Saturday, January 4, 2020

☆“#ဒါနရဲ့စွမ်းအင်”☆ 🎍🎍🎍🎍🎍🎍 ☆ လောကမှာ ဒါနရဲ့စွမ်းအားသည် သိကြားမင်းစည်းစိမ်ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ မာရ်မင်းရဲ့စည်းစိမ်ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ ဗြဟ္မာမင်းရဲ့ စည်းစိမ်ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ စကြ၀တေးမင်းရဲ့ စည်းစိမ်ကိုသော်လည်း ပေးစွမ်းနိုင်တယ်။ အကယ်၍ အလှူဒါနရှင်က ဒီ လောကီချမ်းသာသုခတွေကို အလိုမရှိခဲ့လို့ လောကုတ္တရာချမ်းသာသုခကို သာ အလိုရှိခဲ့မယ်ဆိုရင် --- ဒီဒါနရဲ့စွမ်းအားသည် သာ၀ကပါရမီဉာဏ် ( = ပကတိသာ၀ကဗောဓိ, မဟာသာ၀ကဗောဓိ, အဂ္ဂသာ၀ကဗောဓိ ဆိုတဲ့ သာ၀ကပါရမီဉာဏ်) ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ ပစ္စေကဗောဓိဉာဏ် ကိုသော်လည်း ပေးစွမ်းနိုင်တယ်၊ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို သော်လည်း ပေးစွမ်းနိုင်တယ်။(အံ-ဋ္ဌ-၃-၂၁၃။) ☆ ဒါနတစ်ခုတည်းက ထိုထိုဗောဓိဉာဏ်တွေကို ပေးတယ်လို့ ဆိုလိုတာ တော့ မဟုတ်ဘူး၊ ပါရမီ (၁၀)ပါးထဲမှာ ဒါနပါရမီလည်း အ၀င်အပါဖြစ်လို့ ထိုထိုဗောဓိဉာဏ်တို့ရဲ့ အကြောင်းတရားအဖြစ် ဖွင့်ဆိုနေခြင်းဖြစ်တယ်။ ဒါနမှာ ဒီလို အဆင့်အတန်းမြင့်မားတဲ့ အထက်တန်းကျတဲ့ အကျိုးတရား တွေကို ပေးနိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအထက်တန်းကျ တဲ့ အကျိုးတရားတွေကို ဒီဒါနကပေးနိုင်တယ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေ မှာသာ အကျိုးပေးနိုင်သလဲ? --- ☆ ဒီလို အဆင့်အတန်းမြင့်မားတဲ့ အထက်တန်းကျတဲ့ အကျိုးတရားတွေ ကို ဒီဒါနက အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာ သီလရှိတဲ့ပုဂ္ဂိုလ်အား သာ ငါဘုရားဟောတော်မူတယ်။ သီလမရှိတဲ့ ဒုစရိုက်အိုး လူမိုက်မျိုးအား ငါဘုရား ဟောတော်မမူဘူး။ ရဟန်းတို့ ...သီလစင်ကြယ်နေတဲ့အတွက် ကြောင့် သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့တောင့်တချက်ဟူသမျှဟာ မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပါတယ်။ (အံ-၃-၇၁။) ☆ ဒီဒေသနာတော်ကတော့ အင်္ဂုတ္တိုရ်ပါဠိတော် ဒါနူပပတ္တိသုတ္တန်မှာ - ဘုရားရှင်ရဲ့ ဟောကြားတော်မူချက် ဖြစ်ပါတယ်။ ဒါကြောင့် အလှူရှင်ဟာ ကိုယ်ကျင့်တရားတွေ ဖြူစင်တဲ့ သီလရှိတဲ့ အလှူရှင်ဖြစ်မယ်ဆိုရင် ဒီဒါန ကုသိုလ်ကြောင့် အဆင့်အတန်းမြင့်မားတဲ့ အထက်တန်းကျတဲ့ အကျိုးတရား တွေကို ရရှိနိုင်တယ်။ သို့သော် သီလမရှိတဲ့အလှူရှင်ဖြစ်မယ် ဆိုလို့ရှိရင် တော့ ဒီဒါနကုသိုလ်ကြောင့် ဒီလို အဆင့်အတန်းမြင့်မားတဲ့ အထက်တန်းကျ တဲ့ အကျိုးတရားတွေကို မရရှိနိုင်ဘူး။ ဘာတွေကိုသာ ရရှိနိုင်မလဲ? -- ☆ တရားနာပရိသတ်တွေ နားကြီးကြီးနှင့် မျက်စိကြီးကြီးနှင့် စဉ်းစားဆင်ခြင် ကြည့်ပါ။ မင်္ဂလာဆင်တော်ဖြစ်ရပြီး စားဖွယ်သောက်ဖွယ်တွေ ပေါပေါ များများရရှိတယ် ဆိုသော်လည်း ဆင်တွေဟာ ဘာတွေကို စားကြသလဲ?- ၀ါးနုနုတွေ မြက်တွေ သစ်ရွက်တွေ နွယ်တွေကို အများအားဖြင့် စားကြတယ်။ သစ်သီး၀လံဆိုတာကတော့ ရံဖန်ရံခါလောက်သာ ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ ဒီတော့ မိမိလှူခဲ့စဉ်က ဆင်စားတဲ့ အစားအစာမျိုးတွေ ဟုတ်သ လား? မဟုတ်ဘူး။ အရှုံးမထွက်ဘူးလား? အရှုံးထွက်နေတယ်။ ဘာကြောင့် အရှုံးထွက်ရသလဲ? ကိုယ်ကျင့်သီလတွေ ပျက်စီးခဲ့လို့ပဲ။ ကာယကံစင်ကြယ်မှု ၀စီကံစင်ကြယ်မှု မနောကံစင်ကြယ်မှုတွေ မရှိခဲ့လို့ပဲ။ မြင်းတွေ နွားတွေမှာ လည်း အလားတူပဲ။ ☆ နောက်တစ်ခု ခွေးဘဝြကည့်ပါ။ မြေကြီးပေါ်မှာ အိပ်ရတာ နေရတာကို မွေ့လျော်တဲ့ဘ၀မျိုးသာ ဖြစ်တယ်။ ခွေးဘ၀မှာ ကောင်းကောင်းမွန်မွန် စားရ တယ်ဆိုပေမဲ့ အဆင့်အတန်းမြင့်မားတဲ့ လူသားတွေစားတဲ့ အစာနှင့် နှိုင်း ယှဉ်လိုက်ရင်တော့ အလွန်အဆင့်နိမ့်နေပါသေးတယ်။ ပြီးတော့ ခွေးဆိုတာ က ဘယ်လောက်ပဲ ကောင်းကောင်းစားရပါစေ --မစင်ပုံတွေ့ရင်တော့ လွေး ရမှ ကျေနပ်တဲ့သတ္တဝါမျိုးသာ ဖြစ်တယ်။ -- ဒီအချက်တွေ ကြည့်လိုက်ရင် လည်း အရှုံးမထွက်ဘူးလား? ရှုံးနေတယ်။ တစ်ချိန်က လူ့ဘ၀မှာ မိမိလှူဒါန်း ခဲ့စဉ်က ဒီလိုခွေးစားတဲ့ အစာမျိုးတွေ ဟုတ်သလား? မဟုတ်ဘူး - ☆ ဘာကြောင့် ဒီလို အဆင့်နိမ့်သွားရတယ်ဆိုတာကို သဘောပေါက်သင့် တယ်။ ကိုယ်ကျင့်သီလ ပျက်စီးခြင်းကြောင့် ဒါနကုသိုလ်ကံရဲ့ အကျိုးတရား တွေဟာ အဆင့်အတန်း နိမ့်သွားခြင်းဖြစ်တယ်။ ငွေကုန်ကြေးကျခံပြီး အလှူ ဒါနပွဲကြီးတစ်ခုကို