ကြည့်လိုက်မယ်ဆိုရင် * အသစ်ရော၊ အဟောင်းရော * အတူတူပါပဲ။ အသစ် မမျှော်တော့ဘူး။ ဒါကြောင့် မြတ်စွာဘုရားက ... "အယမန်တိမာ ဇာတိ၊ နတ်ထိ ဒါနိ ပုနဗ်ဘဝေါ" ငါ့ဘဝဟာ ဒါ နောက်ဆုံးပဲ ၊ နောက်ထပ် မရှိတော့ဘူး လို့ မိန့်တော်မူပါတယ်။ အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင် ဒါဟာ သံသရာမှာ ဒုက္ခတွေ ချုပ်ငြိမ်းသွားခြင်းသာ ဖြစ်ပါတယ်။ အသစ်မျှော်နေသေးသမျှ သံသရာထဲမှာဒုက္ခတွေနဲ့ ဆုံကြ၊ ကြုံကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် * တဏှာရဲ့မျှော်လင့်ချက်မျိုး မဖြစ်ပဲနဲ့ မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလအခါသမယမှာ * မဖြစ်သေးတဲ့ သဒ္ဓါတရားတွေ ဖြစ်လာအောင်.. * မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေ ကြီးထွားလာအောင်.. * မဖြစ်သေးတဲ့ စာဂတရားတွေ များပြားလာအောင်.. * မဖြစ်သေးတဲ့ ပညာတရားတွေ အသစ်ဖြစ်လာအောင်.. ကြိုးစားခြင်းသည်သာလျှင် ... တကယ့်အစစ်အမှန် ဖြစ်တယ် ဆိုတာ ယုံကြည်ပြီး အားလုံးသော တရားချစ်ခင် သူတော်စင် ပရိတ်သတ်တိ်ု့သည် နှစ်သစ်ကူးပြီးစ နှစ်ဦးအခါသမယမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်ကြပါစေ လို့ ဓမ္မလက်ဆောင် ပေးတဲ့အနေနဲ့ ဒီတရားကို ဟောကြားအပ်ပါတယ်။ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/2MImAMQ

နှစ်သစ်ကိုဘယ်လိုကြိုဆိုကြမလဲ? ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ★ ဒီနေ့ည...ကုန်ဆုံးပြီးတော့ ည ၁၂နာရီထိုးတာနဲ့ နှစ်သစ်ကူးပြီ။ နှစ်သစ်ကူးကို လူတွေကြိုဆိုကြမယ်၊ ကြိုဆိုဖို့ အသင့်ဖြစ်ကြပြီလား? နာရီကတော့ သူ့ဟာသူ သွားနေတယ် ဘယ်သူကြိုဆို မကြိုဆို သူက ဂရုမစိုက်ဘူး။ ★ ဒီနာရီ အချိန်ကသွားနေတယ်။ ၂၀၂၀ ခု သူ့ဟာသူရောက်လာမယ် ပြီးရင်း သူ့ဟာသူကုန်သွားပြီးတော့၂၀၂၁ သူ့ဟာသူရောက်လာမယ် နောက်နှစ်ဒီအချိန်။ ပြီးရင် ၂၀၂၂ ပြီးရင်၂၀၂၃။ ★ ဒီလိုပဲ သက္ကရာဇ်တစ်ခုပြီးတခု ပြောင်းသွားတယ် ပြောင်းသွားတဲ့အချိန်မှာ ပျော်ရွှင်သော နှစ်သစ်ကူးဖြစ်ပါစေ Happy New Year ဆိုပြီးတော့ တစ်ယောက်ကိုတစ်ယောက် ဆုတောင်းကြတယ်။ အဲဒီလို ဆုတောင်းပေးတာလည်း မနည်းတော့ဘူး။ ဒီလိုပဲ နှစ်တိုင်းဆုတောင်းကြတယ်။ ★ တချို့ဆုတောင်းသံတွေ မကြားမှာစိုးလို့ မီးပုံတွေ မီးပန်းတွေ အကျယ်ကြီးဖောက်တယ်လေ။ အိပ်လို့တောင်မရဘူး။ ဒီည ပြင်ထားတယ် အိပ်လို့ရချင်မှရမယ်။ ★ တချို့ကျတော့ ရောက်လာမယ့်နှစ်သစ်ကို ကြိုဆိုရမှာ စိတ်ထဲမှာကြောက်လန့်နေလို့ အရက်တွေသောက်ပြီးကြိုဆို။ ဘယ်အချိန် ပထမဆုံး နှစ်သစ်ရဲ့ နေရောင်ခြည် ထွက်လာမှန်းမသိဘူး။ အရက်မူးပြီး အိပ်ပျော်နေလို့။ ★ တချို့ကျတော့ နှစ်သစ်ကူးရောက်တော့ရောက်လာတယ် ၂၀၂၀ ဂဏန်းကတော့ ရောက်လာတယ်။ ဒါပေမဲ့ စိတ်က ၂၀၁၉ မှာရှိနေသေးတယ် ၂၀၁၈မှာရှိသေးတယ် ၂၀၁၇မှာ ရှိနေသေးတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ဗုဒ္ဓတရားတော်ကို ယူပြီးတော့ ဘုန်းဘုန်းက ခေတ်နဲ့အညီ ပြောပြတာ။ ★ အနာဂတ်ကို ကောင်းကောင်းကြိုဆိုနိုင်ဖို့အတွက် ရောက်နေတဲ့ပစ္စုပ္ပန်ကို အပြည့်အ၀အသုံးချဖို့အတွက်ဆိုရင် အတိတ်ကာလနဲ့ ရင်ကြားစေ့ရမယ်၊ မိမိရဲ့ အတိတ်ကာလ။... ★ နှစ်ဟောင်းမှာရှိခဲ့တဲ့ စိတ်ဒဏ်ရာဒဏ်ချက်တွေကို အသိအမှတ်ပြုပါ၊ အဲဒါကို လက်ခံပါ။ အဲဒါကို လက်ခံတဲ့နေရာမှာ အဲဒီ နာကျင်မှုကို လက်ခံတဲ့နေရာမှာ စိတ်က ဘယ်လိုပြုမှုတတ်တုန်းဆိုတော့ စိတ်က နံပါတ်(၁) သူများကို အပြစ်တင်တတ်တယ်၊ အဲလိုမလုပ်ဘူးဆိုရင်... နံပါတ်(၂) မိမိကိုယ်ကို အပြစ်တင်တတ်တယ်။ ဒီနှစ်ခုပဲ ဒါပဲရှိတာ။ ★ သူများကို အပြစ်တင်တယ်ဆိုရင် ဒေါသဖြစ်တယ်၊ မိမိကိုယ်ကို အပြစ်တင်တယ်ဆိုရင် ၀မ်းနည်းတယ်။ ဒေါသဖြစ်တာလည်း ဒေါသပဲ၊ ၀မ်းနည်းတာလည်းပဲ ဒေါသပဲ အဘိဓမ္မာသဘောတရားအရ။ ★ သူက မပျော်ရွှင်မှုကြီးရဲ့ အရင်းအမြစ် ရေသောက်မြစ်၊ "အကုသလမူလ"လို့ခေါ်တဲ့ ဟေတုပစ္စယောဆိုတာ ဒါလေးပဲ။ Negative ဖြစ်တဲ့ စိတ်ရဲ့အရင်းအမြစ် စိတ်ရဲ့ရေသောက်မြစ်က မပျော်ရွှင်တဲ့အရင်းအမြစ်က ပျော်ရွှင်တဲ့ အပင် အသီးတွေကို မပေးနိုင်ဘူး။ ★ ဒါကြောင့် #နှစ်ဟောင်းက နာကျင်တဲ့ မပျော်ရွှင်တဲ့ စိတ်ပျက်တဲ့ ဒေါသဆိုတဲ့ “အကုသလမူလ” တွေ ဖြစ်ခဲ့တယ်ဆိုရင် အဲဒီ "အကုသလမူလ"က အကုသိုလ်ရဲ့ အရင်းအမြစ်က #နှစ်သစ်မှာ ပျော်ရွှင်တဲ့ အသီးတွေ အပွင့်တွေ မပေးနိုင်ပါဘူး။ ★ ဒါကြောင့် မိမိရဲ့ရင်ထဲမှာရှိနေတဲ့ shortcoming ဆိုတာ ချို့ယွင်းချက်တွေ disappointment စိတ်ပျက်မှုတွေ အလိုမကျမှုတွေ အဲဒီဟာတွေကို သူ့အရှိကို အရှိအတိုင်း လက်ခံလိုက်တာ။ 🍃 #အရှိကိုအရှိအတိုင်းလက်ခံလိုက်တဲ့အခါမှာ #လက်ခံတာက #သတိတရား၊ #သတိဆိုတာ #ကုသိုလ်တရား။ 🔺 ပထမဦးဆုံး စဖြစ်တာတော့ ဒါကတော့ အကုသိုလ်စဖြစ်တာ စိတ်ပျက်မှုဆိုတဲ့ အကုသိုလ် အားမရမှုဆိုတဲ့ အကုသိုလ် မကျေနပ်မှုဆိုတဲ့ အကုသိုလ်။ 🔺အဲဒီ အကုသိုလ်ကို ကိုယ်ကြည့်တာ မှန်မှန်ကန်ကန် right attitude သတိနဲ့လက်ခံလိုက်တယ်၊ နောက်ပြီးတော့ ဒီလိုဖြစ်တတ်တယ်၊ ငါတစ်ယောက်တည်းမကဘူး၊ တစ်ကမ္ဘာလုံးမှာ ဒီလိုပဲ စိတ်ပျက်မှုတွေကြုံတွေ့ရတယ် နောင်လည်းကြုံတွေ့ကြရမှာ၊ ရှေးတုန်းကလည်း ဒီလိုပဲ သူများတွေ ကြုံတွေ့ကြရဖူးပြီ။ ★ အဲဒီလို ငါတစ်ယေက်တည်းဆိုပြီးတော့ မလုပ်ဘဲနဲ့ "အဇ္ဈတ္တံ ဝါ" မိမိလည်းဒီလို နှစ်ဟောင်းမှာ နာကြင်မှုတွေ အလိုမပြည့်မှုတွေ စိတ်ပျက်မှုတွေ ရှိခဲ့တယ် သူများတွေလည်း ရှိခဲ့တယ် "ဗဟိဒ္ဓါ ဝါ" သူများလည်းရှိခဲ့တယ်။ ★ အဲဒီလို မျှမျှတတ balance view ကြည့်တယ်ဆိုရင် အဲ့စိတ်ပျက်မှုကိုကြည့်ပြီးတော့ ကုသိုလ်တောင်ဖြစ်သေးတယ်။ နာကျင်မှုကို အကြောင်းပြုပြီးတော့ ကုသိုလ်တောင်ဖြစ်သေးတယ်။ ★ ဒါကြောင့် နာကျင်မှုကနေ နာကြည်းမှုမဖြစ်အောင်၊ နာကျင်မှုကနေ ကြင်နာမှုဖြစ်အောင် အဲဒါလေး ဘုန်းဘုန်းက ဒီနေရာပြောချင်တယ်။ ★ ကြင်နာမှုဖြစ်သွားရင် သူက positive ဖြစ်သွားပြီ။ အဲဒါကြောင့် အတိတ်ဖြစ်တဲ့ #နှစ်ဟောင်းကို positive အမြင်နဲ့ ကြည့်နိုင်တယ်ဆိုရင်၊ ရောက်လာမယ့် #နှစ်သစ်ကိုလည်းပဲ positive အင်အားနဲ့ ကြိုဆိုနိုင်ပါတယ်။ ★ လူအများစုကတော့ စိတ်ပျက်တဲ့ဟာ အလိုမကျတဲ့ဟာ ဒီအတိုင်းပဲ ကြည့် ဒီဟာလေးကိုပဲ တဝဲ၀ဲလည်လည် စဉ်စား တခါတခါကျ သိစိတ်နဲ့ တခါတခါကျ မသိစိတ်နဲ့ အဲဒါတွေစဉ်းစား၊ စဉ်းစားပြီးတော့ တဝဲလည်လည်နေတယ်။ 🔺လည်နေတယ်ဆိုရင် အဲဒီ negative emotion က လေးလံတဲ့စိတ်ခံစားမှုက ဦးဏှောက်ကိုလည်းပဲ negative ဖြစ်စေတယ်။ ★ ဦးဏှောက်ထဲမှာ အင်အားကောင်းတဲ့ positive neurons တွေကို မဖြစ်စေဘူး။ ဦးဏှောက်က positive neurons မဖြစ်စေတဲ့အခါကြတော့ ဦးဏှောက်ကနေပြီးတော့ comment ပေးတယ် အမိန့်ပေးတယ်။ ★ တကိုယ်လုံးက nerve system အဲဒီ ရုပ်ပသာဒတွေလည်းပဲ သူက ကုသိုလ်ရဲ့အထောက်အပံ့ကို မရဘူး။ စိတ္တဇရုပ်လို့ခေါ်တာပေါ့ ကောင်းမွန်းတဲ့ စိတ္တဇရုပ်ကို မရဘူး ကုသိုလ်ကနေလာတဲ့ စိတ္တဇရုပ်ကို မရဘူး။ အကုသိုလ်ကနေလာတဲ့ စိတ္တဇရုပ်ပဲသူရတယ်။ အဲဒါကြောင့် အရေးကြီးပါတယ်။ ★ #နှစ်ဟောင်းမှာရှိတဲ့ #အလိုမပြည့်မှုတွေ၊ #စိတ်ဓာတ်ကျမှုတွေ၊ အငြင်းအခုံဖြစ်တာတွေ အဲဒီဟာတွေကို တည်ငြိမ်တဲ့စိတ်နဲ့ ထွက်သက်၀င်သက်ကို ဖြေးဖြေးအေးအေး သက်သက်သာသာ ရှုရှိုက်ပြီးတော့ ပြန်လက်ခံ... ပြန်လက်ခံ... ★ အဆုတ်က အောက်စီဂျင် ကောင်းကောင်းရတယ်ဆိုရင် တကိုယ်လုံးမှာရှိတဲ့ သွေးလွှတ်ကြောကနေ သွေးတွေကလည်းပဲ အောက်စီဂျင်အပြည့်အ၀ရတဲ့ သွေးတွေနဲ့ တကိုယ်လုံးကို supply လုပ်တဲ့အခါကျတော့ ဖြည့်ဆည်းတဲ့အခါကျတော့ ဒီရုပ်တရားက ကျန်းမာတဲ့ရုပ်တရားဖြစ်မယ်။ 🧘🏻‍♂️🧘🏻‍♀️ဒါကြောင့် အာနာပါန ထွက်လေ၀င်လေနဲ့ နှစ်အဟောင်းကို နှုတ်ဆက်ပါ။ 🧘🏻‍♂️🧘🏻‍♀️ထွက်လေ၀င်လေအပြည့်နဲ့ သတိတရားနဲ့ နှစ်သစ်ကို ကြိုဆိုပါ။ ❌ မေ့မေ့လျော့လျော့နဲ့ ယစ်ယစ်မူးမူးနဲ့ နှစ်ဟောင်းကို နှုတ်မဆက်ပါနဲ့၊ နှစ်သစ်ကိုလည်းပဲ အဲဒီလို မကြိုဆိုပါနဲ့။ 🍃#နှစ်ဟောင်းကိုလည်း #မုဒိတာနဲ့ကြည့်နိုင်ပါစေ။ 🍃#နှစ်သစ်ကိုလည်း #မုဒိတာနဲ့ကြိုဆိုနိုင်ကြပါစေ။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိ 🙏🙏🙏 “နှစ်ဟောင်းနှင့်နှစ်သစ် – Old and New Embrace the Year Mindfully and Positively (31-12-2016)” တရားတော် မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ (သက္ကရာဇ်များ update လုပ်ထားပါသည်။) photo credit #SSBU

