အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, January 6, 2020
စိတ်ချမ်းသာဖို့ လိုရင်းပါ စိတ်ချမ်းသာချင်တယ်ဆိုရင် ဘယ်လိုကိစ္စပေါ်မှာမှ မမှီပါနဲ့။ ကိုယ်မှီထားတဲ့အရာ လှုပ်ရင် ကိုယ်ပါ လှုပ်နေမယ်။ ဘာမှ မလုပ်နိုင်ရင် မတွေးဘဲနေတာ ကောင်းတယ်။ တွေးလေ စိတ်ဆင်းရဲလေဖြစ်နေတာ ဘာအကျိုးမှ မရှိဘူး။ ငါ့စိတ်ဟာ ဥယျာဉ်ဘဲ။ အတွေးတွေက မျိုးစေ့တွေ… ဘယ်လိုအပွင့်တွေ ပွင့်မယ် သီးမယ် ဆိုတာတော့ ငါ့အပေါ်မူတည်တယ်။ ပေါင်းတွေ ဖြစ်ချင်ဖြစ်မယ်။ ပန်းတွေ ဖြစ်ချင်ဖြစ်မယ်။ ဖြစ်မယ်လို့ မသေချာတဲ့ကိစ္စအတွက် သောကများနေတာဟာ မချေးရသေးတဲ့ ငွေအတွက် အတိုးပေးနေရတာနဲ့ တူတယ်။ ကိုယ်လိုချင်တာတွေကို ရဖို့ ကြိုးစားနေရင်း ကိုယ့်မှာ ရှိတဲ့အရာတွေနဲ့လည်း ပျော်အောင် နေပါ။ တစ်ယောက်တည်း ရှိတဲ့အချိန်မှာ သင့်အတွေးတွေကို ဂရုစိုက်ပြီး လူတွေနဲ့ အတူရှိတဲ့အခါ သင့်စကားလုံးတွေကို ဂရုစိုက်ပါ။ သင့်ဘဝရဲ့ အချိန်တော်တော်များများကို သင့်ရဲ့ခေါင်းထဲမှာဘဲနေထိုင်တာပါ။ ဒါ့ကြောင့် သင့်ခေါင်းဟာ နေချင်စရာ လေးဖြစ်နေပါစေ။ မှားမှာကို ကြောက်ပြီး ဘာမှမလုပ်တာ အကြီးဆုံး အမှားဘဲ။ သူများရဲ့အောင်မြင်မှုကို ကိုယ့်အောင်မြင်မှုလိုဘဲ ဝမ်းသာပါ။ လောကဓံက ရိုက်လှဲလိုက်တာကို မခံရတဲ့သူ မရှိဘူး။ အရေးကြီးတာက ဘယ်လောက်မြန်မြန် ပြန်ထသလဲဆိုတာဘဲ။ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) #Via - Parallel 𝓭𝓱𝓪𝓶𝓪𝓮𝓲𝓪𝓱𝓻𝓪𝓽𝓱𝓪𝓻
via အလင်းရောင် ဓမ္မ https://ift.tt/2FAlmPX
တစ်နေ့နေ့တော့ ထားခဲ့ရမှာပါ ➖🌸➖🌸➖🌸➖ တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်း အတူတူနေဖို့ကံတရားကမျက်နှာသာပေးမှာမဟုတ်ပါဘူး တစ်နေ့နေ့တော့ ခွဲရအုန်းမှာပါ သူကကိုယ့်ကို အရင်ထားခဲ့မလား ကိုယ်ကသူ့ကိုအရင်ထားခဲ့မလားဒါလေးပဲကွာတာ သူက ကိုယ့်ကိုအရင်နှုတ်ဆက်သွားရင် ငါလည်းတနေ့သွားရမယ်ဆိုတဲ့အသိလေးရှိထားပါ ကိုယ်က အရင်သွားရတော့မယ်ဆိုရင်လည်း တရားသဘောလေးနှလုံးသွင်းပြီး ခံနိုင်ရည်ရှိအောင်ကြိုးစားပါ။ တစ်ချိန်ချိန်တော့ ခွဲခွါရမှာမို့ ဘာတွေနဲ့ခွဲခွဲ တရားနဲ့ မကွဲစေနဲ့ ဘာတွေနဲ့ဝေးဝေး တရားနဲ့တော့မဝေးစေနဲ့။ 🌸အရှင်စန္ဒာဝရ(တောင်တွင်း)🌸
via အလင်းရောင် ဓမ္မ https://ift.tt/2SVJ80p
လူကိုကြည့်လိုက်ရင် တရားရတဲ့သူနဲ့ တရားမရတဲ့သူ သိပ်ကွာတယ်.. နှုတ်ထိန်းသိမ်းမှု မရှိတာဟာ စိတ်ထိန်းသိမ်းမှုမရှိလို့.. ကိုယ်အမူအရာထိန်းသိမ်းမှုမရှိတာဟာလည်း စိတ်ငြိမ်းချမ်းမှုမရှိလို့ပဲ.. ဒီလို အကဲခတ်လို့ရတယ်.. 🌷ပါချုပ်ဆရာတော်ကြီး🌷 စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်💜 Credit.