ပြုစုပျိုးထောင်ပါလျက် ဒီဒါနကြောင့် မြက်တွေ သစ်ရွက် တွေကိုသာ ပေါပေါများများ ပြန်စားရမယ်ဆိုရင်တော့ --- ဘယ့်နှယ်တုန်း ပရိသတ်တွေ ရှုံးချက်ကမနာဘူးလား? သိပ်နာတယ်။ ☆ ဒါကြောင့် အလှူရေစက်လက်နှင့်မကွာ နေထိုင်နေကြတဲ့ လူမျိုးတွေဖြစ် ခြင်းကြောင့် နေ့စဉ်လိုလို ဒါနတွေပြုနေကြတဲ့အတွက် နေ့တိုင်းနေ့တိုင်း ကိုယ်ကျင့်သီလတွေ ဖြူစင်နေဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ် - သိပ်ကောင်းတယ် --- ☆ ကာယကံ စင်ကြယ်မှု ၀စီကံ စင်ကြယ်မှု မနောကံ စင်ကြယ်မှုဆိုတဲ့ သုစ ရိုက်တရားတွေကို ဖြည့်ကျင့်နေတဲ့ ဖြူစင်တဲ့ ကိုယ်ကျင့်သီလရှိတဲ့ သူတော် ကောင်းတွေက ဆွမ်းသင်္ကန်းစတဲ့ ဒါန၀တ္ထုအမျိုးမျိုးတွေကို သမဏ ဗြာဟ္မဏ အမည်ရတဲ့ အလှူခံပုဂ္ဂိုလ်တွေကို လှူဒါန်းပူဇော်ခဲ့မယ်ဆိုရင်တော့ မိမိက လည်း အလှူခံပုဂ္ဂိုလ်တွေကို လှူဒါန်းပူဇော်ခဲ့မယ်ဆိုရင်တော့ မိမိကလည်း အလိုရှိခဲ့မယ်ဆိုရင် လူ့ဘ၀မှာ လူ့ချမ်းသာ လူ့ကာမဂုဏ်တွေကိုလည်း ပေါ ပေါများများ သုံးဆောင်ခံစားရနိုင်တယ်။ ☆ လူ့ဘ၀ နတ်ဘ၀သို့ ရောက်ရှိရခြင်းက သီလစင်ကြယ်ခဲ့လို့ ဖြစ်တယ်၊ လူကာမဂုဏ် နတ်ကာမဂုဏ်တွေကို ပေါပေါများများ သုံးဆောင်ရခြင်းက ဒါနပြုခဲ့လို့ဖြစ်တယ် -- ဒီလို ဇာဏုသောဏိပုဏ္ဏားကြီးကို ဘုရားရှင်က ဆက် ဟောပြတော်မူတယ်။ ☆ ဒါကြောင့် လူ့ဘ၀ နတ်ဘ၀ ရရှိရေးအတွက်လည်း ကိုယ်ကျင့်သီလတွေ ဖြူစင်ဖို့ မလိုဘူးလား? လိုအပ်တယ်၊ လိုအပ်တယ်။ နိဗ္ဗာန်ကို ရရှိရေးအ တွက်ရော ကိုယ်ကျင့်သီလတွေ ဖြူစင်ဖို့ မလိုဘူးလား¿ ပိုပြီးလိုအပ်ပါတယ်။ မဂ္ဂင်(၈)ပါး စုံညီပါမှ နိဗ္ဗာန်ကို ရရှိနိုင်တယ်လို့ လက်ခံနိုင်ရင် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝခေါ်တဲ့ သီလမဂ္ဂင်တွေကိုလည်း နိဗ္ဗာန်ရောက် ကြောင်း ကျင့်စဉ်လမ်းအဖြစ် လက်ခံရမှာဖြစ်တယ်။ ဒါကြောင့် ကိုယ်ကျင့် သီလ ဖြူစင်ခြင်းဆိုတဲ့ လုပ်ငန်းသဘောတရားဟာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားရေးအတွက်ရော, နိဗ္ဗာန်ရရှိရေးအတွက်ရော မဖြစ်မနေ ကြိုးစားရ ၏မည့် တရားတစ်ခု ဖြစ်တယ်လို့ မှတ်ပါ။ ¤ ဖားအောက်တောရဆရာတော် ¤ Buddhavasa Tiloka 🙏🙏🙏🙏🙏 K.K


via အလင်းရောင် ဓမ္မ https://ift.tt/36mw9J2