Thursday, September 12, 2019

မကောင်းမှု အကျိုးမပေးသရွေ့ လူမိုက်​ဟာ မကောင်းမှုကို ပျားရည်​လို့ မှတ်​ထင်​နေတယ်​ ကိုယ့်​ကိုယ်​ကို လည်​လှပြီ ၊ နပ်​လှပြီ ထင်​ပြီးတော့ ဒီခေတ်​မှာ မကောင်းမှုကို လွန်​ကျူး မကောင်းမှုဟာ အကျိုးပေးပြီလည်းဆိုရော လူမိုက်​ဟာ ဒုက္ခပြီး ဒုက္ခ တွေ့ကျရတော့တာ ၊ မကောင်းမှု အကြီးကြီးတွေလုပ်​မှ ဒုက္ခအကြီးကြီးတွေရအောင်​ လုပ်​နိုင်​တဲ့အတွက်​ ရန်​သူ ဖြစ်​နိုင်​သေးတာ မဟုတ်​ဘူး။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ဖြစ်​သလို နေအုန်းမယ်​ဆိုရင်​ လည်းပဲ ကိုယ့်​အကျိုးမဲ့ကို ကိုယ်​ကိုယ်​တိုင်​ပဲ ဖန်​တီးနေတာ ဖြစ်​တဲ့အတွက်​ကြောင့်​ ကိုယ်​ဟာ ကိုယ့်​ရန်​သူဖြစ်​နေဆဲပဲ။ သစ္စာရွှေစည်​ဆရာတော်​ဘုရားကြီး ဟောကြားတော်​မူအပ်​သော တရားတော်​မှ ကောက်​နုတ်​ရေးသားပါသည်​ ♨Kyaw Min Tun { Dhamma Darna}

via အလင်းရောင် ဓမ္မ https://ift.tt/2HZpL0c

❝ မေတ္တာထားသူကို ❞ တန်ဖိုးထားပေးပါ.. 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 သင့်​ဘ၀မှာ စစ်​မှန်​တဲ့ ​မေတ္တာတရားရှိသူနဲ့သာ ​တွေ့ဆုံခဲ့မယ်​ ဆိုရင်​ တန်​ဖိုးထား​ပေးပါ။ ဖြူစင်​ရိုးသားစွာဖြင့်​ သင့်​အ​ပေါ်နှစ်​လိုစွာ ယုံကြည်​မြတ်​နိုး ​ပေးဆပ်​​နေသူကိုလည်း တန်​ဖိုးထား​ပေးပါ ။ ရိုးသားတဲ့အေး​ဆေးသူနဲ့ ​တွေ့ဆုံခဲ့ရင်​လည်း အခွင့်​အ​ရေး မယူမိပါ​စေနဲ့ .... နားလည်​တတ်​သိသူနဲ့ ကြုံခဲ့ရရင်​လည်း ​ကောင်းစွာ နာယူမှတ်​သား​ပေးပါ ။ မွန်​မြတ်​​သော စိတ်​ထားရှိသူကိုလည်း အားကျအတုယူလိုက်ပါ အမှားများ​နေသူကိုလည်း သူ့​နေရာမှာ ငါ" သာဆိုရင်​ ဆိုတဲ့ အ​တွေး​လေးနဲ့ .... ထိန်း​ကျောင်းပဲ့ပြင်​ရင်း လက်​တွဲ​ခေါ်ယူပါ ။ ဘ၀​တွေက တသမတ်​တည်း မရှိပါဘူး အချိန်​နဲ့အမျှ ​ပြောင်းလဲ​နေတာပါ အပြောင်းအလဲများစွာထဲမှာမှ ရေစက်​​တွေ​ကြောင့်​ ​တွေ့ကြ ဆုံကြရတာ အချိန်​ခဏ​လေးပါ။ တန်ဖိုးရှိသူတွေကို ဘယ်​​တော့မှ ဘယ်​​သောအခါမှ နာကျင်​ခံခက်​စွာဖြင့်​ အဆုံးရှုံူးမခံရပါ​စေနဲ့.... ဘ၀ဆိုတာ တိုတို​လေးပါ ဘာမှမကြာ ခဏသာ .. ဆုံဆည်းကြရတဲ့ အခိုက်​အတန့်​မှာ မေတ္တာ​လေး​တွေ ​ပေး​ဝေလို့ ​အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့.. မေတ္တာဖြင့်.. အရှင်နန္ဒိယ ( သာကီနွယ် ) 11-9-2019

