အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, January 1, 2020
<^>#နှစ်သစ်စကားလက်ဆောင် •°•°•°•°•°•°•°•°•°•°•°•°• ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ နှစ်သစ်စကားလက်ဆောင်ပါ။ 🌠လောကလူသားတွေဟာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပြီဆိုရင်နှစ်သစ်မှာ ဘာဖြစ်ပါစေ၊ညာဖြစ်ပါစေ ဆိုပြီး တောင်းဆုပြုကြတာ ထုံးစံတခုပါဘဲ။Happy new year လို့အော်ပြီး သောက်စား ပျော်ပါး ဆုတောင်းကြရုံနဲ့တော့ နှစ်သစ်မှာ လိုအင်ဆန္ဒတွေဟာ ပြည့်ဝလာနိူင်မှာမဟုတ်ပါဘူး ။ 🌠လူတွေဟာ ရောက်ရှိလာမယ့် နှစ်သစ်မှာ မိမိတို့ရဲ့ စီးပွားရေး၊လူမှုရေး၊ပညာရေး၊ဘဝနေထိုင်ရေး စတဲ့ အရာရာအားလုံးကို အဆင်ပြေဖို့ မျှော်လင့်ချက်ကြီးစွာ ထားတတ်ကြပါတယ်။ 🌠လူသားတိုင်းမျှော်လင့်တကြီး နဲ့ လိုချင်ကြတဲ့ အရာလေးခု ရှိပါတယ်။ ၁ ↔ လူတိုင်းဟာ မိမိရဲ့ စီးပွားရေးကို တိုးတက်လိုကြပါတယ်။ချမ်းသာကြွယ်ဝ လိုကြပါတယ်။အရင်နှစ်ကထက် ငွေတွေပိုရ၊ အလုပ်တွေ ပိုကောင်းဖို့မျှော်လင့်ကြပါတယ်။ ၂↔ ဒီလိုငွေတွေရလို့ စည်းစိမ်တွေတိုးလာပြီ ဆိုရင်လည်အရင်နှစ်တွေကထက်ပိုပြီးကျော်ကြား လိုကြပါသေးတယ်။ဂုဏ်သရေရှိ နာမည်ကျော်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ဖို့မျှော်လင့်ကြပါတယ်။ ၃↔ဒီလို ငွေချမ်းသာ၊နာမည်ကျော်နေရုံ နဲ့ လူတွေရဲ့ လိုအင်က ပြည့်ပြီလားဆိုတော့ မပြည့်နိူင်သေးပါဘူး။လာမယ့်နှစ်မှာ ကျန်းကျန်းမာမာ နဲ့ အသက်ရှည် ချင်ကြပါသေးတယ်။ ၄↔ ငွေကြေး နဲ့ အောင်မြင်မှုတွေကို ကျန်းကျန်းမာမာ နဲ့ ရရှိပြီးလို့ရော လူတွေရဲ့ မျှော်လင့်ချက်က ပြီးဆုံးသွား သလား ဆိုတော့ မပြီးဆုံးသေးပါဘူး။သေလွန်ပြီး နောက်တစ်ဘဝမှာ ကောင်းတဲ့နေရာ ကို ရောက်ချင်ကြ ပါသေးတယ်။ဘယ်ဘာသာဝင်တွေဘဲ ဖြစ်ဖြစ်နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ အမျှော်လင့်ကြီး မျှော်လင့်ကြပါသေးတယ်။ 🌠ဒီလိုလူသားတွေရဲ့ မျှော်လင့်မှုတွေက တကယ်ဖြစ် လာကြသလား