via အလင်းရောင် ဓမ္မ https://ift.tt/2T2FwJY

""ကာမဂုဏ် ထောင်ချောက်----"" ♥♥♥♥♥♥♥♥♥♥♥ တရားချစ်ခင်သူတော်စင်အပေါင်းတို့~ အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး လူလားမြောက်လို့ ၁၆ နှစ်သားအရွယ်သို့ ရောက်တဲ့အခါ ခမည်းတော်က ထီးနန်း အပ်ဖို့ စီစဉ်ပါတယ်။ ဒီတော့ ဆွေတော်ရှစ်သောင်း သာကီဝင် မင်းအပေါင်းတို့ထံ သမီးကညာဆက်သကြ ရန် သဝဏ်လွှာများ ပေးပို့လိုက်တယ်။ ဆွေတော်မျိုးတော် သာကီဝင်မင်းတွေက """သိဒ္ဓတ္ထမင်းသားဟာ ဘာပညာမှမတတ် ဘူး၊ ကြည့်ရှုဖို့ကောင်းတဲ့ ရုပ်အဆင်းသာ ရှိတယ်၊ သားမယားတို့ကို ကျွေးမွေးထိန်း သိမ်းဖို့တာဝန်ကို ကျေပွန်အောင် ထမ်း ဆောင်နိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် သမီး တော်များကို မပေးဆက်နိုင်ဘူး"""လို့ စကားပြန်လာကြပါတယ်။ ဒီအကြောင်းကို သိဒ္ဓတ္ထမင်းသားအား ပြောပြတော့""ခမည်းတော် ဘုရား--- သားတော်မှာ အတတ်ပညာသင်ကြားဖို့ မလိုပါ၊မဟာဆွေတော် မျိုးတော်တို့ ကျေနပ် အောင် မည်သည့်အတတ်ပညာကို ပြသ စေလိုပါသလဲ"""လို့ မင်းသားက ပြန်မေး ပါတယ်။ ခမည်းတော်က """သားတော်----ဗိုလ် တစ်ထောင်တင်နိုင်တဲ့ လေးအတတ်ကို ပြသင့်တယ်"""လို့မိန့်ပါတယ်။ ဒါနဲ့ ခုနစ်ရက်မြောက်နေ့မှာ ဆွေတော် မျိုးတော် မင်းအပေါင်းကိုရှုစားစေပြီး လေးအတတ်အမျိုးမျိုးကို အံ့မခန်းအောင် ပြသတော်မူပါတယ်။ ဒီလို ပြသနိုင်တဲ့ အကြောင်းကလည်း ရှေးဘဝများစွာက လေ့ကျင့်ခဲ့တဲ့ အထုံ ပါရမီအစွမ်းကြောင့် ဖြစ်ပေတယ်။ သိဒ္ဓတ္ထမင်းသားရဲ့ လေးအတတ်အစွမ်း တွေကြောင့် ရွှေအဆင်းလို့ ဝင်းအိလှပတဲ့ """ဘဒ္ဒကစ္စနာ ခေါ်. ယသော်ဓရာဒေဝီ"" နဲ့ ထိမ်းမြားလက်ထပ်ပေးပြီးတော့ ခမည်း တော်ကြီးက ထီနန်းအရိုက်အရာကို အပ်နှင်း တော်မူပါတယ်။ သိဒ္ဓတ္ထမင်းသားကို ယသော်ဓရာဒေဝီ မိထုရားနဲ့အတူ မောင်းမကညာ လေးသောင်းတို့ ခြံရံလျက် ""ရမ္မ၊ သုဘ၊ သုရမ္မ""လို့ခေါ်တဲ့ စံနန်းတော် သုံးဆောင်မှာ သိကြားမင်းစည်းစိမ်တမျှ ကြီးကျယ်ခန်းနား တဲ့ """လောကီစည်းစိမ်(ကာမဂုဏ်ထောင် ချောက်)"""အတွင်း ၁၃ နှစ်ကြာ ခံစား စံစားတော် မူစေပါတယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျကာ ကာမဂုဏ်ညွှတ်ကွင်းမှ လွတ်ကင်းအောင် ရုန်းထွက်ကြည့်ကြပါစို့။
via အလင်းရောင် ဓမ္မ https://ift.tt/35pIrz5