via အလင်းရောင် ဓမ္မ https://ift.tt/2NXC94Q

Wednesday, September 11, 2019

"ဥပက္ခာရဲ့သဘောတရား" ******************* (ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ) ဥပေက္ခာရဲ့ သဘောတရားကို လူတွေက အဓိပ္ပါယ်ကောက် လွဲနေတယ်။ မခေါ် မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို့  ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်း သာတယ်၊ ကရုဏာထက်လည်း သာတယ်။ ဥပေက္ခာဆိုတဲ့  သဘောတရားက... လူဆိုတာ သူ့ ကံနဲ့ သူဖြစ်တာ။ ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့ ။ ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့အကူအညီပေးရင်လည်း အော် ဒီကောင်က တော်တယ်၊ ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ် ဆိုပြီးတော့လည်း ၀မ်းမသာဘူး၊ ဆိုလိုတာက စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့  ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ ခေါ်တယ်။ စိတ်ဓာတ် အလွန်တည်ငြိမ်တယ်။ စိတ်ဓါတ် တည်ငြိမ်ပြီး လူကို လျစ်လျူမရှုဘူး၊ လူ့ ရဲ့  အပြုအမူကိုသာ လျစ်လျူရှုပြီး လုပ်သင့်တာလုပ်တယ်။ ဆိုပါစို့  လူတစ်ယောက် အကူအညီလိုနေတယ်။ ဒုက္ခရောက်နေတယ်။ သို့ သော် သူကဆဲပြီးတော့ ခိုင်းတယ် စိတ်မဆိုးဘူး။ လုပ်ပေးတယ်။ တစ်ယောက်က ချော့ပြီးတော့ ခိုင်းတယ်။ ၀မ်းမသာဘူး လုပ်ပေးတယ်။ အဲဒါ ဥပေက္ခာ။ ၀မ်းသာတယ်တို့  စိတ်ဆိုးနေတယ်တို့ ဆိုတာက စိတ်မှာ တည်ငြိမ်မှု မရှိတာကို ပြတယ်။ တည်ငြိမ်မှုမရှိတဲ့ သဘောကို ပြနေတာ။ အခု လူတွေက ဘယ်လို အဓိပ္ပါယ် ကောက်လဲ ဆိုလို့ ရှိရင်တော့ ဥပေက္ခာဆိုတာ အေး ကိုယ်နဲ့ မတည့်တဲ့သူ ဒီကောင် မခေါ်မပြောဘဲ နေလိုက်တယ်၊ ဥပေက္ခာပြုထားတယ် မခေါ်မပြောဘူး၊ စကားလည်းမပြောဘူး၊ သူ့ ဘာမှ မလုပ်ဘူး၊ အဲဒါ ဥပေက္ခာ။ ဒီလို မဟုတ်ဘူး၊ အဲဒီ ဥပေက္ခာက တစ်မျိုး။ ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။ မွန်မြတ်တဲ့ ဥပေက္ခာဆိုတာ တစ်ဖက်သား လုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊ လုပ်သင့်တာလုပ်တယ်၊ ဒါမှ တကယ့် ဥပေက္ခာ။ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်။ ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်။ လုပ်သင့်တာကို လုပ်ပေးတယ်။ စိတ်ဓါတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်။ ဒါမှ တကယ့် ဥပေက္ခာ ပါ။ 🇲🇲အညာသားစွယ်စုံကျမ်း ပခုက္ကူ

