Thursday, January 2, 2020

အစွဲမရှိသော စိတ် 🙏🙏🙏🙏🙏🙏 အစွဲမရှိသောစိတ်သည် ချမ်းသာ တယ်။ မိမိခန္ဓာကိုယ်ကိုလည်း မစွဲနဲ့။ သူတစ်ပါးခန္ဓာကိုယ်ကိုလည်း မစွဲနဲ့။ ခန္ဓာနဲ့ နီးစပ်သောအရာဝတ္ထုမှန်သမျှကို မစွဲနဲ့။ စွဲနေသမျှ ဝဋ်ဒုက္ခ မုချတွေ့မည် မှတ်။ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးမှာ စွဲလမ်းစရာတွေ မက်မောစရာတွေ တွေဝေစရာတွေ စိတ်ပမ်း ကိုယ်နွမ်းစရာတွေ တပုံတခေါင်းကြီးနော်။ ဒီအာရုံတွေကို မက်မောတွယ်တာ နေသူတိုင်း ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် နည်းနည်းစွဲ နည်းနည်းစိတ်ပင် ပန်းမယ်။ များများစွဲနေသမျှ မပြောနဲ့တော့။ ဒါကြောင့်မို့ မည်သည့်အရာမဆို မစွဲမိစေနဲ့။ စွဲလမ်းစရာတွေကြည့် ဝတ္ထုကာမအပေါ် တပ်မက် နှစ်သက်၊ တွယ်တာမက်မောမယ် ဆိုရင် ကိလေသာ ကာမတွေဖြစ်ပြီး သံသရာတလျှောက်လုံး အို နာ သေမဆုံး တရုန်းရုန်းနဲ့ အိုပွဲ နာပွဲ သေပွဲတွေနဲ့ရင်ဆိုင် ရပြီး မပြီးဆုံးသော သံသရာမှာ ကျင်လည် ကြရမယ်ဆိုတာ သဘောပေါက်ကြပါစေ။ မည်သည့်အရာဝတ္ထုကိုမှ မစွဲတဲ့နေ့သည် ဒုက္ခအဆုံးကို ရုန်းထွက်ပြီး အပါယ်တံခါး ပိတ်တဲ့နေ့ပါလားဟု ဆုံးဖြတ်လိုက်။ မည်သည့်ပုဂ္ဂိုလ်ကိုမှ မမေးနဲ့။ တရားအသိ ကိန်းလာတဲ့သူသည် မိမိကိုယ်ကို ကြည်ညိုတဲ့စိတ် အမြဲ ဖြစ်နေတယ်။ ကိလေသာဓါတ်တွေ ကွာနေတယ်။ ချုပ်ချုပ်နေတာ တွေ့မြင်နေရလို့ လောကမှာ မိမိကိုယ်ကိုမိမိ အကြည်ညိုဆုံးပုဂ္ဂိုလ်ဖြစ်နေ တယ်။ သင်သည်လည်း မိမိကိုယ်ကို အကြည်ညိုဆုံး အလေးစားဆုံး အမြတ်နိုးဆုံး ဖြစ်ပါစေ။ ------------------------------ မြောက်ဦးဆရာတော် 🙏🙏🙏🙏🙏🙏🙏 ပြန်လည်မျှဝေပါသည်။ credit :


via အလင်းရောင် ဓမ္မ https://ift.tt/2SGGqfg