Saturday, January 4, 2020

သရဏဂုံ{ ၃ }ပါး အကျိုး ****************** ဖတ်ကြည့်နော်… မိတ်ဆွေတို့… မိမိတို့ဘဝ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ဘုရား တရား သံဃာကို မမေ့ကြပါနှင့်။ ကျွန်ပ်သည် လွန်ခဲ့သော( ၇ )နှစ်က လည်ပင်းအလုံးတွေ့၍ ခွဲစိတ်ခဲ့ဘူးပါသည်။ ၆ဝ% ကင်ဆာဖြစ်နိုင်ကြောင်း ကြားသိချိန် တုန်လှုပ်စွာခံစားခဲ့ဘူးသည်။ မည်သူမှမပြောဘဲ တညလုံး ငိုကြွေးခဲ့ဘူးသည်။ ငါ သေသွားလျှင် ဆိုပြီး ကလေးများအကြောင်း တွေး၍ ရင်နင့်အောင် ခံစားခဲ့ဘူးသည်။ သမီးကြီးနဲ့အမျိုးသားက တနယ်မှာ တာဝန်ကျနေချိန်၊ လူမမယ်ကလေးနှစ်ယောက်နဲ့ နေရတဲ့အချိန်မှာ ရင်ဖွင့်ခံစားနိုင်သည့် အခွင့်အရေးမရှိ၍ တစ်ညလုံး ဘုရားစဉ်ရှေ့မှာ တွေဝေစွာ ကြောက်ရွံ့စွာ ကယောင်ကတမ်း ညလုံးပေါက် ထိုင်ခဲ့ဘူးပါသည်။ မိမိသိပြီး( ၆ )ရက်မြောက်မှာ ပထမဆုံး နယ်မှာရှိတဲ့အမျိုးသားကို အကြောင်းကြားခဲ့သည်။ ဆရာဝန်ပြောသလို ကင်ဆာ ၆၀%ဆိုတဲ့ကြောင်း ပြောပြီးနောက် ဘာလုပ်လဲဆိုတော့… ရွတ်နေကျ ဘုရားစာအများကြီးအနက် (သရဏဂုံ သုံးပါးကို အိပ်ချိန်မှလွဲ၍ ) စားတိုင်း တစ်လုပ်စား တစ်ကြိမ်ရွတ်မိ။ သောက်တိုင်း တစ်လုပ်သောက် တစ်ကြိမ်ရွတ်မိသည်။ ခြေလှမ်းတိုင်း တစ်လှမ်းတစ်ကြိမ် ရွတ်မိသည်။ ရေချိုးတိုင်း တစ်ခွက်လောင်း တစ်ကြိမ်ရွတ်မိသည်။ အဝတ်လျှော်လဲ လက်လှုပ်ရှားတိုင်း တစ်ကြိမ်ရွတ်မိသည် စသဖြင့် သေလူစာရင်းသွင်းပြီး ရွတ်မိပါသည်။ ခွဲစိတ်ခန်း ဝင်သည်ထိ မကြောက်မရွံ့ တုန်လှုပ်မှုမရှိ ဝင်နိုင်ခဲ့သည်။ ကံကြမ္မာသည် တစ်ခါတလေအကြောင်းကြီးငယ် တိုက်ဆိုင်တတ်သည်မှာ… ညနေ( ၄ )နာရီက ခွဲခန်းဝင်သည့် ကျွန်မသည် အရေးပေါ်လူနာများ ပေါ်ပေါက်လာ၍ ခွဲစိတ်ချိန် နောက်ဆုတ်ထားကြသည်။ ခွဲခန်းထဲဝင်နေတဲ့ ကျွန်မ ခွဲစိတ်ဆရာဝန်အလာကို ခွဲစိတ်ခန်း ဝတ်စုံကြီးနဲ့ အအေးခန်းထဲမှာ အံကြိတ်ပြီး