အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, January 4, 2020
အပါယ်ဘုံမှနေ၍ လူ့ဘုံသို့ ရောက်ရန်ခဲယဉ်းပုံ ။ ________________________ ➡ကာဏကစ္ဆပေါပမသုတ်ကား ရဟန်းတို့ကို ခေါ်တော်မူ၍ ချစ်သားရဟန်းတို့ မဟာသမုဒ္ဒရာ၌ မျက်စိနှစ်ဖက်အစုံပျက်သော လိပ်ငယ် တစ်ကောင်သည် ရှိရာ၏။ ➡မဟာသမုဒ္ဒရာ ရေအတွင်း၌သာ ရောက်မိရောက်ရာ သွား၍နေ၏။ အနှစ်တစ်ရာမှ တစ်ခါ အနှစ်တစ်ထောင်မှ တစ်ခါ ရေပေါ်သို့ ပေါ်လာ၏။ ➡ထိုမဟာသမုဒ္ဒရာ၌ပင်လျှင် အပေါက်တစ်ခုသာ ရှိသော ထမ်းပိုးငယ်တစ်ခုသည် ရှိရာ၏။ ➡လေဆောင်ရာ လှိုင်းဆောင်ရာ လေးမျက်နှာ ရှစ်မျက်နှာ မျောပါလွင့်ပါ၍ နေ၏။ ➡အနှစ်တစ်ရာ နှစ်တစ်ထောင်မှ တစ်ခါသာ ပေါ်သော လိပ်ငယ်၏ ဦးခေါင်းသို့ ထိုထမ်းပိုးငယ် အပေါက်၌ စွပ်မိနိုင်ရာသော အခွင့်သည် ရှိရာ၏လော .. ဟု မေးတော်မူ၏။ စွပ်မိနိုင်ရာသော အခွင့်မရှိပါ။ သို့သော်လည်း ကပ်ကမ္ဘာမည်သည် အလွန်ရှည်ကြာလှသည်ဖြစ်၍ ➡လိပ်ငယ်လည်း မသေမပျောက်ပါမူကား ➡ထမ်းပိုးပေါက်လည်း မပုပ်မဆွေးပါမူကား တစ်ရံတစ်ခါ စွပ်မိနိုင်ရာသော အခွင့်ရှိပါ၏ဟု လျှောက်ထား၏။ ➡ ချစ်သားတို့ လိပ်ကန်း ထမ်းပိုးစွပ်မိရာသော အခွင့်သည် အလွန်လွယ်လှသေး၏။ ➡ဤသုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်လေသော သူ၏ ဤသုဂတိဘုံသို့ တစ်ဖန်ပြန်ပေါ်လာရန် အခွင့်သည် ထိုထက်အဆ အရာမက အဆအထောင်မက ခဲယဉ်းလှ၏။ ➡အဘယ်ကြောင့်နည်းဆိုသော တရားကိုကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုကို ပြုခြင်းဟူသော သုစရိုက်မှုမျိုးဟူ၍ အပါယ်ဘုံ၌မရှိ။ နိုင်ရာနိုင်ရာ သတ်ဖြတ်ညဉ်းဆဲ၍ စားသောက်ခြင်း အစရှိသော ဒုစရိုက်မှုတို့သည် အပါယ်ဘုံ၌ရှိ၏။ ကုသိုလ်မှန်း အကုသိုလ်မှန်း မသိကြ။ ➡အသက်ရှည်သမျှ ကာလပတ်လုံး ဒုစရိုက်မှု ၊ ဒုက္ခမှုတ်ို့နှင့်သာ နေကြရကုန်၏။ ➡ထို့ကြောင့် တစ်ဘဝထက် ➡တစ်ဘဝ မြှုပ်၍ မြှုပ်၍သာလျှင် သွားကြကုန်၏။ ထို့ကြောင့် ထိုလိပ်ကန်း ထမ်းပိုးစွပ်မိမှုထက်➡ ဤသုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ် ကျရောက်လေသော သူ၏ ဤသုဂတိဘုံသို့ ပြန်လာရန် အခွင့်သည် အဆအရာမက အဆအထောင်မက ခဲယဉ်းလှ၏ဟု ဟောတော်မူသော ဒေသနာသည် ကာဏကစ္ဆပေါပမ သုတ်မည်၏။ __________________ ➡ဤသုတ်၌ကား အပါယ်ဘုံမှာ တစ်ဘဝထက် တစ်ဘဝ ဝန်လေး၍ ဝန်လေး၍သွားသော ➡အကုသိုလ် အသစ်အသစ်တို့အတွက်နှင့် တစ်ဘဝထက် တစ်ဘဝ မြုပ်၍ မြုပ်၍သာ သွားသဖြင့် သုဂတိဘုံသို့ တစ်ဖန် ပြန်လာခွင့် ခဲယဉ်းမှုက်ို ဟောတော်မူသည်။ ➡အဋ္ဌကထာကြီးတို့၌ကား အနမတဂ္ဂသံသရာ၌ ကျင်လည်၍နေကြကုန်သော သတ္တဝါအပေါင်းတို့အား ➡သူတော်ကောင်းတရားနှင့် ပြည့်စုံစွာ ဖြစ်ရသော ဘဝသည် အလွန်နည်းပါးလှ၏။ ဘဝတစ်သောင်း ဘဝတစ်သိန်းမှာ တစ်ခါတစ်ခါ မကြုံကြိုက်ရ။ ➡တစ်ဘဝလုံး တစ်ဘဝလုံး