via အလင်းရောင် ဓမ္မ https://ift.tt/2ZBst3J

`ဆင်းရဲမွဲတေမှု လျှော့ချရေး´ ⛲⛲⛲⛲⛲⛲⛲⛲⛲ (ကောင်းလိုက်တဲ့တရား ၊ ဖတ်ကြည့်ပါ) ❖ မြတ်စွာဘုရားက ပြောပြတယ်။ အပြစ်ကင်းတဲ့ တရားတွေနဲ့ပတ်သက်ပြီးတော့ ဆင်းရဲမွဲတေရင် မကောင်းဘူးတဲ့။ ❖ ကိုယ့်သန္တာန်မှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မအရည်အချင်းတွေ ရှိရမယ်။ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာဖြစ်ရမယ်။ ဘာတွေလဲဆိုလို့ရှိရင်.... ❖ သဒ္ဓါ ကံ- ကံ၏အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါ၊ ကုသိုလ်ကောင်းမှုအပေါ်မှာ စိတ်ဝင်စားခြင်းဆိုတဲ့ သဒ္ဓါ၊ ဒါ အမှန်တရားပဲလို့ ဆုံးဖြတ်နိုင်ခြင်းရှိတဲ့ သဒ္ဓါ၊ ဒီ သဒ္ဒါဆိုတာ မရှိရင် ဒါ မွဲတာပဲ။ ဆင်းရဲမွဲတေတာပဲ။ ❖ ဘယ်လောက်ပစ္စည်းတွေ ချမ်းသာချမ်းသာ မီလျှံနာ၊ ဘီလျှံနာ၊ ထရီလျှံနာကြီးပဲဖြစ်ဖြစ် ကုသိုလ်နဲ့ပတ်သက်ပြီးတော့ သဒ္ဓါတရားမရှိဘူးဆို ဒီကောင် အမွဲပဲ။ ❖ ဒီကနေ့ သူဌေး၊ မနက်ဖြန် လူမွဲ၊ နောက်တစ်ရက် ငရဲပဲ။ ဒီလိုသွားတာ။ ↔ နောက်တစ်ခုက ဘာတုန်းဆို " ဟီရ်ိနဲ့သြတ္တပ္ပ " ဟီရိဆိုတာ မရှိရင် မဟုတ်တာလုပ်ရမှာ မရှက်ဘူး။ မဟုတ်တာကို မရွံဘူး။ ↔ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် အကုသိုလ်အလုပ်တွေနဲ့ ပတ်သက်ပြီး အရှက်မဲ့တာ၊ မရွံမုန်းတာ။ ↔သြတ္တပ္ပဆိုတာ မရှိရင် အကုသိုလ်တွေကို မကြောက်တာ၊ ဒုစရိုက်တွေကို မကြောက်တာ။ အဲဒီတော့ အကုသိုလ်ကို မရှက်ဘူး၊ မကြောက်ဘူး၊ မရွံဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ... အကုသိုလ်ကို လုပ်တာပေါ့။ ↔အဲဒီတော့ ဟီရိသြတ္တပ္ပဆိုတာ သူ့မှာမရှိသည့်အတွက်ကြောင့် ဒီလူကလည်းပဲ မွဲတေခြင်းပဲ။ ✔နောက်တစ်ခုက အကုသိုလ်တွေ ဖယ်ရှားပြီးတော့ ကုသိုလ်တွေ ကိုယ့်သန္တာန်မှာ တည်ဆောက်နိုင်တဲ့ ရအောင်လုပ်နိုင်တဲ့ " ဝီရိယ "ဆိုတာ ကိုယ့်မှာ မရှိဘူး။ မရှိသည့်အတွက်ကြောင့် ကုသိုလ်မရဘူး။ မရတော့ သူလည်း မွဲတာပဲ။ ↔နောက်တစ်ခုက " ပညာ " ပညာဆိုတဲ့ အသိပညာ မရှိသည့်အတွက်ကြောင့် ကုသိုလ်ရအောင် မလုပ်နိုင်ဘူး။ မလုပ်နိုင်သည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ် ကုသိုလ်မရတော့ မွဲပြန်တာပဲ။ ↔ဒါကြောင့်မို့လို့ ကုသိုလ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့`သဒ္ဒါ၊ ဟီရိ၊ သြတ္တပ္ပ၊ဝီရိယ၊ ပညာ´ ဒီတရားတွေ ရှိရမယ်။ ↔ဒီတရားတွေ မရှိလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ .... ကုသိုလ်ဆိုတဲ့ ရတနာတွေ မရဘူး။ ဒီတရားတွေ မရှိလို့ရှိရင် ကုသိုလ် မရှိဘူး။ ✔ မြတ်စွာဘုရားက ဥစ္စာဓနဆင်းရဲမွဲတေမှုဟာ တစ်ဘဝသာ ခံရတယ်။ ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ ... သဒ္ဒါ၊ ဟီရိ၊ သြတ္တပ္ပ၊ဝီရိယ၊ပညာ လို့ဆိုတဲ့ ကုသိုလ်တွေနဲ့ပတ်သက်လာတဲ့ ... ဒီမွဲတေမှုက ပိုပြီးတော့ အရေးကြီးတယ်လို့ ပြောတာ။ တကယ့်ကို အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ ↔မြတ်စွာဘုရားက သမာပတ္တိသုတ်မှာဆိုရင် ဘယ်လိုဟောထားတုန်းဆိုလို့ရှိရင်.... သဒ္ဓါတရားရှိနေသမျှ ကာလပတ်လုံး အကုသိုလ်ဆိုတာ မဖြစ်ဘူး။ ဟီရိဆိုတာ ရှိနေသမျှ ကာလပတ်လုံး သြတ္တပ္ပဆိုတာ ရှိနေသမျှ ကာလပတ်လုံး ဝီရိယဆိုတာ ရှိနေသမျှ ကာလပတ်လုံး ပညာဆိုတာ ရှိနေသမျှ ကာလပတ်လုံး အကုသိုလ်ဆိုတာ မဖြစ်ဘူး။ ✔သဒ္ဓါ တရားမရှိရင် အဿဒ္ဓိယ. မယုံကြည်မှုဆိုတာ လွှမ်းမိုးလာတာနဲ့ တစ်ပြိုင်နက် အကုသိုလ်တွေ ဖြစ်လာပြီသာ မှတ်ပေတော့။ ✔ဟီရိမရှိရင် အဟီရိကဆိုတဲ့ .... အရှက်မဲ့မှုအကုသိုလ် လွှမ်းမိုးလာတယ်။ ✔သြတ္တပ္ပမရှိရင် အနေတ္တပ္ပဆိုတဲ့ ... အကြောက်အလန့်မရှိတဲ့ သဘာဝတရား လွှမ်းမိုးလာတယ်။ ✔ဝီရိယမရှိဘူးဆိုရင် ပျင်းရိမှုဆိုတာ လာတယ်။ ✔ပညာမရှိဘူးဆိုရင် ဒုပ္ပည ပညာကင်းမဲ့လာတယ်။ ❖ အဲဒါတွေ လာပြီဆိုလိုက်တာနဲ့ အကုသိုလ်တွေ ဖြစ်ပြီလို့သာ မှတ်လိုက်ပေတော့။ ↔အကုသိုလ်တွေ ဖြစ်ပြီဆိုကတည်းက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားပြီ။ မြတ်စွာဘုရားက ဒီလိုဟောတာ။ ❖ ဒါကြောင့်မို့ ဆင်းရဲမွဲတေမှုကို လျှော့ချ လျော့ပါးအောင် ဆောင်ရွက်ရမယ်။ ↔ဘုန်းကြီးတို့တစ်တွေ .... တစ်ခဏ ပစ္စည်းဥစ္စာ ဆင်းရဲမွဲတေတာကို အဓိက မထားလေနဲ့။ ↔ကိုယ့်သန္တာန်မှာ.... အခုပြောတဲ့ သဒ္ဓါတို့၊ ဟီရိတို့၊ သြတ္တပ္ပတို့၊ဝီရိယတို့၊ ပညာတို့ ဆိုတဲ့. ကုသိုလ်တရားတွေ ရှိရဲ့လားဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့ လိုတယ်။ ↔မရှိဘူးဆိုတဲ့ အဖြေထွက်လာရင် ရှိအောင်လုပ်ဖို့ပဲ။ ရှိတယ်ဆိုတဲ့ အဖြေထွက်လာရင် ခိုင်မာအောင်ကြိုးစားဖို့ပဲ။ ဒီနှစ်ခုဟာ လုပ်ကိုလုပ်ရမယ့် ကိစ္စတွေပဲ။ ↔ လောကမှာ .... ပကတိစည်းစိမ်ဥစ္စာဓန မရှိရင် ပြဿနာမျိုးစုံတက်လာရသလိုပဲ.. ❖ ကုသိုလ်တရားတွေနဲ့ ပတ်သက်ပြီး သဒ္ဒါ၊ ဟီရိ၊ သြတ္တပ္ပ၊ဝီရိယ၊ပညာ လို့ဆိုတဲ့ ဒီတရားတွေ မရှိလို့ရှိရင်လည်း ဆင်းရဲမွဲတေမှုတစ်မျိုးပဲ။ ❖ ဒါကြောင့် တို့သန္တာန်မှာ ဆင်းရဲမွဲတေမှု မဖြစ်စေရအောင် ဒီတရားတွေကိုယ့်သန္တာန်မှာ ထူထောင်ပေးကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးဒီတရားတွေ ချမ်းသာကြွယ်ဝလာအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ သာဓု....သာဓု......သာဓု။ 【ဆရာတော်ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ】 Credit : Win Soe ⛲ဓမ္မဒါန ပူဇော်ပါသည်⛲ ⛲စိုးဝင်းကျော်(ယိုးဆနွင်း)⛲

via အလင်းရောင် ဓမ္မ https://ift.tt/35f1SKJ

သဒ္ဓါနှင့် စရဏ 🙏🙏🙏🙏 "သဒ္ဓါ"ဆိုတာ ယုံကြည်ချက် "စရဏ"ဆိုတာ အကျင့်ပါပဲ။ သဒ္ဓါနှင့် စရဏဟာ အပြန်အလှန် အထောက်အကူပြုနေကြတယ်။ ဒါကြောင့် " သဒ္ဓါရှိရင် စရဏရှိသလို စရဏရှိရင်လည်း သဒ္ဓါဟာ ပိုအား ကောင်းသွားတယ်" လို့ မှတ်ရမယ်။ လူဆိုသည်မှာ သူယုံကြည်သည့်အတိုင်း တွေးခေါ်ပြီး သူတွေးခေါ်သည့်အတိုင်း ပြုလုပ်လေ့ ရှိတယ်တဲ့။ ဘာသာတရားတို့ အယူဝါဒတို့ဆိုတာ လူ့ရဲ့စိတ်ကို လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ယုံကြည်မှု ဘာသာတရားပေါ်မှာ အခြေခံပြီး အလုပ်လုပ်ကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့ယုံကြည်မှု မှန်ကန်ဖို့ အရေးကြီးတယ်။ သဒ္ဓါရှိမှ အတွေးမှန်တယ်။ အတွေးမှန်မှ လုပ်ရပ်မှန်တယ်။ လုပ်ရပ်မှန်မှ ဒုက္ခငြိမ်းမယ်။ မယုံကြည်ခြင်းဟာ ဘဝပြဿနာ ••••••••••••••••••••••••••••••••• ဘုရားလက်ထက်က တောဒေယျ ပုဏ္ဏားကြီးကို ကြည့်လိုက်ပါ။ ပစ္စည်းတော့ ချမ်းသာတယ်။ ဒါပေမဲ့ သဒ္ဓါက အလွန်မွဲတယ်။ ဒီတော့ ဘာပြောလဲ။ " ချမ်းသာခြင်း ဆင်းရဲခြင်းဆိုတာ ကံနှင့်မဆိုင်ဘူး။ ကြိုက်တာ လုပ် ပျော်သလိုနေ ဘာကောင်းမှုမှ လုပ်စရာမလိုဘူး"တဲ့။ ဒီတော့ ပုဏ္ဏားကြီးဟာ ဘာကောင်းမှုမှ မလုပ်တော့ဘူး။ အဲဒါ ဘာကြောင့်လဲ။ သဒ္ဓါ မရှိလို့။ ဒါကြောင့် သေတော့ ခွေးဖြစ်သွားတယ်။ ဒါကြောင့် မယုံကြည်ခြင်းဟာ ဘာသာရေး ပြဿနာမဟုတ်ဘူး။ ဘဝပြဿနာပဲ။ ဘဝမှာ အရေးကြီးဆုံး ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ မုသားမပါ လင်္ကာမချော •••••••••••••••••••••••• တချို့လူတွေ ဗုဒ္ဓဘာသာပဲ။ ဒါပေမဲ့ ဘာသာတရားကို အလေးအနက်မထားဘူး။ အလေးအနက် မထားခြင်းဟာ သဒ္ဓါမရှိလို့ပဲ။ ဒါကြောင့် ပြောကြတယ်။ "မုသားမပါ လင်္ကာမချော၊ နောင်ခါလာ နောင်စျေး"တဲ့။ စဉ်းစားကြည့်ပါ။"မုသားမပါ လင်္ကာမချော"တဲ့။ လောကကြီးဟာ လိမ်မှ အဆင်ပြေတယ်၊ မလိမ်ရင် အဆင်မပြေဘူး။ ဒါကြောင့် လိမ်သင့်ရင် လိမ်ရမှာပဲတဲ့။ ဒီလို ဖြစ်သွားတယ်။ မြတ်စွာဘုရားက "မုသားစကားဆိုရင် ရီစရာတောင် မပြောရဘူး"လို့ မိန့်ခဲ့တယ်။ အဲဒါကို "မုသားမပါ လင်္ကာမချော" ဆိုတော့ ဘုရားစကားကို ပစ်ပယ်လိုက်တာပဲ။ ဒါ"သဒ္ဓါ" မရှိလို့ပါ။ ပြီးတော့ "နောင်ခါလာနောင်စျေး" တဲ့။ ဒါလည်း ဘုရားစကားကို ပစ်ပယ်တာပဲ။ ဒီတော့ နောက်ပြဿနာ နောက်မှရှင်းမယ်။ ကြောက်စရာမလိုဘူး။ လုပ်ချင်ရာလုပ် ဒီလိုဖြစ်သွားတယ်။ တကယ်တော့ နောက်ပြဿနာကို နောက်မှ ရှင်းလို့ မရတော့ဘူး။ အခုထဲက စရှင်းထား ရမယ်။ "အခု ရေတွင်းတူး အခု ရေကြည် သောက်လို့မရဘူး" လေ။ ရေကြည်သောက်ချင်ရင် အခုကထဲက စတူးထားရမယ်လေ။ ဆိုလိုတာက နောက်ပြဿနာကို အခုကထဲက စရှင်းထားရမယ်။ အဲဒါကို "နောင်ခါလာ နောင်စျေး" ဆိုတော့ ဘုရားစကားကို ပစ်ပယ်လိုက်တာပဲ။ ဘုရားစကားကို ပစ်ပယ်တယ် ဆိုမှတော့ သဒ္ဓါမရှိလို့ပဲ။ ဒါကြောင့် သဒ္ဓါ မရှိရင် နောက်ကြောင်း ပြန်လှည့်ရမှာပဲ။ နောက်ကြောင်းပြန်လှည့် ဆိုတာ အပါယ်လေးဘုံကို ပြန်သွားရလိမ့် မယ်လို့ ဆိုလိုတယ်။ ယုံမှကျင့် ကျင့်မှယုံ •••••••••••••••••••• သဒ္ဓါနှင့် စရဏသည် အပြန်အလှန် အထောက်အကူ ပြုနေကြတယ်။ ဆိုလိုတာက " ယုံမှ ကျင့်တယ်။ ကျင့်တော့ ပိုယုံသွားတယ်"ပေါ့။ ဘုရားလက်ထက်က ဝေသာလီမြို့မှာ သီဟစစ်သူကြီး ဆိုတာ ရှိခဲ့ဖူးတယ်။ သူ့ဆရာက တိတ္ထိဆရာကြီး။ ဘုရားမြတ်စွာကို ဆန့်ကျင်ဘက် လုပ်နေတဲ့ တိတ္ထိဆရာကြီး။ စစ်သူကြီးဟာ ဘုရားရဲ့ဂုဏ်သတင်းတွေ ကြားရတော့ "ငါ တရားသွားနာမယ်" ဆိုပြီး ဘုရားထံ ရောက်သွားတယ်။ ဘုရားမြတ်စွာက နှုတ်ဆက်ပြီး အခြေခံတရား ကနေ သစ္စာတရားထိ ဟောလိုက်တယ်။ အဲဒီတရားတွေ နာယူပြီး "ကောင်းလိုက်တဲ့ တရား" ဆိုပြီး သဘောကျသွားတယ်။ အဲဒီနောက် ကျင့်ကြံကြိုးကုတ် အားထုတ်တယ်။ ဒါ စရဏပဲ။ အဲဒီလို အားထုတ်လိုက်သည့်အတွက် သောတာပန် ဖြစ်သွားတယ်။ "ယုံမှ ကျင့်တယ်။ ကျင့်တော့ ပိုယုံသွားတယ်" ဆိုတာ အဲဒါပါပဲ။ ယနေ့ခေတ်မှာလည်း ဝိပဿနာအားထုတ် လိုက်တဲ့အတွက် ဘာသာခြားကနေ ဗုဒ္ဓ ဘာသာ ဖြစ်လာတဲ့သူတွေ အများကြီးပဲ။ အဲဒါ စရဏကြောင့် သဒ္ဓါ ဖြစ်လာတာပါပဲ။ ဒီတော့ စရဏအားကောင်းဖို့ သဒ္ဓါ လိုအပ် သလို သဒ္ဓါအားကောင်းဖို့ အတွက်လည်း စရဏ လိုအပ်တယ်။ ဒါကြောင့် သဒ္ဓါနှင့် စရဏကို ဟန်ချက်ညီညီ အားထုတ်ရမယ်။ ဒါမှ ငြိမ်းချမ်းတဲ့ ဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် 🙏🙏🙏သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2QtB6ZW

❝ သိက္ခာရှိတယ်ဆိုတာ ❞ 🌻🌻🌻🌻🌻🌻🌻 ※ လူတစ်ယောက်က - သာသနာ့ဘောင်မှာ ရဟန်းပြုချင်တယ်ဆိုတော့ ပထမဆုံး ကိုရင် ဝတ်တယ်။ သာမဏေ ဖြစ်တော့(၁၀)ပါးသောသီလကိုထမ်းတယ်။ လူ့ဘဝထက် ပိုပြီး မြင့်မြတ်သွားတယ်။ အဲဒီကနေ နောက်တစ်နေ့ { သိမ် }တက်ပြီးတော့ သာသနာ့ဘောင်မှာ ရဟန်းဝတ်လိုက်တော့ (၂၂၇)သွယ် သိက္ခာပုဒ်ထမ်းတော့ ဘဝပိုမြင့်သွားတယ်။ ※ ဘဝတွေ ••• မြင့်မြင့်ပြီး မြတ်မြတ်သွားတာ စိန်ဘယက်ကြီးနဲ့လား ၊ ကားကြီးနဲ့လား၊ တိုက်ကြီးနဲ့လား၊ သီလနဲ့ သရဏဂုဏ်နဲ့လား။ (သီလ၊ သရဏဂုံ နဲ့ပါဘုရား၊) ※ နောက်တော့ ••• အဲဒီပုဂ္ဂိုလ်က အချိန်တန်လို့ လူပြန်ထွက်ချင်တော့ ဘာလုပ်ရလဲဆိုရင် လူ့ဘဝမှာ (၂၂၇)သွယ် သိက္ခာပုဒ် မရှိတော့ မြင့်မြတ်တဲ့ ဘဝကနေ သိက္ခာချပစ်လိုက်ရတယ်။ ※ (၂၂၇)သွယ်ကနေ - (၂၁၇) သွယ်နှုတ်တော့ သာမဏေ ဘဝကို ရောက်ပြီး (၁၀) ပါးပဲကျန်တော့တယ်။ သာမဏေ ဘဝကနေ လူထွက်တော့မယ်ဆိုတော့ နောက်ထပ် ၅ပါးထပ်နှုတ်တယ်။ ၅ပါးကျန်တယ်။ လူ့ဘဝမှာ သီလ မရှိရင် နောက်ထပ် ၅ပါးထပ်နှုတ်လိုက် ဘယ်ဘဝရောက်သွားလဲ ။ (.............) ကိုယ့်ဟာကိုယ်သာ တွက်ကြည့်ပေတော့ ။ ※ အဲဒီတော့ ••• ► မြင့်တယ်မြတ်တယ် - သိက္ခာရှိတယ်ဆိုတာ ဘာကိုသတ်မှတ်တာလဲ။ (သီလနဲ့ သရဏဂုဏ်ပါဘုရား) ► ပိုက်ဆံမရှိတာပါသလား ? ၊ ► လုပ်ငန်းကြီးတွေ မရှိတာပါသလား ? ၊ (မပါပါဘူးဘုရား၊) ► သိက္ခာမရှိတဲ့ အထဲမှာ အဲဒါတွေ မပါဘူး။ ► စက်ရုံကြီးတွေ တိုက်ကြီးတွေ မရှိရင်နေပါစေ - ► သရဏဂုဏ် (၃)ပါးနဲ့ (၅)ပါးသီလလုံရင် သိက္ခာမရှိဘူးလား ။ (ရှိပါတယ်ဘုရား) ► အဲဒါနဲ့ သတ်မှတ်ရမှာ။ ► အဲဒါက ဘဝတိုင်းမှာ ယူလို့ရရဲ့လား။ (မရပါဘုရား) ※ အဲဒါကြောင့် ••• အခုလို လူဖြစ်တဲ့ အချိန် သာသနာပွင့်တဲ့ အချိန်မှာ ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်ကံကို များများစိုက်ပျိုးပါ။ အဲဒါကို မလုပ်ဘူးဆိုရင်တော့ ဆုံးရှုံးသွားပါလိမ့်မယ်။ ☆#ဆရာတော်ဘုရားကြီး အသျှင်စန္ဒိမာ(အောင်လံ) တိုက်ခွဲအမှတ် (၃၂) ၊ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၊ စက်ရုံရပ် ၊ အောင်လံမြို့။ ဖုန်း - ၀၆၉ ၂၁၈၄၂ ❁ အပ္ပမာဒေန သမ္မာဒေထ ✍ ✹ရွှင်လန်း✹အေးချမ်း✹ပါစေ✹ Credit - original uploader April Thin