လုပ်ငန်းခွင် နေ့စဉ်ဘဝမှာ မိမိရဲ့ အလုပ်ခွင်ထဲမှာ "ဘုရား တရား သံဃာ" #ရတနာသုံးပါး ရှိနေပါစေ။ ရှိနေအောင် မိမိမှာ ဘာလိုအပ်တုံးဆိုတော့ #သတိတရားလေး နဲ့ #အသိဉာဏ်တရား လိုအပ်တယ်။ အဲဒီ သတိတရား အသိဉာဏ်တရားလေးတွေနဲ့ လုပ်တယ်ဆိုရင် စီးပွားရေးသမားပဲဖြစ်ဖြစ် ရုံးသမားပဲဖြစ်ဖြစ် အုပ်ချုပ်ရေးသမားပဲဖြစ်ဖြစ် တိုင်းပြည်ကာကွယ်တံ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဆရာဝန်ပဲဖြစ်ဖြစ် သူနာပြုပဲဖြစ်ဖြစ် အဲဒီ ပုဂ္ဂိုလ်တွေအားလုံးရဲ့ အလုပ်ခွင်မှာ ဗုဒ္ဓမြတ်စွာဘုရား ရှိနေပါတယ်တဲ့။ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိ (၃.၁၂.၂၀၁၇) (ဇမ္ဗူသီရိဗိမာန်တော် ရန်ကုန်)
via အလင်းရောင် ဓမ္မ https://ift.tt/39KFZGH

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2rW99BI

Sunday, January 5, 2020
အကောင်းဆုံးကို ရအောင်ယူ --------------🌷💎🌷---------- အကောင်းဆုံးသည် သုံးမျိုးရှိချေ၏။ ၁။ တိတိပပမသိဘဲလျက်ကောင်းသော မသိကောင်း ၂။ တိတိပပသိသော်လည်း ရပ်လျက်ကောင်းသော အသိကောင်း။ ၃။ တိတိပပသိလျက်ကပင် သွားလျက်(လှုပ်ရှားလျက်)ကောင်းသော အသိကောင်း။ ထိုသုံးမျိုးတို့တွင် သတိမဖက် သညာသိသက်သက်ဖြင့် ကောင်းသော 'ကာမရတီ'ခေါ် ကာမဂုဏ် ခံစားမှုအကောင်းသည် မသိကောင်းသာဖြစ်ချေ၏။ အိပ်မက်ထဲတွင် ခံစားရသော ကာမစည်းစိမ်မျိုး နှင့် ဘာမှမထူးပြီ။ သတိကား ရှိ၏။ သို့သော် အသိမဖက်၊ သတိသက်သက်ဖြင့်ကောင်းသော 'ဈာန်နရတီ'ခေါ် ဈာန် ပီတိခံစားမှုအကောင်းသည် ရှေ့မတိုးသော တည် ကောင်းသာဖြစ်ချေ၏။ ရတနာကျောက်ကို အပေါ်ယံ ကြောကြည့်လျက်က ကောင်းပုံမျိုးနှင့် ဘာမျှ မခြားနားပြီ။ သတိလည်းရှိ၏။ သတိ၏စိုက်အားအလိုက် လှိုက်၍လှိုက်၍ အတွင်းသားကိုလည်း အသေးစိတ် ထင်ရှားသည်ထက် ထင်ရှားစေ၏။ ထိုမှ ကောင်းသော 'ဓမ္မရတီ'ခေါ် တရားပီတိ ခံစားမှုအကောင်း သည်သွားလျက်ကောင်းသော အသိကောင်းဖြစ်ချေ၏။ ရတနာကျောက်၏ အတွင်းကျော်ကို လှန်လျောလျက်က ကောင်းပုံမျိုးပမာသာ ဖြစ်ချေ၏။ ထိုအကောင်းသုံးမျိုးတို့တွင် မသိကောင်းသည် မြစ်ကို အလျားလိုက် စုန်ဆင်းနေသူပမာဖြစ်၍ ထို အကောင်းသည် ဆုံးမည်မဟုတ်ချေ။ အကောင်းဆုံး မဆိုသာ။ သိပါသော်လည်း တစ်ခု၌သာ တွေနေသော အကောင်းသည်လည်း မြစ်ကို