ဒိဋ္ဌိအမိုက်အမှားတို့နှင့် ကုန်ခဲ့ရသော ဘဝတွေသာ များလှ၏။ တစ်ဘဝ၊ တစ်ဘဝတွင်ပင် ဒိဋ္ဌိဒုစရိုက် အမိုက်ကံပေါင်း အနန္တ အနန္တ ဖြစ်ပွားကြ၏။ သေသည်၏ အခြားမဲ့၌ကား တစ်ကံ တစ်ကံသည် သာ အကျိုးပေးခွင့်ရ၏။ ➡ဘဝတိုင်း ဘဝတိုင်းတို့က ကျန်ရှိသော ဒိဋ္ဌ်ိဒုစရိုက် ကံဟောင်းတို့သည် မိမိတို့ အကျိုးပေးခွင့် မရသေးသမျှ ကာလပတ်လုံး အနမတဂ္ဂသံသရာ၌ သတ္တဝါတို့ သန္တာန်မှာ ဖြစ်လေရာရာ အစဉ်လိုက်ပါ၍ နေကြကုန်၏။ ➡အပါယ်ဘုံတို့မည်သည် အကုသိုလ်တို့၏ ဌာနပေတည်း။ ➡အပါယ်ဘုံသို့ တစ်ကြိမ်ကျလေသည် ရှိသော် ထိုကံဟောင်းတို့သည် ကောင်းကောင်းကြီး အခွင့် ရကြကုန်၏။ တစ်ကံလျှင် တစ်ဘဝ တစ်ကံလျှင်တစ်ဘဝ ဆက်ခါ ဆက်ခါ ပေးခွင့်ရကြကုန်၏။ ထိုကံဟောင်းတို့ အတွက်နှင့် တစ်ဘဝထက် တစ်ဘဝ မြှုပ်၍ မြှုပ်၍သွားသဖြင့် မဟာအဝီစိသ်ို့ ဆိုက်လေ၏။ မဟာအဝီစိအောက်မှ ငရဲဘုံဟူ၍ မရှိသောကြောင့် မဟာအဝီစိမှာ စုမိကြ၏။ ဤကဲ့သို့ တစ်ခုသောကံငယ်နှင့် အပါယ်သ်ို့ကျလေရာ ရှေ့ကံဟောင်းတွေ ဆက်လက်မှုကြောင့် မဟာအဝီစိ တိုင်အောင်မြုပ်လေ၍ မဟာအဝီစိမှာ ထပ်ခါထပ်ခါ ဖြစ်၍နေရသဖြင့် ကမ္ဘာပျက်မှပင် အဝီစိမှ ကျွတ်လွတ်နိုင်ကြမည့် သတ္တဝါအပေါင်းတို့သည် ယခုအခါ မဟာအဝစိငရဲမှာ အသင်္ချယျ အနန္တရှိကြကုန်၏ ဟူ၍ ဖွင့်ဆိုကြကုန်၏။ _____________________ ➡ဤအဋ္ဌကထာကြီး၌ကား သုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်လေသော သူ၏ ရှေးရှေးသော အကုသိုလ် ကံဟောင်းတွေ အတွက်နှင့် တစ်ဘဝထက် တစ်ဘဝ မြှုပ်၍ မြှုပ်၍သာ သွားကြသဖြင့် သုဂတိဘုံသို့_တစ်ဖန်ပြန်ခွင့်_ခဲယဉ်းမှုကို ဖွင့်ဆိုကြကုန်၏။ ➡ ပထမသုတ္တန်၌ တစ်နေ့ တစ်နေ့လျှင် အပါယ်ဘုံ၌ ပဋိသန္ဓေတည်နေကြသူ အသင်္ချေယျ အနန္တ များပြား လှသည်ကို ပြတော်မူ၏။ ➡ ဒုတိယသုတ္တန်၌ သုဂတိဘုံမှ အပါယ်ဘုံသ်ို့ တစ်ကြိမ်ကျရောက်ခဲ့လျှင် အပါယ်ဘုံမှာ အဆင့်ဆင့် ဖြစ်ပွား၍သွားသော အကုသိုလ်ကံသစ်တို့အတွက် သုဂတိဘုံသ်ို့ တစ်ဖြန်ပြန်ရောက်ခွင့် ခဲယဉ်းသည်က်ို ုပြတော်မူ၏။ ➡ အဋ္ဌကထာကြီးတို့၌ကား ရှေးရှေးသော ဘဝအဆက်ဆက်တို့က အစဉ်ပါရှိ၍နေကြသော ကံဟောင်းတို့အတွက် သုဂတိဘုံသို့ တစ်ဖန်ပြန်ရခွင့် ခဲယဉ်းမှုကို ပြတော်မူ၏။ ➡ အလုံးစုံသော ပါဠိ အဋ္ဌကထာ ဋီကာသုံးရပ်ကို စပ်ဟပ်နှီးနှော၍ ပြောဆိုလိုသော် ... အပါယ်ဘုံမည်သည် ... ဝင်ပေါက်သာရှိ၏။ ထွက်ပေါက်မရှိ ကျပေါက်သာရှိ၏ တက်ပေါက်မရှိ မြုပ်ပေါက်သာရှိ၏ ပေါ်ပေါက်မရှိ စုန်ပေါက်သာရှိ၏ ဆန်ပေါက်မရှိဟု ဆိုထိုက်၏။ ဤနည်းကို အတိတ် အနာဂတ် အနမတဂ္ဂသံသရာ တစ်ခွင်လုံး အနန္တလုံး မြော်မြင်ကြလေ။ လယ်တီဆရာတော်ဘုရားကြီး ။ Credit ___ ဓမ္မဒါန မျှဝေပူဇော်ပါသည် ။ T T• ကိုအေး..ပြန်လည်မျှဝေပါသည် Credit
via အလင်းရောင် ဓမ္မ https://ift.tt/2Qms0PE
Newer Post
Older Post
Home