သရဏံဂုံသုံးပါးရွတ်ကာ စောင့်ခဲ့ရပါတယ်။ အအေးကြောက်သော ကျွန်မ ကင်ဆာကြောင့်မသေခင် အအေးပတ်၍ တခုခုဖြစ်မှာ စိုးခဲ့မိတယ်။ သတိကြီးစွာ မကြောက်မရွံ့ နဲ့ ရွတ်ဖတ်ရင်း ည( ၁၁း၃ဝ )နာရီ မှ ခွဲခန်းထဲက ထွက်ခဲ့ရပါတယ်။ ခွဲစိတ်ချိန်က အတိအကျမမှတ်မိပေမဲ့ ခွဲစိတ်ခန်းထဲ ဝင်ချိန်နဲ့ ထွက်လာချိန်ကိုတော့ ဘယ်တော့မှ မမေ့ပါ။ ကြက်ဥလုံးလောက်ရှိတဲ့ ဝါဝါအလုံးကြီး ကျွန်မလည်ပင်းထဲက ရတယ်ဆိုတဲ့အကြောင်း သိခဲ့ရပါတယ်။ အောင်မြင်စွာခွဲစိတ်ပြီးခဲ့ပေမဲ့ ကင်ဆာဆိုတဲ့အသံကြောင့် မပျော်နိုင်ခဲ့ပါဘူး။ အချိန်တိုင်း ရွတ်ဖတ်ရတဲ့ အကျိုးကျေးဇူးကတော့ ခွဲစိတ်ပြီး နောက်တစ်လကြာမှာ ကင်ဆာမဟုတ်ဘူးဆိုတဲ့အကြောင်း သွေးလိုလျှင် သွေးလှူမည့်ဦးပဉ္ဇင်းသည် ရောဂါရှိကြောင်း ကံကောင်း၍ သွေးမသွင်းရကြောင်း၊ အခက်ခဲမရှိ ပျော်ရွှင်စွာ ယခုထိ မိသားစုနဲ့ တွေးမိတိုင်း တုန်လှုပ်ခဲ့သောအဖြစ်မှ ကျော်လွှားနိုင်ခဲ့ပါကြောင်း မိမိသည် သေလူဟု သတ်မှတ်ပြီး ရွတ်ခဲ့သည်ဖြစ်၍ ယနေ့ထိ ယုံကြည်စွာ ရွတ်ဖတ်ပူဇော်နေပါကြောင်း မိတ်ဆွေများလည်း… သွားရင်း၊လာရင်း၊စားသောက် အလုပ်လုပ်ကြရင်း အချိန်မကုန်သင့်ပါကြောင်း စိတ်ထဲက ဘုရား တရား သံဃာ အမြဲရှိနေသင့်ကြောင်း ပြောကြားလိုပါတယ်။ မိမိသည် သရဏဂုံ( ၃ )ပါး ရွတ်ဖတ်ခြင်းကြောင့် အသက်ဘေးမှ လွတ်မြောက်ရသည့်အပြင် တရားပွဲအလှူကို နှစ်စဉ်နှစ်တိုင်း လှူနိုင်ပါသည်။ ကိစ္စကြီးငယ် သတိမလွတ် ဘဝကို ရင်ဆိုင်နိုင်ပါသည်။ အခြားသော ပြောမကုန်နိုင်အောင် အံ့ဖွယ်ကိစ္စများလည်း ကြုံတွေ့ရပါသည်။ မိမိရဲ့သဒ္ဓါတရား ယုံကြည်မှုပေါ် မူတည်၍ အကျိုးပေးပါလိမ့်မည်။ ( ကျွန်ပ်ရဲ့ကိုယ်တွေ့ပါ ) မိတ်ဆွေများ ရွှင်လန်း ချမ်းမြေ့ပါစေ… (13.1.2018) Credit-Daw Than Hnit မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )


via အလင်းရောင် ဓမ္မ https://ift.tt/2QKt6nr