အလျားလိုက် ဆန်တက် လေသူပမာဖြစ်၍ အကောင်းသည် ဆုံးမည်မဟုတ်ချေ။ သိသလောက်ကျင့် ကျင့်၊ ကျင့်သလောက်သိစေသော အကောင်းသည်သာမြစ်ကို ဖီလာကန့်လန့် ကူးလေသူပမာ အကောင်းသည် ဆုံးချေရ၏။ #မဟာဗောဓိမြိုင်ဆရာတော် 🙏🙏🙏🙏🙏🙏🙏🙏🙏 [အညွှန်း။ ။ ပဋိဘာနဉာဏဒဿထကာ၊ ၁၉၉၉ ဖေဖော်ဝါရီ၊ စာ ၇၉] credit : https://ift.tt/2MY3hPD
via အလင်းရောင် ဓမ္မ https://ift.tt/36oSyW8

👉 လူ့တန်ဖိုး 👈 *************** ဖတ်ကြည့်နော်… ပညာတွေတတ်ပြီး အကောင်း အဆိုးကို မခွဲခြားနိုင်ရင် အလကားပါပဲ။ ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။ အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်ပေးနိုင်တဲ့ နှလုံးသား မရှိရင် အလကားပါပဲ။ ရုပ်ရည် ဘယ်လောက်ချောချော လူတစ်ယောက်ကို လူလို့ မမြင်တတ်ရင် အလကားပါပဲ။ အသိပညာ ဘယ်လောက်ရှိရှိ တစ်ခြားသူပြောတဲ့စကားကို တန်ဖိုးမထားတတ်ရင် အလကားပါပဲ။ အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးသားမှုမရှိရင် အလကားပါပဲ။ ဘယ်လောက်ပဲ တော်နေပါစေ… ကိုယ်ချင်းစာစိတ် မရှိရင် အလကားပါပဲ။ ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို့ ကြွေးကြော်နေပါစေ… သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။ အမှန်တရားကို ဘယ်လောက်ပဲ လက်ခံတယ် ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ မကြိုက်ရင် အလကားပါပဲ။ တကယ်တမ်းတော့ လူ့တန်ဖိုးဆိုတာ…ထက်မြက်တဲ့ ခေါင်း မဟုတ်ပါဘူး။ အခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသား ဂရုစိုက်နားထောင်ပေးတတ်ပြီး စာနာတတ်တဲ့ နား ပေးကမ်းကူညီတတ်တဲ့ လက် တစ်စုံ အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့ အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့… လူတော်တွေ ဘယ်လောက်များများ လူကောင်းဆိုတာ မရှိခဲ့ရင် အမှန်တရားတွေ ပျောက်ကွယ်လာပြီး လူ့ပတ်ဝန်းကျင်လည်း… ငြိမ်းချမ်းမှု သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။ ဇင်းနစ် မကွေး ᠌ ᠌
via အလင်းရောင် ဓမ္မ https://ift.tt/37zXZ4P