via အလင်းရောင် ဓမ္မ https://ift.tt/2F4IS7e

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/39p3FQQ

Monday, December 30, 2019

သင်ကမနေ့ကလူမဟုတ်တော့ဘူး 🙏🙏🙏🙏🙏🙏🙏🙏🙏 တစ်ခါက မြတ်စွာဘုရား ..တရားဟောနေစဉ် ဘာသာခြားတစ်ယောက်က..လာပြီးတံတွေးထွေးတော့ မြတ်စွာဘုရားက..တံတွေးကိုသုတ်လိုက်ပြီး သင်ဘာများပြောချင်လို့ပါလဲလို့မေးလိုက်တယ်။ အရှင်အာနန္ဒာကတော့ .. ကိုယ့်ဆရာသမားကို တော်တော်ကို စော်ကားနေပါလား။ ဒီလိုလူမျူ ိးကို အပြစ်ပေးသင့်တယ်။ မဟုတ်ရင်တခြားလူတွေပါလုပ်လိမ့်မယ်ဆိုပြီး ဒေါသအကြီးအကျယ်ထွက်လာတယ်။ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို ဘာပြောလည်းဆိုတော့ ....."ဒီပုဂ္ဂိုလ်ကတော့ ငါ့အကြောင်းကောင်းကောင်းမသိလို့ပါ၊ သူများပြောတာတွေနားယောင်ပြီး ဒီလိုပြု မူပြောဆိုခြင်းသာဖြစ်တယ်၊ အာနန္ဒာကတော့ ငါ့အကြောင်းကောင်းကောင်းသိရက်နဲ့ ဒီပုဂ္ဂိုလ်အပေါ်ဒေါသထွက်နေမယ်ဆိုရင် ငါ့ကို စော်ကားတာနဲ့တူနေတယ်။ နောက် ဒီပုဂ္ဂိုလ်က..ငါ့အကြောင်းလည်းမသိတဲ့ သူစိမ်းတစ်ယောက်ဖြစ်တယ်။ အဲ့တော့ဘယ်လိုလုပ် ငါ့ကို တံတွေးထွေးလို့ရမှာလဲ။ ဒီပုဂ္ဂိုလ်က ... ငါ့ကို တံတွေးထွေးခြင်းမဟုတ် သူ့အထင်အမြင်ပေါ်ကိုသာ တံတွေးထွေးနေခြင်းဖြစ်တယ် " လို့.... ပြောဆို ဆုံးမပြီးနောက် ထိုဘာသာခြား ပုဂ္ဂိုလ်ကို သင်ဘာများပြောစရာရှိလဲပေါ့။ ဘာကြောင့်လည်းဆိုတော့ တံတွေးထွေးတယ်ဆိုတာလည်း စကားပြောနည်းတစ်မျူ ိးပဲ။ တစ်ခုခုပြောချင်နေပုံရတယ်၊ ဘာများလဲလို့ မေးလိုက်တယ်။ ထိုပုဂ္ဂိုလ်ကလည်း ... _______________________ #မြတ်ဗုဒ္ဓရဲ့မေတ္တာရှေ့ထားပြီး _______________________ ပြောဆို ပြု မူပုံကို မြင်တော့ "ဪ ဒီနေရာမှာ ...တခြားသူဆိုရင် ငါ့ကို ပြစ်ပြစ်ခါခါပြန်ပြောမှာ၊ ပြန်ရန်လိုမှာ၊ အကြောင်းမကောင်းရင် ကိုယ်ထိလက်ရောက် တုန့်ပြန်ခြင်းကိုပင်ခံရနိုင်တယ်" လို့ တွေးရင်နဲ့ဘာဆက်ပြောရမှန်းမသိဖြစ်ပြီး ပြန်သွားတယ်။ အိမ်ပြန်ရောက်တော့လည်း ဒါကိုပဲ စဉ်းစားပြီး အိပ်မရတော့ဘူးပေါ့။ ဒါနဲ့....နောက်ဆုံး မြတ်စွာဘုရားကို တောင်းပန်ဖို့လာတယ်။ "အင်မတန်မှ မေတ္တာ ဂရုဏာကြီးမားတော်မူသော မြတ်စွာဘုရားကျွန်တော်မျူ ိးအား ခွင့်လွတ်တော်မူပါ" ဆိုပြီး တောင်းပန်လျှောက်ထားတော့၊ !!မြတ်ဗုဒ္ဓက .. ."သင်ဟာ မနေ့က လာတဲ့ ပုဂ္ဂိုလ်မှ မဟုတ်တာ၊ မနေ့ကလာတဲ့ ပုဂ္ဂိုလ်က အမြင်မှားပြီး ဒေါသတွေနဲ့ ငါ့အားရန်လို၍ လာခဲ့တဲ့သူ၊ ယနေ့ သင်ဟာ အမြင်မှန်ရပြီး ငါ့အား ရန်လိုမှု မရှိပဲလာတဲ့ ပုဂ္ဂိုလ်၊ သင်ဟာ လူအသစ်ပဲ၊ နောက်လူသား အားလုံးဟာ စီးဆင်းနေတဲ့ မြစ်လိုပါပဲ ဒီ ၂၄နာရီ အတွင်း အများကြီး ဖြစ်ပျက်ခဲ့ပြီးပါပြီ။ မနေ့က သင်ဆဲဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဟာလည်း အခု....ငါမဟုတ်တော့ဘူး၊ ဒါကြောင့် ဘာပြဿ နာအငြိုးအတေးမှမရှိတဲ့ သင်လူအသစ်အား ...ခွင့်လွှတ်စရာ၊ ခွင့်မလွှတ်စရာ ...အကြောင်းကိုမရှိပါဘူး ..."လို့ ပြောဆိုမိန့်ကြားလိုက်ပါတယ်။"!! #COCONUTCRAB The eXistence မှ ဘာသာပြန်ပူဇော်သည်။ အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2F66GaS

သင်ကမနေ့ကလူမှမဟုတ်တော့ဘူး 🙏🙏🙏🙏🙏🙏🙏🙏🙏 တစ်ခါက မြတ်စွာဘုရား ..တရားဟောနေစဉ် ဘာသာခြားတစ်ယောက်က..လာပြီးတံတွေးထွေးတော့ မြတ်စွာဘုရားက..တံတွေးကိုသုတ်လိုက်ပြီး သင်ဘာများပြောချင်လို့ပါလဲလို့မေးလိုက်တယ်။ အရှင်အာနန္ဒာကတော့ .. ကိုယ့်ဆရာသမားကို တော်တော်ကို စော်ကားနေပါလား။ ဒီလိုလူမျူ ိးကို အပြစ်ပေးသင့်တယ်။ မဟုတ်ရင်တခြားလူတွေပါလုပ်လိမ့်မယ်ဆိုပြီး ဒေါသအကြီးအကျယ်ထွက်လာတယ်။ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို ဘာပြောလည်းဆိုတော့ ....."ဒီပုဂ္ဂိုလ်ကတော့ ငါ့အကြောင်းကောင်းကောင်းမသိလို့ပါ၊ သူများပြောတာတွေနားယောင်ပြီး ဒီလိုပြု မူပြောဆိုခြင်းသာဖြစ်တယ်၊ အာနန္ဒာကတော့ ငါ့အကြောင်းကောင်းကောင်းသိရက်နဲ့ ဒီပုဂ္ဂိုလ်အပေါ်ဒေါသထွက်နေမယ်ဆိုရင် ငါ့ကို စော်ကားတာနဲ့တူနေတယ်။ နောက် ဒီပုဂ္ဂိုလ်က..ငါ့အကြောင်းလည်းမသိတဲ့ သူစိမ်းတစ်ယောက်ဖြစ်တယ်။ အဲ့တော့ဘယ်လိုလုပ် ငါ့ကို တံတွေးထွေးလို့ရမှာလဲ။ ဒီပုဂ္ဂိုလ်က ... ငါ့ကို တံတွေးထွေးခြင်းမဟုတ် သူ့အထင်အမြင်ပေါ်ကိုသာ တံတွေးထွေးနေခြင်းဖြစ်တယ် " လို့.... ပြောဆို ဆုံးမပြီးနောက် ထိုဘာသာခြား ပုဂ္ဂိုလ်ကို သင်ဘာများပြောစရာရှိလဲပေါ့။ ဘာကြောင့်လည်းဆိုတော့ တံတွေးထွေးတယ်ဆိုတာလည်း စကားပြောနည်းတစ်မျူ ိးပဲ။ တစ်ခုခုပြောချင်နေပုံရတယ်၊ ဘာများလဲလို့ မေးလိုက်တယ်။ ထိုပုဂ္ဂိုလ်ကလည်း ... _______________________ #မြတ်ဗုဒ္ဓရဲ့မေတ္တာရှေ့ထားပြီး _______________________ ပြောဆို ပြု မူပုံကို မြင်တော့ "ဪ ဒီနေရာမှာ ...တခြားသူဆိုရင် ငါ့ကို ပြစ်ပြစ်ခါခါပြန်ပြောမှာ၊ ပြန်ရန်လိုမှာ၊ အကြောင်းမကောင်းရင် ကိုယ်ထိလက်ရောက် တုန့်ပြန်ခြင်းကိုပင်ခံရနိုင်တယ်" လို့ တွေးရင်နဲ့ဘာဆက်ပြောရမှန်းမသိဖြစ်ပြီး ပြန်သွားတယ်။ အိမ်ပြန်ရောက်တော့လည်း ဒါကိုပဲ စဉ်းစားပြီး အိပ်မရတော့ဘူးပေါ့။ ဒါနဲ့....နောက်ဆုံး မြတ်စွာဘုရားကို တောင်းပန်ဖို့လာတယ်။ "အင်မတန်မှ မေတ္တာ ဂရုဏာကြီးမားတော်မူသော မြတ်စွာဘုရားကျွန်တော်မျူ ိးအား ခွင့်လွတ်တော်မူပါ" ဆိုပြီး တောင်းပန်လျှောက်ထားတော့၊ !!မြတ်ဗုဒ္ဓက .. ."သင်ဟာ မနေ့က လာတဲ့ ပုဂ္ဂိုလ်မှ မဟုတ်တာ၊ မနေ့ကလာတဲ့ ပုဂ္ဂိုလ်က အမြင်မှားပြီး ဒေါသတွေနဲ့ ငါ့အားရန်လို၍ လာခဲ့တဲ့သူ၊ ယနေ့ သင်ဟာ အမြင်မှန်ရပြီး ငါ့အား ရန်လိုမှု မရှိပဲလာတဲ့ ပုဂ္ဂိုလ်၊ သင်ဟာ လူအသစ်ပဲ၊ နောက်လူသား အားလုံးဟာ စီးဆင်းနေတဲ့ မြစ်လိုပါပဲ ဒီ ၂၄နာရီ အတွင်း အများကြီး ဖြစ်ပျက်ခဲ့ပြီးပါပြီ။ မနေ့က သင်ဆဲဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဟာလည်း အခု....ငါမဟုတ်တော့ဘူး၊ ဒါကြောင့် ဘာပြဿ နာအငြိုးအတေးမှမရှိတဲ့ သင်လူအသစ်အား ...ခွင့်လွှတ်စရာ၊ ခွင့်မလွှတ်စရာ ...အကြောင်းကိုမရှိပါဘူး ..."လို့ ပြောဆိုမိန့်ကြားလိုက်ပါတယ်။"!! #COCONUTCRAB The eXistence မှ ဘာသာပြန်ပူဇော်သည်။ အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2F66GaS

❖ ကိုယ့်စိတ် ကောင်းခဲ့ရင် … အကျိုးပေးကောင်းမယ် ကိုယ့်စိတ် ဆိုးခဲ့ရင်… အကျိုးပေးဆိုးမယ်။ ❖ ငါအဆင်မပြေတာ စိတ်ညစ်ရတာ ဘယ်သူ့ကြောင့်ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်ပုံချမနေပါနဲ့။ ❖ ငါအခုကောင်းနေတာပဲ ငါ့ကျမှဘာလို့ အဆင်မပြေဖြစ်ရတာလဲ ဒုက္ခတွေ့ရတာလဲလို့ ညည်းမနေပါနဲ့။ ❖ ဘဝဆိုတာ ဒီတစ်ဘဝတည်း ဖြစ်တည်နေတာမဟုတ်ဘူး၊ အကြောင်းတရားမဲ့ပြီး ဘယ်အကျိုးတရားမှ မဖြစ်ဘူး… ကိုယ့်ကြောင့်ချည်းပဲဆိုတာ သိပါ။ ✿ (ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ) ✿

via အလင်းရောင် ဓမ္မ https://ift.tt/2Q9v01L

အ ဆင် တန် ဆာ 👑👑👑👑👑 ■ လက်၏ အဆင်တန်ဆာသည် လက်စွပ် လက်ကောက်မဟုတ် ပေးကမ်းစွန့်ကျဲခြင်းဖြစ်သည်။ ■ နား၏ အဆင်တန်ဆာသည် နားကပ် နားဋောင်းမဟုတ် တရားနှင့်ပညာရှိစကား ကြားနာခြင်းဖြစ်သည်။ ■ ပါးစပ်၏ အဆင်တန်ဆာသည် ဆိုးဆေးတို့မဟုတ် မှန်ကန်သော သစ္စာစကားပြောကြားခြင်းသာဖြစ်သည်။ ■ ကိုယ်၏ အဆင်တန်ဆာသည် ဘယက် ဒွာဒရာ မဟုတ် မေတ္တာ ကရုဏာဖြင့် သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းသာဖြစ်သည်။ (သပြေကန်ဆရာတော် အရှင်ဝါသေဌာဘိဝံသ) . . {ပဋ္ဌာန်းပူဇော်ကြသူများ} . https://ift.tt/30yjhw5 https://ift.tt/2vV1p2i

via အလင်းရောင် ဓမ္မ https://ift.tt/369TT34

" ဟင်းမကောင်းလည်း ဆွမ်းလောင်းပေးပါ " °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ဟင်းမကောင်းလို့ ဆွမ်းမလောင်းတော့ဘူး ဆွမ်းမပို့တော့ဘူး ဆိုပြီး နေတတ်ကြပါတယ်။ မပို့ပဲမနေကြပါနဲ့။ ဟင်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အလှူ ခံသူက ဘုဉ်းပေးသည်ဖြစ်စေ မဘုဉ်းပေးသည်ဖြစ်စေ လောင်းလှူ သူမှာ ကုသိုလ်ရသည်သာ ဖြစ်ပါသည် ဟင်းမကောင်းလို့ဆိုပြီး ဆွမ်းပို့ဆွမ်းလောင်တာကို မပျက်ပါစေနဲ့။ မိမိတို့နောက်မှာ ကိုယ်တော်လေးတွေမှီခိုနေရတာကိုသတိရပေးပါ။ [အပရိဘုတ္တေပိ ဒေယျဓမ္မေ ပုညံ ဟောတိယေဝ] credit.