via အလင်းရောင် ဓမ္မ https://ift.tt/2ZMHD8P

စိတ်ကောင်းထားပါ စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ် ဘာမှမပိုင်ရင်တောင် ဒီတစ်ခုကိုတော့ ပိုင်အောင် လုပ်သင့်ပါတယ်။ ​ဒေါသနဲ့ ဝေးဝေးနေပါ ဒေါသက နာကျင် မှုတွေပေးလို့ပါ သင့် ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုရောပေါ့ ၁ မိနစ် ဒေါသထွက်ရတိုင်း စက္ကန့် ၆ဝ စာ ပျှော်ရွှင်မှုတွေဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။ ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင်လည်း ကိုယ်ကဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို နားလည်လိုက်ပါ။ • မိသားစုဝင်တွေအပေါ် သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်။ • တခြားသူတွေအပေါ် သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်..။ • ကိုယ့်ကိုယ်ကိုသည်းခံနိုင် ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု ရှိတာကို ​ဖော်ညွှန်းတယ်။ • အခြေအနေတွေကို အလိုက်သင့် သည်းခံခြင်းဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းကို ဖော်ညွှန်းတယ်။ အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့. မျက်ရည်တွေပဲ ကျလာရင် ကိုယ်ပဲ ဝမ်းနည်းရမယ်လေ... အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့. စိုးရိမ်ကြောက်ရွံ့မှုတွေ အားငယ်မှုတွေက သင့်ကိုနှိပ်စက်လာလိမ့်မယ်။ ပစ္စုပ္ပန် လက်ရှိအချိန်မှာ အကောင်းဆုံးစိတ်ထား အကောင်းဆုံးအလုပ်တွေနဲ့ နေထိုင်ပါ. ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ် ဒါက လက်ဆောင်မွန် ဖြစ်လာပါလိမ့်မယ်။ ဘဝရဲ့ စမ်းသပ်ချက်တိုင်းကပိုမိုကောင်းမွန်လာစေသလို ပိုပြီးခါးသီးသွားစေနိုင်တာလည်း ရှိတတ်တာကို မေ့မထားပါနဲ့ ... ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ အတွေ့အကြုံကောင်းကို တည်ဆောက်ပေးနိုင်သလို အမှားအဖြစ်လည်း သင့်ကိုချိုးဖျက်နိုင်ပါတယ်။ ဒူးထောက်မလား ဆက်လျှောက်မလား ဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ် လှသောတဲ့အရာတိုင်းဟာ အမြဲတမ်း မကောင်းနိုင်ပေမယ့် ကောင်းတဲ့အရာတိုင်းကတော့အမြဲတမ်းလှနေပါတယ် ပြောရရင် လှတာထက် ကောင်းတာကို ဦးစားပေးဖို့ပါ။ ပျော်ရွှင်မှုဟာ သင့်ကိုချစ်ဖွယ်သော အရာတွေကို ယူဆောင်ပေးတယ်။ ဒါကြောင့် အမြဲပျော်ရွှင်နေရအောင် တတ်နိုင်သမျှ ကြိုးစားသင့်တယ် အနည်းဆုံးတော့ပြုံးလိုက်ပါ ။ ဆရာ​တော်​ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) 🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2LsvOwz

အသုဘဘာဝနာ ခန္ဓာ့သဘော၊ဥာဏ်ဖြင့်နှော စစ်ကြောကြသူငါ။ အရိုးအကြော၊အသားရော၊ ပုပ်သောဤခန္ဓာ။ အရေထူပါး၊အုပ်၍ထား၊ မှောက်မှားဥာဏ်ပညာ။ နီရဲသွေးဓာတ်၊မြဲမပြတ်၊ လှည့်ပတ်နေသည်သာ။ အရေဆုတ်မြွေ၊တွန့်ခေါက်ခွေ၊ တည်နေသည့်ပမာ။ အူသိမ်အူမ၊တည်နေကြ၊ လွန်စွာ့ရွံဖွယ်ရာ။ စားဖွယ်ထိုထို၊စားသောက်မျို၊ ဤကိုယ်တည်ဖို့ရာ။ ခွေးအန်ဖတ်နှယ်၊ရောင်စုံခြယ်၊ ရွံဖွယ်အတွင်းမှာ။ အစာသစ်ဟောင်း၊အမြဲပြောင်း၊ လမ်းကြောင်းဒီတိုင်းသာ။ ပုပ်နံ့ညှီလှောင်း၊အစာဟောင်း၊ မကောင်းရွံစရာ။ ရွံဖွယ်မစင်၊ဤဝမ်းတွင်၊မြဲပင်ရှိနေတာ။ လူတစ်ကိုယ်လုံး၊ညစ်ကြေးတုံး၊ ရွံမုန်းကြောက်စရာ။ သို့ပါသော်လည်း၊ဥာဏ်မြင်နဲ၊ ကြိုက်စွဲလူ့ဗာလာ။ ကြိုက်၍စွဲ၍၊ဒုက္ခတွေ့၊ဖြစ်လေ့ဓမ္မတာ။ ကြိုက်စွဲမူးယစ်၊အမှားဖြစ်၊ မွန်းနစ်အပါယ်ရွာ။ သို့မဖြစ်အောင်၊သတိဆောင်၊ ဥာဏ်ရောင်လင်းစေရာ။ အမှန်သိမှ၊သည်လောဘ၊ ကင်းပကြမည်သာ။ လောဘကင်းမှ၊ဝဋ်ဒုက္ခ၊ မုချလွတ်မြောက်မှာ။ သတိဆင်ခြင်၊ဥာဏ်သက်ဝင်၊ လျင်လျင်ကြိုးစားရာ။ ခန္ဓာသဘော၊ဥာဏ်ဖြင့်နှော၊ စစ်ကြောကြသူငါ။ သစ္စာရွှေစည်ဆရာတော်