ဆိုတော့ မျှော်လင့်သလို ဖြစ်မလာကြ တာတွေကလည်း အများကြီးပါဘဲ။မျှော်လင့်ရင်း နှစ်ပေါင်းများစွာ ရှင်သန်နေကြတဲ့ လူသားတွေ ဟာ နှစ်တခုကုန်တိုင်း ကုန်တိုင်း ပိုအဆင်ပြေကြဖို့ ပိုချမ်းသာကြဖို့ မျှော်လင်းရင်းနဲ့ နှစ်သစ်ကို ကြိုဆိုတတ်ကြပါတယ်။ 🌠မျှော်လင့်ချက်တွေအတိုင်း ဖြစ်လာဖို့၊မျှော်လင့်ခဲ့ပြီးတဲ့ အတိုင်း ရရှိထားတဲ့ ချမ်းသာသုခတွေ ခိုင်မြဲဖို့ဆိုရင် လူတွေရဲ့သန္တာန်မှာ🌜 သဒ္ဓါ၊သီလ၊စာဂ၊ပညာ 🌛ဆိုတဲ့ အကြောင်းတရားတွေနဲ့လည်း ပြည့်စုံဖို့လိုပါတယ်။ 🌟သဒ္ဓါ🌟 🌠သဒ္ဓါဆိုတာက ကုသိုလ်တရားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာယုံကြည်တာကိုခေါ်ပါတယ်။ သဒ္ဓါရှိသူဟာ စိတ်ကြည်နူးပါတယ်။ စိတ်ကြည်တာကြောင့် ကောင်းတဲ့ အလုပ်တွေမှာ၊ကုသိုလ်ရေးတွေမှာ စိတ်ပါဝင်စားလာပါတယ်။ကောင်းတာတွေလုပ် လို့ကောင်းကျိုးတွေ ရလာပါလိမ့်မယ်။ 🌟သီလ🌟 🌠သီလဆိုတာ ကိုယ်ကျင့်တရားပါ။ ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ မိမိကိုယ်ကို ထိန်းကျောင်းတတ်လာသလို ပတ်ဝန်းကျင်မှာလည်း ဂုဏ်သတင်းကြီးလာပါလိမ့်မယ်။ 🌠သီလ ဆိုတာ သဒ္ဓါ ကို အခြေခံပြီး ဖြစ်ထွန်းလာရ တာပါ။မြတ်စွာဘုရား ရဲ့ ဉာဏ်တော်ကြီး ကို ယုံကြည် တယ်။ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ် ဆိုတဲ့ ကံ ကံ၏အကျိုးကိုယုံကြည်တယ်ဆိုတဲ့ သဒ္ဓါရှိသူဟာ ကောင်းတာတွေဘဲ လုပ်မှာဖြစ်လို့ သူရဲ့သန္တာန် မှာ သီလ ဆိုတာဟာလည်း ပြည့်စုံလာပါလိမ့်မယ်။ 🌟စာဂ🌟 🌠လူတွေဟာ မိမိတို့ရရှိထားတဲ့ ပစ္စည်းဥစ္စာတွေ ပေါ်မှာ တွယ်မက်မနေဘဲ အများနဲ့ မျှဝေ သုံးစွဲတတ်ရပါမယ်။ကိုယ်တစ်ယောက်တည်း သုံးစွဲနေတယ်ဆိုရင် လူ့အသိုင်းအဝိုင်း ကို အကျိုးမပြုသူလို့ ခေါ်ရပါလိမ့်မယ်။ 🌠လူ့အသိုင်းအဝိုင်းအပေါ် အကျိုးမပြုသူကို အသိုင်းအဝိုင်းကလည်း ပြန်ပြီးအကျိုးပြုမှာ မဟုတ်ပါဘူး။ အသိုင်းအဝိုင်းထဲမှာ စိတ်ချမ်းမြေ့ပြီး ပျော်စရာကောင်းတဲ့ လူဖြစ်မလာနိူင်ပါဘူး။ 🌠မိမိရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေအပေါ် တွယ်ကပ်မနေဘဲ စွန့်လွှတ်တတ်ရပါမယ်။လှုဒါန်းတတ်ရပါမယ်။ 🌜ပေးသောလက် ဟာ ယူသောလက်ထက်သာ၍ မြတ်သည်🌛ဆိုတဲ့အတိုင်း စွန့်လွှတ်ခြင်း၊လှုဒါန်းခြင်း ရဲ့ သဘောသဘာဝကို သိနားလည်ဖို့လိုပါသေးတယ်။ 🌠စွန့်လွှတ်တတ်သူတယောက်ဟာ မိမိဆီက ပေးလိုက်ရတဲ့အတွက် ပေါ့ပါးသွားပါလိမ့်မယ်။ 🌜ပေါ့တဲ့အရာ က အထက်တက်တယ်🌛ဆိုတဲ့ နိယာမသဘော ကို သိထားရင် စွန့်လွှတ် တတ်လာပါလိမ့်မယ်။ ⭐ပညာ🌟 🌠အသိပညာ ကလည်း အရေးကြီးပါတယ်။ အရာရာမှာ ဘာလုပ်သင့်တယ်၊ဘာကိုဖြင့် မလုပ်သင့်ဘူးလို့ ခွဲခြားသိရပါလိမ့်မယ်။ 🌠လူတယောက်ဒုက္ခရောက်ပြီ ဆိုရင် တခြားသူတွေ က " ဖြစ်မှာပေါ့၊မလုပ်သင်တာတွေ လျှောက်ပ်တာကိုး " လို့ အပြစ်ဆိုတတ်ကြပါတယ်။ဒါပေမယ့် " ဒီလူက လုပ်သင့်တာကိုမှ မလုပ်ဘဲ " ဆိုတဲ့ အပြောမျိုးကတော့ မရှိသလောက်ပါဘဲ။ 🌠တကယ်တော့ မလုပ်သင့်တာကို လုပ်မိတာက အပြစ်ဖြစ်သလို လုပ်သင့်တာကို မလုပ်ခဲ့တာကလည်း အပြစ်ပါဘဲ။ 🌠ဒီထက်ပိုအဆင်မြင့်လာတဲ့ အခါမှာတော့ ---- သံသရာထဲ ဘာလို့လည်နေရသလဲ ? ဘဝ မှာ ဘာအရေးကြီးဆုံးလဲ ? ဆိုပြီး သိအောင်ကြိုးစားလာကြပါတယ်။ 🌠အဆင့်မြင့်ဆုံးပညာက တော့ 🌜 ဝိပ ဿ နာ ပညာ 🌛ပါဘဲ။ 🌠🌜ဝိပ ဿ နာ ပညာ🌛ရင့်ကျက်လာသူကတော့ တွယ်တာမှုတွေကို လျော့ချလာနိူင်ပါတယ်။တွယ်တာမှုကြောင့် စိုးရိမ်သောက ဖြစ်ရပါတယ်။ 🌠တွယ်တာတယ်ဆိုတာကလည်း ကိုယ်ချစ်ခင်တဲ့ သူတွေအပေါ်မှာဘဲ တွယ်တာမိတတ်ကြတာပါ။ ချစ်စရာများလေ တွယ်တာစရာများလေ၊ တွယ်တာစရာများလေ စိုးရိမ်သောက များလေပါဘဲ။ အချစ်တွေမလျော့နိူင်သေးရင် သောကတွေလည်း မလျော့သွားနိူင်သေးပါဘူး။ 🌠ဒီလိုခွဲခြားသိမြင်တတ်တဲ့ ပညာမျိုးကို ပြုစုပျိုးထောင်ပေးဖို့လိုပါလိမ့်မယ်။ 🌠လူတွေရဲ့မျှော်လင့်ချက်လေးမျိုးဟာလည်း 🌜သဒ္ဓါ သီလ စာဂ ပညာ 🌛ဆိုတဲ့ အကြောင်းတရားလေးမျိုးကနေ ကင်းပြီး အောင်မြင်မှု မရရှိနိူင်ပါဘူး။ 🌠နှစ်သစ်ကူးတိုင်း ကူးတိုင်း လူတွေရဲ့ မျှော်လင့်ချက် တွေက ကြီးထွားလာတတ်ကြပါတယ်။ လာမယ့်နှစ်သစ်မှာ ဒီအကြောင်းတရားတွေ ကို