Saturday, January 4, 2020

🦋အဖော်🦋 ••••••••••••••• ကာမချစ်ခင် ပုထုဇဉ်ကား အပြင်နေ မိတ်အဖော်အဖြစ် လက်တွဲချိတ်မည်။ ဓမ္မဖွေရှာ အရိယာကား အတွင်းနေ မိတ်အဖော်အဖြစ် လက်တွဲချိတ်မည်သာ။ တောနေရဟန်းတစ်ပါး၏ တောတွင်းဝယ် တစ်ပါးထီးတည်း နေထိုင်ခြင်းသည် အဖော်လိုချင်သဖြင့် အဖော်မထားခြင်းပင်။ အတွင်းသတိ၏ အတွင်းရှိကို ဖော်ထုတ် ပြသပေးခြင်းကား ပြင်ပအဖော်မရှိမှသာ ပြင်ပအဖော်မရှိမှ မျက်စိဆိတ်ငြိမ် နားဆိတ်ငြိမ်ကာ ကိုယ်ဣနြေ္ဒရလာပါမည်။ မျက်စိဆိတ်ငြိမ် နားဆိတ်ငြိမ်သဖြင့် ကိုယ်ဣနြေ္ဒရမှလည်း စိတ်ဣနြေ္ဒရလာမည်။ ကိုယ့်ကိုယ်ကို နိုင်နင်းလာခြင်းသည် ထို"ကိုယ်ဣနြေ္ဒ" ကိုယ့်စိတ် ကိုယ်လိုရာထားနိုင်ခြင်း ဆိုသော ထို"စိတ်ဣနြေ္ဒ" နှစ်ထွေ ရှိက… မိမိအတွင်း မရှိသည်ကိုလည်း မရှိအတိုင်း အတည့်သိရတော့သည်သာ။ မိမိအတွင်း အရှိကိုလည်း အရှိအတိုင်းလျှင် အတည့်သိရတော့သည်သာ။ သတိက တွင်တွင်ဖော်ထုတ် အသိက တွင်တွင်သရုပ်ခွဲပြနေ သောကြောင့် ကာမချစ်ခင် ပုထုဇဉ်သည် ပြင်ပအဖော်မရှိသည်ကို ကြောက်လေ့ရှိ၏။ ဆိတ်ငြိမ်ခြင်း၏ဒဏ် ကိလေသာ မခံနိုင်ခြင်းတည်း။ ဓမ္မဖွေရှာ အရိယာကား ပြင်ပအဖော် ရှိနေသည်ကို ကြောက်လေ့ရှိ၏။ ဆူညံခြင်း၏ဒဏ် သတိက မခံနိုင်ခြင်းတည်း။ ခရီးသွားလာရာ၌ အဖော်ကို လူတိုင်းတောင့်တ၏။ သို့တစ်စေလည်း ထိုလူအားလုံး အပြင် အဖော်ကိုသာ အားကိုးလေ့ရှိပြီး အတွင်း အဖော်ကိုကား အားကိုးရကောင်းမှန်းပင် မသိတတ်ကြပြီ။ ဘာကြောင့်နည်း။ မိတ်နှင့်ရန်ကို ဉာဏ်ဖြင့် မခွဲခြားတတ်ကြသောကြောင့်တည်း။ ‌မဟာဗောဓိမြိုင်ဆရာတော်ဘုရား Credit မူရင်းရေးသားပူဇော်သူ


via အလင်းရောင် ဓမ္မ https://ift.tt/2QF19xm