via အလင်းရောင် ဓမ္မ https://ift.tt/2NX3Zho

သူတော်ကောင်းတရားကသာ ကောင်းကျိုးချမ်းသာပေးနိုင် 🙏🙏🙏🙏🙏🙏🙏🙏 ဘဝ ဆိုတာ သူများဘဝကိုကြည့်ပြီး အားကျနေဖို့ထက် မိမိဘဝကို အေးချမ်းစွာ နေတတ်ဖို့က ပိုအရေးကြီးတယ်။ 'အားကျတယ်'ဆိုတာ ကိုယ့်ရဲ့တဖက်သတ် အမြင်ပေါ်မှာသာ ရှိနေတာမို့လေ။ ဟိုတယ်ကြီး,…,…ကို ပိုင်နေပေမယ့် ကားကောင်းကြီး,…,…စီးနေပေမယ့် အိမ်ကြီးအိမ်ကောင်းမှာ,…,နေနေနရုံနဲ့ တဖက်လူ စိတ်ချမ်းသာမှုကို မြင်နိုင်တာ မဟုတ်ပါဘူး.. မမြင်ကွယ်ရာမှာ မရေတွက်နိုင်တဲ့အကြွေးတွေရှိနေပြီး လစဉ် ဘဏ်တိုးပေးဖို့ရင်ထဲပူလောင်နေသူ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ကိုယ်မသိနိုင်ဘူးလေ။ ဒါကြောင့် သူတပါးရဲ့အတွင်းကိုမသိပဲ အပြင်ကိုကြည့်ပြီး အားကျနေလို့ မဖြစ်ပါဘူး။ ဘုရားရှင်က ဘဝ မှန်သမျှကို မချီးမွမ်းတဲ့အတွက် ဘယ်ဘဝကိုမှ အားမကျလိုက်ပါနဲ့ တကယ်အားကျရမယ့်အရာ တစ်ခုတော့ရှိပါတယ်။ အသက်ရှင်နေစဉ် ခဏမှာ သူတော်ကောင်းတရား ကြိုးစား ဖြည့်ဆည်းနေသူတွေကိုတော့ အားကျအတုယူသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတော်ကောင်းတရားကသာ ကောင်းကျိုးချမ်းသာအစစ်မှန်ကို ပေးစွမ်းနိုင်လို့ပါ ။ မေတ္တာဖြင့် နန်း သီရိ ဇော်။

