Sunday, December 29, 2019

ငါဘုရားရှင်၏ သာသနာတော်၌ တည်တန့်မည့်သူ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 " ချစ်သား အာနန္ဒာ...... ငါဘုရားသည် အိုးထိန်းကဲ့သို့ အိုးတို့ကို ကျက်၏ မကျက်၏တို့ကို ငါဘုရား ကြောင့်ကြမှုမရှိသည်သာ..။ " အိုးထိန်းသည် ဆိုတာ အိုးလေးတွေပြုလုပ်ပြီး သူကရောင်းရန်အလို့ငှာ ဒီအိုးကကျက်တဲ့အိုး ဒီအိုးကမကျက်တဲ့အိုး ဒီအိုးကမကျက်တကျက်အိုး ခေါက်ပြီး စမ်းစစ်မှုဆိုတာပြုရတယ်။ ဒီလိုဘဲ ငါဘုရားက ချစ်သားတို့အပေါ်ကြောင့်ကြစိုက်မှု မရှိပါဘူးတဲ့ ။ ဒီတပည့်က ဣနြေ္ဒရင့်ကျင့်တယ်။ ဒီသာဝကဣနြေ္ဒ မရင့်ကျက်တယ် ဆိုပြီး သာဝကတွေကိုခွဲတန်းချပြီး ကြောင့်ကြစိုက်ကာမနေပါဘူးတဲ့။ ကြောင့်ကြမစိုက်ဘူးဆိုတာဘာပြောတာလည်းဆိုတော့ ခုလိုတရားဟောပြီ တရားနာတဲ့ ပရိတ်သတ်ထဲမှာ ပုဂ္ဂိုလ်အမျိုးမျိုးရှိတယ်။ ဣနြေ္ဒရင့်သူလည်းပါမယ်၊ မရင့်သူလဲပါမယ် အဲ့ဒိပုဂ္ဂိုလ်နဲ့ လျော်ညီအောင်တရားအမျိုးမျိုးကိုကြောင့်ကျစိုက်ပြီး ဟောနေရင်တရားတွေက အစီအစဉ်ကျဖို့ရာမဖြစ်နိုင်ပါဘူး။ " ငါဘုရားသည် တရားတော်အားဟောကြားရာ၌ ချီးမြောက်သင့်သော ပုဂ္ဂိုလ်အားချီးမြောက်၍လည်းကောင်း ၊ နှိပ်ကွက်သင့်တဲ့ ပုဂ္ဂိုလ်အား နှိပ်ကွက်၍ တရားတော်အား ဟောတော်မူတယ်။ " စဉ်စားကြည့်ပါ နှိပ်ကွက်ပြီးဟောရမယ့် ပုဂ္ဂိုလ်ကို ချီးမြောက်ပြီးဟောရင် ဒီပုဂ္ဂိုလ်က မကောင်းတာတွေဘဲ ဆက်၍လုပ်နေမယ်။ အကျိုးမယုတ်နိုင်ဘူးလား ။ ချီးမြောက်သင့် ချီးမြောက်ထိုက်သူကို နှိပ်ကွက်လိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်မှာ တိုးတက်မှုတွေ ရပ်တန့်ပြီးမသွားနိုင်ဘူးလား ။ ရပ်တန့်သွားနိုင် တယ်။ " ငါဘုရားသည် တစ်ခါတလေ နှိပ်ကွက်၍ ဟောတယ်။ တစ်ခါတလေ ချီးမြောက်၍ ဟောတယ် ။ အဲ့ဒိလိုဟောတယ်ဆိုပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်၏ အနှစ်သာရမှာ ရပ်တည်နေတဲ့ သူတော်ကောင်းကတော့ ငါဘုရားရှင်၏ သာသနာတော်မှာ တည်တန့်နေပေလိမ့်မည်။ " ဘယ်လိုနှိပ်ကွက်ပေမယ့် သာသနာတော်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား။ မခွဲတော့ဘူး။ ဘယ်လိုပင် ချီးမြောက်ပေမယ့် သာသနာတော်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား။ မခွဲတော့ဘူး။ ဒီလိုဘဲ ဆရာသမားတွေက သင့်လျော်လျောက်ပတ်တဲ့ ဆိုဆုံးမမှုတွေကို လိုက်နာတဲ့သူက တိုးတက်မသွားနိုင်ဘူးလား။ မလိုက်နာတဲ့ပုဂ္ဂိုလ်ကို ဆရာသမားတွေက ဆိုဆုံးမချင်တဲ့ စိတ်ထားရှိချင်သေးလား ?။ မရှိတော့ဘူး။ တစ်ခါဆုံးမလည်း မလိုက်နာဘူး ၊နှစ်ခါဆုံးမလည်း မလိုက်နာဘူး ၊ သုံးခါဆုံးမတော့လည်း မလိုက်နာဘူး ။ ကြာတော့ ဆရာသမားဘက်က စိတ်ကုန်မသွားဘူးလား?။ စိတ်ကုန်သွားတယ်။ ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်မယ်ဆို ဆရာသမားဘက်က ထပ်ကာ ထပ်ကာ သင်ပေးချင် တဲ့ ဆန္ဒဓာတ်တွေပေါ်လာပါတယ်။ ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်တဲ့သူဟာ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦ းဖြစ်သွားမယ်။ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦး၏ စိတ်သည် တဖြည်းဖြည်း တည်ကြည်လာတယ်တဲ့။ "ဖားအောက်တောရဆရာတော် "


via အလင်းရောင် ဓမ္မ https://ift.tt/2ZF22u0