အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, January 1, 2020
သီတဂူဆရာတော်ကြီး၏ ၂၀၂၀ ပြည့်နှစ် သီတဂူ နှစ်ဦးနှုတ်ခွန်းဆက်စကား 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ဒေသနာဟာ-ပိဋကတ်သုံးပုံအကုန်ငုံမိတဲ့ မြတ်ဗုဒ္ဓ၏ လက်စွဲတရားတော်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓသည် ဤအပ္ပမာဒတရားကို နေ့စဉ်နေ့စဉ် တစ်နေ့နှစ်ကြိမ် ဟောပါတယ်။ အဓိပ္ပာယ်အကျဉ်းချုပ်ကတော့ “လောကနှင့်ဘဝ”ကို သတိနဲ့ စောင့်ကြည့်ကြ-လို့ အဓိပ္ပာယ်ရပါတယ်။ သတိဟာ ကိုယ်စောင့်တရား၊ စိတ်စောင့်တရားပါ။ မိမိရဲ့ဘဝကို သတိနဲ့စောင့်ရှောက်နိုင်သူဟာ အောင်မြင်သူပါပဲ။ ကောသလမင်းဟာ မြတ်စွာဘုရားနှင့်အတူတကွ တစ်သက်လုံးနေခဲ့ရသူပါ။ ပမာဒ-အားကြီးတဲ့အတွက် သူ့ဘဝဟာ ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ ကြမ်းတမ်း ရက်စက်သော အသောကမင်း စဏ္ဍာသောကဟာ ရှင်သာမဏေ နိဂြောဓထံမှ အပ္ပမာဒတရားကိုနာရတဲ့အတွက် စဏ္ဍာသောကမှ ဓမ္မာသောက ဖြစ်ခဲ့ပါပြီ။ အကွဲကွဲအပြားပြားဖြစ်နေသောမြန်မာနိုင်ငံတော်ကြီးကို ပထမဆုံးစည်းလုံးတည်ထောင်ခဲ့သော အနော်ရထာမင်းကြီးဟာလည်း အရှင်အရဟံခေါ် ပိယဒဿီမထေရ်၏ အပ္ပမာဒတရားကို နာကြားရသောကြောင့်ပင် မြန်မာနိုင်ငံ၌ အောင်မြင်သောသာသနာပြုမင်းတစ်ပါး၏ဘဝသမိုင်းမှတ်တမ်းကို ကောင်းကောင်းကြီးလွှင့်ထူနိုင်ခဲ့ပါသည်။ နိုင်ငံသူနိုင်ငံသား အားလုံးတို့၏ဘဝဟာ မြန်မာနိုင်ငံပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့မဆုံးရှုံးမပျက်ပြားရေးအတွက်လည်း သတိစောင့်ကြည့်‘အပ္ပမာဒေန သမ္ပာဒေထ’ပါပဲ။ မြန်မာနိုင်ငံရဲ့ကြီးပွားတိုးတက်ရေးအတွက်လည်း သတိနဲ့စောင့်ကြည့်‘အပ္ပမာဒေန သမ္ပာဒေထ’ပါပဲ။ အတိတ်နှစ်ဟောင်းတွေကိုလည်း သတိနဲ့ ပြန်ကြည့်ပါ-‘အပ္ပမာဒေန သမ္ပာဒေထ’၊ အနာဂတ်နှစ်သစ်တွေကိုလည်း သတိနဲ့ကြိုကြည့်ပါ-‘အပ္ပမာဒေန သမ္ပာဒေထ’၊ သစ်ပင်တွေ သစ်ရွက်လဲသလို နှစ်တွေ စနစ်တွေ ခေတ်တွေဟောင်းခဲ့ပြီဖြစ်တဲ့ အတိတ်ကနှစ်ဟောင်းတွေကိုလည်း‘အပ္ပမာဒေန သမ္ပာဒေထ’လို့နှုတ်ဆက်ခဲ့ပါတယ်။ စနစ်သစ်တွေနဲ့ချီတက်ရမယ့် နှစ်သစ်ခေတ်သစ်တွေကိုလည်း“အပ္ပမာဒေန၊သမ္ပာဒေထ”လို့ နှုတ်ခွန်းဆက်ကြိုဆိုပါတယ်။ သတင်းစဥ်ဖော်ပြချက်
via အလင်းရောင် ဓမ္မ https://ift.tt/2SIBWod
Newer Post
Older Post
Home