via အလင်းရောင် ဓမ္မ https://ift.tt/2Ltg2kM

ငါဆိုတာ အချိန်တန်ရင် ပျောက်ကွယ်သွားမှာပဲလေ

via အလင်းရောင် ဓမ္မ https://ift.tt/2NXGiWc

စိတ်ညစ်တဲ့အခါ -------------- “စိတ်ညစ်ရင်ဘာလုပ်လဲ”လို့ တစ်ယောက်ယောက်က ဘုန်းဘုန်းကို မေးလာမယ်ဆိုရင် ဘုန်းဘုန်းကတော့ “စိတ်ညစ်တဲ့အခါ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်းနေပြီး မျက်လွှာလေးကို အသာချလို့ ကိုယ့်စိတ်ကို ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးကို ခြုံပြီးအာရုံပြုရင်း ပေါ့ပေါ့ပါးပါးလေးပဲ ဝင်လေထွက်လေလေးကို အခြေခံထားပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့အာရုံတွေကို အရှိအတိုင်း လိုက်သိနေတတ်တဲ့ အကျင့်လေးနဲ့ နေနိုင်အောင် ကြိုးစားတယ်”လို့ ပြန်ဖြေဖြစ်မှာပါ။ အရင်တုန်းကတော့ စိတ်ညစ်ရင် တစ်ခြားအာရုံတစ်ခုခုနဲ့ ပြောင်းပြီးစိတ်ညစ် ဖျောက်တတ်ပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးနည်းဖြစ်တဲ့ ဘုရားရှင်ရဲ့အားတွေကိုပဲယူပြီး ညစ်တဲ့စိတ်ကို သစ်အောင်လုပ်ဖြစ်ပါတယ်။ တကယ်တော့ စိတ်ညစ်တယ်ဆိုတာ စိတ်မှာအညစ်အကြေး ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ စိတ်ရဲ့ သဘောက ကြံစည်တွေးတောခြင်း သဘောရှိပြီး အာရုံနောက်ကို လိုက်သွားတတ်တဲ့ သဘောရှိပါတယ်။ အဲဒီလို သဘောရှိတဲ့စိတ်ဟာ လိုက်သွားတဲ့အာရုံကို အမှီပြုပြီး ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်တွေ ဖြစ်ပေါ်သွားခြင်း ဖြစ်ပါတယ်။ အမှီပြုရတဲ့အာရုံဟာ ကောင်းတဲ့အာရုံဆိုရင် စိတ်ဟာကောင်းတဲ့စိတ် ဖြစ်တတ်ပြီး အမှီပြုရတဲ့ အာရုံဟာ မကောင်းတဲ့အာရုံဆိုရင် စိတ်ဟာလည်း မကောင်းတဲ့စိတ် ဖြစ်သွားတတ်ပါတယ်။ အလွယ်ပြောရင်တော့ စိတ်ညစ်တယ်ဆိုတာ စိတ်ကိုညစ်နွမ်းစေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိလေသာဆိုတဲ့ စကားရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကိုက ပူလောင်ခြင်း၊ ညစ်နွမ်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီကိလေသာ တရားတွေ ကိုယ့်သန္တာန်မှာ အဖြစ်များနေပြီ၊ အလွန်အကျွံဖြစ်နေပြီဆိုရင် ကိုယ့်စိတ်မှာ ပူလောင်နေတော့တာ ဖြစ်ပါတယ်။ ကိလေသာအပူ အလောင်ခံနေရတဲ့စိတ်ဟာ သန့်ရှင်းမှုမရှိဘဲ ညစ်နွမ်းနေကာ ရုပ်ကိုပါ ဖောက်ပြန်စေတော့တာ ဖြစ်ပါတယ်။ ဒီသဘောကို ကိုယ်ကိုယ်တိုင်လည်း လက်တွေ့သိနိုင်မှာ ဖြစ်ပါတယ်။ လောဘများများဖြစ်တဲ့အခါ၊ ဒေါသများများဖြစ်တဲ့အခါ၊ မောဟများများဖြစ်တဲ့အခါ၊ မာနများများ ဖြစ်တဲ့အခါ ကိုယ့်သန္တာန်မှာ ပုံမှန်နဲ့ကို မတူတဲ့ ပူလောင်မှုတွေ ဖြစ်နေပြီး အဲဒီအပူတွေကြောင့်ပဲ စိတ်ဟာလည်း လေးလံထိုင်းမှိုင်းကာ ညစ်နွမ်းလာနေတယ်ဆိုတာ သတိပြုမိရင် သိကြမှာ ဖြစ်ပါတယ်။ ဒါဟာ ကိလေသာ အပူမီးလောင်ခံရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ကား စိတ်ညစ်တဲ့သူတွေ သတိပြုရမှာက ကိုယ့်စိတ်တွေ များများညစ်နေလေ၊ ကိုယ့်သန္တာန်မှာ ကိလေသာ အပူမီးတွေ များများလောင်ခံနေရလေ ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်က စိတ်မှာအညစ်အကြေးဖြစ်ရင် စိတ်နဲ့ဆေးမှပဲ သန့်ရှင်းစေနိုင်တယ် ဆိုတာကို အကြောင်း တိုက်ဆိုင်တိုင်း မိန့်တော်မူလေ့ရှိပါတယ်။ ကိလေသာ အပူမီးတွေကြောင့် စိတ်တွေညစ်နွမ်း နေတဲ့အခါ အဲဒီစိတ်ကို သိအောင်ကြိုးစားပြီး သတိနဲ့နေဖို့ လမ်းညွှန်ပေးလေ့ ရှိပါတယ်။ စိတ်ညစ်တယ်ဆိုတာ စိတ်ကိုညစ်စေတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်တဲ့အတွက် စိတ်မှာဘယ်လိုမျိုးပဲ ဖြစ်ဖြစ်သိဖို့၊ ရာဂစိတ်ဖြစ်ရင်လည်း ရာဂစိတ်ဖြစ်တာကို သိဖို့၊ ရာဂကင်းတဲ့စိတ်ဖြစ်ရင်လည်း ရာဂကင်းတဲ့စိတ်ဖြစ်တာကို သိဖို့၊ ဒေါသစိတ်ဖြစ်ရင်လည်း ဒေါသစိတ်ဖြစ်တာကို သိဖို့၊ မောဟစိတ်ဖြစ်ရင်လည်း မောဟစိတ်ဖြစ်တာကို သိဖို့ စသဖြင့် ဘာပဲဖြစ်ဖြစ် သိနေအောင် ကြိုးစားဖို့ ရှင်တော်ဘုရား ဟောကြားတော်မူပါတယ်။ အရှင်ဆုံးပြောရရင် ဘုရားရှင်က ဘာပဲဖြစ်ဖြစ် အသိရှိကြဖို့နဲ့ သတိမမေ့ကြဖို့ပဲ ဆုံးမတော်မူတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘာဖြစ်လို့ ညာဖြစ်လို့ စတာတွေကြောင့် စိတ်တွေညစ်ပြီး ရုပ်ပါညစ်လာတတ်တဲ့ သူတွေအနေနဲ့ စိတ်ညစ်တယ်ဆိုတာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်မှမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်စိတ်မှာလက်ခံလိုက်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ကိလေသာ တရားတွေကြောင့် ညစ်လာနေတာ ဖြစ်တဲ့အတွက် ဒီကိလေသာတရားတွေကို ပြန်လည်တိုက်ထုတ်နိုင်အောင် ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်ရဲ့အားနဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကိုသာ လက်ခံလိုက်နာပြီး ဘာပဲဖြစ်ဖြစ် သိစေနိုင်တဲ့ သမထအကျင့်၊ ဝိပဿနာအကျင့်များကိုသာ များများအားထုတ်ကာ ညစ်နေတဲ့စိတ်ကို သစ်အောင်သာ ကြိုးစားကြပါလို့ တိုက်တွန်းရင်း စိတ်များများညစ်လေ ဘုရားရှေ့ကို များများရောက်အောင် ကြိုးစားစေဖို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ (ခေတ္တ အင်္ဂလန်)