မဖန်တီးနိူင်သေးဘူး ဆိုရင်တော့ မျှော်လင့်ချက်တွေကလည်း ဖြစ်မလာနိူင်သေးဘူးလို့ ဆိုရမှာပါ။ 🌠နှစ်ဟောင်းကထက် နှစ်သစ်မှာ ပိုပြီးအဆင်ပြေချင်တယ်၊ချမ်းသာချင်တယ် ဆိုရင် ကျန်ခဲ့တဲ့ နှစ်ဟောင်းထက် အခုနှစ်သစ်မှာ ↔ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာဖို့ ---- ↔ပိုပြီး ကိုယ်ကျင့်တရားတွေ ကောင်းလာဖို့ ---- ↔ပိုပြီး စွန့်လွှတ်မှုတွေ ခိုင်မာလာဖို့ ---- ↔ပိုပြီး အသိပညာတွေ ကြွယ်ဝလာဖို့ ---- လိုပါတယ်။ လောကလူသားတွေဟာ အသစ်တွေကိုဘဲ အမြဲမျှော်လင့်နေတတ်ကြတာပါ။ 🌠တကယ်တော့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ အသစ်တွေဘဲ ဖြစ်ဖြစ်ပြီး အခုအသစ်ဟာ နောက်မှာ အဟောင်းအဖြစ်နဲ့ ကျန်ရစ်နေခဲ့ရဦးမယ် ဆိုတာပါဘဲ။ 🌠ကျန်ခဲ့တဲ့ နှစ်မှာတော့ တစ်နှစ်လုံး နေထိုင်ခွင့်ရ ခဲ့ပေမယ့် ခုလာမယ့်နှစ်မှာ နှစ်ကုန်ဆုံးချိန်ထိ နေရမယ်မနေရဘူးဆိုတာ မသေချာပါဘူး။ 🌠နှစ်ဟောင်း နဲ့အတူ ပျို ရွယ်မှုတွေ၊အားအင်တွေ ကျန်ခဲ့ပါပြီ။သတ်မှတ်ထားတဲ့ နှစ်တနှစ်ရဲ့ နောက်ဆုံးနေ့ကို ရောက်လာခဲ့သလို မိမိရဲ့ နောက်ဆုံးနေ့ဆိုတာလည်း ရောက်လာပါလိမ့်ဦးမယ်။ 🌠အသစ်ကို မျှော်တာဟာ တဏှာရဲ့ သွေးဆောင်မှု၊တဏှာ မကင်းကြသေးတဲ့ သူတွေရဲ့ အတွေးတစ်ခု သက်သက်သာ ဖြစ်ပါတယ်။အသစ်တွေ ထပ်လိုချင် နေသရွေ့ သံသရာမှာ ဒုက္ခတွေနဲ့ ဆုံကြကြုံကြ ရဦးမှာပါ။ 🌠နှစ်သစ်ကို တဏှာရဲ့ မျှော်လင့်ချက်မျိုးတွေနဲ့ ကြိုဆိုတာမျိုး မဖြစ်စေဘဲ အရင်ကမဖြစ်ဖူးသေးတဲ့ 🌜သဒ္ဓါ သီလ စာဂ ပညာ 🌛စတဲ့ တရားအသစ်တွေဖြစ်ပေါ်စေမယ့် ကြိုဆိုမှုမျိုး နဲ့ ဖြတ်သန်းကြဖို့လိုပါတယ်။ 🌠ဒီထက်ပိုပြီးတော့မှလည်း တဆင့်တက်ရင်း 🌜ဘဝအသစ်🌛ထပ်မဖြစ်မယ့်လမ်းကို ကြိုးစားလျှောက်လှမ်းဖို့လိုအပ်ပါတယ်။ Credit Dr Shwe Tun =-=-=-=-=-=-=-=-=-=-=-=-=-=-= #ကောင်းကျိူးလိုရာပြည့်ကြပါစေ မေတ္တာဖြင့်ပြန်လည်မျှဝေပူဇော်ပါသည်။ 🙏🙏🙏🙏🙏 Khaing Khaing
via အလင်းရောင် ဓမ္မ https://ift.tt/2sGckxR
Newer Post
Older Post
Home