အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 29, 2019
နောက်ဆုံးအချိန်ရောက်လာပြီဆိုတဲ့အခါမှာ ရောဂါတွေ ဖြစ်လာပါပြီတဲ့။ တကယ့်ကို ရောဂါတွေ ဖြစ်လာပြီ။ ဆေးရုံဆေးခန်းရောက်လို့ မသက်သာတဲ့ ရောဂါဝေဒနာ တစ်ခုကို ခံစားရပါပြီ။ ဆွေတွေမျိုးတွေက အဲဒီအချိန်ကျတော့ ဘာလေးလုပ်ကြတုန်းဆိုတော့ ဘုန်းကြီး ပင့်ပြီးတော့ ပရိတ်ရွတ်ပေးတာတို့၊ သင်္ကန်းလေး လှူခိုင်းတာတို့၊ ကဲ သူ အဲဒီအချိန်မှာ စဉ်းစားကြည့်လိုက် လို့ရှိရင် သူကိုယ်တိုင်ကိုက ရောဂါကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ ပရိတ်ရွတ်ပေး လည်း သူ့စိတ်ထဲက စိတ်ချမ်းသာမှု ရချင်မှ ရမယ်နော်။ သင်္ကန်းလေး လှူခိူင်းလို့ လှူတာ သူ စိတ်ချမ်းသာမှု ရချင်မှ ရမယ်။ အဲဒီတော့ ဒါ မလုပ်ရဘူး မဟုတ်ဘူး။ လုပ်ရမယ်။ သို့သော် အဲဒီထက် ပိုပြီးတော့ ကိုယိ့ကိုယ်ကို သတိထားဖို့က ပိုအရေးကြီး တယ်ပေါ့။ ဆိုလိုတာက သူများအလှည့်ကျ တော့ ကိုယ်က လုပ်ပေးတယ်။ ကိုယ့်အလှည့် ကျတော့ ဘာလိုအပ်သလဲ။ ဆိုလိုတာက လုပ်မယ့်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ငါဟာ ဓမ္မကို အဖော်ပြုပြီးတော့ နေမယ်လို့ ဘုန်းကြီးတို့တွေ ကြိုတင်ပြီးတော့ လုပ်သင့် တယ်။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ Posted by Words of Buddha credit…
via အလင်းရောင် ဓမ္မ https://ift.tt/2ZzYMjf
Newer Post
Older Post
Home