အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, January 1, 2020
လူတစ်ဦးတစ်ယောက်ရဲ့ ဆင်းရဲချမ်းသာ ဆိုတာ အတိတ်က ပေးခဲ့တဲ့ စေတနာတွေပါပဲ။ ကုသိုလ် စေတနာတွေ အားကြီးခဲ့ သူများကြတော့ ဘဝပြည့်စုံတယ်။ ချမ်းချမ်းသာသာ နေကြရတယ်။ ဘာအခက်အခဲမှ မရှိကြဘူး။ အတိတ်က အကုသိုလ်ကံတွေ များလာခဲ့ သူကြတော့ အခက်အခဲမျိုးစုံ ဆင်းရဲမျိုးစုံ တွေနဲ့ တွေကြုံကြရပြီး … နောက်ဆုံး နောင်တရပြီး မကောင်းသော အာရုံ နိမိတ်ဆိုးတို့ဖြင့် သေကြရတယ်။ ကုသိုလ်ကံ အားကြီးသူများကြတော့ ဘာအခက်အခဲမှမရှိဘဲ ကုသိုလ်နဲ့နေ ကုသိုလ်နဲ့သေပြီး … သုဂတိ ဘဝမှ နိဗ္ဗာန်ဆီသို့ ဆိုက်ရောက်ကြရတော့မယ်ပေါ့။ သင့်မှာ ကုသိုလ်တွေပြည့်စုံပြီး သေမင်းကို စောင့်နိုင်ပါစေ။ အကုသိုလ်နဲ့ မစောင့်မိပါစေနဲ့။ တရားထူး တရားမြတ်တွေကို မိမိ အကျင့်မြတ်ဖြင့် ကျင့်သုံးထားသူတို့သည် လောကဓံတရားနဲ့ တွေ့ကြုံလာသော အချိန်မှာ အထူးသိသာလာတယ်။ အကုသိုလ် ဖြစ်စရာတွေကို မတွေးတော မဆင်ခြင်တော့ဘူး။ စိတ်ကိုသာ ကိုယ်ကျင့်သုံးထားတဲ့ အသိဓာတ်ကိုသာ အောင့်မေ့ပြီး မိမိ၏စိတ်ကို ဟာဒယကို စိတ်ညွတ်ပြီး သိစရာနဲ့ သိနေတာကိုသာ တွေ့နေရတယ်။ သိစရာတွေက သူ့သဘောအတိုင်း ချုပ်ပျောက် ပျက်စီးနေပြီး ခဏဆို အဖြစ်အပျက်မရှိတဲ့ ငြိမ်းအေးမှု ကလေးတစ်ခုကိုသာ တွေ့နေပြီး ချမ်းသာခြင်း သတ္တိလေးကိုသာ ညွှတ်ပြီး နေနိုင်ကြတာပေါ့။ ဒါဟာ တရားတွေကို ကြိုပြီး လက်တွေ့ အကျင့်မြတ်ရဲ့ စွမ်းအားတွေပဲ ဆိုတာ ကာယကံရှင်ကိုယ်တိုင် သိသွားမှာပါ။ မိမိဘဝ ရုပ်နဲ့နာမ် အိုးစားမကွဲသေးဘူး ဆိုရင်… ကုသိုလ်တည်းဟူသော သမိုင်းတွေ ကောင်းကောင်း ရေးထားရအုံးမှာပါ။ ကုသိုလ်ပြုစရာတွေက အများကြီး ရှိသေးတယ်။ လောကအကျိုး သာသနာအကျိုးတွေ တဝကြီး ပြုပြီးမှ သွားချင်တယ်ပေါ့။ ဘဝမှာ အကုသိုလ် အညစ်အကြေးတွေ မဖြစ်အောင် အထူးရှောင်ကြဉ်ပြီး ကုသိုလ်ဖြစ်ရမဲ့ အလုပ်တွေ ဘုရားရှင် အဆုံးအမ မြတ်ဓမ္မတွေ တဝကြီးကျင့်ပြီး ဒုက္ခအဆုံးကို ရောက်ပြီး မအိုမနာ မသေတဲ့ နေရာကို မရောက်မချင်းသွားဖို့ မိမိဘဝလက်ကျန် အချိန်ကလေးကို လောဘငြိမ်း ဒေါသငြိမ်း မောဟတွေငြိမ်းပြီး ဘဝဒုက္ခမှ ဘဝသုခဆီသို့ သွားကြရမှာက မိမိသည် ပဓာနမို့ မိမိကိုယ်ကိုမိမိ ဆုံးမကြ၍ ဘုရားအစရှိသော အရိယာတို့ စံမြန်းရာသို့ ရောက်ရှိ ရရှိနိုင်အောင် ကျင့်သုံးနိုင်ကြပါစေ ဟု ဆန္ဒပြုလျက်… မြောက်ဦးဆရာတော် Copy from Paral lel.
via အလင်းရောင် ဓမ္မ https://ift.tt/2ZOsK3q
Newer Post
Older Post
Home