Friday, January 3, 2020

#သတိထား 🌻🌻🌻🌻 ❦ သေခါနီးကာလ ... စဉ်းစားကြည့်စမ်း မိမိအင်မတန် ချစ်မြတ်နိုးနေတဲ့ ခန္ဓာအိမ် ၊ မိမိ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားငယ် သမီးငယ် ဇနီးငယ် မြေးငယ် ပစ္စည်းတွေ နောက်ဆုံး ဘယ်တော့မှ မတွေ့ကြရတော့ဘူးတစ်ယောက်နဲ့ တစ်ယောက် ခွဲရတော့မယ် ...အခု ခဏလေး ခွဲတာတောင်မှ ဘယ်လို ဖြစ်နေလဲ ... ?? ❦ ဟိုမှာ နောက်ထပ် ဘယ်တော့မှ မတွေ့သော ခွဲခြင်းဖြင့် ခွဲရတော့မယ် ..... အဲဒီ အချိန်မှာ ဝမ်းမနည်း ဘူးလား ??? ဝမ်းနည်းတယ်~ ဝမ်းနည်းတယ်~ ❦ အဲဒီမှာဒီ ဓာတ်ကို နိုင်အောင် နှိမ်နှင်းနိုင်တဲ့ စွမ်းအားတွေက ကြိုတင်ပြင်ဆင်မှု မရှိရင် မဖြစ်နိုင်ဘူး!! အဲဒီအခါကျမှဝမ်းနည်းနေတဲ့စိတ်နဲ့ဘဝကို အဆုံးသတ်သွားခဲ့ရင် သမ္မောဟ မရဏ လို့ခေါ်တယ် .. တွေတွေ ဝေဝေ နဲ့ ဘဝကို အဆုံးသတ်ရတယ် မည်တယ်။ ❦ ဒီထက်ပိုဆိုးတာက ... မကောင်းတဲ့ ဒုစရိုက် အမျိုးမျိုးတွေကို လွန်ကျူးခဲ့ဘူးတယ် .. မကောင်းတဲ့ အကုသိုလ် အမျိုးမျိုးတွေကို လွန်ကျူးခဲ့ဘူး တဲ့ အတွက် ထို ပုဂ္ဂိုလ် သေခါနီးကာလမှာ မကောင်းတဲ့ နိမိတ်တွေ ထင်လာပြီဆိုတဲ့ အခါကျမှ ဝမ်းနည်းကြေကွဲပြီး ဘဝကို အဆုံးသတ်ခဲ့ရရင်ဒီပုဂ္ဂိုလ်ရဲ့ သေနည်းဟာလည်း သမ္မောဟ မရဏ ပဲ။ ❦ နောက်တစ်နည်းက အဲဒီ ပုံစံမျိုးတော့ မရှိဘူး!!! ဒါပေမယ့် သေခါနီးမှာ အားကိုးရာ တစ်ခု ရှာဖွေတယ် ... သီလပိုင်း ကြည့်လိုက်တော့လည်း အားမကိုးရ ... သမာဓိကြည့်လိုက်တော့လည်း အားကိုးလို့ မရ ... ပညာပိုင်း ကြည့်လိုက်တော့လည်း အားကိုးလို့ မရ ... ဘာမှပြန်ပြီး တရားတွေက နှလုံးသွင်းလို့က မရတော့ ဘာဖြစ်လာလဲ ?? ပူပန်သောကတွေ ဖြစ်လာပြီ အဲဒီလိုနဲ့ ဘဝကို အဆုံးသတ်ရရင်လည်းဒါလည်း သမ္မောဟ မရဏ ပဲ ။ အဲဒီလို သမ္မောဟ မရဏ နဲ့သေခဲ့ရင်တော့ ကောင်းရာ သုဂတိ ရောက်ပါ့မလား ?? မရောက်တော့ဘူး ။ ❦ မိမိတို့ ကောင်းရာ သုဂတိ ရောက်မယ်ဆိုရင် ရောက်နိုင်တဲ့ နည်းကောင်း လမ်းကောင်း စနစ်ကောင်းကြီးတွေ ရှိရဲ့သားနဲ့ ဒီ မိမိအတွက် အရေးကြီးတဲ့ လုပ်ငန်းခွင်တွေကို မလုပ်ဘဲ သူတပါးအတွက် သားအတွက် သမီးအတွက် ဇနီးအတွက် မြေးအတွက် ဘဝကို အချိန်တွေ အများကြီး အသုံးချနေကြမယ် ဆိုရင် အဲဒီလို ပုဂ္ဂိုလ်လောက် မိုက်တဲ့ ပုဂ္ဂိုလ် ရှိဦီးမလား ??? မရှိတော့ဘူး !! သတိထားကြပါ ။ ဖားအောက်တောရ ဆရာတောဘုရားကြီး Credit >>Original Upploader 🙏🙏🙏ပြန်လည်မျှ ဝေပူဇော်ပါသည် 🙏🙏🙏


via အလင်းရောင် ဓမ္မ https://ift.tt/2ZRqcSa