Friday, January 3, 2020

◇ နေတတ်အောင်နေခြင်း ◇ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ၁။ မျက်စိက မြင်သော်လည်း မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။ ၂။ နားက ကြားသော်လည်း မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူလိုနေပါ။ ၃။ စကားအရာလိမ္မာတဲ့ ပညာရှိဖြစ်သော်လည်း မပြောသင့်တဲ့အရာဆိုလျှင် ဆွံ့အသူလို မပြောဘဲနေပါ။ ၄။ ခွန်အားဗလကောင်းသော်လည်း မလုပ်သင့်တဲ့အရာဆိုလျှင် အားခွန်ဗလ မရှိသူလိုနေပါ။ ၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင် လူသေကောင်လိုနေပါ။ ➢ မဟာ ကစ္စာယနတ္ထေဂါထာ၊ ၂၉၅


via အလင်းရောင် ဓမ္မ https://ift.tt/39xmgu5