via အလင်းရောင် ဓမ္မ https://ift.tt/2SE9N1U

ရတနာသုံးပါးကို ဘာကြောင့်ကိုးကွယ်သလဲ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဗုဒ္ဓကို ကိုးကွယ်ရာမှာ တို့လူသားတွေဟာ ကြောက်စိတ်နဲ့ ကိုးကွယ်ကြရတာ မဟုတ်ဘူး။ သစ္စာကို သိလိုတဲ့အနေနဲ့ ကိုးကွယ်ကြရတာ။ မြတ်ဗုဒ္ဓဟာ ငါတို့တစ်တွေကို သစ္စာတရား အမှန်တရားကို ဟောပြပေးမယ့် သင်ပြပေးမယ့် ဆရာ (သင်ပြပေးထားခဲ့တဲ့ဆရာ) ဆိုပြီး ကိုးကွယ်ကြရတာ။ ကြောက်လို့ ကိုးကွယ်တာ မဟုတ်ဘူး။ သစ္စာလေးပါး ပြပေးမယ့် ဆရာအနေနဲ့ ကိုးကွယ်ကြရတာ။ ပြီးတော့ ဗုဒ္ဓဟောကြားတဲ့ တရားတော်ကို ကိုးကွယ်တာဟာ တရားစာအုပ် ကျမ်းစာအုပ်ကို ရှိခိုးတာလည်း မဟုတ်သေးဘူး။ ဓမ္မကို ကိုးကွယ်တာလည်း အဲဒီ သစ္စာတရားကို သိရဖို့ ကျင့်ရဖို့ရာအတွက် ကိုးကွယ်တာ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတာ အဲဒီ ဓမ္မကို ကျင့်သုံးပြီးနေရမှာ။ ဓမ္မကို မကျင့်သုံးရင် အဲဒီ ဓမ္မံ သရဏံ ဂစ္ဆမိ ဆိုတာဟာ မပြည့်စုံသေးဘူး။ ဘုန်းကြီးတို့ ပရိသတ် ကိုးကွယ်မှု ပြည့်စုံသွားအောင် လုပ်ကြ၊ ကြိုးစားကြပါ။ နောက်ပြီး သံဃာကို ဘာကြောင့် ကိုးကွယ်ရတာလဲဆိုတာကို ကြည့်လိုက်ပါ။ ဗုဒ္ဓရဲ့ တရားတော်တွေကို ဒီကနေ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ခရီးမှာ ဒီလို သစ္စာတရား အမှန်တရားတွေကို မကွယ်မပျောက်ရလေအောင် နှုတ်အဆင့်ဆင့်ကမ်းပြီး သယ်ဆောင်လာတာဟာ ဒီ သံဃာတော်တွေပါ။ အဲဒါကြောင့် ဒီလို ဗုဒ္ဓရဲ့ အမှန်တရား သစ္စာတရားကို မကွယ်မပျောက်အောင် နှစ်ပေါင်းများစွာ ထိန်းသိမ်းတော်မူကြတဲ့ သံဃာတော်များရဲ့ ကျေးဇူးဟာ ကြီးမားလှပါပေတယ်လို့ ရှိခိုးခြင်း ကိုးကွယ်ခြင်းဟာ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပိုင်းမှာ သရဏဂုံတည်ဆောက်ပုံက ဒီလိုဖြစ်ရမှာ။ အဲဒါကြောင့် ဗုဒ္ဓဉ္စ၊ ဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂတော၊ ဆိုက်ရောက်နေကြပါတယ်။ အဲဒီလို ဆည်းကပ် ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘာအကျိုးကိုရမလဲ ဆိုရင် ကိုယ့်ကိုယ် ကယ်တင်ဖို့ရာလည်း မမျှော်ပါဘူး။ ခွင့်လွှတ်ဖို့လည်း မမျှော်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ကယ်တင်မှ ခွင့်လွှတ်မှသာ ဖြစ်တာပါ။ အဲဒီတော့ ဘာအကျိုးရသလဲဆိုတော့ …. စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ သမ္မပ္ပညာယ၊ မှန်ကန်သောဉာဏ်ပညာဖြင့်။ ပဿတိ၊ မြင်ရတယ်, မြင်နိုင်တယ်။ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်လို့ရှိရင် သစ္စာလေးပါးကို မြင်နိုင်တယ်။ ဗုဒ္ဓ ဓမ္မ သံဃကို ဘာ့ကြောင့် ကိုးကွယ်ရသလဲဆိုရင် သစ္စာသိဖို့ ကိုးကွယ်တယ်လို့ ပိုင်ပိုင်နိုင်နိုင်သာ ဘုန်းကြီးတို့ ပရိသတ် မှတ်ထားကြပေတော့၊ ဟုတ်လား။ တခြားကြောင့် မဟုတ်ဘူး။ သစ္စာသိဖို့ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်နေကြတယ်။ သစ္စာမသိရင် ဘာဖြစ်နိုင်သလဲဆိုတော့ သစ္စာကို မသိရင် ဒုက္ခက မလွတ်နိုင်ဘူး။ သစ္စာမသိရင် ကိုယ့်ဘဝကိုယ် ကယ်တင်လို့ မရဘူး။ ကိုယ့်ဘဝကို ကိုယ်ကယ်တင်မှ ဖြစ်မှာ။ သစ္စာဉာဏ် အမှန်တရားကို ကိုယ်တိုင်မသိကြရင် ခုလိုပဲ ဒုက္ခရောက်ကြရမယ် မှတ်ထား။ အဲဒါကို … ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။ ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ ဧတံ သရဏံ၊ ထို ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်ခြင်းသည်။ ခေမံ၊ ဘေးကင်းတယ်။ (ဘုရားရှိခိုးတာ ဘာအပြစ်မှ မရှိဘူး။ မရှိခိုးလို့လည်း ဘုရားက ဘာအပြစ်မှ မယူဘူး။ ငါဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ကယ်တင်မယ်လို့လည်း ဗုဒ္ဓက မခွဲခြားပါဘူး။ အဲဒါကြောင့် ဘေးကင်းတယ်။) ဧတံ သရဏံ၊ ထိုသို့ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်ဆည်းကပ်ခြင်းသည်။ ဥတ္တမံ၊ မြင့်မြတ်တဲ့ ကိုးကွယ်ခြင်းဖြစ်တယ်။ ဧတံ သရဏံ၊ ဤသို့ ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ အကြောင်းပြု၍။ (သဗ္ဗေ၊ အလုံးစုံကုန်သော။ သတ္တာ၊ လူနတ်ဗြဟ္မာ သတ္တဝါအနန္တတို့သည်။) သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဒုက္ခအပေါင်းမှ။ ပမုစ္စတိ (ပမုစ္စနိ ္တ)၊ ကောင်းစွာမသွေ လွတ်မြောက်တော်မူနိုင်ကြပါစေကုန်သတည်း ….။ သာဓု .. သာဓု .. သာဓုပါ ဘုရား။ သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ (အမြတ်ဆုံးရတနာကိုးကွယ်ပါ တရားတော် မှ) bwar99.blogspot.com

via အလင်းရောင် ဓမ္မ https://ift.tt/2Q5xcHI

ကိုယ့်သာသနာက ကိုယ့်တစ်သက် •••••••••••••••••••••••••••••••••• သာသနာနှစ်ပေါင်းနှစ်ထောင်ကျော် ကျန်သေးတယ် ဆိုတာကလည်း အထိန်းအသိမ်းအစောင့်အရှောက်ကောင်းရင် လောကအတွင်းမှာ ရှိနိုင်တာကိုပြောတာ၊ သို့သော် အကုန်လုံးက ကိုယ့်သာသနာဟုတ်ချင်မှဟုတ်မှာဗျ။ 💿 မိမိက မနက်ဖြန်ပဲ သေတော့မယ်ဆိုရင် ကိုယ့်သာသနာ ဒီတစ်ညပဲ ကျန်တော့တယ်ပေါ့။ 💿 မိမိကနောက်တစ်လမှာ သေတော့မယ်ဆိုရင် မိမိရဲ့သာသနာက (ကိုယ့်သုံးရမယ့် သာသနာက) တစ်လထဲသာ ကျန်တော့မယ်ပေါ့။ 💿 မိမိက နောက် ၁-နှစ်(လာမယ့်နှစ်)မှာ သေတော့မယ်ဆိုရင်၊ ကိုယ့်သာသနာက တစ်နှစ်ထဲသာ ကျန်တော့မယ်ပေါ့။ 💿 ဒါကြောင့် ကိုယ်နဲ့ဆိုင်တဲ့ သာသနာကတော့ ကိုယ်တစ်သက်ထဲ ရှိမှာ။ ဒါကြောင့် သာသနာနဲ့တွေ့ခိုက်ကြုံခိုက်လေးမှာ လျင်မြန်ဖျတ်လတ်စွာ သေသေချာချာ ကြည့်ပြီးတော့ ရှောင်သင့်သာ လုပ်သင့်တာတွေပြတ်သားစွာကြည့်ပြီးတော့ ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင် လုပ်သင့်တာတွေ အကွက်စေ့နေအောင် လုပ်ပြီး ကြိုးစားအားထုတ်ကြရမှာ။ ဒါကြောင့်_ 💿 ဗုဒ္ဓညွှန်းကြား၊ မြတ်တရားကြောင့်၊ အမှားကင်းစင်၊ စိတ်ကြည်လင်၊ အမြင်ရှင်း၍လာ။ 💿 အခု အကုသိုလ်မှန်း သိနေကြတယ်၊ကုသိုလ်မှန်း သိနေကြတယ်။ ရှောင်သင့်တာတွေ သိကြတယ်။ လုပ်ရမှာလည်းသိနေကြလို့ ကြိုးကြိုးစားစား ပြုလုပ်အားထုတ်နေကြပါတယ်။ 💿 ဘဝပင်လယ်၊ ခရီးသည်၊ တကယ်စိတ်အေးပါ။ 💿 ဘဝပင်လယ်ကြီးထဲမှာ သံသရာခရီးသည်တစ်ယောက် ဖြစ်ရငြားသော်လည်း ဗုဒ္ဓသာသနာ အလင်းရောင်အောက် ရောက်နေတာဖြစ်လို့ အားရှိစရာ တရားစွမ်းအားတွေကို စိတ်ကြိုက်ရယူနိုင်ကြပါတယ်။ ဒါကြောင့် အပ္ပမာဒေန - မမေ့မလျော့ မပေါ့မတန် ထက်သန် ထူးခြား၊ အပ္ပမာဒသတိ_ တရားဖြင့်၊ အဏ္ဏဝံ - ကမ်းလည်းမမြင် လမ်းမမြင်ရ ကျယ်ဝန်းလှသည့် ဘဝပင်လယ်မြစ်ပြင်ကျယ်ကြီးကို၊ တရတိ- ဘဝပင်လယ်ခရီးသည်ဟု တကယ်ထူးကာ ကောင်းစွာမသွေကူးမြောက်နိုင်ပါပေတော့သတည်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ယောဆရာတော်ဘုရားကြီး)

via အလင်းရောင် ဓမ္မ https://ift.tt/369Fy6P

via အလင်းရောင် ဓမ္မ https://ift.tt/2Q5ruWj

Sunday, December 29, 2019

#ကုသိုလျကို #ပိုကျဆံ စုသလိုစုပါ။ #နည်းသည်ဖြစ်စေ။ #များသည်ဖြစ်စေ။ #စုတာများလာတော့ #တိုးပွားလာတာပေါ့။ အရှင်သီရိ(မုနိမြေ)

via အလင်းရောင် ဓမ္မ https://ift.tt/39rGWUv

မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/355g60M

လောဘဆိုတာ... တရားတာ မတရားတာ မသိဘူးဗျ။ သူက ရဖို့ပဲသိတာ။ လောဘက ယူသင့်တယ်။ မယူသင့်တယ် မသိဘူး။ မရရတဲ့နည်းနဲ့ ယူမှာပဲ။ အဲ့တော့ လောဘမပါဘဲနဲ့ တို့သတိလေးနဲ့ လောဘ အဝင်မခံနဲ့။ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရတာ မရတာ တို့အလုပ်မဟုတ်ဘူး။ ကံက တာဝန်ယူလိမ့်မယ်။ တို့ ဘယ်ဟာလုပ်လုပ် လောဘစိတ်မပါပဲ ကြိုးစားတဲ့ပုဂ္ဂိုလ်သည် ရေထဲသွားတဲ့ ခြေရာလိုပဲ။ ထောက်တုန်းတော့ ရှိမှာပေါ့။ နှုတ်တော့ ရှိသေးလား။ အဲလိုကျင့်။ လွယ်လွယ်လေးဥစ္စာ အစွဲမကျန်ရစ်ရဘူးလေ။ လောဘပါရင်တော့ စွဲမှာပဲလေ။ လောဘ ဒေါသမပါပဲနဲ့ သတိလေးနဲ့ ကိုယ်လုပ်ချင်တဲ့ဟာကို လုပ်လို့ရှိရင် ရေထဲသွားတဲ့ ခြေရာလိုပဲဗျာ။ မစွဲပါဘူးဗျာ။ ( မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး )

via အလင်းရောင် ဓမ္မ https://ift.tt/3563y9x

မယုံသေးရင် ရောက်ရအုံးမည် ဒီမြင်ကွင်းကို ကြည့်လိုက်ကြပါ ဘာသာကြီးလေးရပ်ထဲမှာ ဘာသာတိုင်းမှာ ငရဲဆိုတာ ရှိတယ်လို့လက်ခံ ထားကြပါတယ် ဒါပေမဲ့ တကယ်ယုံကြည်ရဲ့လားလို့မေးရင် မယုံတစ်ဝက် ယုံတစ် ဝက်လို့ပြောရပါမည် ဒါသည်လက်ရှိ ပစ္ပုပ္ပန်မှာ မျက်ဝါးထင်ထင် မြင်တွေ့နေရတဲ့ ငရဲပြည်လို့ပြောရင် မှားမည်ဟုတ်ပါ……… မသွားအပ် မသွားသင့် မသွားချင်တဲ့ ဒီလိုနေရာကို သူသူငါငါ ဘယ်သူမှရောက်ချင်ပါဘူး ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် သူတော် ကောင်းတို့ သိထားကြတဲ့ #အရိယာသောတာပန် အဆင့်လေးကိုမျှ မရောက်သေးရင် ၁၀၀ မှာ ၇၅% (ရာခိုင်နှုန်း) က ရောက်ကြရအုံးမှာပါ တကယ်မရှိမဟုတ် ရှိတယ်နော် လောကီနယ်ပယ်ထဲ လိုချင်မှုတည်းဟူသော အာသာဆန္ဒများ လွန်းနေကြတာကြောင့် မကောင်းမှု၏ ရလဒ်ကို ကွက်ကွက် ကွင်းကွင်းမမြင်ကြ၍ မသွားသင့် မသွားထိုက် မသွားချင်တဲ့ နေရာကို သင်တို့ငါတို့ရဲ့ မသိစိတ်ကနေ တစ်ရွေ့ရွေ့ ပို့ပေးနေခြင်းလို့ မှတ်ယူလိုက်ကြပါ။ ရုပ်ပုံ Ashin Waranyana fb မှ ကူးယူဖော်ပြသည်။ ____________________________________________________ "စိုးရိမ်လို့ ထပ်ပြောလိုက်မယ်" <><><><><> ရေနွေးပွက်ပွက်ဆူတာက ၁၀၀°စင်တီဂရိတ်.. ကားသချိုင်္င်းတွေမှာ သံရည်ကျိုတဲ့အပူချိန်က ၂၈၀၀°စင်တီဂရိတ်.. အဝီစိငရဲ အပူချိန်က သိပ္ပံပညာရှင်တွေ ခန့်မှန်းတာ ၃၅၀,၀၀၀°စင်တီဂရိတ်.. ၁၃မိုင်လောက်ရှိတဲ့ ကျောက်တောင်ကို ငရဲမီးမုန်ညင်းစေ့လောက်နဲ့ ပေါက်ရင်တောင် ကျောက်တောင်ကြီးဟာ ပျောက်ကွယ်သွားတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့.. လူ့သက်တမ်း ၁၀၀ကို နတ်ပြည် ၁ရက်.. နတ်သက်တမ်း ၁၀၀ကို ငရဲ ၁ရက်.. ငရဲ ၁ရက်ကို လူနှစ်နဲ့ ၃၆သန်း.. ငရဲသား ၁ယောက်က အနည်းဆုံးငရဲသက် သိန်းသန်းချီပြီးခံရမှာ.. ဒါဆို အခုမကောင်းတာမလုပ်ဘူး ဆိုရင် လွတ်မှာလားဆိုတော့ မလွတ်ဘူး.. သံသရာမှာ ကျင်လည်ခဲ့တုန်းက လုပ်ခဲ့တဲ့အကုသိုလ်တွေက လူတိုင်း လူတိုင်းမှာ အသင်္ချေအနန္တ.. ဒီဘဝမှာ ကောင်းတာလုပ်လို့ သုဂတိဘုံရောက်လည်း ခဏပဲ.. ဘုရားရှင်က အပါယ်ဘုံဟာ ကိုယ်ပိုင်အိမ်လို့ ဟောထားတာ တစ်နေ့ကျရင် ငရဲပြန်ကျမှာပဲ.. အဲဒီကလွတ်ဖို့ကလည်း ဒါန သီလ သမထ ဘယ်လောက်ပဲ ကျင့်ကျင့် ဝိပဿနာတရားမပါပဲ မလွတ်မြောက်နိုင်ဘူး.. နတ်ပြည် ဗြဟ္မာ့ပြည်ရောက်လည်း အလကားပဲ ပြီးရင်ငရဲပြန်ကျမှာပဲ အပြီးလွတ်ဖို့က သောတာပန်ဖြစ်မှ အပြီးလွတ်မှာ.. စူဠသောတာပန်တောင် မရဘူး.. မဟာသောတာပန်မှ အပြီးလွတ်မှာ.. ဝိပဿနာတရားအားထုတ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ စဉ်းစားကြည့်ပေါ့.. ဒါကြောင့်လည်း ဗုဒ္ဓက ဝိပဿနာတရားအားထုတ်ဖို့ ၁၇၉၂-ကြိမ် ဟောပြီး ဒုလ္လဘတရားကို ၁၆,၄၂၅-ကြိမ် ဟောခဲ့တာပေါ့.. မိတ်ဆွေတို့ မယုံကြည်လို့ ဝိပဿနာတရားတွေ အားမထုတ်ဘူးဆိုရင်တော့ ငရဲအပူချိန် ၃သိန်းခွဲဒီဂရီစင်တီဂရိတ်က အဝီစိကနေ စောင့်ကြိုနေလေရဲ့ ........ Credit - original uploader. __________________________________________________ 🎍 ငရဲကြီးရှစ်ထပ်အကြောင်း တစ်စေ့တစ်စောင်း🎍 〰〰〰〰〰〰〰〰〰〰〰〰〰 ဤကမ္ဘာမြေကြီးသည် "သိလာ,ပံသု၊မြေနှစ်ခု၊ အထုထက်ဝက်ဝေ" ဟုဆိုသည့်အတိုင်း သိလာမြေခေါ် ကျောက်မြေကြီးကား ယူဇနာ(၁၂၀,၀၀၀) နှင့် ပံသုမြေသားမြေကြီးကား ယူဇနာပေါင်း (၁၂၀,၀၀၀) အားဖြင့် စုစုပေါင်း (၂၄၀,၀၀၀) အထုရှိ၏။ ကမ္ဘာမြေပေါ်မှ အောက်ယူဇနာ (၁၅,၀၀၀) မှစ၍ အဆင့်ဆင့် (၁၅,၀၀၀)စီအကွာတို့၌ ငရဲကြီးရှစ်ထပ်ရှိ၏။ ၎င်းတို့မှာ➖ (၁)- သဉ္ဇိုဝ်းငရဲ (၂)- ကာလသုတ်ငရဲ (၃)-သင်္ဃာတငရဲ (၄)- ရောရုဝငရဲ (၅)- မဟာရောရုဝငရဲ (၆)- တာပနငရဲ (၇)- မဟာတာပနငရဲ နှင့် (၈)- အဝီစိငရဲကြီးဟူ၍ ဖြစ်၏။ ငရဲကြီး(၈)ထပ်တို့၏ အသက်အပိုင်းအခြားကို ပြရလျှင်➖ (၁) စတုမဟာရာဇ်နတ်တို့၏ အသက်အနှစ်ကိုးသန်းသည် သိဉ္ဇိုဝ်းငရဲ၏ တစ်ရက်စာနှင့် ညီ၏။ ထိုရက်ပေါင်း(၃၆၀) သည် တစ်နှစ်အားဖြင့် အနှစ်ငါးရာသည် သဉ္ဇိုဝ်းငရဲ၏ အသက်ပင်တည်း။ (၂) တာဝတိံသာနတ်တို့၏အသက် သုံးကုဋေခြောက်သန်းသည် ကာလသုတ်ငရဲ၌ တစ်ရက်စာသာလျှင် ရှိ၏။ ထိုရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် နှစ်ပေါင်း တစ်ထောင်သည် ကာလသုတ်ငရဲ၏ သက်တမ်းပင်ဖြစ်၏။ (၃) ယာမာနတ်တို့၏အသက် တစ်ဆယ့်လေးကုဋေနှင့်လေးသန်းသည် သင်္ဃာတငရဲ၌ တစ်ရက်စာသာရှိ၏။ ထိုသို့ရက်ပေါင်း(၃၆၀) သည် တစ်နှစ်အားဖြင့် နှစ်ပေါင်းနှစ်ထောင်သည် သင်္ဃာတငရဲ၏ သက်တမ်းပင်။ (၄) တုသိတာနတ်တို့၏အသက် ငါးဆယ့်ခုနစ်ကုဋေနှင့်ခြောက်သန်းသည် ရောရုဝငရဲ၌ တစ်ရက်စာသာရှိ၏။ ထိုသို့ရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် နှစ်ပေါင်းလေးထာင်သည် ရောရုဝငရဲ၏ အသက်ပင်ဖြစ်၏။ (၅) နိမ္မာနရတိနတ်တို့၏အသက် ကုဋေနှစ်ရာ့သုံးဆယ့်လေးသန်းသည် မဟာရောရုဝ ငရဲ၌ တစ်ရက်စာသာရှိ၏။ ထိုသို့ရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် အနှစ်ရှစ်ထောင်သည် မဟာရောရုဝငရဲ၏ သက်တမ်းပင်။ (၆) ပရနိမ္မိတဝသဝတ္တီနတ်တို့၏အသက် ကုဋေကိုးရာနှစ်ဆယ့်တစ်ကုဋေနှင့်ခြောက်သန်းသည် တာပနငရဲ၌ တစ်ရက်စာသာရှိ၏။ ထိုသို့ရက်ပေါင်း(၃၆၀)သည် တစ်နှစ်အားဖြင့် နှစ်ပေါင်း တစ်သောင်းခြောက်ထောင်သည် တာပနငရဲ၏ သက်တမ်းပင်ဖြစ်၏။ (၇) မဟာတာပနငရဲကား အန်တရကပျတစျဝကျစာကွာ၏။ (၈) မဟာအဝီစိငရဲကား အန်တရကပျတစျကပျစာကွာလေ၏။ 💧အန္တရကပ်ဟူသည် လူတို့၏သက်တမ်း ဆယ်နှစ်ကာလမှစ၍ အစဉ်အားဖြင့်တက်သွားသည်ရှိသော် အသင်္ချေယျတမ်းထိရောက်၍ ထိုအသင်္ချေယျတမ်းမှ အနှစ်တရာလျှင်တစ်နှစ်နှုံးပြန်ဆုတ်ခြင်းအားဖြင့် ဆယ်နှစ်တမ်းသို့ပြန်ရောက်လာပြီးသည်အထိကြာသော ကာလတစ်ခုကို အန္တရကပ်တစ်ခုဟုခေါ်၏။ ငရဲကြီးရှစ်ထပ်လုံးသည် သံမိုး၊သံမြေ၊သံတံတိုင်းတို့ဖြင့် အုပ်ဖုံးခင်းရံလျက် လုံခြုံစွာဂဟေဆော်ထား သော လေးထောင့်စပ်စပ် သံသေတ္တာကြီး(၈)လုံးနှင့်အလားတူ၏။ အတွင်း၌ ယူဇနာတရာစီကျယ်၏။ လေးမျက်နှာ၌လည်း သံတံခါးတစ်ပေါက်စီရှိ၏။ အရှေ့နံရံမှထတောက်သောမီးသည် အနောက်နံရံသို့စွဲဝင်၏။ အနောက်နံရံမှမီးတောက်သည် အရှေ့နံရံထိ၊ မြောက်မီးလျှံတောင်, တောင်မီးလျှံမြောက်, အောက်ကမီးလျှံသည်အထက်, အထက်ကမီးလျှံသည်အောက်နံရံထိ အပြန်အလှန်အားဖြင့် စွဲလောင်၏။ တံတိုင်းအမိုးတို့မှ အပြင်ဘက်သို့ ယူဇနာတစ်ရာတိုင်တိုင် မီးလျှံတို့ဖြာထွက်ကုန်၏။ ☠️ငရဲမီးပူပြင်းပုံကို ဥပမာထုတ်ပြရလျှင်- ဘုရားရှင်မရှိသည့်နောက်ပိုင်း၌ မလယမထေရ်သည် " ငရဲမီးဘယ်လောက်ပူပြင်းပါသလဲ သိလိုပါသည်" ဟု ဆရာမထေရ်ကိုလျှောက်သော် ဆရာမထေရ်က အရည်အစေးအလွန်အားကြီးသော ထင်းစိုလှည်းတစ်စီးတိုက်စာကို ကျောက်ဖျာပေါ်မှာစုပုံစေ၍ မီးတိုက်စေ၏။ မလောင်နိုင်ပဲရှိနေရာ အဝီစိငရဲမှ နှမ်းစေ့ခန့်မီးခဲမှုန်လေးကို တန်ခိုးဖြင့်ယူ၍ လက်ဝါးပေါ်မှာ" မြင်ရဲ့လား" ဟုပြကာ ထင်းစိုပုံထဲသို့ချလိုက်သော် မျက်တောင်တခတ်အတွင်းမှာပင် ထင်းစိုလှည်းတစ်စီးတိုက်လုံး အကုန်ပြာကျသွား၏။ ထိုမျှလောက်ပူပြင်းသော်လည်း ငရဲသားတို့မှာ ကံမကုန်မချင်း မသေရပဲ ခံကြရ၏။ 👾ငရဲကြီးတစ်ခုစီ၏ အရပ်ရှစ်မျက်နှာ၌ ယူဇနာတစ်ရာစီရှိကြသော ဥဿဒငရဲငယ် (၄)မျိုးလည်းရှိသေး၏။ ပထမဆုံးကား ဘင်ပုပ်ငရဲဖြစ်၍ မစင်ဘင်ပုပ်ဖြင့် ပြည့်နေ၏။ အပ်သွားကဲ့သို့ထက်လှစွာသော နှုတ်သီးရှိသော ပိုးလောက်တို့သည် ဆင်၏လည်ပင်းခန့်ရှိ၏။ ပိန်းကောလှေခန့်ရှိ၏။ ငရဲကြီးမှလွတ်လာသော ငရဲသားတို့ကို ကိုက်ဖြတ်စားကုန်၏။ ဘင်ပုပ်ငရဲအပြင်ဘက်ကား ပြာပူငရဲရှိ၏။ ထိုငရဲမှတဖန်လွတ်ရပြန်လျှင် လက်ပန်တောငရဲသို့ရောက်ရကုန်၏။ ငရဲထိန်းတို့ ပုတ်ခတ်လေသဖြင့် ငရဲသားတို့သည် လက်ပန်ပင်သို့တက်ကြကုန်၏။ ငရဲသားတို့ တက်သောအခါ လက်ပန်ဆူးတို့သည် အောက်သို့အဖျားညွှတ်၍ ငရဲသားတို့ကို စူးကုန်၏။ အောက်သို့ပြန်ဆင်းသောအခါ အပေါ်သို့ အဖျားပြန်ညွတ်ကုန်၏။ 💀ထိုလက်ပန်တော အပြင်ဘက်၌ ဝေတ္တရဏီအမည်ရှိသော ကြိမ်ပိုက်ချောင်းငရဲရှိ၏။ သတ္တဝါတို့ကို မှုန့်မှုန့်ညက်ညက်ကြေစေသော ရေရှိ၏။ ထိုဝေတ္တရဏီချောင်း၌ ငရဲထိန်းတို့သည် ရဲရဲတောက်သော သံလှင်တံ ခက်ရင်းတို့ဖြင့် ထိုးခုတ်ရိုက်နှက်ကြကုန်၏။ ထိုချောင်းနား ကမ်းနှစ်ဖက်တို့၌ ကြိမ်နွယ်တို့ဖြင့် ဖုံးလွှမ်းကုန်၏။ ရဲရဲငြီးနေသော ကြိမ်နွယ်သမန်းမြက်တို့ စူးရှကုန်သည်ဖြစ်၍ ကြာမြင့်စွာ ဆင်းရဲကို ခံရကုန်၏။ ကြာရွက်တို့၏ အပိုင်းပိုင်းဖြတ်ခြင်းကိုလည်း ခံရကုန်၏။ ရေတို့သည်လည်း ရဲရဲတောက်လောင်နေ၏။ ဤသို့အားဖြင့် ငရဲတို့၏ ဆင်းရဲဒုက္ခကို ပြောပြ၍မကုန်နိုင်ပေရာ။ ရာဇဂြိုဟ်မြို့အနီးမှာပင် သူဌေးသားလေးယောက်တို့ ဒု-သ-န-သော ဟုဟစ်အော်၍ ခံနေရသော လောဟာကုမ္ဘီဆိုသည့် သံရည်ပူအိုးငရဲကြီးရှိလေ၏။ ရာဇဂြိုဟ်ရှိ တပေါဒါမြစ်သည် လောဟာကုမ္ဘီငရဲနှစ်ခုကြားမှ စီးဆင်းလာသည်ဟု ဆို၏။ ငရဲငယ်တွေကား လူ့ပြည်အနီးအနားတွင်ပင် များစွာရှိကြ၏။ စကြာဝဠာသုံးခုဆုံရာနေရာတွင်လည်း စကြာဝဠာတံတိုင်းများကြောင့် နေရောင်မရနိုင်ပဲ အလွန်အေးလှသည့် လောကန္တရိက်ငရဲများလည်း ရှိကြသေး၏။ 😈ယမမင်းဆိုသူများမှာ ဝေမာနိက ပြိတ္တာမင်းမျိုးဖြစ်ကုန်၍ ငရဲသူ ငရဲသားတို့ကို ကယ်ဆယ်ခြင်းငှာ အရံငရဲငယ်တို့၌ ရုံးထိုင်ကြ၏။ တစ်ခါတစ်ရံ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခကို ခံရသေး၏။ ဤယမမင်းကြီးတို့သည် စိတ်ကောင်းရှိကြ၍ ငရဲသူ ငရဲသားတို့ကို အတတ်နိုင်ဆုံး လွတ်မြောက်နိုင်စေရန် ကူညီဖို့ ကြောင့်ကြစိုက်ကြ၏။ သူတို့ရှေ့ရောက်လာသူတို့၏ ကုသိုလ်ကောင်းမှုတို့ကို စဉ်းစားသတိပေးဖော်ရ၏။ ထို့ကြောင့် လူ့ပြည်ရှိ လူအပေါင်းတို့သည် ကုသိုလ်ကောင်းမှုတို့ကို အမျှဝေကြသောအခါ ဤယမမင်းတို့ကိုလည်း အမျှဝေပေးပါက ကံအကြောင်းမလှ၍ သူတို့ဆီရောက်ခဲ့ရလျှင် ကုသိုလ်ကောင်းမှုတို့ကို သတိပေး၍ ငရဲမှလွတ်စေရန် အကူအညီပေးနိုင်ပေလိမ့်မည်။ ငရဲထိန်းဆိုသူတို့ကား ပဋိသန္ဓေအားဖြင့် စာတုမဟာရာဇ်အပါအဝင်ဖြစ်ကြကုန်သော အလွန်ကြမ်းကြုတ်သောအလေ့ရှိကြသည့် ဘီလူးမျိုး ရက္ခိုသ်မျိုးများဖြစ်ကြကုန်၏။ 🐢အချုပ်အားဖြင့် ဆိုရလျှင် အပါယ်ငရဲသို့တစ်ကြိမ်ရောက်သွားသူကား လူ့ပြည် လူ့ဘဝသို့တဖန် ပြန်ရောက်လာဖို့ရာ အလွန်ခဲယဉ်းလှပေ၏။ ဥပမာထုတ်ပြရလျှင် အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာ၌ လိပ်ဦးခေါင်းစွပ်လောက်ရုံ အပေါက်တစ်ပေါက်သာပါသော ထမ်းပိုးတုံးတစ်ခုကိုပစ်ချထားရာ၏။ ထိုထမ်းပိုးသည် အမှတ်မရှိသော လေတို့တိုက်၍ မျောချင်ရာမျောနေပေ၏။ ထိုသမုဒ္ဒရာ၌လည်း အနှစ်တရာတွင်မှ တစ်ကြိမ်သာ ရေပေါ်တက်လာသော လိပ်ကန်းကြီးတစ်ကောင်သည်လည်း ရှိရာ၏။ ထိုမျောချင်ရာမျောနေသော တစ်ပေါက်တည်းသာပါသည့် ထမ်းပိုးတုံးနှင့် အနှစ်တစ်ရာမှတစ်ကြိမ်ပေါ်သည့် လိပ်ကန်းကြီး၏ ဦးခေါင်းနှင့်စွပ်နိုင်သော အကြောင်းအရာသည် မဖြစ်နိုင်လောက်အောင်ပင် အလွန်ခဲယဉ်းကြာညောင်းလှပေ၏။ အပါယ်ငရဲသို့ရောက်သွားသောသူတစ်ယောက် လူ့ဘဝပြန်ရောက်ဖို့ကား ထို့ထက်ပင်ခက်ခဲလှပေ၏။ ထို့ကြောင့် အပါယ်ငရဲကျရောက်ခြင်းမှ ကင်းလွတ်စေနိုင်သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်အမှုတို့ကို မေ့မေ့လျော့လျော့မနေသင့်ပဲ အမှတ်ရတိုင်း ကြိုးစားအားထုတ်သင့်ကြပေသည်။ #သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေသော်# 〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰 Primary sources; ၁: မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ သစ္စသံယုတ်၊ပပါတဝဂ်၊ ပထမဆိဂ္ဂဠယုဂသုတ်။ ၂: ဥပရိပဏ္ဏာသပါဠိတော်၊ သုညတဝဂ်၊ ဒေဝဒူတသုတ်။ ၃: သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဗြဟ္မသံယုတ်ပထမဝဂ်၊ ကောကာလိကသုတ် ၄: ပါရာဇိကဏ်ပါဠိတော်၊ နှာ-၁၄၉ Secondary sources; ၁- ပုစ္ဆာပကိဏ္ဏကကျမ်း၊ လုံးတော်ဆရာတော် ၂- ပရမတ္ထသံခိပ်ကျမ်း၊ လယ်တီဆရာတော် ၃- ပဏ္ဍိတဝေဒနိယဒီပနီကျမ်း၊ သေက္ချတောင်ဆရာတော်ဦးတိလောက ၄- သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/2F1qQTx

