Wednesday, January 1, 2020

နှစ်သစ် 🙏🙏🙏 ★ ၂၀၁၈ခုနှစ် ကုန်မယ်ဆိုတုန်းက လူတွေဟာ ၂၀၁၈-ခုနှစ်ကုန်တဲ့ညမှာ ဆိုလို့ရှိရင် လူတွေ ညသန်းခေါင်အထိ မအိပ်နိုင်၊ မစားနိုင်၊ ညသန်းခေါင် ရောက်ပြီဆိုရင် "Happy New Year" တဲ အော်ကြတယ်။ ★ တကယ်ရော ပျော်ကြရဲ့လား လို့ဆို၊ "Happy New Year" သာ အော်နေတာ ကုန်တော့မှာ မကြာခင် ၂၀၁၈-ခုနှစ်က ပြန်ယူလို့ မရဘူး၊ ကုန်သွားပြီ။ ★ အဲဒီတော့ #နှစ်သာကုန်တာမဟုတ်ဘူး၊ #သူတို့ခန္ဓာကိုယ် #နုပျိုမှုတွေ ပါသွားတာ သတိမထားမိဘူး၊ ဘယ် Happy ဟုတ်မလဲ၊ ၀မ်းနည်းစရာပဲ။ င့ါသန္တာန်မှာရှိတဲ့ နုပျိုမှုတွေပါသွားပြီ။ ★ လူဆိုရင် သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တစ်နှစ်ကြီးလာပြီ၊ တစ်နှစ်ကြီးလာပြီဆိုတာ သေဖို့ တစ်နှစ်နီးလာပြီလို့ တွက်ရမယ်၊ ဟုတ်လား၊ သင်္ချိုင်းနဲ့ တစ်နှစ်နီးလာပြီ၊ ဘယ်လိုလုပ် Happy New Year လို့ ပြောလို့ရမလဲ၊ ဘယ်လိုလုပ်မှ Happy New Year မဖြစ်ဘူး။ ★ တစ်နှစ်ပြီး တစ်နှစ် တိုးလာတာ သေဖို့ပဲ နီးလာတယ်၊ တန်ဖိုးမရှိဘဲနဲ့ အချိန်တွေဟာ ကုန်ဆုံးပြီးတော့ သွားတတ်တယ်၊ မကြာခင်ပဲ သွားလိုက် ပျော်လိုက် ပါးလိုက်၊ ၂၀၁၉-ခုနှစ် ကုန်သွားရော၊ မြန်မာသက္ကရာဇ် ၁၃၈၁-ခု တန်ခူးလ သင်္ကြန်ကျပြီးရင် ကုန်သွားမှာ ၁၃၈၂ ဖြစ်မှာ ဘယ်လိုလုပ် Happy New Year ဖြစ်မလဲ။ ★ မနှစ်ကထက် ဒီနှစ်အိုသွားပြီ၊ နောက် တစ်နှစ်ကျ ဒီထက် အိုသထက်အိုသွားပြီ နောက်တစ်နှစ် ဒီထက်အို၊ နောက်ဆုံးမှာ သေဖို့ပဲ ရှိတော့တယ်။ ★ အဲဒီတော့ နှစ်ကုန်သွားလို့ ရောက်လာတဲ့နှစ် ကြိုဆိုနေတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ မတူဘူးလား၊ ကိုယ်သွားနေတာ ဘယ်သွားနေတာတုန်းလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်လိုက်။ အဲဒီတော့ 🍃 #ကုန်ဆုံးသွားတဲ့ #နှစ်တွေရဲ့တန်ဖိုးဟာ #ငါ့မှာ #ဘယ်လောက်ရလိုက်သလဲ? 