အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 29, 2019
#သိပုံပယ်ပုံ တရားတော်# 🙏🙏🙏🙏🙏🙏🙏🙏 ၀ိပဿ နာဆိုတာ ရုပ်တွေနာမ်တွေမှာရှိတဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို သိအောင် ကြိုးစားအားထုတ်တာကိုခေါ်တယ် ။ ရုပ်တွေနာမ်တွေမှာရှိတဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို သိတာဟာဝိပဿ နာဉာဏ်ဖြစ်တယ် ။ ၀ိပဿ နာဆိုတာ အမှန်သိအောင် အားထုတ်တာဖြစ်တယ် ။ ပညတ်တွေရဲ့အမှန် ပရမတ်တွေရဲ့ အမှန်ကို သိအောင် ကြိုးစားအားထုတ်တာဖြစ်တယ် ။ အဓိက ကတော့ ပရမတ်တွေရဲ့အမှန် သိအောင်အရှိတရားတွေရဲ့အမှန်ကို သိအောင်ကြိုးစားအားထုတ်တာဖြစ်တယ် ။ အရှိတရားတွေဆိုတာ ရုပ်နဲ့နာမ်ပါဘဲ ။ အရှိတရားတွေရဲ့အမှန်တရားတွေ ။ လက္ခဏာနဲ့ပြောရရင် သဘာ၀လက္ခဏာ ၊ သင်္ခတလက္ခဏာ ၊ သာမညလက္ခဏာ ဖြစ်တယ် ။ လက္ခဏာဆိုတာ အမှတ်အသားပေါ့ ။ သဘာ၀လက္ခဏာ ၊သင်္ခတလက္ခဏာ ၊ သာမညလက္ခဏာ တို့ဟာ ရုပ်တရား နာမ်တရားတွေမှာ မှန်နေတဲ့ အမှန်တရားတွေဘဲ ။ အရှိတရားတွေပေါ်မှာ မရှိတရားကဖုံးလွှမ်းထားတယ်။ အရှိတရားက ပရမတ် မရှိတရား က ပညတ် ။ ပညတ်က ပရမတ်ကို ဖုံးထားတယ် ။ ပညတ်ဆိုတာ မရှိအမှန်တရား ပရမတ်ဆိုတာ အရှိအမှန်တရား ။ အပြည့်အစုံပြောရရင် ပညတ်ဆိုတာ မရှိတော့ မရှိဘူး ။ လောကီနယ်မှာတော့ မှန်တယ် ။ ယောက်ကျားတို့ မိန်းမတို့ သူ့နယ်နဲ့သူတော့ မှန်နေတာဘဲ ။ ပညာမျက်စိနဲ့ကြည့်ရင်တော့ ယောက်ကျားမိန်းမတို့မရှိဘူး ။ ဒါကြောင့်မရှိအမှန်တရား ။ ပရမတ်ကတော့ အရှိအမှန်တရား ။ တစ်ကယ်ရှိလည်းရှိတယ် မှန်လည်းမှန်တယ် ။ အဲဒါကြောင့် အရှိ အမှန်တရား။ ပညတ်က ပရမတ်ကို ဖုံးနေတယ် ။ မရှိအမှန်တရားက အရှိအမှန်တရားကို ဖုံးနေတယ် ။ အရှိအမှန်တရားကို သိခွင့်မရဘူး ။ တစ်နည်းအားဖြင့် သိခွင့်မရတာဟာ မသိဘူးပေါ့ ။ မသိတာက အဝိဇ္ဇာ ။ စိတ်က မသိဘဲနဲ့တော့ မနေဘူး။ သိတော့ သိတယ် ။ ဘာသွားသိလည်းဆိုတော့ အမှားသွားသိတယ် ။ အမှားသိတာလည်း အဝိဇ္ဇာ ။ အဝိဇ္ဇာကို အကူအညီပေးတဲ့ တရားနှစ်ပါးရှိတယ်။ ပမာဒ နဲ့ ဝိစိကိစ္ဆာ နှစ်ပါးဖြစ်တယ် ။ ဓမ္မသဘာဝတွေကို သဘာ၀အတိုင်း သိထားလို့ရှိရင် လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် မြင်တယ် ။ မြုပ်မယ့်လမ်းစဉ် ၊ လည်မယ့်လမ်းစဉ် ၊ လွတ်မြောက်မယ့်လမ်းစဉ် တွေကို အမှန်အတိုင်းမြင်တယ်။ ပညတ်က ပရမတ်ကို ဖုံးထားတော့ မေ့လျော့မှု့ ပမာဒ ရယ် တစ်ကယ်စစ်မှန်တဲ့ တရားတွေကို သို့လော သို့လော မယုံတယုံ ဝိစိကိစ္ဆာတွေက မသိမှု့ အသိမှားမှု့ကို အားပေးတယ် ။ အမှန်တရားတွေကို မသိတာ အဝိဇ္ဇာ ။ အဝိဇ္ဇာ ကို အားပေးတယ်။ အမှားကို အမှန်ထင်တယ်၊ အဲဒါလည်း အဝိဇ္ဇာ။ တစ်သံသရာလုံးမှာ အဝိဇ္ဇာနဲ့ နေလာခဲ့တယ်၊ အဝိဇ္ဇာနဲ့နေ အဝိဇ္ဇာနဲ့ကြီး အဝိဇ္ဇာနဲ့သေ။ နောက်တစ်ခါ အဝိဇ္ဇာနဲ့ဘဲပြန်ပြီး နေရတယ် ။ အဝိဇ္ဇာကိုပယ်ခွာချင် သူ့ကိုအရင် ခွာလို့ မရဘူး။ ပမာဒ နဲ့ဝိစိကိစ္ဆာ ကိုအရင်ခွာရမယ်။ ပမာဒ နဲ့ဝိစိကိစ္ဆာကိုခွာပြီးတော့မှ အဝိဇ္ဇာကို နဲနဲချင်းခွာရတယ်။ အဲဒီလို ခွာလိုက်တော့မှ အရှိတရားသိခွင့်ရတယ်။ အမှန်တရားသိခွင့်ရတယ်။ ဒီလိုသိတာကိုက လွတ်မြောက်ရေးလမ်းစဉ်ဘဲ။ မသိတာက မြုပ်ရေးလမ်းစဉ်၊ လည်ရေးလမ်းစဉ်။ မသိလို့ရှိရင် သံသရာမှာမြုပ်မယ် လည်မယ်။ သိလို့ရှိရင် သံသရာ က လွတ်မြောက်မယ်။ ၀ိပဿ နာဆိုတာ အမှန်တရားတွေကို သိအောင် လုပ်တဲ့ အလုပ်ဘဲ။ ဒီအမှန်တရားတွေကို ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ထုတ်ဖော်ဟောကြားခဲ့တယ်။ သို့သော်ဘုရားသာသနာပသွားတဲ့အခါ ဒီအမှန်တရားတွေကိုထုတ်ဖော်ဟောကြားမယ့် ပုဂ္ဂိုလ်မရှိတော့ဘူး။ အမှန်တရားတွေကရှိနေတာဘဲ။ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ ရှိနေတာဘဲ။ ရှိပေမယ့် သိခွင့်မရဘူး၊ဖော်ပြမယ့်သူမရှိဘူး။ ဒါ...ဒုက်ခဘဲ၊ ဒါ...သမုဒယဘဲ၊ ဒါ...နိရောဓဘဲ၊ ဒါ...မဂ္ဂဘဲ လို့ ဖော်ပြနိုင်ဘို့ဆိုတာ သဗ္ဗညု တရွှေဉာဏ်တော် ရ မှ... နောက်တစ်နည်း မြတ်စွာဘုရားထံက တရားတွေနာ တရားအားထုတ် မဂ်ဖိုလ်တွေရမှ ပြန်ပြီးတော့ဖော်ပြနိုင်တယ်။ သာသနာကွယ်သွားပြီဆိုရင် ဘုရား ရဟန္တာ ကွယ်ပျောက်သွားတာဘဲ။ ဒါကြောင့်လောကမှာ သာသနာတွင်းနဲ့ ကြုံဘို့ ခဲယဉ်းတယ်။ ခဲယဉ်းတရားတွေ၊ ဒုလ္လဘတရားတွေ လူဖြစ်ဖို့ ခဲယဉ်းတယ် သာသနာတော်နဲ့တွေ့ဖို့ ခဲယဉ်းတယ် သဒ္ဒါ တရားရှိဖို့ ခဲယဉ်းတယ် ရှင်ရဟန်းဖြစ်ဖို့ ယောဂီဖြစ်ဖို့ ခဲယဉ်းတယ် သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းတယ်။ ဒါ... ဒုလ်လဘတရား ငါးပါး။ နောက် ဒုလ္လဘတွေလည်းရှိသေးတယ်။ အယူအဆမှန်ဖို့ခဲယဉ်းတယ်။ အများသိအောင်ပြောရရင် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ဖို့ ခဲယဉ်းတယ်။တစ်နည်းအားဖြင့် သမ္မာဒိဌိဖြစ်ဖို့ ခဲယဉ်းတယ်။ သာသနာထွန်ကားရာအရပ်မှာ နေရဖို့လည်း ခဲယဉ်းတယ်။ သစ္စာလေးပါးမြတ်တရားကို ဟောဖော်ညွှန်ပြတဲ့ ဆရာသမားတွေနဲ့တွေ့ကြုံဖို့လည်း ခဲယဉ်းတယ်။ နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ ဗောတိပက္ခိယတရား(၃၇)ပါး၊ဗောတိပက္ခိယတရား(၃၇)ပါးရဲ့ရှေ့က အရေးကြီးတဲ့တရားက သုစရိုက်(၁၀)ပါး ရှေ့ကသွားတယ်။ သုစရိုက်(၁၀) ပါး ဆိုတာ သီလကိုပြောတာပါဘဲ။ အဲဒီတရားတွေကိုနားထောင်နိုင်တဲ့ ဉာဏ်နားရှိဖို့လည်း ခဲယဉ်းတယ်။ ဉာဏ်နားဆိုတာ ခန္ဓာ ဓာတ် အာယတန သစ္စာ သတ်ိပဌာန် ဗောဇ္ဇျင် စသည်တို့ကို သိထားနားလည်ရမယ်။ ရုပ်တွေနာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တ သိတာ ၀ိပဿ နာ ဉာဏ်ဘဲ။ အရှိအမှန်တရားတွေကိုသိတာ ၀ိပဿ နာဉာဏ်ဖြစ်တယ်။ ဒါတွေကို ယောဂီတို့ သိထားဖို့လိုအပ်တယ်။ ရုပ်ဆိုတာ သဘောတရား၊ နာမ်ဆိုတာလည်း သဘောတရား။ တစ်ကယ်ရှိနေတဲ့သဘောတရားတွေ။ နိဗ္ဗာန်ဆိုတာလည်း သဘောတရားဘဲ။ သဘောတရားပေမယ့် မရှိဘူးလို့ ယူလိုက်ရင် ဥစ္စေဒဒိဌိဖြစ်သွားပြီ။ နိဗ္ဗာန်ဟာ တစ်ကယ်ရှိတယ်။ ခန္ဓာမှာဖောက်ပြန်တတ်တဲ့ သဘောဟာတစ်ကယ်ရှိတယ်။ အဲဒါကိုသဘောတရားလို့ခေါ်တယ်။ ရုပ်တရားလို့လည်း ခေါ်တယ်။ ခံစားတဲ့သဘောလေးတွေ မှတ်သားတဲ့့သဘောလေးတွေ တိုက်တွန်းတဲ့့သဘောလေးတွေ သိတဲ့့သဘောလေးတွေဟာ အကောင်အထည်အနေနဲ့ပြလို့မရဘူး။ ဒါပေမယ့် တစ်ကယ်ရှိနေတယ်။ ရုပ်တွေနာမ်တွေဟာ တစ်ကယ်ရှိနေတယ်။ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား လေးပါးဖြစ်တယ်။ စိတ် စေတသိက် ရုပ် က ရုပ်နဲ့နာမ်ကိုပြောတာ၊ စိတ် စေတသိက် ရုပ် ဆိုတဲ့ သင်္ခတတရားကို တစ်ကယ်မြင်တဲ့ယောဂီဟာ အသင်္ခတနိဗ္ဗာန် ပရမတ် တစ်ကယ်ရှိတယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ ရုပ်တွေနာမ်တွေထင်ရှားရှိတာသိတဲ့ယောဂီဟာ နိဗ္ဗာန်ဆိုတာလည်းအထင်အရှားရှိတယ်ဆိုတာ ပိုင်ပိုင်နိုင်နိင်သဘောပေါက်တယ်။ ရုပ်နာမ်ကိုသ်ိမှ သဘောပေါက်တာ။ နိဗ္ဗာန်ကိုမဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ မျက်မှောက်မပြုသေးသော်လည်း ုရုပ်နာမ်တွေဟာအကောင်အထည်နဲ့ မဟုတ်ပေမယ့်၊ တစ်ကယ်ရှိနေတာဘဲ၊ ပူတဲ့သဘော ၊ အေးတဲ့သဘော၊ နာတဲ့သဘော၊ ကိုက်တဲ့သဘော၊ ယားတဲ့သဘောတွေ အထင်အရှားရှိတယ်။ ဖောက်ပြန်တဲ့သဘော၊ ခံစား ၊ မှတ်သား ၊ တိုက်တွန်း ၊ သိတဲ့ သဘောတွေ အထင်အရှားရှိတယ်။ ဒါကြောင့် ရုပ်တွေနာမ်တွေ အထင်အရှားရှိ နိဗ္ဗာန်လည်းအထင်အရှားရှိတယ်လို့ ခန့်မှန်းလို့ ရတယ်။ အပူရှိရင် အအေးရှိတယ် အမှောင်ရှိရင် အလင်းရှိတယ် သေတတ်တဲ့သဘောတရားရှိရင် မသေတတ်တဲ့သဘောတရားရှိတယ်၊ နာတတ်တဲ့သဘောတရားရှိရင် မနာတတ်တဲ့သဘောတရားရှိတယ်၊ သေ(အို)တတ်တဲ့သဘောတရားရှိရင် မအိုတတ်တဲ့သဘောတရားရှိတယ်၊ သင်္ခတနဲ့အသင်္ခတဆိုတာ အဲဒီလိုကွာတယ်။ သင်္ခတပရမတ် ရုပ်နဲ့နာမ်က အနိစ္စ ဒုက္ခ အနတ္တဖြစ်တယ်။ အသင်္ခတနိဗ္ဗာန် ကတော့ နိစ်စ သုခ အနတ်တ ဘဲ။ အနတ္တ ကတော့ အတူတူဘဲ၊ အနိစ္စ ဒုက္ခ မှာ ကွဲသွားတယ်။။ ရုပ်နာမ်ကို သင်္ခတပရမတ်လို့ခေါ်တယ်။ သင်္ခတဆိုတာ ပြု ုပြင်ရတယ် ၊ ပရမတ်ဆိုတာ အမှန် ၊ ရုပ်တွေနာမ်တွေက ပြု ုပြင်ခံနေရတယ်၊ ကံ စိတ်ဥတု အဟာရက ပြု ပြင်နေတယ်၊ အပြု ုပြင်ခံရလ်ု့ သင်္ခတလို့ခေါ်တယ်။ ရုပ်နာမ်တွေက အနိစ္စ ဒုက္ခ အနတ္တ ၊ မမြဲဘူး ဆင်းရဲတယ် အစိုးမရဘူး။ အသင်္ခတပရမတ်ကတော့ ပရမတ်က အမှန် အသင်္ခတ က ကံလည်းပြု ုပြင်လို့မရဘူး စိတ်လည်းပြု ုပြင်လို့မရဘူး ဥတုလည်း ပြု ုပြင်လို့မရဘူး အဟာရ လည်း ပြု ုပြင်လို့မရဘူး။ အဲဒီလိုအပြု ပြင်ကင်းတဲ့ နိဗ္ဗာန်ကျတော့ နိစ္စ မြဲတယ် သုခ ချမ်းသာတယ် (သန္တိသုခ) အနတ္တကတော့ အနတ္တ ပဲ ဖြစ်တယ်။ အတ္တဖြစ်သွားမှာစိုးလို့။ အတ္တ ကနိဗ္ဗာန် ပဲလို့ ယူလိုက်မှာစိုးလို့ ၊ အတ္တ မဟုတ်ဘူးလို့ပြောတာ။ အသင်္ခတ နိဗ္ဗာန်ကျတော့ အနှစ်သာရ မရှိဘူးလို့ ပြောလို့မရဘူး ။ အနှစ်သာရ ရှိတယ် ။ နိစ္စ သုခ အနှစ်သာရရှိတယ် ။ သို့သော်လည်း ဲ အတ္တ မဟုတ်ဘူး၊ #အနအတ်တ ဘဲ ။ အဲဒါကြောင့် အနတ္တဖြစ်တယ် ။ သင်္ခတပရမတ် နဲ့ အသင်္ခတပရမတ် ကွဲပြားတယ် ။ အဲဒီလို ဝိပဿ နာ နေ့တိုင်းအားထုတ်နေတဲ့ ယောဂီတွေဟာ နက်နက်ရှိုင်းရှိုင်း သဘောပေါက်ထားရမယ်။ ၀ိပဿ နာဆိုတာ သင်္ခတကိုရှုတာ ၊ ရုပ်ထင်ရှားရင် ရုပ်ရှု ၊ နာမ်ထင်ရှားရင် နာမ်ရှု ၊ နာမ် က ဝေဒနာ သညာ သင်္ခါ ရ ဝိဉာဏ် ။ ရုပ်ကိုရှုတော့ ကာယနုပဿ နာ သတိပဌာန် ၊ ဝေဒနာကိုရှုတော့ ဝေဒနာနုပဿ နာ သတိပဌာန် ၊ စိတ်ကိုရှုတော့ စိတ္တာနုပဿ နာ သတိပဌာန် ၊ သညာနဲ့သင်္ခါရ ရှုတော့ ဓမ္မာနုပဿ နာ သတ်ိပဌာန် ။ ခန္ဓာ ၅ ပါး ဖြစ်တယ် ။ သတ်ိပဌာန်နဲ့ပြောတော့လေးပါးဖြစ်တယ်။ ခန္ဓာအားဖြင့်လည်း သိရတယ် သတိပဌာန် အားဖြင့်လည်း သိရတယ် သင်္ခတ ၊ အသင်္ခ အားဖြင့်လည်း သိရတယ် ပညတ် အားဖြင့်လည်း သိရတယ် ပရမတ် အားဖြင့်လည်း သိရတယ် အရှုခံ အားဖြင့်လည်း သိရတယ် အရှုဉာဏ် အားဖြင့်လည်း သိရတယ် ဉာတပရိညာ အားဖြင့်လည်း သိရမယ် တိရဏပရိညာ အားဖြင့်လည်း သိရမယ် ၊ ဒါတွေဟာ ကြိုတင်ပြီးတော့ သိသင့်သိထိုက်တဲ့ တရားတွေ ဖြစ်တယ် ။ ယောဂီတို့ဟာ ဖောင်းပိန် ရှုမယ်။ ဗိုက်ကြီးကို ရှုနေမယ်။ ဒါတွေဟာ ပညတ်တွေဘဲ။ ပညတ်က်ိုရှုနေရင် ဝိပဿ နာ ဘယ်ဖြစ်ပါ့မလဲ။ ကိုယ်ကလေ့လာမထားရင် ဟုတ်ထင်ပါရဲ့၊ ဖြစ်နေမယ် ။ သံသယတွေ ၀င်လာမယ်။ ပညတ်ဆိုတော့ ဝိပဿ နာမှ မဟုတ်ဘဲ ။ ၀ိပဿ နာဆိုတာ ပရမတ်ရှုရတာ ။ ယောဂီတို့ ဉာဏ်စိုက်ထားပါ ။ ပညတ်နဲ့ ပရမတ် ဘယ်ဟာရှုရမလဲ ။ ပရမတ် ကို ရှုရမယ် ။ ဖောင်းတယ် ပိန်တယ် ကိုင်တယ် ထိတယ် ကြွတယ် လှမ်းတယ် ချတယ် အပေါ် (ရှု)တင်နေတာမဟုတ်ဘူး ။ ဒါကိုရှုနေတာဟာ ပညတ်ကို ရှုနေတာ ။ ယောဂီတို့ဟာပညတ်ကို ရှုတာမဟုတ်ပါဘူး ၊ ပရမတ်ကို ရှုနေတာပါ ။ ပရမတ်ကို ဘယ်လိုရှုနေပါလိမ့်။ လှုပ်ရှားတဲ့သဘောလေးပေါ် ဉာဏ်ရောက်နေတယ် ။ လှုပ်ရှားတဲ့သဘောလေးဟာ ပရမတ် ။ ပရမတ်ပေါ် ဉာဏ်ရောက်တော့ ဝိပဿ နာဖြစ်တယ် ။ ပရမတ်ပေါ်တော့ ဉာဏ်ရောက်ပြီ ။ ပရမတ်ရဲ့အမှန်တရားတွေ သိအောင် ဆက်ကြိုးစားရမယ် ။ သိမှ ဝိပဿ နာ ဖြစ်မယ် ။ အသာလေးငြိမ်နေပြီး ကြက်သီးလေးတွေ ထ ' ပြီး အေးနေရင် ဝိပဿ နာဖြစ်တာမဟုတ်ဘူး။ အဲဒါ သမထ ဖြစ်တယ် ။ ငြိမ်နေတာတို့ ၊ အေးနေတာတို့ ၊ ပီတိတွေဖြစ်နေတာ ၊ ပဿ ဒိဖြစ်တာတို့ အလင်းရောင်မြင်ရတာတို့ အဲဒါ သမထလည်း ဖြစ်တာ ပဲ။ ၀ိပဿ နာဆိုတာ ရုပ်နာမ်တွေရဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေ ။ ရုပ်နာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တကို သိရမယ် ။ ဒါတွေဟာ သိသင့်သိထိုက်တဲ့အရာတွေ ဉာတပရိညာ အားဖြင့် သိရမယ် ။ ရုပ်တွေနာမ်တွေ ဘဲ ၊ ဒါ သင်္ခတတရား ၊ နိဗ္ဗာန်.... ဒါ က အသင်္ခတတရား ၊ စသည် သိထားရမယ် ။ ဒီအသင်္ခတတရားဟာ သိဖို့ အင်မတန်ခဲယဉ်းတယ် ဆိုတာ ကြိုသိထားမှ ဝိပဿ နာလုပ်ချင်တာ။ ဒီလိုသိမထားရင် ရုပ်တွေနာမ်တွေမြင်ဖို့ထက် သမထနဲ့အကြားအမြင် မြင်ဖို့ကိုပိုပြီးတော့ လူတွေက လိုလားကြတယ် ။ ဘာ့ကြောင့်လည်းဆိုတော့ ဓမ္မဗဟုသုတ နဲလို့ ။ သမထ နဲ ဝိပဿ နာ ကွဲဖို့လိုတယ် ။ အရှိတရားအမှန်တရားကိုသိမှ ဝိပဿ နာဖြစ်တယ်။ အရှိတရားနဲ့အမှန်တရားသိအောင် ပစ္စု ပ္ပန်တဲ့တဲ့ ရှုမှတ်နိုင်ရမယ် ။ ပစ္စု ပ္ပန်တဲ့တဲ့ရှုရာမှာ စူးစူးစိုက်စိုက် စေ့စေ့စပ်စပ် စိပ်စိပ်ကလေး ရှုမှတ်ရမယ် ။ စ ' သုံးလုံးပေါ့ ။ တစ်နေရာထဲလည်း စိုက်မှတ်လို့မရဘူး ။ ပေါ်ရာပေါ်ရာ ထင်ရှားရာထင်ရှားရာ ရှုမှတ်ရမယ် ။ ဒီလို ပေါ်ရာထင်ရှားရာ ရှုမှတ်တဲ့အခါမှာလည်း ဇွဲကောင်းရအုန်းမယ် ။ " စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန် သာသနာ " လ နဲ့ နှစ် နဲ့ ဘ၀ နဲ့ ချီပြီး အားထုတ်ရမယ် ။ ဘုရားဆိုရင် လေးအသင်္ချေ နဲ့ ကမ ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရတယ် ။ အဲဒီလို စိတ်ရှည်ဖို့လိုတယ် ။ ဇွဲ ရှိဖို့ တယ် ။ သည်းညည်းခံဆိုတာ နာတာ ကျင်တာ ကိုက်တာ ခဲတာ စတဲ့သဘောတရားတွေ ၊ တရားအားထုတ်အခါမှ ရောဂါတွေ ပိုဆိုးလာသလို ဖြစ်တာတွေ၊ ကိလေသာတွေဖြစ်လာတာ တွေကို သမာဓိတွေရလာတဲ့အခါမှာ အမှန်တရား တွေကို သိ သိ လာတယ် ။ စိတ်သဘောတွေ သိလာတော့ စိတ်ပျက်စရာ စိတ်ဆိုးစရာတွေသိလာတယ်။ ဒါတွေအားလုံးကိုသည်းညည်းခံနိုင်မှ ၀ိပဿ နာဉာဏ် ရ မယ် ။ " စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန် သာသနာ " တဲ့ ။ တရားအားထုတ်တ ဲ့အခါမှာ အမှန်တရားတွေကို သိနိုင်ဖို့အတွက် #တရားစဉ် နဲ့ #လုပ်ငန်းစဉ် (၂ )မျိုး ကို နားလည်ထားဖို့ လိုအပ်တယ်။ #တရားစဉ် ဆိုတာ ဟောတဲ့တရား ။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားများကိုခေါ်တယ်။ #လုပ်ငန်းစဉ် ဆိုတာ ရုပ်တွေနာမ်တွေကို ထင်ရှားရာတစ်ခု ရှုတဲ့အခါ ရုပ်ထင်ရှားရင် ရုပ်ရှု နာမ်ထင်ရှားရင် နာမ်ကိုရှု တဲ့အခါ အနိစ္စ ဒုက္ခ အနတ္တ မှာ တစ်ခုဘဲထင်တယ် ။ တစ်ချို့က အနိစ္စ ပိုမြင်တယ် တစ်ချို့က ဒုက္ခ ပိုမြင်တယ် ။ တစ်ချို့က အနတ္တ ပိုမြင်တယ် ။ တစ်ခုတင်ရင် ကျန်တာအကုန်ပါသွားတယ် ။ အဲဒါက လုပ်ငန်းစဉ် ဖြစ်တယ်။ တရားစဉ်နဲ့ လုပ်ငန်းစဉ် ကို ခွဲမြင်ရမယ် ။ တရာစဉ်ကိုလည်း ပယ်လို့မရဘူး။ တရားစဉ်နာမှ လုပ်ငန်းစဉ်မှန်မယ်။ လုပ်ငန်းစဉ်လည်း ထိထိရောက်ရောက် လုပ် ရ မယ် ။ လုပ်ငန်းစဉ် မထိရောက်ရင်လည်း တရားစဉ်က အပေါ်ယံဘဲရှိမယ် ။ နှစ်မျိုးစလုံး အရေးကြီးတယ် ။ ရှုနည်းမှတ်နည်းလည်း ကျွမ်းကျင်ရမယ် ။ ရှုနည်းမှတ်နည်းကြောင့် ဒိဌိပယ်ပုံကိုလည်း သဘောပေါက်ရမယ်။ ရှုနည်းမှတ်နည်း ကျွမ်းကျင်တာက ဖောင်းရင် ဖောင်းတယ်မှတ် ပိန်ရင် ပိန်တယ်မှတ် နာရင် နာတယ်မှတ် ကျင်ရင် ကျင်တယ်မှတ် စိတ်ကူးရင် စိတ်ကူးတယ်မှတ် ၊ အဲဒီလိုရှုမှတ်တဲ့အခါမှာ ဒိဌိကို ဘယ်လိုပယ်သွားသလဲ ဒိဌိကို ဘယ်လိုခွာသွားသလဲ ဒါမျိုးတွေကိုသိထားဖို့လိုတယ်။ အဲဒါက တရားစဉ်ဖြစ်တယ်။ ရှုတာမှတ်တာတွေက လုပ်ငန်းစဉ်ဖြစ်တယ်။ လုပ်ငန်းစဉ်နဲ့ တရားစဉ်က ပညတ်နဲ့ပရမတ်လိုပဲ စပ်ပြီးတော့သိရမယ်။ ခွဲပြီးတော့လည်း သိရမယ်။ တရားစဉ်အနေနဲ့ အတိတ်ကအဝိဇ္ဇာသင်္ခါရဖြစ်ခဲ့တယ်။ ဒါဖြင့်ကျန်ခဲ့တဲ့ဘ၀က ဘာဖြစ်ခဲ့သလဲ။ ကျန်ခဲ့တဲ့ဘ၀ကလည်း အဝိဇ္ဇာသင်္ခါရဘဲဖြစ်ခဲ့တယ်။ လူတွေနတ်တွေ ဖြစ်ခဲ့တယ်လို့ပြောလို့မရဘူး ဒါကို အဘိညာဉ်ရှိမှသာ သိနိုင်မယ်။ တစ်ကယ်ဖြစ်တာက အဝိဇ္ဇာသခါင်္ရဘဲဖြစ်ခဲ့တယ်။ ဒီလိုသိနားလည်ထားရမယ်။ ဒီလိုမသိထားရင် ငါ အတိတ်က ဘယ်ကလာတယ် ၊ ဘယ်ကိုပြန်သွားမယ်လို့ဆိုရင် တရားစဉ်ကို ကျကျနန နာမထားလို့ သံသယတွေ ဖြစ်နေတာ။ အဲဒီလိုသံသယတွေဖြစ်နေတော့ ပစ္စု ပ္ပန်သဘောတရားတွေကိုမေ့သွားတယ်။ သံသယဖြစ်တာက ဝိစိကိစ္ဆာ မေ့တာက ပမာဒဖြစ်နေတော့ အဝိဇ္ဇာအားကြီးနေတယ်။ အတိတ်တုံးက အဝိဇ္ဇာသင်္ခါရဖြစ်ခဲ့တော့ ဉာဏ်နယ် ဖြစ်တယ်။ ဒါဟာ တရားစဉ်ဘဲ။ ကံနယ်အနေနဲ့ပြောရရင်တော့ လူဖြစ်ရင်ဖြစ်မယ် နတ်ဖြစ်ရင်ဖြစ်မယ် အပယ်ရောက်ရင်ရောက်မယ် ။ ကံနယ်ဆိုတာ ပညတ်နယ်ကိုပြောတာ။ လူတွေနတ်တွေရှိတယ်။ ဉာဏ်နယ်က ပရမတ်နယ် ရုပ်တွေနာမ်တွေကိုပြောတာ။ အဝိဇ္ဇာသခါင်္ရဆိုတာ နာမ်တရားတွေမဟုတ်လား။ နာမ် ၂ ခုကိုစပ်သိရမယ်။ နာမ် ၂ မျိုး လုံးကိုသိထားဖို့လိုတယ်။ ၂ မျိုးလုံးသိထားမှ ဝိပဿ နာတရား အားထုတ်တဲ့အခါမှာလမ်းမမှားဘဲနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရောက်နိုင်တယ်။ ၀ိပဿ နာတရား အားထုတ်တဲ့အခါ သမာဓိကြောင့် ဘုရားတွေမြင်မယ်၊ ဘိုးတော် နတ်တွေ တောတောင် တွေမြင်မယ် အတိတ်ဘဝတွေမြင်မယ် ဒါတွေဟာ ပညတ်တွေဘဲ။ ဘာတွေပဲ မြင်မြင် ပေါ်တာမှန်သမျှကို မှတ်ပစ်ရမှာဘဲ။ ဆရာပြောလို့ ရှုမှတ်တာနဲ့ သိပြီးမှ ရှုမှတ်တာမတူဘူး။ ဒါတွေဟာ အနိစ္စတရားတွေဘဲ အားလုံးဖြစ်ပြီး ပျက်သွားတဲ့တရားတွေဘဲ။ ဒါတွေက ပညတ်တရားတွေဖြစ်တယ်။ သစ္စာနဲ့ပြောရင် ဒုက္ခသစ္စာတွေဘဲလို့ နားလည်သွားတယ်။ တစ်ချို့မှတ်ပေမယ့် နိမိတ်တွေက ပျောက် မသွားဘူး။တရားမှတ်တဲ့အခါမှာ တွေ့မြင်လာတဲ့နတ်တွေ ဘုရားတွေ တောတောင်စတဲ့ပညတ်တွေကို လှစ်လျှု ုရှုပြီး ခန္ဓာကိုယ်က နာတာကျင်တာ ကိုက်တာခဲတာတွေကို ပြန်ပြီး ဂရုစိုက်ပါ။ ဒါတွေကို သိထားလို့ရှိရင် " အသိတစ်လုံး အမြတ်ဆုံး" ဘဲ ယောဂီတို့တွေဟာ ဝိပဿ နာတရား အားထုတ်ခြင်းဖြင့် ကိုယ်ပိုင်ဥစ္စာတွေရရှိလာမယ်။ ကိုယ်ပိုင်ဥစ္စာဆိုတာ "သီလ သမာဓိ ပညာ" သုံးပါးဖြစ်တယ်။ ဒါန ကတော့ သီလထဲမှာပါတယ်။ #ဝိပဿ နာတရားအားထုတ်တဲ့အခါမှာ ရရှိလာမယ့် အကျို ုးတရားတွေကိုပြောမယ်။ တရားအားထုတ်စဉ် တစ်ထိုင်အတွင်းမှာပင် အာသဝေါတရားကင်းပြီး ရဟန်းသာဖြစ်နိုင်တယ်။ အာသဝေါတရားတေ ွအကုန်မကင်းလည်း သောတာပန် သကဒါဂမ်ဖြစ်နိုင်တယ်။ သေခါနီးမှာ အားထုတ်ရင်လည်း ရဟန်းသာဖြစ်နိုင်တယ်။ ရဟန်းသာမဖြစ်သေးရင်လည်း သောတာပန် သကဒါဂမ် ဖြစ်နိုင်တယ်။ သောတာပန် သကဒါဂမ် မဖြစ်ဘူးထား ၀ိပဿ နာဉာဏ် ရနိုင်တယ်။ ၀ိပဿ နာဉာဏ်ရရင် အပယ်မကျ နိုင်တော့ဘူး။ အပယ်တံခါးပိတ်စေနိုင်တယ်။ နတ်စည်းစိမ်များ ခံစားစံစားနေစဉ်လည်း တရားရနိင်တယ်။ နတ်ပြည်ရောက်သွားတဲ့အခါမှာ နတ်သားနတ်သမီး ဖြစ်တာချင်းအတူတူ ဝိပဿ နာပွားတဲ့ပုဂ္ဂိုလ်နဲ့ ၀ိပဿ နာမပါဘဲ ဒါနသီလသာပါသွားတဲ့ပုဂ္ဂိုလ် အများကြီးကွာခြားတယ်နော်။ ဒါနသီလသာပါသွားတဲ့ယောဂီတွေဟာ နတ်သားနတ်သမီးဖြစ်တဲ့အခါ တရားမေ့ပြီး အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့ နတ်စည်းစိမ်ခံစားတယ်။ တစ်ချို့လည်းဘဲ နတ်တစ်ပါးနဲ့တစ်ပါး ဣဿ မစ္ဆရိယတွေဖြစ်ပြီး သေသွားကြတဲ့အခါ ပြန်ပြီး ငရဲပြန်ကျတယ်။ ၀ိပဿ နာပါသွားတဲ့ယောဂီတွေဟာ နတ်သားနတ်သမီးဖြစ်တဲ့အခါ တရားကိုပြန်ပြီး သတိရတယ်။သိကြားမင်းကြီးတွေ ဗြဟ္မာကြီးတွေ တန်ခိုးရှိတဲ့ရဟန်းသာတွေ နတ်ပြည်မှာလာပြီး တရားဟောတဲ့အခါမှာ တရားနာပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်။ နတ်သက်ကြွေပြီး လူပြန်ဖြစ်တဲ့အခါလည်း နောင်ပွင့်မယ့်ဘုရားလက်ထက် သာသနာတွင်းမှာ လူ့ပြည်ဆင်းပြီးတရားအားထုတ်ခြင်းဖြင့် မြန်မြန်ဆန်ဆန် မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်။ ရဟန်းသာဖြစ်နိုင်တယ်။ သာသနာပ မှာသာသနာနှင့်မကြုံတွေ့လျင်လည်း ပစ္စေကဗုဒ္ဓ ဖြစ်နိုင်တယ်။ ချမ်းသာကြီးကိုမြင်ရင် ချမ်းသာလေးတွေကို ကြိုးစား၍ ပယ်ရမယ်။ ချမ်းသာကြီးဆိုတာ နိဗ္ဗာန် ချမ်းသာလေးတွေဆိုတာ လူ့စည်းစိမ် ကာမဂုဏ်ချမ်းသာကိုပြောတာ ၊ အဲဒီချမ်းသာအသေးလေးတွေကို ပယ်ပြီး ၀ိပဿ နာတရားကြိုးစားအားထုတ်ရင် ချမ်းသာကြီးဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်နိုင်တယ် ။ ဆင်းရဲကြီးကိုကြောက်ရင် ဆင်းရဲလေးတွေကို ကြိုစားပြီး သီးခံနိုင်ရမယ်။ ဆင်းရဲကြီးဆိုတာ အပယ်လေးပါး ငရဲ တိရိစ္ဆာန် ပြိဿ အသူရကယ် ၊ ဆင်းရဲလေးဆိုတာ တရားနာရတဲ့ဆင်းရဲတွေ တရားအားထုတ်ရတဲ့ဆင်းရဲတွေ ရှစ်ပါးသီလစောင့််ထိန်းရတဲ့ဆင်းရဲတွေ တရားနဲ့ပါတ်သက်တဲ့ ဝေယျာဝိစ္စ လုပ်ရတဲ့ဆင်းရဲတွေ အများပျော်သလို မပျော်နိင်တဲ့ဆင်းရဲတွေ....စသည် အဲဒီဆင်းရဲအသေးလေးတွေကို သည်းညည်းခံလို့ရှိရင် ဆင်းရဲအကြီးက လွတ်နိုင်တယ်။ ဒီနေ့ ဒီလောက်နဲ့ဘဲ နိဂုံးချုပ်လိုက်ကြရအောင်.... မြစိမ်းတောင်ဆရာတော်ဘုရားကြီး အရှင်ဇာနေယျ ဟောကြားတော်မူသော ယောဂီများအတွက် သိပုံပယ်ပုံ တရားတော် #Credit✍️မူရင်းတင်သူ✍️ ပြန်လည်မျှဝေပါသည်📒📒📒ဦးသိန်း တရားဒဿနများ
via အလင်းရောင် ဓမ္မ https://ift.tt/2rAsecs
Newer Post
Older Post
Home