#သိပုံပယ်ပုံ တရားတော်# 🙏🙏🙏🙏🙏🙏🙏🙏 ၀ိပဿ နာဆိုတာ ရုပ်တွေနာမ်တွေမှာရှိတဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို သိအောင် ကြိုးစားအားထုတ်တာကိုခေါ်တယ် ။ ရုပ်တွေနာမ်တွေမှာရှိတဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို သိတာဟာဝိပဿ နာဉာဏ်ဖြစ်တယ် ။ ၀ိပဿ နာဆိုတာ အမှန်သိအောင် အားထုတ်တာဖြစ်တယ် ။ ပညတ်တွေရဲ့အမှန် ပရမတ်တွေရဲ့ အမှန်ကို သိအောင် ကြိုးစားအားထုတ်တာဖြစ်တယ် ။ အဓိက ကတော့ ပရမတ်တွေရဲ့အမှန် သိအောင်အရှိတရားတွေရဲ့အမှန်ကို သိအောင်ကြိုးစားအားထုတ်တာဖြစ်တယ် ။ အရှိတရားတွေဆိုတာ ရုပ်နဲ့နာမ်ပါဘဲ ။ အရှိတရားတွေရဲ့အမှန်တရားတွေ ။ လက္ခဏာနဲ့ပြောရရင် သဘာ၀လက္ခဏာ ၊ သင်္ခတလက္ခဏာ ၊ သာမညလက္ခဏာ ဖြစ်တယ် ။ လက္ခဏာဆိုတာ အမှတ်အသားပေါ့ ။ သဘာ၀လက္ခဏာ ၊သင်္ခတလက္ခဏာ ၊ သာမညလက္ခဏာ တို့ဟာ ရုပ်တရား နာမ်တရားတွေမှာ မှန်နေတဲ့ အမှန်တရားတွေဘဲ ။ အရှိတရားတွေပေါ်မှာ မရှိတရားကဖုံးလွှမ်းထားတယ်။ အရှိတရားက ပရမတ် မရှိတရား က ပညတ် ။ ပညတ်က ပရမတ်ကို ဖုံးထားတယ် ။ ပညတ်ဆိုတာ မရှိအမှန်တရား ပရမတ်ဆိုတာ အရှိအမှန်တရား ။ အပြည့်အစုံပြောရရင် ပညတ်ဆိုတာ မရှိတော့ မရှိဘူး ။ လောကီနယ်မှာတော့ မှန်တယ် ။ ယောက်ကျားတို့ မိန်းမတို့ သူ့နယ်နဲ့သူတော့ မှန်နေတာဘဲ ။ ပညာမျက်စိနဲ့ကြည့်ရင်တော့ ယောက်ကျားမိန်းမတို့မရှိဘူး ။ ဒါကြောင့်မရှိအမှန်တရား ။ ပရမတ်ကတော့ အရှိအမှန်တရား ။ တစ်ကယ်ရှိလည်းရှိတယ် မှန်လည်းမှန်တယ် ။ အဲဒါကြောင့် အရှိ အမှန်တရား။ ပညတ်က ပရမတ်ကို ဖုံးနေတယ် ။ မရှိအမှန်တရားက အရှိအမှန်တရားကို ဖုံးနေတယ် ။ အရှိအမှန်တရားကို သိခွင့်မရဘူး ။ တစ်နည်းအားဖြင့် သိခွင့်မရတာဟာ မသိဘူးပေါ့ ။ မသိတာက အဝိဇ္ဇာ ။ စိတ်က မသိဘဲနဲ့တော့ မနေဘူး။ သိတော့ သိတယ် ။ ဘာသွားသိလည်းဆိုတော့ အမှားသွားသိတယ် ။ အမှားသိတာလည်း အဝိဇ္ဇာ ။ အဝိဇ္ဇာကို အကူအညီပေးတဲ့ တရားနှစ်ပါးရှိတယ်။ ပမာဒ နဲ့ ဝိစိကိစ္ဆာ နှစ်ပါးဖြစ်တယ် ။ ဓမ္မသဘာဝတွေကို သဘာ၀အတိုင်း သိထားလို့ရှိရင် လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် မြင်တယ် ။ မြုပ်မယ့်လမ်းစဉ် ၊ လည်မယ့်လမ်းစဉ် ၊ လွတ်မြောက်မယ့်လမ်းစဉ် တွေကို အမှန်အတိုင်းမြင်တယ်။ ပညတ်က ပရမတ်ကို ဖုံးထားတော့ မေ့လျော့မှု့ ပမာဒ ရယ် တစ်ကယ်စစ်မှန်တဲ့ တရားတွေကို သို့လော သို့လော မယုံတယုံ ဝိစိကိစ္ဆာတွေက မသိမှု့ အသိမှားမှု့ကို အားပေးတယ် ။ အမှန်တရားတွေကို မသိတာ အဝိဇ္ဇာ ။ အဝိဇ္ဇာ ကို အားပေးတယ်။ အမှားကို အမှန်ထင်တယ်၊ အဲဒါလည်း အဝိဇ္ဇာ။ တစ်သံသရာလုံးမှာ အဝိဇ္ဇာနဲ့ နေလာခဲ့တယ်၊ အဝိဇ္ဇာနဲ့နေ အဝိဇ္ဇာနဲ့ကြီး အဝိဇ္ဇာနဲ့သေ။ နောက်တစ်ခါ အဝိဇ္ဇာနဲ့ဘဲပြန်ပြီး နေရတယ် ။ အဝိဇ္ဇာကိုပယ်ခွာချင် သူ့ကိုအရင် ခွာလို့ မရဘူး။ ပမာဒ နဲ့ဝိစိကိစ္ဆာ ကိုအရင်ခွာရမယ်။ ပမာဒ နဲ့ဝိစိကိစ္ဆာကိုခွာပြီးတော့မှ အဝိဇ္ဇာကို နဲနဲချင်းခွာရတယ်။ အဲဒီလို ခွာလိုက်တော့မှ အရှိတရားသိခွင့်ရတယ်။ အမှန်တရားသိခွင့်ရတယ်။ ဒီလိုသိတာကိုက လွတ်မြောက်ရေးလမ်းစဉ်ဘဲ။ မသိတာက မြုပ်ရေးလမ်းစဉ်၊ လည်ရေးလမ်းစဉ်။ မသိလို့ရှိရင် သံသရာမှာမြုပ်မယ် လည်မယ်။ သိလို့ရှိရင် သံသရာ က လွတ်မြောက်မယ်။ ၀ိပဿ နာဆိုတာ အမှန်တရားတွေကို သိအောင် လုပ်တဲ့ အလုပ်ဘဲ။ ဒီအမှန်တရားတွေကို ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ထုတ်ဖော်ဟောကြားခဲ့တယ်။ သို့သော်ဘုရားသာသနာပသွားတဲ့အခါ ဒီအမှန်တရားတွေကိုထုတ်ဖော်ဟောကြားမယ့် ပုဂ္ဂိုလ်မရှိတော့ဘူး။ အမှန်တရားတွေကရှိနေတာဘဲ။ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ ရှိနေတာဘဲ။ ရှိပေမယ့် သိခွင့်မရဘူး၊ဖော်ပြမယ့်သူမရှိဘူး။ ဒါ...ဒုက်ခဘဲ၊ ဒါ...သမုဒယဘဲ၊ ဒါ...နိရောဓဘဲ၊ ဒါ...မဂ္ဂဘဲ လို့ ဖော်ပြနိုင်ဘို့ဆိုတာ သဗ္ဗညု တရွှေဉာဏ်တော် ရ မှ... နောက်တစ်နည်း မြတ်စွာဘုရားထံက တရားတွေနာ တရားအားထုတ် မဂ်ဖိုလ်တွေရမှ ပြန်ပြီးတော့ဖော်ပြနိုင်တယ်။ သာသနာကွယ်သွားပြီဆိုရင် ဘုရား ရဟန္တာ ကွယ်ပျောက်သွားတာဘဲ။ ဒါကြောင့်လောကမှာ သာသနာတွင်းနဲ့ ကြုံဘို့ ခဲယဉ်းတယ်။ ခဲယဉ်းတရားတွေ၊ ဒုလ္လဘတရားတွေ လူဖြစ်ဖို့ ခဲယဉ်းတယ် သာသနာတော်နဲ့တွေ့ဖို့ ခဲယဉ်းတယ် သဒ္ဒါ တရားရှိဖို့ ခဲယဉ်းတယ် ရှင်ရဟန်းဖြစ်ဖို့ ယောဂီဖြစ်ဖို့ ခဲယဉ်းတယ် သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းတယ်။ ဒါ... ဒုလ်လဘတရား ငါးပါး။ နောက် ဒုလ္လဘတွေလည်းရှိသေးတယ်။ အယူအဆမှန်ဖို့ခဲယဉ်းတယ်။ အများသိအောင်ပြောရရင် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ဖို့ ခဲယဉ်းတယ်။တစ်နည်းအားဖြင့် သမ္မာဒိဌိဖြစ်ဖို့ ခဲယဉ်းတယ်။ သာသနာထွန်ကားရာအရပ်မှာ နေရဖို့လည်း ခဲယဉ်းတယ်။ သစ္စာလေးပါးမြတ်တရားကို ဟောဖော်ညွှန်ပြတဲ့ ဆရာသမားတွေနဲ့တွေ့ကြုံဖို့လည်း ခဲယဉ်းတယ်။ နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ ဗောတိပက္ခိယတရား(၃၇)ပါး၊ဗောတိပက္ခိယတရား(၃၇)ပါးရဲ့ရှေ့က အရေးကြီးတဲ့တရားက သုစရိုက်(၁၀)ပါး ရှေ့ကသွားတယ်။ သုစရိုက်(၁၀) ပါး ဆိုတာ သီလကိုပြောတာပါဘဲ။ အဲဒီတရားတွေကိုနားထောင်နိုင်တဲ့ ဉာဏ်နားရှိဖို့လည်း ခဲယဉ်းတယ်။ ဉာဏ်နားဆိုတာ ခန္ဓာ ဓာတ် အာယတန သစ္စာ သတ်ိပဌာန် ဗောဇ္ဇျင် စသည်တို့ကို သိထားနားလည်ရမယ်။ ရုပ်တွေနာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တ သိတာ ၀ိပဿ နာ ဉာဏ်ဘဲ။ အရှိအမှန်တရားတွေကိုသိတာ ၀ိပဿ နာဉာဏ်ဖြစ်တယ်။ ဒါတွေကို ယောဂီတို့ သိထားဖို့လိုအပ်တယ်။ ရုပ်ဆိုတာ သဘောတရား၊ နာမ်ဆိုတာလည်း သဘောတရား။ တစ်ကယ်ရှိနေတဲ့သဘောတရားတွေ။ နိဗ္ဗာန်ဆိုတာလည်း သဘောတရားဘဲ။ သဘောတရားပေမယ့် မရှိဘူးလို့ ယူလိုက်ရင် ဥစ္စေဒဒိဌိဖြစ်သွားပြီ။ နိဗ္ဗာန်ဟာ တစ်ကယ်ရှိတယ်။ ခန္ဓာမှာဖောက်ပြန်တတ်တဲ့ သဘောဟာတစ်ကယ်ရှိတယ်။ အဲဒါကိုသဘောတရားလို့ခေါ်တယ်။ ရုပ်တရားလို့လည်း ခေါ်တယ်။ ခံစားတဲ့သဘောလေးတွေ မှတ်သားတဲ့့သဘောလေးတွေ တိုက်တွန်းတဲ့့သဘောလေးတွေ သိတဲ့့သဘောလေးတွေဟာ အကောင်အထည်အနေနဲ့ပြလို့မရဘူး။ ဒါပေမယ့် တစ်ကယ်ရှိနေတယ်။ ရုပ်တွေနာမ်တွေဟာ တစ်ကယ်ရှိနေတယ်။ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား လေးပါးဖြစ်တယ်။ စိတ် စေတသိက် ရုပ် က ရုပ်နဲ့နာမ်ကိုပြောတာ၊ စိတ် စေတသိက် ရုပ် ဆိုတဲ့ သင်္ခတတရားကို တစ်ကယ်မြင်တဲ့ယောဂီဟာ အသင်္ခတနိဗ္ဗာန် ပရမတ် တစ်ကယ်ရှိတယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ ရုပ်တွေနာမ်တွေထင်ရှားရှိတာသိတဲ့ယောဂီဟာ နိဗ္ဗာန်ဆိုတာလည်းအထင်အရှားရှိတယ်ဆိုတာ ပိုင်ပိုင်နိုင်နိင်သဘောပေါက်တယ်။ ရုပ်နာမ်ကိုသ်ိမှ သဘောပေါက်တာ။ နိဗ္ဗာန်ကိုမဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ မျက်မှောက်မပြုသေးသော်လည်း ုရုပ်နာမ်တွေဟာအကောင်အထည်နဲ့ မဟုတ်ပေမယ့်၊ တစ်ကယ်ရှိနေတာဘဲ၊ ပူတဲ့သဘော ၊ အေးတဲ့သဘော၊ နာတဲ့သဘော၊ ကိုက်တဲ့သဘော၊ ယားတဲ့သဘောတွေ အထင်အရှားရှိတယ်။ ဖောက်ပြန်တဲ့သဘော၊ ခံစား ၊ မှတ်သား ၊ တိုက်တွန်း ၊ သိတဲ့ သဘောတွေ အထင်အရှားရှိတယ်။ ဒါကြောင့် ရုပ်တွေနာမ်တွေ အထင်အရှားရှိ နိဗ္ဗာန်လည်းအထင်အရှားရှိတယ်လို့ ခန့်မှန်းလို့ ရတယ်။ အပူရှိရင် အအေးရှိတယ် အမှောင်ရှိရင် အလင်းရှိတယ် သေတတ်တဲ့သဘောတရားရှိရင် မသေတတ်တဲ့သဘောတရားရှိတယ်၊ ​ နာတတ်တဲ့သဘောတရားရှိရင် မနာတတ်တဲ့သဘောတရားရှိတယ်၊ သေ(အို)တတ်တဲ့သဘောတရားရှိရင် မအိုတတ်တဲ့သဘောတရားရှိတယ်၊ သင်္ခတနဲ့အသင်္ခတဆိုတာ အဲဒီလိုကွာတယ်။ သင်္ခတပရမတ် ရုပ်နဲ့နာမ်က အနိစ္စ ဒုက္ခ အနတ္တဖြစ်တယ်။ အသင်္ခတနိဗ္ဗာန် ကတော့ နိစ်စ သုခ အနတ်တ ဘဲ။ အနတ္တ ကတော့ အတူတူဘဲ၊ အနိစ္စ ဒုက္ခ မှာ ကွဲသွားတယ်။။ ရုပ်နာမ်ကို သင်္ခတပရမတ်လို့ခေါ်တယ်။ သင်္ခတဆိုတာ ပြု ုပြင်ရတယ် ၊ ပရမတ်ဆိုတာ အမှန် ၊ ရုပ်တွေနာမ်တွေက ပြု ုပြင်ခံနေရတယ်၊ ကံ စိတ်ဥတု အဟာရက ပြု ပြင်နေတယ်၊ အပြု ုပြင်ခံရလ်ု့ သင်္ခတလို့ခေါ်တယ်။ ရုပ်နာမ်တွေက အနိစ္စ ဒုက္ခ အနတ္တ ၊ မမြဲဘူး ဆင်းရဲတယ် အစိုးမရဘူး။ အသင်္ခတပရမတ်ကတော့ ပရမတ်က အမှန် အသင်္ခတ က ကံလည်းပြု ုပြင်လို့မရဘူး စိတ်လည်းပြု ုပြင်လို့မရဘူး ဥတုလည်း ပြု ုပြင်လို့မရဘူး အဟာရ လည်း ပြု ုပြင်လို့မရဘူး။ အဲဒီလိုအပြု ပြင်ကင်းတဲ့ နိဗ္ဗာန်ကျတော့ နိစ္စ မြဲတယ် သုခ ချမ်းသာတယ် (သန္တိသုခ) အနတ္တကတော့ အနတ္တ ပဲ ဖြစ်တယ်။ အတ္တဖြစ်သွားမှာစိုးလို့။ အတ္တ ကနိဗ္ဗာန် ပဲလို့ ယူလိုက်မှာစိုးလို့ ၊ အတ္တ မဟုတ်ဘူးလို့ပြောတာ။ အသင်္ခတ နိဗ္ဗာန်ကျတော့ အနှစ်သာရ မရှိဘူးလို့ ပြောလို့မရဘူး ။ အနှစ်သာရ ရှိတယ် ။ နိစ္စ သုခ အနှစ်သာရရှိတယ် ။ သို့သော်လည်း ဲ အတ္တ မဟုတ်ဘူး၊ #အနအတ်တ ဘဲ ။ အဲဒါကြောင့် အနတ္တဖြစ်တယ် ။ သင်္ခတပရမတ် နဲ့ အသင်္ခတပရမတ် ကွဲပြားတယ် ။ အဲဒီလို ဝိပဿ နာ နေ့တိုင်းအားထုတ်နေတဲ့ ယောဂီတွေဟာ နက်နက်ရှိုင်းရှိုင်း သဘောပေါက်ထားရမယ်။ ၀ိပဿ နာဆိုတာ သင်္ခတကိုရှုတာ ၊ ရုပ်ထင်ရှားရင် ရုပ်ရှု ၊ နာမ်ထင်ရှားရင် နာမ်ရှု ၊ နာမ် က ဝေဒနာ သညာ သင်္ခါ ရ ဝိဉာဏ် ။ ရုပ်ကိုရှုတော့ ကာယနုပဿ နာ သတိပဌာန် ၊ ဝေဒနာကိုရှုတော့ ဝေဒနာနုပဿ နာ သတိပဌာန် ၊ စိတ်ကိုရှုတော့ စိတ္တာနုပဿ နာ သတိပဌာန် ၊ သညာနဲ့သင်္ခါရ ရှုတော့ ဓမ္မာနုပဿ နာ သတ်ိပဌာန် ။ ခန္ဓာ ၅ ပါး ဖြစ်တယ် ။ သတ်ိပဌာန်နဲ့ပြောတော့လေးပါးဖြစ်တယ်။ ခန္ဓာအားဖြင့်လည်း သိရတယ် သတိပဌာန် အားဖြင့်လည်း သိရတယ် သင်္ခတ ၊ အသင်္ခ အားဖြင့်လည်း သိရတယ် ပညတ် အားဖြင့်လည်း သိရတယ် ပရမတ် အားဖြင့်လည်း သိရတယ် အရှုခံ အားဖြင့်လည်း သိရတယ် အရှုဉာဏ် အားဖြင့်လည်း သိရတယ် ဉာတပရိညာ အားဖြင့်လည်း သိရမယ် တိရဏပရိညာ အားဖြင့်လည်း သိရမယ် ၊ ဒါတွေဟာ ကြိုတင်ပြီးတော့ သိသင့်သိထိုက်တဲ့ တရားတွေ ဖြစ်တယ် ။ ယောဂီတို့ဟာ ဖောင်းပိန် ရှုမယ်။ ဗိုက်ကြီးကို ရှုနေမယ်။ ဒါတွေဟာ ပညတ်တွေဘဲ။ ပညတ်က်ိုရှုနေရင် ဝိပဿ နာ ဘယ်ဖြစ်ပါ့မလဲ။ ကိုယ်ကလေ့လာမထားရင် ဟုတ်ထင်ပါရဲ့၊ ဖြစ်နေမယ် ။ သံသယတွေ ၀င်လာမယ်။ ပညတ်ဆိုတော့ ဝိပဿ နာမှ မဟုတ်ဘဲ ။ ၀ိပဿ နာဆိုတာ ပရမတ်ရှုရတာ ။ ယောဂီတို့ ဉာဏ်စိုက်ထားပါ ။ ပညတ်နဲ့ ပရမတ် ဘယ်ဟာရှုရမလဲ ။ ပရမတ် ကို ရှုရမယ် ။ ဖောင်းတယ် ပိန်တယ် ကိုင်တယ် ထိတယ် ကြွတယ် လှမ်းတယ် ချတယ် အပေါ် (ရှု)တင်နေတာမဟုတ်ဘူး ။ ဒါကိုရှုနေတာဟာ ပညတ်ကို ရှုနေတာ ။ ယောဂီတို့ဟာပညတ်ကို ရှုတာမဟုတ်ပါဘူး ၊ ပရမတ်ကို ရှုနေတာပါ ။ ပရမတ်ကို ဘယ်လိုရှုနေပါလိမ့်။ လှုပ်ရှားတဲ့သဘောလေးပေါ် ဉာဏ်ရောက်နေတယ် ။ လှုပ်ရှားတဲ့သဘောလေးဟာ ပရမတ် ။ ပရမတ်ပေါ် ဉာဏ်ရောက်တော့ ဝိပဿ နာဖြစ်တယ် ။ ပရမတ်ပေါ်တော့ ဉာဏ်ရောက်ပြီ ။ ပရမတ်ရဲ့အမှန်တရားတွေ သိအောင် ဆက်ကြိုးစားရမယ် ။ သိမှ ဝိပဿ နာ ဖြစ်မယ် ။ အသာလေးငြိမ်နေပြီး ကြက်သီးလေးတွေ ထ ' ပြီး အေးနေရင် ဝိပဿ နာဖြစ်တာမဟုတ်ဘူး။ အဲဒါ သမထ ဖြစ်တယ် ။ ငြိမ်နေတာတို့ ၊ အေးနေတာတို့ ၊ ပီတိတွေဖြစ်နေတာ ၊ ပဿ ဒိဖြစ်တာတို့ အလင်းရောင်မြင်ရတာတို့ အဲဒါ သမထလည်း ဖြစ်တာ ပဲ။ ၀ိပဿ နာဆိုတာ ရုပ်နာမ်တွေရဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေ ။ ရုပ်နာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တကို သိရမယ် ။ ဒါတွေဟာ သိသင့်သိထိုက်တဲ့အရာတွေ ဉာတပရိညာ အားဖြင့် သိရမယ် ။ ရုပ်တွေနာမ်တွေ ဘဲ ၊ ဒါ သင်္ခတတရား ၊ နိဗ္ဗာန်.... ဒါ က အသင်္ခတတရား ၊ စသည် သိထားရမယ် ။ ဒီအသင်္ခတတရားဟာ သိဖို့ အင်မတန်ခဲယဉ်းတယ် ဆိုတာ ကြိုသိထားမှ ဝိပဿ နာလုပ်ချင်တာ။ ဒီလိုသိမထားရင် ရုပ်တွေနာမ်တွေမြင်ဖို့ထက် သမထနဲ့အကြားအမြင် မြင်ဖို့ကိုပိုပြီးတော့ လူတွေက လိုလားကြတယ် ။ ဘာ့ကြောင့်လည်းဆိုတော့ ဓမ္မဗဟုသုတ နဲလို့ ။ သမထ နဲ ဝိပဿ နာ ကွဲဖို့လိုတယ် ။ အရှိတရားအမှန်တရားကိုသိမှ ဝိပဿ နာဖြစ်တယ်။ အရှိတရားနဲ့အမှန်တရားသိအောင် ပစ္စု ပ္ပန်တဲ့တဲ့ ရှုမှတ်နိုင်ရမယ် ။ ပစ္စု ပ္ပန်တဲ့တဲ့ရှုရာမှာ စူးစူးစိုက်စိုက် စေ့စေ့စပ်စပ် စိပ်စိပ်ကလေး ရှုမှတ်ရမယ် ။ စ ' သုံးလုံးပေါ့ ။ တစ်နေရာထဲလည်း စိုက်မှတ်လို့မရဘူး ။ ပေါ်ရာပေါ်ရာ ထင်ရှားရာထင်ရှားရာ ရှုမှတ်ရမယ် ။ ဒီလို ပေါ်ရာထင်ရှားရာ ရှုမှတ်တဲ့အခါမှာလည်း ဇွဲကောင်းရအုန်းမယ် ။ " စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန် သာသနာ " လ နဲ့ နှစ် နဲ့ ဘ၀ နဲ့ ချီပြီး အားထုတ်ရမယ် ။ ဘုရားဆိုရင် လေးအသင်္ချေ နဲ့ ကမ ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရတယ် ။ အဲဒီလို စိတ်ရှည်ဖို့လိုတယ် ။ ဇွဲ ရှိဖို့ တယ် ။ သည်းညည်းခံဆိုတာ နာတာ ကျင်တာ ကိုက်တာ ခဲတာ စတဲ့သဘောတရားတွေ ၊ တရားအားထုတ်အခါမှ ရောဂါတွေ ပိုဆိုးလာသလို ဖြစ်တာတွေ၊ ကိလေသာတွေဖြစ်လာတာ တွေကို သမာဓိတွေရလာတဲ့အခါမှာ အမှန်တရား တွေကို သိ သိ လာတယ် ။ စိတ်သဘောတွေ သိလာတော့ စိတ်ပျက်စရာ စိတ်ဆိုးစရာတွေသိလာတယ်။ ဒါတွေအားလုံးကိုသည်းညည်းခံနိုင်မှ ၀ိပဿ နာဉာဏ် ရ မယ် ။ " စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန် သာသနာ " တဲ့ ။ တရားအားထုတ်တ ဲ့အခါမှာ အမှန်တရားတွေကို သိနိုင်ဖို့အတွက် #တရားစဉ် နဲ့ #လုပ်ငန်းစဉ် (၂ )မျိုး ကို နားလည်ထားဖို့ လိုအပ်တယ်။ #တရားစဉ် ဆိုတာ ဟောတဲ့တရား ။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားများကိုခေါ်တယ်။ #လုပ်ငန်းစဉ် ဆိုတာ ရုပ်တွေနာမ်တွေကို ထင်ရှားရာတစ်ခု ရှုတဲ့အခါ ရုပ်ထင်ရှားရင် ရုပ်ရှု နာမ်ထင်ရှားရင် နာမ်ကိုရှု တဲ့အခါ အနိစ္စ ဒုက္ခ အနတ္တ မှာ တစ်ခုဘဲထင်တယ် ။ တစ်ချို့က အနိစ္စ ပိုမြင်တယ် တစ်ချို့က ဒုက္ခ ပိုမြင်တယ် ။ တစ်ချို့က အနတ္တ ပိုမြင်တယ် ။ တစ်ခုတင်ရင် ကျန်တာအကုန်ပါသွားတယ် ။ အဲဒါက လုပ်ငန်းစဉ် ဖြစ်တယ်။ တရားစဉ်နဲ့ လုပ်ငန်းစဉ် ကို ခွဲမြင်ရမယ် ။ တရာစဉ်ကိုလည်း ပယ်လို့မရဘူး။ တရားစဉ်နာမှ လုပ်ငန်းစဉ်မှန်မယ်။ လုပ်ငန်းစဉ်လည်း ထိထိရောက်ရောက် လုပ် ရ မယ် ။ လုပ်ငန်းစဉ် မထိရောက်ရင်လည်း တရားစဉ်က အပေါ်ယံဘဲရှိမယ် ။ နှစ်မျိုးစလုံး အရေးကြီးတယ် ။ ရှုနည်းမှတ်နည်းလည်း ကျွမ်းကျင်ရမယ် ။ ရှုနည်းမှတ်နည်းကြောင့် ဒိဌိပယ်ပုံကိုလည်း သဘောပေါက်ရမယ်။ ရှုနည်းမှတ်နည်း ကျွမ်းကျင်တာက ဖောင်းရင် ဖောင်းတယ်မှတ် ပိန်ရင် ပိန်တယ်မှတ် နာရင် နာတယ်မှတ် ကျင်ရင် ကျင်တယ်မှတ် စိတ်ကူးရင် စိတ်ကူးတယ်မှတ် ၊ အဲဒီလိုရှုမှတ်တဲ့အခါမှာ ဒိဌိကို ဘယ်လိုပယ်သွားသလဲ ဒိဌိကို ဘယ်လိုခွာသွားသလဲ ဒါမျိုးတွေကိုသိထားဖို့လိုတယ်။ အဲဒါက တရားစဉ်ဖြစ်တယ်။ ရှုတာမှတ်တာတွေက လုပ်ငန်းစဉ်ဖြစ်တယ်။ လုပ်ငန်းစဉ်နဲ့ တရားစဉ်က ပညတ်နဲ့ပရမတ်လိုပဲ စပ်ပြီးတော့သိရမယ်။ ခွဲပြီးတော့လည်း သိရမယ်။ တရားစဉ်အနေနဲ့ အတိတ်ကအဝိဇ္ဇာသင်္ခါရဖြစ်ခဲ့တယ်။ ဒါဖြင့်ကျန်ခဲ့တဲ့ဘ၀က ဘာဖြစ်ခဲ့သလဲ။ ကျန်ခဲ့တဲ့ဘ၀ကလည်း အဝိဇ္ဇာသင်္ခါရဘဲဖြစ်ခဲ့တယ်။ လူတွေနတ်တွေ ဖြစ်ခဲ့တယ်လို့ပြောလို့မရဘူး ဒါကို အဘိညာဉ်ရှိမှသာ သိနိုင်မယ်။ တစ်ကယ်ဖြစ်တာက အဝိဇ္ဇာသခါင်္ရဘဲဖြစ်ခဲ့တယ်။ ဒီလိုသိနားလည်ထားရမယ်။ ဒီလိုမသိထားရင် ငါ အတိတ်က ဘယ်ကလာတယ် ၊ ဘယ်ကိုပြန်သွားမယ်လို့ဆိုရင် တရားစဉ်ကို ကျကျနန နာမထားလို့ သံသယတွေ ဖြစ်နေတာ။ အဲဒီလိုသံသယတွေဖြစ်နေတော့ ပစ္စု ပ္ပန်သဘောတရားတွေကိုမေ့သွားတယ်။ သံသယဖြစ်တာက ဝိစိကိစ္ဆာ မေ့တာက ပမာဒဖြစ်နေတော့ အဝိဇ္ဇာအားကြီးနေတယ်။ အတိတ်တုံးက အဝိဇ္ဇာသင်္ခါရဖြစ်ခဲ့တော့ ဉာဏ်နယ် ဖြစ်တယ်။ ဒါဟာ တရားစဉ်ဘဲ။ ကံနယ်အနေနဲ့ပြောရရင်တော့ လူဖြစ်ရင်ဖြစ်မယ် နတ်ဖြစ်ရင်ဖြစ်မယ် အပယ်ရောက်ရင်ရောက်မယ် ။ ကံနယ်ဆိုတာ ပညတ်နယ်ကိုပြောတာ။ လူတွေနတ်တွေရှိတယ်။ ဉာဏ်နယ်က ပရမတ်နယ် ရုပ်တွေနာမ်တွေကိုပြောတာ။ အဝိဇ္ဇာသခါင်္ရဆိုတာ နာမ်တရားတွေမဟုတ်လား။ နာမ် ၂ ခုကိုစပ်သိရမယ်။ နာမ် ၂ မျိုး လုံးကိုသိထားဖို့လိုတယ်။ ၂ မျိုးလုံးသိထားမှ ဝိပဿ နာတရား အားထုတ်တဲ့အခါမှာလမ်းမမှားဘဲနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရောက်နိုင်တယ်။ ၀ိပဿ နာတရား အားထုတ်တဲ့အခါ သမာဓိကြောင့် ဘုရားတွေမြင်မယ်၊ ဘိုးတော် နတ်တွေ တောတောင် တွေမြင်မယ် အတိတ်ဘဝတွေမြင်မယ် ဒါတွေဟာ ပညတ်တွေဘဲ။ ဘာတွေပဲ မြင်မြင် ပေါ်တာမှန်သမျှကို မှတ်ပစ်ရမှာဘဲ။ ဆရာပြောလို့ ရှုမှတ်တာနဲ့ သိပြီးမှ ရှုမှတ်တာမတူဘူး။ ဒါတွေဟာ အနိစ္စတရားတွေဘဲ အားလုံးဖြစ်ပြီး ပျက်သွားတဲ့တရားတွေဘဲ။ ဒါတွေက ပညတ်တရားတွေဖြစ်တယ်။ သစ္စာနဲ့ပြောရင် ဒုက္ခသစ္စာတွေဘဲလို့ နားလည်သွားတယ်။ တစ်ချို့မှတ်ပေမယ့် နိမိတ်တွေက ပျောက် မသွားဘူး။တရားမှတ်တဲ့အခါမှာ တွေ့မြင်လာတဲ့နတ်တွေ ဘုရားတွေ တောတောင်စတဲ့ပညတ်တွေကို လှစ်လျှု ုရှုပြီး ခန္ဓာကိုယ်က နာတာကျင်တာ ကိုက်တာခဲတာတွေကို ပြန်ပြီး ဂရုစိုက်ပါ။ ဒါတွေကို သိထားလို့ရှိရင် " အသိတစ်လုံး အမြတ်ဆုံး" ဘဲ ယောဂီတို့တွေဟာ ဝိပဿ နာတရား အားထုတ်ခြင်းဖြင့် ကိုယ်ပိုင်ဥစ္စာတွေရရှိလာမယ်။ ကိုယ်ပိုင်ဥစ္စာဆိုတာ "သီလ သမာဓိ ပညာ" သုံးပါးဖြစ်တယ်။ ဒါန ကတော့ သီလထဲမှာပါတယ်။ #ဝိပဿ နာတရားအားထုတ်တဲ့အခါမှာ ရရှိလာမယ့် အကျို ုးတရားတွေကိုပြောမယ်။ တရားအားထုတ်စဉ် တစ်ထိုင်အတွင်းမှာပင် အာသဝေါတရားကင်းပြီး ရဟန်းသာဖြစ်နိုင်တယ်။ အာသဝေါတရားတေ ွအကုန်မကင်းလည်း သောတာပန် သကဒါဂမ်ဖြစ်နိုင်တယ်။ သေခါနီးမှာ အားထုတ်ရင်လည်း ရဟန်းသာဖြစ်နိုင်တယ်။ ရဟန်းသာမဖြစ်သေးရင်လည်း သောတာပန် သကဒါဂမ် ဖြစ်နိုင်တယ်။ သောတာပန် သကဒါဂမ် မဖြစ်ဘူးထား ၀ိပဿ နာဉာဏ် ရနိုင်တယ်။ ၀ိပဿ နာဉာဏ်ရရင် အပယ်မကျ နိုင်တော့ဘူး။ အပယ်တံခါးပိတ်စေနိုင်တယ်။ နတ်စည်းစိမ်များ ခံစားစံစားနေစဉ်လည်း တရားရနိင်တယ်။ နတ်ပြည်ရောက်သွားတဲ့အခါမှာ နတ်သားနတ်သမီး ဖြစ်တာချင်းအတူတူ ဝိပဿ နာပွားတဲ့ပုဂ္ဂိုလ်နဲ့ ၀ိပဿ နာမပါဘဲ ဒါနသီလသာပါသွားတဲ့ပုဂ္ဂိုလ် အများကြီးကွာခြားတယ်နော်။ ဒါနသီလသာပါသွားတဲ့ယောဂီတွေဟာ နတ်သားနတ်သမီးဖြစ်တဲ့အခါ တရားမေ့ပြီး အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့ နတ်စည်းစိမ်ခံစားတယ်။ တစ်ချို့လည်းဘဲ နတ်တစ်ပါးနဲ့တစ်ပါး ဣဿ မစ္ဆရိယတွေဖြစ်ပြီး သေသွားကြတဲ့အခါ ပြန်ပြီး ငရဲပြန်ကျတယ်။ ၀ိပဿ နာပါသွားတဲ့ယောဂီတွေဟာ နတ်သားနတ်သမီးဖြစ်တဲ့အခါ တရားကိုပြန်ပြီး သတိရတယ်။သိကြားမင်းကြီးတွေ ဗြဟ္မာကြီးတွေ တန်ခိုးရှိတဲ့ရဟန်းသာတွေ နတ်ပြည်မှာလာပြီး တရားဟောတဲ့အခါမှာ တရားနာပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်။ နတ်သက်ကြွေပြီး လူပြန်ဖြစ်တဲ့အခါလည်း နောင်ပွင့်မယ့်ဘုရားလက်ထက် သာသနာတွင်းမှာ လူ့ပြည်ဆင်းပြီးတရားအားထုတ်ခြင်းဖြင့် မြန်မြန်ဆန်ဆန် မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်။ ရဟန်းသာဖြစ်နိုင်တယ်။ သာသနာပ မှာသာသနာနှင့်မကြုံတွေ့လျင်လည်း ပစ္စေကဗုဒ္ဓ ဖြစ်နိုင်တယ်။ ချမ်းသာကြီးကိုမြင်ရင် ချမ်းသာလေးတွေကို ကြိုးစား၍ ပယ်ရမယ်။ ချမ်းသာကြီးဆိုတာ နိဗ္ဗာန် ချမ်းသာလေးတွေဆိုတာ လူ့စည်းစိမ် ကာမဂုဏ်ချမ်းသာကိုပြောတာ ၊ အဲဒီချမ်းသာအသေးလေးတွေကို ပယ်ပြီး ၀ိပဿ နာတရားကြိုးစားအားထုတ်ရင် ချမ်းသာကြီးဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်နိုင်တယ် ။ ဆင်းရဲကြီးကိုကြောက်ရင် ဆင်းရဲလေးတွေကို ကြိုစားပြီး သီးခံနိုင်ရမယ်။ ဆင်းရဲကြီးဆိုတာ အပယ်လေးပါး ငရဲ တိရိစ္ဆာန် ပြိဿ အသူရကယ် ၊ ဆင်းရဲလေးဆိုတာ တရားနာရတဲ့ဆင်းရဲတွေ တရားအားထုတ်ရတဲ့ဆင်းရဲတွေ ရှစ်ပါးသီလစောင့််ထိန်းရတဲ့ဆင်းရဲတွေ တရားနဲ့ပါတ်သက်တဲ့ ဝေယျာဝိစ္စ လုပ်ရတဲ့ဆင်းရဲတွေ အများပျော်သလို မပျော်နိင်တဲ့ဆင်းရဲတွေ....စသည် အဲဒီဆင်းရဲအသေးလေးတွေကို သည်းညည်းခံလို့ရှိရင် ဆင်းရဲအကြီးက လွတ်နိုင်တယ်။ ဒီနေ့ ဒီလောက်နဲ့ဘဲ နိဂုံးချုပ်လိုက်ကြရအောင်.... မြစိမ်းတောင်ဆရာတော်ဘုရားကြီး အရှင်ဇာနေယျ ဟောကြားတော်မူသော ယောဂီများအတွက် သိပုံပယ်ပုံ တရားတော် #Credit✍️မူရင်းတင်သူ✍️ ပြန်လည်မျှဝေပါသည်📒📒📒ဦးသိန်း တရားဒဿနများ

