အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 29, 2019
လောဘဆိုတာ... တရားတာ မတရားတာ မသိဘူးဗျ။ သူက ရဖို့ပဲသိတာ။ လောဘက ယူသင့်တယ်။ မယူသင့်တယ် မသိဘူး။ မရရတဲ့နည်းနဲ့ ယူမှာပဲ။ အဲ့တော့ လောဘမပါဘဲနဲ့ တို့သတိလေးနဲ့ လောဘ အဝင်မခံနဲ့။ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရတာ မရတာ တို့အလုပ်မဟုတ်ဘူး။ ကံက တာဝန်ယူလိမ့်မယ်။ တို့ ဘယ်ဟာလုပ်လုပ် လောဘစိတ်မပါပဲ ကြိုးစားတဲ့ပုဂ္ဂိုလ်သည် ရေထဲသွားတဲ့ ခြေရာလိုပဲ။ ထောက်တုန်းတော့ ရှိမှာပေါ့။ နှုတ်တော့ ရှိသေးလား။ အဲလိုကျင့်။ လွယ်လွယ်လေးဥစ္စာ အစွဲမကျန်ရစ်ရဘူးလေ။ လောဘပါရင်တော့ စွဲမှာပဲလေ။ လောဘ ဒေါသမပါပဲနဲ့ သတိလေးနဲ့ ကိုယ်လုပ်ချင်တဲ့ဟာကို လုပ်လို့ရှိရင် ရေထဲသွားတဲ့ ခြေရာလိုပဲဗျာ။ မစွဲပါဘူးဗျာ။ ( မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး )
via အလင်းရောင် ဓမ္မ https://ift.tt/3563y9x
Newer Post
Older Post
Home