အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, September 12, 2019
❝ မေတ္တာထားသူကို ❞ တန်ဖိုးထားပေးပါ.. 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 သင့်ဘ၀မှာ စစ်မှန်တဲ့ မေတ္တာတရားရှိသူနဲ့သာ တွေ့ဆုံခဲ့မယ် ဆိုရင် တန်ဖိုးထားပေးပါ။ ဖြူစင်ရိုးသားစွာဖြင့် သင့်အပေါ်နှစ်လိုစွာ ယုံကြည်မြတ်နိုး ပေးဆပ်နေသူကိုလည်း တန်ဖိုးထားပေးပါ ။ ရိုးသားတဲ့အေးဆေးသူနဲ့ တွေ့ဆုံခဲ့ရင်လည်း အခွင့်အရေး မယူမိပါစေနဲ့ .... နားလည်တတ်သိသူနဲ့ ကြုံခဲ့ရရင်လည်း ကောင်းစွာ နာယူမှတ်သားပေးပါ ။ မွန်မြတ်သော စိတ်ထားရှိသူကိုလည်း အားကျအတုယူလိုက်ပါ အမှားများနေသူကိုလည်း သူ့နေရာမှာ ငါ" သာဆိုရင် ဆိုတဲ့ အတွေးလေးနဲ့ .... ထိန်းကျောင်းပဲ့ပြင်ရင်း လက်တွဲခေါ်ယူပါ ။ ဘ၀တွေက တသမတ်တည်း မရှိပါဘူး အချိန်နဲ့အမျှ ပြောင်းလဲနေတာပါ အပြောင်းအလဲများစွာထဲမှာမှ ရေစက်တွေကြောင့် တွေ့ကြ ဆုံကြရတာ အချိန်ခဏလေးပါ။ တန်ဖိုးရှိသူတွေကို ဘယ်တော့မှ ဘယ်သောအခါမှ နာကျင်ခံခက်စွာဖြင့် အဆုံးရှုံူးမခံရပါစေနဲ့.... ဘ၀ဆိုတာ တိုတိုလေးပါ ဘာမှမကြာ ခဏသာ .. ဆုံဆည်းကြရတဲ့ အခိုက်အတန့်မှာ မေတ္တာလေးတွေ ပေးဝေလို့ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့.. မေတ္တာဖြင့်.. အရှင်နန္ဒိယ ( သာကီနွယ် ) 11-9-2019
via အလင်းရောင် ဓမ္မ https://ift.tt/2NXC94Q
Newer Post
Older Post
Home