via အလင်းရောင် ဓမ္မ https://ift.tt/2rAsecs

နောက်ဆုံးအချိန်ရောက်လာပြီဆိုတဲ့အခါမှာ ရောဂါတွေ ဖြစ်လာပါပြီတဲ့။ တကယ့်ကို ရောဂါတွေ ဖြစ်လာပြီ။ ဆေးရုံဆေးခန်းရောက်လို့ မသက်သာတဲ့ ရောဂါဝေဒနာ တစ်ခုကို ခံစားရပါပြီ။ ဆွေတွေမျိုးတွေက အဲဒီအချိန်ကျတော့ ဘာလေးလုပ်ကြတုန်းဆိုတော့ ဘုန်းကြီး ပင့်ပြီးတော့ ပရိတ်ရွတ်ပေးတာတို့၊ သင်္ကန်းလေး လှူခိုင်းတာတို့၊ ကဲ သူ အဲဒီအချိန်မှာ စဉ်းစားကြည့်လိုက် လို့ရှိရင် သူကိုယ်တိုင်ကိုက ရောဂါကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ ပရိတ်ရွတ်ပေး လည်း သူ့စိတ်ထဲက စိတ်ချမ်းသာမှု ရချင်မှ ရမယ်နော်။ သင်္ကန်းလေး လှူခိူင်းလို့ လှူတာ သူ စိတ်ချမ်းသာမှု ရချင်မှ ရမယ်။ အဲဒီတော့ ဒါ မလုပ်ရဘူး မဟုတ်ဘူး။ လုပ်ရမယ်။ သို့သော် အဲဒီထက် ပိုပြီးတော့ ကိုယိ့ကိုယ်ကို သတိထားဖို့က ပိုအရေးကြီး တယ်ပေါ့။ ဆိုလိုတာက သူများအလှည့်ကျ တော့ ကိုယ်က လုပ်ပေးတယ်။ ကိုယ့်အလှည့် ကျတော့ ဘာလိုအပ်သလဲ။ ဆိုလိုတာက လုပ်မယ့်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ငါဟာ ဓမ္မကို အဖော်ပြုပြီးတော့ နေမယ်လို့ ဘုန်းကြီးတို့တွေ ကြိုတင်ပြီးတော့ လုပ်သင့် တယ်။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ Posted by Words of Buddha credit…

