အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, January 2, 2020
`အရည်အသွေးပါမှ စိတ်ချရတာ´ ⛲⛲⛲⛲⛲⛲⛲⛲⛲⛲ ❖ ဘုရားရှိခိုးတာမှာ တကယ် စိတ်ပါလက်ပါ စူးစူးစိုက်စိုက် ရှိခိုးမယ်ဆိုရင် `နမောတဿ´ဘုရားရှိခိုး တစ်ပုဒ်နဲ့တောင် အရည်အသွေးပါတယ်။ ❖ သရဏဂုံ (၃)ပါးနဲ့တောင် အားကိုးရလောက်တယ်။ ❖ လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှာလည်း စိတ်ပါလက်ပါ ကြိုးစားပြုလုပ် အားထုတ်ကြရမယ်။ ❖ ကိုယ့် အရည်အသွေးကို ကိုယ့်ဘာသာပဲ မြှင့်ရမှာ။ ❖ သူများက တင်ပေးတဲ့ အရည်အသွေးက အလကားပဲ။ ❖ ကိုယ်ဘာသာ ကိုယ်တင်တဲ့ အရှိန်အဝါကမှ တကယ့် အရှိန်အဝါဖြစ်တယ်။ ❖ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာကိုယ်၊ကိုယ့်စေတနာကောင်းနဲ့ ကိုယ်ဘာသာကိုယ်လုပ်နေရင် နည်းမှန်လမ်းမှန် သူ့အလိုလို အကျိုးပေးလိမ့်မယ်။ ❖ ဘာပဲလုပ်လုပ် လုပ်ရမယ့်အတူတူဆိုတော့ အရည်အသွေးပါအောင်ပဲ လုပ်ပါ။ ❖ လူမြင်ကောင်းရုံ ဟန်လေးနဲ့ လုပ်တာမျိုးမဖြစ်စေနဲ့၊ ဟန်ဆိုတာ တကယ့်အရေးကျရင် ဘာမှအားကိုးလို့ မဖြစ်ဘူး။ ❖`ဟန်ဆိုတာ အလကား´`အမှန်ကမှ တရား´ တဲ့။ ⛲(တိပိဋကယောဆရာတော်)⛲ Credit : Win Soe ⛲ဓမ္မဒါန ပူဇော်ပါသည်⛲ ⛲စိုးဝင်းကျော်(ယိုးဆနွင်း)⛲ Photo သုဝဏ္ဏလျံတောင်ဘုရား (ရှမ်းပြည်နယ်အရှေ့ပိုင်း)
via အလင်းရောင် ဓမ္မ https://ift.tt/2MIzKth
Newer Post
Older Post
Home