via အလင်းရောင် ဓမ္မ https://ift.tt/2ZXWa1g

ပညာရှာရင်း ကုသိုလ်ရှာပါ။ ဥစ္စာရှာရင်း ကုသိုလ်ရှာပါ။ ••••••••••••••••••••••••••••• ကိုယ်ရှာထားတဲ့ ဥစ္စာ သံသရာမှာမပါဘူး။ ကိုယ်ရထားတဲ့ ရာထူး သံသရာမှာ မထူးဘူး။ ကိုယ်တတ်ထားတဲ့ပညာ သံသရာမှာ ဗလာပဲ။ ကုသိုလ်ရှိမှ သံသရာအထိ ပါမှာ။ ကုသိုလ်ပါမှ သံသရာမှာ မနာမှာ။ လောကသားတွေရဲ့ လောကအရှိ တရားတွေဆိုတာ ဒီဘဝအတွက်ပဲ။ ဒါတောင် အမြဲမဟုတ်ဘူး။ တဒင်္ဂပဲ။ အချိန်မရွေး ပျောက်ပျက်သွားနိုင်တယ်။ လောကပညာရပ်လည်း တစ်ဘဝပဲ။ ရာထူးပါဝါလည်း တစ်ခဏပဲ။ စည်းစိမ်ဥစ္စာလည်း အချိန်အခိုက်အတံ့ပဲ။ ဒါတွေ တအားရှိနေလို့လည်း သိပ်ပြီးမောက်မာနေဖို့ မရှိဘူး။ ခဏအရှိအပေါ် ဓမ္မအသိ ချော်ရင် ဘဝအတိ မပျော်နိုင်ဘူး။ တစ်ချို့က တဒင်္ဂအရှိတရားတွေအပေါ် အသိတရားတွေ ချော်ပြီး ငွေရှိတဲ့သူက လည်း ငွေကြောင့်မောက်မာတယ်။ ရာထူးအာဏာရှိတဲ့သူကလည်း ရာထူး အာဏာကြောင့် မောက်မာတယ်။ ဂုဏ်ရှိတဲ့ သူကလည်း ဂုဏ်ကြောင့် မောက်မာတယ်။ လောကအရှိတရားဆိုတာ ဘယ်လောက်ပဲ ရှိရှိ ဒီဘဝအတွက်ပဲ အသုံးတည့်တာ။ ဒါတောင် အချိန်မရွေး ပျက်စီးတာတွေ ရှိတတ်တော့ ဒီဘဝမှာတောင် မသေချာဘူး။ အဓိကက ကုသိုလ်ရှိရမှာ ကုသိုလ်ပါရမှာ။ ဒီဘဝ အရှိတရားကို အသုံးချပြီး သံသရာ ကုသိုလ်အဖြစ် ထုတ်ယူသွားရမှာ။ လောကပညာက ယူသွားလို့ မရဘူး။ ပညာဒါန ကုသိုလ်ကပဲ ယူသွားလို့ရတယ်။ လောက ရာထူးဌာနန္တရတွေက ယူသွားလို့ မရဘူး။ ရာထူးရှိခိုက် အများအကျိုး ဆောင်ရွက်နိုင်မှုကပဲ ယူသွားလို့ရတယ်။ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေက ယူသွားလို့မရဘူး။ စည်းစိမ်ဥစ္စာကို ရင်းပြီး ဒါနအလုပ် အနှစ်ထုတ်ခြင်းကပဲ ယူသွားလို့ ရတယ်။ ဒါကြောင့် ဘယ်လောက်ပဲရှိရှိ ဘယ်လောက်ပဲမြင့်မြင့် ဘယ်လောက်ပဲ ကျော်ကျော် ကုသိုလ် အဖော်မပါရင် အားလုံးက တစ်ခဏ ဒီဘဝ အတွက်မျှသာ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ပညာရှာရင်း ကုသိုလ်ရှာပါ။ ဥစ္စာရှာရင်း ကုသိုလ်ရှာပါ။ မနာပဒါယီဆရာတော် အရှင်ဝိစိတ္တ္တ

via အလင်းရောင် ဓမ္မ https://ift.tt/2ZTwG5W

#သောတာပတ္တိဖလသုတ်🌳🌳🌳🌳🌳🙏🙏🙏🙏🌹🌹🌹🌹🌹🌹🌹🌳🌳🌳 ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည် ရှိ သော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏၊ အဘယ်လေးပါးတို့နည်း- သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာခြင်း၊ သင့်လျော်သောအားဖြင့် နှလုံး သွင်းခြင်း၊ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ ‘‘စတ္တာရောမေ, ဘိက္ခဝေ,ဓမ္မာဘာဝိတာ ဗဟုလီကတာသောတာပတ္တိဖလသစ္ဆိကိရိယာယသံဝတ္တန္တိ။ ကတမေ စတ္တာရော?သပ္ပုရိသသံသေဝေါ, သဒ္ဓမ္မဿဝနံ,ယောနိသောမနသိကာရော,ဓမ္မာနုဓမ္မပ္ပဋိပတ္တိ – ဣမေ ခေါ, ဘိက္ခဝေ,စတ္တာရော ဓမ္မာ ဘာဝိတာ ဗဟုလီကတာသောတာပတ္တိဖလသစ္ဆိကိရိယာယသံဝတ္တန္တီ’’တိ။ (သံယုတ္တနိကာယ်၊ မဟာဝဂ္ဂပါဠိတော် ၊ ၃၅၁) ၁၁-၆-၅-သောတာပတ္တိဖလသုတ် ဆဋ္ဌသင်္ဂီတိပိဋကတ် သူတော်ဆည်းကပ် တရားမြတ်နာ လျော်စွာစိတ်ထား ကျင့်ကြံပွါး မှတ်သားသောတာပန်ဖြစ်ကြောင်းတည်း

via အလင်းရောင် ဓမ္မ https://ift.tt/302mFmB

via အလင်းရောင် ဓမ္မ https://ift.tt/2LnNXeK

via အလင်းရောင် ဓမ္မ https://ift.tt/2NRZAMC

via အလင်းရောင် ဓမ္မ https://ift.tt/2LsJIii

via အလင်းရောင် ဓမ္မ https://ift.tt/2O19rjc