အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, September 11, 2019
သူတော်ကောင်းတရားကသာ ကောင်းကျိုးချမ်းသာပေးနိုင် 🙏🙏🙏🙏🙏🙏🙏🙏 ဘဝ ဆိုတာ သူများဘဝကိုကြည့်ပြီး အားကျနေဖို့ထက် မိမိဘဝကို အေးချမ်းစွာ နေတတ်ဖို့က ပိုအရေးကြီးတယ်။ 'အားကျတယ်'ဆိုတာ ကိုယ့်ရဲ့တဖက်သတ် အမြင်ပေါ်မှာသာ ရှိနေတာမို့လေ။ ဟိုတယ်ကြီး,…,…ကို ပိုင်နေပေမယ့် ကားကောင်းကြီး,…,…စီးနေပေမယ့် အိမ်ကြီးအိမ်ကောင်းမှာ,…,နေနေနရုံနဲ့ တဖက်လူ စိတ်ချမ်းသာမှုကို မြင်နိုင်တာ မဟုတ်ပါဘူး.. မမြင်ကွယ်ရာမှာ မရေတွက်နိုင်တဲ့အကြွေးတွေရှိနေပြီး လစဉ် ဘဏ်တိုးပေးဖို့ရင်ထဲပူလောင်နေသူ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ကိုယ်မသိနိုင်ဘူးလေ။ ဒါကြောင့် သူတပါးရဲ့အတွင်းကိုမသိပဲ အပြင်ကိုကြည့်ပြီး အားကျနေလို့ မဖြစ်ပါဘူး။ ဘုရားရှင်က ဘဝ မှန်သမျှကို မချီးမွမ်းတဲ့အတွက် ဘယ်ဘဝကိုမှ အားမကျလိုက်ပါနဲ့ တကယ်အားကျရမယ့်အရာ တစ်ခုတော့ရှိပါတယ်။ အသက်ရှင်နေစဉ် ခဏမှာ သူတော်ကောင်းတရား ကြိုးစား ဖြည့်ဆည်းနေသူတွေကိုတော့ အားကျအတုယူသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတော်ကောင်းတရားကသာ ကောင်းကျိုးချမ်းသာအစစ်မှန်ကို ပေးစွမ်းနိုင်လို့ပါ ။ မေတ္တာဖြင့် နန်း သီရိ ဇော်။
via အလင်းရောင် ဓမ္မ https://ift.tt/2Ltg2kM
Newer Post
Older Post
Home