Wednesday, September 11, 2019

#သောတာပတ္တိဖလသုတ်🌳🌳🌳🌳🌳🙏🙏🙏🙏🌹🌹🌹🌹🌹🌹🌹🌳🌳🌳 ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည် ရှိ သော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏၊ အဘယ်လေးပါးတို့နည်း- သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာခြင်း၊ သင့်လျော်သောအားဖြင့် နှလုံး သွင်းခြင်း၊ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ ‘‘စတ္တာရောမေ, ဘိက္ခဝေ,ဓမ္မာဘာဝိတာ ဗဟုလီကတာသောတာပတ္တိဖလသစ္ဆိကိရိယာယသံဝတ္တန္တိ။ ကတမေ စတ္တာရော?သပ္ပုရိသသံသေဝေါ, သဒ္ဓမ္မဿဝနံ,ယောနိသောမနသိကာရော,ဓမ္မာနုဓမ္မပ္ပဋိပတ္တိ – ဣမေ ခေါ, ဘိက္ခဝေ,စတ္တာရော ဓမ္မာ ဘာဝိတာ ဗဟုလီကတာသောတာပတ္တိဖလသစ္ဆိကိရိယာယသံဝတ္တန္တီ’’တိ။ (သံယုတ္တနိကာယ်၊ မဟာဝဂ္ဂပါဠိတော် ၊ ၃၅၁) ၁၁-၆-၅-သောတာပတ္တိဖလသုတ် ဆဋ္ဌသင်္ဂီတိပိဋကတ် သူတော်ဆည်းကပ် တရားမြတ်နာ လျော်စွာစိတ်ထား ကျင့်ကြံပွါး မှတ်သားသောတာပန်ဖြစ်ကြောင်းတည်း


via အလင်းရောင် ဓမ္မ https://ift.tt/302mFmB