via အလင်းရောင် ဓမ္မ https://ift.tt/2ZzYMjf

ငါဘုရားရှင်၏ သာသနာတော်၌ တည်တန့်မည့်သူ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 " ချစ်သား အာနန္ဒာ...... ငါဘုရားသည် အိုးထိန်းကဲ့သို့ အိုးတို့ကို ကျက်၏ မကျက်၏တို့ကို ငါဘုရား ကြောင့်ကြမှုမရှိသည်သာ..။ " အိုးထိန်းသည် ဆိုတာ အိုးလေးတွေပြုလုပ်ပြီး သူကရောင်းရန်အလို့ငှာ ဒီအိုးကကျက်တဲ့အိုး ဒီအိုးကမကျက်တဲ့အိုး ဒီအိုးကမကျက်တကျက်အိုး ခေါက်ပြီး စမ်းစစ်မှုဆိုတာပြုရတယ်။ ဒီလိုဘဲ ငါဘုရားက ချစ်သားတို့အပေါ်ကြောင့်ကြစိုက်မှု မရှိပါဘူးတဲ့ ။ ဒီတပည့်က ဣနြေ္ဒရင့်ကျင့်တယ်။ ဒီသာဝကဣနြေ္ဒ မရင့်ကျက်တယ် ဆိုပြီး သာဝကတွေကိုခွဲတန်းချပြီး ကြောင့်ကြစိုက်ကာမနေပါဘူးတဲ့။ ကြောင့်ကြမစိုက်ဘူးဆိုတာဘာပြောတာလည်းဆိုတော့ ခုလိုတရားဟောပြီ တရားနာတဲ့ ပရိတ်သတ်ထဲမှာ ပုဂ္ဂိုလ်အမျိုးမျိုးရှိတယ်။ ဣနြေ္ဒရင့်သူလည်းပါမယ်၊ မရင့်သူလဲပါမယ် အဲ့ဒိပုဂ္ဂိုလ်နဲ့ လျော်ညီအောင်တရားအမျိုးမျိုးကိုကြောင့်ကျစိုက်ပြီး ဟောနေရင်တရားတွေက အစီအစဉ်ကျဖို့ရာမဖြစ်နိုင်ပါဘူး။ " ငါဘုရားသည် တရားတော်အားဟောကြားရာ၌ ချီးမြောက်သင့်သော ပုဂ္ဂိုလ်အားချီးမြောက်၍လည်းကောင်း ၊ နှိပ်ကွက်သင့်တဲ့ ပုဂ္ဂိုလ်အား နှိပ်ကွက်၍ တရားတော်အား ဟောတော်မူတယ်။ " စဉ်စားကြည့်ပါ နှိပ်ကွက်ပြီးဟောရမယ့် ပုဂ္ဂိုလ်ကို ချီးမြောက်ပြီးဟောရင် ဒီပုဂ္ဂိုလ်က မကောင်းတာတွေဘဲ ဆက်၍လုပ်နေမယ်။ အကျိုးမယုတ်နိုင်ဘူးလား ။ ချီးမြောက်သင့် ချီးမြောက်ထိုက်သူကို နှိပ်ကွက်လိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်မှာ တိုးတက်မှုတွေ ရပ်တန့်ပြီးမသွားနိုင်ဘူးလား ။ ရပ်တန့်သွားနိုင် တယ်။ " ငါဘုရားသည် တစ်ခါတလေ နှိပ်ကွက်၍ ဟောတယ်။ တစ်ခါတလေ ချီးမြောက်၍ ဟောတယ် ။ အဲ့ဒိလိုဟောတယ်ဆိုပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်၏ အနှစ်သာရမှာ ရပ်တည်နေတဲ့ သူတော်ကောင်းကတော့ ငါဘုရားရှင်၏ သာသနာတော်မှာ တည်တန့်နေပေလိမ့်မည်။ " ဘယ်လိုနှိပ်ကွက်ပေမယ့် သာသနာတော်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား။ မခွဲတော့ဘူး။ ဘယ်လိုပင် ချီးမြောက်ပေမယ့် သာသနာတော်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား။ မခွဲတော့ဘူး။ ဒီလိုဘဲ ဆရာသမားတွေက သင့်လျော်လျောက်ပတ်တဲ့ ဆိုဆုံးမမှုတွေကို လိုက်နာတဲ့သူက တိုးတက်မသွားနိုင်ဘူးလား။ မလိုက်နာတဲ့ပုဂ္ဂိုလ်ကို ဆရာသမားတွေက ဆိုဆုံးမချင်တဲ့ စိတ်ထားရှိချင်သေးလား ?။ မရှိတော့ဘူး။ တစ်ခါဆုံးမလည်း မလိုက်နာဘူး ၊နှစ်ခါဆုံးမလည်း မလိုက်နာဘူး ၊ သုံးခါဆုံးမတော့လည်း မလိုက်နာဘူး ။ ကြာတော့ ဆရာသမားဘက်က စိတ်ကုန်မသွားဘူးလား?။ စိတ်ကုန်သွားတယ်။ ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်မယ်ဆို ဆရာသမားဘက်က ထပ်ကာ ထပ်ကာ သင်ပေးချင် တဲ့ ဆန္ဒဓာတ်တွေပေါ်လာပါတယ်။ ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်တဲ့သူဟာ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦ းဖြစ်သွားမယ်။ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦး၏ စိတ်သည် တဖြည်းဖြည်း တည်ကြည်လာတယ်တဲ့။ "ဖားအောက်တောရဆရာတော် "

via အလင်းရောင် ဓမ္မ https://ift.tt/2ZF22u0

via အလင်းရောင် ဓမ္မ https://ift.tt/350gwpe

Saturday, December 28, 2019

ဘုရားဂုဏ်တော်များများပွားပါ 🙏🙏🙏🙏🙏🙏🙏🙏 နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော်(၉)ပါးကို ပွားများရတယ်။ အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ်။ အဲဒီလိုဘုရားဓာတ်တွေ ကိန်းတော့ ဘုရားရဲ့ဘုန်းတန်ခိုး အာနုဘော်တွေလည်း တဖြည်းဖြည်းကူးလာတယ် . . . ဘုန်းဘုန်းတို့ နှစ်သစ်အချိန်အခါက ကာလ တစ်နှစ်ပြောင်းသွားတော့ သိပ္ပံနည်းအရ နေက ဟိုးဒက္ခိဏအရပ်ကနေ တဖြည်းဖြည်း ရပ်ပြီးတော့ ဒီဘက်ပြန်ပြောင်းလာတာကို နှစ်သစ်လို့ခေါ်တာပေါ့။ ကမ္ဘာကြီးက နေကို ပတ်လှည့်နေတာ။ အဲဒီလိုအချိန်အခါမျိုးမှာ ဒီကမ္ဘာပေါ်မှာရှိတဲ့ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ သစ်ပင်တောတောင် ရေမြေတွေလည်း ဥတုအလိုက် နေရဲ့အပူရှိန်နဲ့လိုက်ပြီးတော့ ပြောင်းကြတယ်။ အဲဒီလိုပြောင်းသလို သက်ရှိသတ္တဝါတွေက ဘာပြောင်းရလဲဆိုတော့ အကောင်းဆုံးက နှစ်သစ်မှာဘုရားဂုဏ်တော် ပုတီးစိပ် မေတ္တာပွားတာ အလွန်တရာ ကောင်းပါတယ်။ နေ့စဉ်နေ့စဉ် ဘုရားဂုဏ်တော်(၉)ပါးကို ပွားများရတယ်။ အဲဒီလို ဘုရားဂုဏ်တော်တွေ ပွားများရင် ဘုရားဓာတ်တွေ တည်ထားတဲ့ပုဂ္ဂိုလ်ပေါ် ဘုရားဓာတ်တွေ ကိန်းလာတယ်။ အဲဒီလိုဘုရားဓာတ်တွေ ကိန်းတော့ ဘုရားရဲ့ဘုန်းတန်ခိုးအာနုဘော်တွေလည်း တဖြည်းဖြည်း ကူးလာတယ်။ ဥပမာအားဖြင့် သံလိုက်တုံးကြီးနဲ့ ရိုးရိုးသံလေး အတူထားလိုက်ရင် သံလိုက်တုံးကြီးထဲက သံလိုက်ဓာတ်တွေက ရိုးရိုးသံထဲ ကူးသွားပြီးတော့ ရိုးရိုးသံလေးပါ သံလိုက်ဖြစ်သွားတယ်။ အဲဒီဘုရားဂုဏ်တော် ပုတီးစိပ်ပါများရင် ဒီခန္ဓာကိုယ်ထဲ ဘုရားဓာတ်တွေ ကိန်းသွားတယ်။ ဘုရားဓာတ်တွေ ကိန်းသွားတဲ့အတွက် သေတောင်မှ မပုပ်တော့ဘူး။ ရဟန်းသာများပရိနိဗ္ဗာန်စံရင် မပုပ်သလို ဘုရားဂုဏ်တော် ပုတီးစိတ်တဲ့ ပုဂ္ဂိုလ်များလည်း သေရင်မပုပ်ဘူး။ ဘယ်လောက်ကြာကြာ စိပ်ရမလဲဆိုရင် အနှစ် (၂ဝ) စိပ်ရမယ်။ ဘုရားဂုဏ်တော်ကို အနှစ် (၂ဝ) ပုတီးစိပ်ရင် ဒီခန္ဓာကိုယ်ကြီး မပုပ်တော့ဘူး။ အဲဒီလို ဘုန်းတန်ခိုးကြီးတယ်။ မြတ်စွာဘုရားသခင်ရဲ့ ဂုဏ်တော်တွေ ကိန်းသွားလို့ အဲလိုဂုဏ်တော်တွေ ကိန်းသွားတဲ့ပုဂ္ဂိုလ်က ဖြစ်လေရာ ဘဝသံသရာမှာလည်းပဲ ဘုရားဓာတ်တွေရဲ့ အရှိန်အဝါကြောင့် မြင့်မြတ်တဲ့ အမျိုးအနွယ်ဖြစ် မြင့်မြတ်တဲ့ စည်းစိမ်ဥစ္စာနဲ့ ခံစားရပြီး နောက်ဆုံး နိဗ္ဗာန်ကို မြန်မြန်ရတယ်။ နိဗ္ဗာန်ကို မြန်မြန်လိုချင်တဲ့ ပုဂ္ဂိုလ်သည် ဘုရားဂုဏ်တော်ပုတီးစိပ်၊ မေတ္တာပွား၊ မေတ္တာပွား ဆိုတာကလည်း မေတ္တာဆိုတာ အမျိုးမျိူးရှိတယ်၊ အမျိုးမျိုးရှိတော့ အကျဉ်းချုပ်ဆိုရင်တော့ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ ဒီလိုပွားရတယ်။ သတ္တဝါလေးတွေမြင်ရင် ခွေးဖြစ်ဖြစ်၊ ဝက်ဖြစ်ဖြစ်၊ ကြက်ဖြစ်ဖြစ်၊ ငှက်ဖြစ်ဖြစ်၊ ပုရွက်ဆိတ်ဖြစ်ဖြစ် သတ္တဝါလေးတွေမြင်ရရင် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အဲဒီလိုမေတ္တာပွားရင်လည်း ဘုရားဓာတ်တွေက ဒီခန္ဓာကိုယ်ကို ကိန်းလာတယ်။ ဘုရားဓာတ်တွေ ကိန်းလာတဲ့အတွက် အဲဒီပုဂ္ဂိုလ်ကို လှူတဲ့တန်းတဲ့လူလည်း ပေါလာတယ်။ ပေးတဲ့ကမ်းတဲ့ ပုဂ္ဂိုလ်တွေလည်း အကျိုးကြီးမားတယ်။ ဘယ့်နှယ့်ကြောင့်ဆိုတော့ ရဟန်းပုဂ္ဂိုလ်များ၊ မြတ်စွာဘုရားများ၊ ပစ္စေကဗုဒ္ဓါများကို လှူလို့ရှိရင် ရိုးရိုးလူကို လှူတာထက်အကျိုးများတယ်။ အဘယ့်ကြောင့်လဲဆိုရင် မြတ်စွာဘုရားရှင် ပစ္စေကဗုဒ္ဓါဆိုတဲ့ ပုဂ္ဂိုလ်တွေက အများအားဖြင့် ဖိုလ်ဝင်စားပြီးတော့နေကြတယ်။ အဲဒီဖိုလ်ရဲ့အာရုံဖြစ်တဲ့ နိဗ္ဗာန်ကလည်း လောကုတ္တရာစိတ်တွေ ဝင်စားပြီး ဒီခန္ဓာကိုယ်က မွှေးကြိုင်သွားတယ်။ ဥပမာအားဖြင့် ရေမွှေး ၊ ပေါင်ဒါ၊ နံ့သာဖြူစတဲ့ အမွှေးနံ့သာကဲ့သို့ ဒီခန္ဓာကိုယ်ကြီးက မွှေးနေတယ်။ ဘုရားဂုဏ်တော်တွေ ပုတီးစိတ်တာများရင် ဒီခန္ဓာကိုယ်ကြီးက သေလည်း မပုပ်တော့ဘူး။ အဲ့ဒီလိုအကျိုးရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာတွေ မပွားနိုင်ကြလို့ ပစ်ကြ၊ ခတ်ကြ၊ သတ်ကြ၊ ပုတ်ကြ၊ ရိုက်ကြ၊ နှက်ကြတာ မေတ္တာမပွားနိုင်လို့ မေတ္တာပွားရင် တစ်ယောက်နှင့်တစ်ယောက် ကိုယ့်ညီလေးတွေလို အကိုကြီးတွေလို၊ သားလေး၊ သမီးလေးတွေလို အောက်မေ့ပြီးတော့ မေတ္တာထားရင် ခိုက်ရန်ဖြစ်တာမရှိတော့ဘူး။ ခိုက်ရန်ဖြစ်တာမရှိတော့ စစ်တိုက်တာတွေ တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည် စစ်တွေဖြစ် ဗုံးတွေကြဲ စက်သေနတ်တွေ ပစ်တာမရှိဘူးဆိုရင် တိုင်းပြည် အေးချမ်း သာယာတယ်။ တိုင်းပြည်နဲ့ တစ်ကမ္ဘာလုံးအေးချမ်းအောင် ဘုရားဂုဏ်တော်တွေ ပုတီးစိပ် မေတ္တာပွားကြရမယ်။ အဲ့ဒါကြောင့် နှစ်သစ်အချိန်ခါမှ စပြီးတော့ ကမ္ဘာသူ ကမ္ဘာသား အားလုံးက ဘုရားဂုဏ်တော်ကိုတစ်နေ့ သုံးခါအဖြစ် မနက်အိပ်ရာထတစ်ခါ နေ့လယ် ၁၂ နာရီ တစ်ခါ ညအိပ်ရာဝင် တစ်ခါ ပုတီးစိပ်ပြီး မေတ္တာပွားကြပါ။ မေတ္တာ ပွားခြင်းဖြင့် ကမ္ဘာသူ ကမ္ဘာသား နိုင်ငံသူ နိုင်ငံသားများ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြကုန်စေသတည်း။ ( ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရ ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ၂၀၁၇ နှစ်သစ်ကူးဩဝါဒ ။

via အလင်းရောင် ဓမ္မ https://ift.tt/2Zw0KRT

via အလင်းရောင် ဓမ္မ https://ift.tt/2rwmnVw

ဒီတကြိမ်ပဲရမယ် 🙏🙏🙏🙏🙏 အခုဘဝဆင်းရဲနေကြလို့ ဝမ်းနည်းမနေနဲ့ သံသရာကမကျွတ်ခဲ့သေးဘူးဆိုရင် နောင်လာမဲ့ဘဝတွေမှာ ဘုရင်တွေ စင်္ကြာဝတေးမင်းတွေ သူဋ္ဌေးကြီးတွေ ရဲ့ ဘဝတွေ မရေမတွတ်နိ ုင်အောင်ရရှိကြလိမ့်ဦးမယ်။ ချမ်းသာနေတဲ့သူတွေ အဆင်ပြေနေကြတဲ့ သူတွေကလည်း ဝမ်းသာ ကျေနပ်မနေကြနဲ့ သံသရာကအရှည်ကြီးမို့ နောင်ဘဝတွေ မှာ ဆင်းရဲသားဖြစ်ဖို့ ကုန်းကောက်စရာ မရှိအောင် မွဲဖို့ အတိက်က ပြုလုပ်ခဲ့တဲ့ မကောင်းမှု့ ကံတွေက စောင့်နေလေရဲ့... ဆင်းရဲသားပဲဖြစ်ဖြစ် သူဋ္ဌေးကြီးပဲဖြစ်ဖြစ် … သံသရာက ကျွတ်ဖို့အခွင့်အရေးကတော့ သာသနာနဲ့ကြုံနေရတဲ့ ခုလိုအချိန်မျိုးမှာပဲ ပါရမီဖြည့်ဆည်းလို့ရမယ် ်လူတိုင်းမှာ လူ့ခေါင်းနဲ့လူ့ခန္ဓာကိုယ် ရဖို့က လူ့ဘဝ တစ်ဘဝပဲရှိတယ်။ ကျန်တဲ့အချိန်တွေက တိရစ္ဆာန်ခေါင်းနဲ့တိရစ္ဆာန်ခန္ဓာကိုယ်ပဲ တပ်နေရတာ များတယ်။ သာသနာပ ကာလမှာ ကျင်လည်ရတာက မျြာ့းပီး သာသနာနဲ့ကြုံတဲ့အချိန်က ခဏမှခဏလေး ဒါ့ကြောင့် ဗုဒ္ဓက … _" ဒီခဏလေးကို လွန်သွားလို့့ရှိရင်တော့ သောကပရိဒေဝနဲ့သာ နေဖို့့ပြင်ထား ကြပေတော့..."လို့ ဆုံးမခဲ့တယ်။ လူ့စည်းစိမ် နတ်စည်းစိမ်တွေကတော့ မလိုချင်လည်း ရနေဦးမှာဖြစ်ပေမဲ့ … သံသရာကကျွတ်ဖို့ ပါရမီဖြည့်ဖို့ကတော့ … #ဒီတကြိမ်ပဲရမယ် လူ့တစ်ဘဝ မျက်တောင်တဆုံးထက်.… သံသရာ မျက်စိတဆုံးကို မြင်အောင်ကြည့်ကြပါ။ ဓမ္မမိတ်ဆွေများကျမ္မာချမ်းသာလို့ မြင်အောင်ကြည့်နိ ုင်ကြပါစေ,.... စေတနာများစွာဖြင့် ချစ်ငယ်☔☔ ဦးမြင့်ခိုင် ##Crd::

via အလင်းရောင် ဓမ္မ https://ift.tt/350GnNW