🔸 #အခုရောက်ရှိနေတဲ့နှစ်ရဲ့ #တန်ဖိုးကိုရအောင် #ငါ #ဘယ်လိုလုပ်ရမလဲ? ★ အဲဒီလို တန်ဖိုးမရှိဘဲနဲ့ အချိန်ကုန်သွားတာ မဖြစ်အောင် လုပ်ရမယ်။ အချိန်ကုန်သွားတာက တန်ဖိုးရှိတာတွေ ငါ့မှာ ရလိုက်တာလား၊ ဒါပဲ စစ်ဆေးဖို့ လိုတာပေါ့။ ★ အဲဒါကို ပြောတာ 'ယော စ ဝဿသတံ ဇီဝေ အပဿံ ဥဒယဗ္ဗယံ' ထာ၀ရရွေ့လျားပြီး ပြောင်းလဲနေတဲ့ ဖြစ်မှုပျက်မှု သဘောတွေကို မဆင်ခြင်ဘဲနဲ့ အနှစ်တစ်ရာ အသက်ရှည်သွားမယ်ဆိုရင် ဘာတန်ဖိုးမှ မရှိဘူးတဲ့၊ ★ အဲဒီလို ဖြစ်ပျက်မှုကို မြင်ရင်တော့ "ဧကာဟံ ဇီဝိတာ သေယျာ ပဿာတော ဥဒယဗ္ဗယံ' ထာ၀ရပြောင်းလဲပြီးတော့ ဖြစ်ပြီးပျက်နေတဲ့ အနေအထားတစ်ခုကို မြင်ရင်တစ်နေ့တာလည်း အသက်ရှည်ရတာ တန်ဖိုးရှိတယ်လို့ ဟောတာ။ ★ တန်ဖိုးရှိရှိ အသက်ရှည်လေ ပိုကောင်းလေဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲတမ်း ဆန်းစစ်ပြီးတော့ ကြည့်၊ ဖြစ်ပြီးပျက်နေတဲ့ သဘောတွေကို မြင်အောင် ကြည့်နိုင်ရမယ်လို့ ဒီလိုဆိုတာ၊ အဲဒီလို ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်လိုက်။ ★ ဒီနေရာမှာ လူငယ်လူရွယ်တွေက ပြောကောင်းပြောလိမ့်မယ်၊ ဒါတွေတွေးတော့ ဘာတန်ဖိုးရှိမှာလဲ၊ စိတ်ပျက်စရာတွေကြီးကို ဒီလို တွေးကောင်းတွေးလိမ့်မယ်၊ မဟုတ်ဘူး။ 🔺 #လောကမှာ #အမှတ်တမဲ့နေတာဟာအဆိုးဆုံးပဲ၊ #ဆင်ခြင်တုံတရား #မရှိဘဲနဲ့အမှတ်တမဲ့နေတာ ဘာနဲ့ဥပမာတူတုန်းဆိုရင် ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါး ဟောခဲ့တဲ့ ဥပမာလေး တစ်ခုကြည့်။ ★ ဂင်္ဂါမြစ်ကြောမှာ ဆင်သေကြီးတစ်ကောင် မျောလာတယ်၊ ကျီးတစ်ကောင်က ဆင်သေကြီးကို မြင်တော့ ကမ်းစက်ကနေ ပျံချလာပြီး ဆင်သေကြီးပေါ် နားလိုက်တယ်။ ကျီးမိုက်က ဘာတွေးတုန်းဆို "ဟာ ဟန်ကျပြီ၊ ငါ့ တစ်သက်တော့ ဒီဆင်သေ စားမကုန်ဘူး၊ ဘယ်မှ ငါသွားစရာ မလိုဘူး။ ★ ရေဆာရင်လည်း ရေသောက်လိုက်ရုံပဲ၊ အစာဆာရင် ဆင်သေစားလိုက်ရုံပဲ၊ ဒီပေါ်မှာပဲ ငါ အေးအေးချမ်းချမ်း နေမယ်၊ အပင်ပန်းခံပြီး ဟိုသွားဒီသွား ငါမသွားတော့ဘူး၊ အစာရှာစရာ မလိုတော့ဘူး"။ ဆင်သေပေါ်မှာ ဒီအတိုင်းနားပြီးတော့ ဇိမ်ကျကျ နေလိုက်တယ်။ ★ ဂင်္ဂါဖြစ်ကုန်ဆုံးလို့ ပင်လယ်ထဲ ရောက်သွားတဲ့အခါကျတော့ လှိုင်းတွေက တဖြည်းဖြည်း ထန်လာတယ်၊ ကိစ္စမရှိသေးဘူး၊ ငြိမ့်တယ်ဆိုပြီးတော့ ကျီးမိုက်က လိုက်သွားတယ်၊ နောက်ဆုံး ကမ်းမမြင် လမ်းမမြင် ဖြစ်လာတယ်။ ဆင်သေကြီးကလည်း တစ်နေ့တခြား ပုပ်ပုပ်လာတယ်၊ ★ ပုပ်လာတော့ လှိုင်းဒဏ်မခံနိုင်ဘူးတဲ့ အောက်ကငါးတွေက စား၊ လှိုင်းက ပုတ်ဆိုတော့ ဆင်သေကောင်ကြီးက ဟိုက ပဲ့ထွက်၊ ဒီက ပဲထွက်။ အဲဒီအချိန် ရောက်တော့မှ ကျီးမိုက်က ဆင်သေပေါ်မှာ နားလို့ တည်တည်ငြိမ်ငြိမ် မရှိတော့ဘူး၊ ကမ်းပြန်ဖို့ ကြိုးစားတယ်။ ကမ်းမမြင် လမ်းမမြင်ဖြစ်ပြီး ဘယ်မှ ကမ်းရှာမရတော့ ပင်လယ်ထဲမှာပဲ ကျပြီး သေဆုံးရတယ်။ ★ ဘုန်းကြီးတို့တတွေလည်း ဆင်သေကြီးတွေ့ထားသလို ဒီဘ၀ ဟန်ကျပြီဆိုပြီးတော့ မေ့မော့နေမယ်ဆိုရင် ဘေးရန်အန္တရယ် တွေ့ကြုံသွားတယ်၊ နောက်ဆုံးမှာ ဘ၀ကူးမကောင်းဘဲ မရှုမလှ သေဆုံးရနိုင်တယ်။ ★ တကယ်အစစ်အမှန်ကို သိမယ် ဆိုလို့ရှိရင် ဖြစ်မှုပျက်မှု သဘောတွေကို သိထားပြီးဆိုလို့ရှိရင် "ဒါတွေဟာ မက်မောစရာတွေ မဟုတ်ပါဘူး၊ ဒါတွေကို အကြောင်းပြုပြီး အကုသိုလ်တွေ ဖြစ်နေမယ်ဆိုရင် ငါ့မှာ ဘ၀နစ်မွန်းတော့မှာပေါ့"။ ဒီ အသိတရားနဲ့ တွယ်တာမှုတွေကို လျှော့ချနိုင်တယ်၊ ★ လျှော့ချပြီးရင်း ကောင်းတဲ့အလုပ်တွေကို ကြိုးစားလုပ်ရမယ်။ တွယ်တာမှုတွေကို လျှော့ချလိုက်ရင် သောကဆိုတာ နည်းနည်းလျှော့သွား နိုင်တယ်၊ တွယ်တာမှုရှိသမျှ သောကတွေ လာနေမှာပဲ။ 🔺 ဒါကြောင့်မို့ #တွယ်တာမှုတွေကိုလျှော့ချ၊ #လျှော့ချတဲ့အခါမှာ #သောကလည်းလျှော့ကျသွားပြီး #စိတ်နုလုံးအေးချမ်းစွာ #ဘ၀ခရီးကိုသွားနိုင်တယ်။ ★ ခြေမကိုင်မိ လက်မကိုင်မိ ဒုက္ခရောက်တယ် ဆိုတော့မှ "ကမ်းရှာတဲ့ ကျီးလို" လူတွေဟာ ကာမဂုဏ်အာရုံကြောမှာ မေ့မျောပြီးနေရာကနေ နောက်ဆုံးအချန် ရောက်ပြီဆိုတော့မှ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လို့ အားကိုးရာရှာရင် တွေ့မှာ မဟုတ်တော့ဘူးတဲ့။ ★ အဲဒီလို မဖြစ်ရလေအောင် ကြိုကြိုတင်တင် ဖြစ်မှုပျက်မှု သဘာ၀တရားတွေကို ရှုမြင်သုံးသပ်နိုင်မှ အသက်ရှည်လေ ပိုကောင်းလေ ဆိုတာဖြစ်မှာ။ ★ ဒါကြောင့်မို့လို #ဝိပဿနာကျင့်စဉ်တစ်ခုကို #ကျင့်ပြီးတော့ #ကိုယ့်ရဲ့ခန္ဓာကိုယ်ကို #ကိုယ်ရဲ့ဘ၀ကိုဆင်ခြင်သုံးသပ်ကြည့်တတ်ဖို့ လိုအပ်တယ်လို့ ဒီလိုဆိုတာ။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏🙏🙏 “အသက်ရှည်လေ ပိုကောင်းလေ" တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည်။ (သက္ကရာဇ်များကို ယခုလက်ရှိနှစ်အနေနဲ့ ပြောင်းလဲထားပါသည်။) Photo credit Ye Htet


via အလင်းရောင် ဓမ္မ https://ift.tt/2SKjH1M