အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, January 1, 2020
တရားအားထုတ်နေသူ ယောဂီတိုင်းအတွက် ဆောင်ရန် ရှောင်ရန်များ ======================== တရားအားထုတ်တဲ့ ယောဂီသည် ၁။ စကားနည်းရမည်။ ၂။ အစားနည်းရမည်။ ၃။ အအိပ်နည်းရမည်။ ဆောင်ပုဒ် - စကား အစား အအိပ်များ နည်းပါးကြစေရာ။ ယောဂီသည် စကားကို တိုးတိုးဟြေရမည်။ စကား ကျယ်ကျယ်ဟြေခြင်းသည် ရိုင်းပြသော အမူအရာဖြစ်၏။ စကားတိုးတိုး ဟြေခြင်းသည် ယဉ်ကျေးသော အမူအရာဖြစ်၏။ စကားဟြေလျှင် သမာဓိ ခါးကျိုးတတ်သည်။ ခွေးသည် ခါးကျိုးလျှင် ဒရွတ်ဆွဲ နေတတ်သည်။ အဲဒီ ဥပမာအတိုင်းပဲ။ စကားဟြေသော ယောဂီသည် သမာဓိ မတက်ဘဲ သမာဓိ ခါးကျိုးနေ၏။ ဒါကြောင့် တရားအားထုတ်နေတဲ့ ယောဂီသည် စကားဟြေ ခြင်းကို ရှောင်ကျဉ်ရမည်။ စကားနှင့် သမာဓိသည် ရန်သူ ဖြစ်၏။ ဘာသိတေ သမ္ပဇာနကာရီ ဟောတိ- ဟု ဟောတော်မူ၏။ အစား နည်းရမည်။ ယောဂီသည် အစားအသောက် နည်းရမည်။ ညနေစာ ရှောင်ရမည်။ ဝအောင်စားလျှင် ထိနမိဒ္ဓ နှိပ်စက်တတ်သည်။ ဆွမ်းစားသည့်အခါ လေးငါးလုတ်ချန်၍ လျော့စားရ၏။ တန်ဆေး လွန်ဘေး ဆိုသည့်အတိုင်း အစားလွန်လျှင် ဘေးဖြစ်တတ်သည်။ အမှတ်နှင့်စားလျှင် ကုသိုလ်ရ၍ တရားတက်ပြီ။ အအိပ် နည်းရမည်။ ယောဂီသည် ညဉ့်သုံးယံ တစ်ယံသာ အိပ်ရမည်။ ယောဂီ (၄)မျိုးရှိ၏။ ၁။ တရား မထူး၊ အစားကြူ ၊ ဘီလူး ယောဂီခေါ်။ ၂။ တရား မတက်၊ စကားပွက်၊ ဇရက် ယောဂီ ခေါ်။ ၃။ တရား မပွား၊ အအိပ်များ၊ နဂါး ယောဂီ ခေါ်။ ၄။ တရားနှင့်ဝေး အိမ်ပြန်ပြေး စာကလေးယောဂီ ခေါ်တဲ့။ တရားအာထုတ်တဲ့ ယောဂီတစ်ဦးမှာ ပြည့်စုံရမည့် အင်္ဂါ(၅)ပါး ရှိ၏။ ၁။ ဧကော - အဖော်မပါ တစ်ကိုယ်တည်း တစ်ယောက် တည်း နေတတ်အောင် ကျင့်ခြင်း။ ၂။ ဝူပကဋ္ဌော - ဆိတ်ငြိမ်ရာသို့ ကပ်ရောက်၍ ကျင့်ခြင်း။ ၃။ အပ္ပမတ္တော - မမေ့မလျော့သော သတိရှိခြင်း။ ၄။ အာတာပီ - ကိလေသာတို့ကို လောင်မြိုက်တတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိခြင်း။ ၅။ ပဟိတတ္တော - ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ နိဗ္ဗာန်သို့ စေလွှတ်သည့် စိတ်ရှိခြင်း။ ဤအင်္ဂါ(၅)ပါးနှင့်အညီ ရှိသေလေးစားစွာ အားထုတ်လျှင် တရားထူး တရားမြတ်ကို လျှင်မြန်စွာ ရရှိနိုင်ပါသည်။ ဝိမုတ္တိ ပရိပါစနိယတတရား(၅)ပါးလို့ ခေါ်တဲ့ နိဗ္ဗာန်ကို လွယ်လွယ်ကူကူ နှင့် ရောက်နိုင်သော "သဒ္မါ ဝီရိယ သတိ သမာဓိ ပညာ"တရား(၅)ပါး ရှိ၏။ သဒ်မါတရား ၁။ သဒ္မါတရား မရှိတဲ့ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။ ၂။ သဒ္မါတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ သဒ္မါတရား ဖြစ်ပွားစေတတ်သော တရားတော်များကို နာယူ လေ့လာ မှတ်သာခြင်း။ ဤသို့ သဒ္မါတရားနှင့်စပ်၍ သုံးမျိုး။ ဝီရိယာတရား ၁။ ဝီရိယ မရှိ၊ ပျင်းရိတဲ့ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။ ၂။ ဝီရိယတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ ဝီရိယတရား ဖြစ်ပွားစေတတ်တဲ့ တရားတော်မျာကို နာယူ လေ့လာ မှတ်သားခြင်း။ ဤသို့ ဝီရိယနှင့်စပ်၍ သုံးမျိုး။ သတိတရား ၁။ သတိမေ့လျော့ ပေါ့ဆတဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။ ၂။ သတိတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ သတိတရား ဖြစ်ပွားစေတတ်တဲ့ တရားတော်မျာကို နာယူ လေ့လာ မှတ်သားခြင်း။ ဤသို့ သတိနှင့်စပ်၍ သုံးမျိုး။ သမာဓိတရား ၁။ သမာဓိမရှိဘဲ ဥဒ္ဓစ္စ စိတ်ပျံ့လွင့်သူကို ရှောင်ကြဉ်ခြင်း။ ၂။ သမာမိတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ သမာမိတရား ဖြစ်ပွားစေတတ်တဲ့ တရားတော်မျာကို နာယူ လေ့လာ မှတ်သားခြင်း။ ဤသို့ သမာဓိနှင့်စပ်၍ သုံးမျိုး။ ပညာတရား ၁။ ပညာမရှိတဲ့ ပုဂ္ဂိုလ်ကို ရှောက်ကြဉ်ခြင်း။ ၂။ ပညာတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံ မှီဝဲ ဆည်းကပ်ခြင်း။ ၃။ ပညာတရား ဖြစ်ပွားစေတတ်တဲ့ တရားတော်မျာကို နာယူ လေ့လာ မှတ်သားခြင်း။ ဤသို့ ပညာနှင့်စပ်၍ သုံးမျိုး။ တရားအားထုတ်သူ ယောဂီ၏ ထားရှိရမည့် အမူအရာ (၅)မျိုး ရှိ၏။ စက္ခုမာဿ ယထာ အန္ဓော သောတဝါ ဗဓိရော ယထာ။ ပညဝါဿ ယထာ မူဂေါ ဗလဝါ ဒုဗ္ဗလောရိဝ။ အထ အတ်ထေ သမုပ်ပန်နေ. သယထေ မတသာယိကံ။ (ထေရ-ဋ္ဌ-၂-၁၄၈) ၁။ ယောဂီသည် မိမိ၏ မျက်စိကို ကန်းသူကဲ့သို့ ကျင့်သုံးရမည်။ ၂။ ယောဂီသည် မိမိ၏ နားကို နားထိုင်းသူကဲ့သို့ ကျင့်ရမည်။ ၃။ ယောဂီသည် မိမိတတ်သိသော ပညာကို လူ-အ ကဲ့သို့ ကျင့်သုံးရမည်။ ၄။ မိမိ၏ ခန္ဓာကိုယ် အမူအရာကို အားမရှိသူ လူမမာကဲ့သို့ ကျင့်သုံးရမည်။ ၅။ မိမိ၏ ကိုယ်ကို လူသေကဲ့သို့ မှတ်ယူကျင့်သုံးရမည်။ လူမမာနှင့် တူစွာကျင့် ပြုကျင့် ကိုယ်အမူအရာ။ လူမမာနှင့် တူစွာကျင့် ပြုကျင့် နှုတ်အမူအရာ။ လူမမာနှင့် တူစွာကျင့် ပြုကျင့် စိတ်အမူအရာ။ ကူမဲဆရာတော်(နတ်စမ်းတောရ) မော်လမြိုင် ဖားအောက်တောရ ရိပ်သာကြီး၏ ဩဝါဒစရိယ နာယက ဆရာတော် ရေးသားသော"ယောဂီ၏ ဆောင်ရန်နှင့် ရှောင်ရန်" ကျမ်းစာမှ ကောက်နှုတ်ပူဇော်ပါသည်။ မိတ်ဆွေများ အားလုံး ကျန်းမာ ချမ်းသာ၍ တရားကောင်းကျိုး အဖြာဖြာတို့ဖြင့် ပြည့်စုံပါစေ။ မေတ္တာဖြင့် ဓမ္မ page... Credit / ဓမ္မဒါနကုသိုလ်ပြုပြန်လည်မျှဝေသူ(Su Myat)
via အလင်းရောင် ဓမ္မ https://ift.tt/2SJWU6e
Newer Post
Older Post
Home