ကုသိုလ်ဖြစ်ဖို့က စိတ်ကစတယ် အကုသိုလ်ဖြစ်ဖို့ကလည်း စိတ်ကစတယ် ကုသိုဖြစ်အောင်နေထိုင်တက်ဖို့ စိတ်ကလေးက ကောင်းတဲ့ဘက်ကိုညွတ်နေဖို့လိုတယ် မြတ်စွာဘုရားဟာ တရားဟောပြီးတဲ့အချိန် ပရိတ်သတ်က သာဓုခေါ်ဆိုချိန်မှာတောင် နိဗ္ဗာန်ကို အာရုံပြုနေလေ့ရှိတယ် ဒါဟာကောင်းတဲ့ဘက်ကိုညွတ်လိုက်တာပါပဲ ကုသိုလ်စိတ်ဖြစ်ဖို့ ကောင်းတာဖြစ်ဖို့ စိတ်ကလေးကို ကောင်းတဲ့ဖက်ညွတ်နေဖို့လိုတယ် ပါမောက္ခချုပ်ဆရာတော်ကြီး အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/35rDS7i

ယှဉ်ပြိုင်ခြင်း နိဂုံး 🙏🙏🙏🙏🙏 လောကမှာ လူတွေဟာ ယှဉ်ပြိုင်နေကြတာ ချည်းပဲ … အကုန်လုံး - တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ကြတယ် - တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယှဉ်ပြိုင်ကြတယ် - တစ်ရွာနဲ့ တစ်ရွာ ယှဉ်ပြိုင်ကြတယ် - ရပ်ကွက် တစ်ခုနဲ့တစ်ခု ယှဉ်ပြိုင်ကြတယ် - တစ်မြို့နဲ့ တစ်မြို့ ယှဉ်ပြိုင်ကြတယ် - တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယှဉ်ပြိုင်ကြတယ် အဲဒီ ယှဉ်ပြိုင်မှုဟာ ဘယ်တော့မှ နိဂုံးချုပ်မလဲ ? ဆိုတာ သိဖို့လိုတယ် မဟုတ်လား … လောကကြီးဟာ ယှဉ်ပြိုင်မှုနဲ့ သွားနေတာ … ယှဉ်ပြိုင်မှု ဆိုတာ ကောင်းတာ ရှိသလို မကောင်းတာတွေလည်း ဖြစ်ပေါ်စေတတ်တယ် … ဘုန်းကြီးတို့ တစ်တွေဟာ အကောင်းဆုံး ယှဉ်ပြိုင်မှုကို ရွေးချယ်နိုင်မှသာ ယှဉ်ပြိုင်မှုရဲ့ နိဂုံး - အဆုံး ကို ရောက်မှာ ဖြစ်တယ် … မြတ်စွာဘုရားက ဘုန်းကြီးတို့ကို ဆုံးမသြဝါဒ ပေးထားတဲ့ စကားလေး တစ်ခွန်းရှိတယ် … ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားကြရမယ် ဘာနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရမလဲ … တစ်ဦးနဲ့ တစ်ဦး အဆင့်မြင့်သထက် မြင့် ကောင်းသထက် ကောင်း အောင် ကြိုးပမ်း အားထုတ်ခြင်းဖြင့် နောက်ဆုံး အမြတ်ဆုံး လွတ်မြောက်မှုကို ရရှိသွားအောင် ကြိုးစားကြရမယ် … ဒါ ယှဉ်ပြိုင်မှုကို ပြောတာ အဲဒီတော့မှ ယှဉ်ပြိုင်မှုရဲ့ နိဂုံးကို တွေ့မယ် … အဲဒီ နိဂုံးဟာ အေးချမ်းတဲ့ နိဂုံးပေါ့ … တကယ့်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဟောကြားထားခဲ့တယ် … လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅၀၀ ) က အိန္ဒိယနိုင်ငံမှာ ကောသလတိုင်း ဆိုတာ ရှိတယ် … အဲဒီ ကောသလတိုင်းမှာ မြတ်စွာဘုရားက ရဟန်းတော်တွေနဲ့ ဒေသစာရီကြွတယ် … လမ်းမှာ တောအုပ်ကြီးတစ်ခု တွေ့တယ် အဲဒီတောအုပ်ကြီးထဲမှာ အင်ကြင်းပင် အများအပြားရှိတယ် … အဲဒီ အင်ကြင်းတောကြီးကို ကြည့်ပြီး မြတ်စွာဘုရား ရုတ်တရက် ပြုံးလိုက်တယ် … ဒီလို ပြုံးတာကို အနီးနားမှာ ခစားလုပ်ကျေွးနေတဲ့ အရှင်အာနန္ဒာမထေရ်က သတိထားမိလိုက်တယ် … ဘုရားရှင်တို့မည်သည် ဘယ်တော့မှ အကြောင်းမဲ့ ပြုံးတာ မရှိပါဘူး … အရှင်ဘုရား တဲ့ ဘာလို့ ပြုံးရသလဲ ဒီနေရာကို ကြည့်ပြီးတော့ ပြုံးတာဟာ အကြောင်းတစ်ခု ရှိပါသလား တဲ့ … မြတ်စွာဘုရားက - အာနန္ဒာတဲ့ ကဿပ ဘုရားရှင်လက်ထက်တုန်းက ဒီနေရာဟာ တကယ့်ကို စည်ကားတဲ့ မြို့ကြီး ဖြစ်ခဲ့တယ် … အဲဒီမြို့ကြီးမှာ ထူးထူးခြားခြား ယှဉ်ပြိုင်တဲ့ ဒကာတစ်ယောက် ရှိတယ် သူ့နာမည်က " ဂဝေသီ " လို့ ခေါ်တယ် … သူ့ အဖွဲ့ထဲမှာ လူ ၅၀၀ ပါတယ် … အဲဒီလူဟာ ဘုရားရဲ့ ဥပသကာ , ဘုရားကို ကိုးကွယ်သူလို့သာ ဆိုတယ် သူက ကိုယ်ကျင့်တရား ကောင်းသူ မဟုတ်ဘူး အကျင့်သီလ မပြည့်စုံဘူး … သူ့အဖွဲ့သား ၅၀၀ ဟာလည်း ကိုယ်ကျင့်သီလ မပြည့်စုံဘူးတဲ့ … ဂဝေသီ ဟာ စဉ်းစားတယ် သူစဉ်းစားပုံလေးက ကောင်းတယ် … ဒီလူတွေ ငါ့ကြောင့် ဗုဒ္ဓဘာသာ ဖြစ်ပြီး ဘုရားတရား ကိုးကွယ် လာတယ် … ငါက ကိုယ်ကျင့်သီလ မပြည့်စုံဘူး ငါ့အဖွဲ့သားတွေလည်း တစ်ယောက်မှ ကိုယ်ကျင့်သီလ မပြည့်စုံဘူး … ငါက ခေါင်းဆောင် ဆိုတော့ သူတို့နဲ့ မတူသင့်ဘူး ငါက တစ်ခုခုတော့ သာသင့်တယ် … သူတို့က သီလ မရှိဘူး ဆိုရင် ငါ သီလ ရှိသူဖြစ်အောင် လုပ်မယ် ဆိုပြီး ငါးပါးသီလကို တိတိကျကျ ဆောက်တည်ပြီး သီလ ရှိတဲ့ ပုဂ္ဂိုလ်အဖြစ် ကြေငြာလိုက်တယ် … သူ့နောက်က လူတွေလည်း ဟာ … တို့ရဲဲ့ ခေါင်းဆောင်ကြီး သီလ ရှိပြီ တို့လဲ သီလ ရှိအောင် လုပ်မယ် ဆိုပြီး ယှဉ်ပြိုင်တော့ တူသွားတယ်ပေါ့ … အရည်အချင်း တူတော့ မဖြစ်ဘူး ငါအိမ်ထောင်နဲ့ မနေတော့ဘူး ဆိုပြီး ဂဝေသီက အဗြဟ္မစရိယ သိက္ခာပုဒ် ကို ဆောက်တည်လိုက်တယ် … ကျန်သူတွေလည်း တို့ဆရာကြီးတောင် လုပ်နိုင်တယ် တို့လည်း ဆောက်တည်မယ် ဆိုပြီး အကုန်လုံး အိမ်ထောင်နဲ့ ခွာကြမယ်ပေါ့ … လူ ငါးရာ ကိုယ်ကျင့်သီလကို တိုးမြှင့် ဆောက်တည် လိုက်ကြတယ် … အဲဒါနဲ့ ဂဝေသီက စဉ်းစားပြန်တယ် အကုန်လုံး ငါနဲ့ တူနေပြီ သူတို့ထက် သာအောင် လုပ်မယ် ဆိုပြီး သူတို့က ညနေစာ စားတယ် … ဒီနေ့ကစ နေ့လွဲညစာ မစားတော့ဘူး ကျင့်လိုက်တယ် … ကျန်တဲ့ သူတွေကလည်း လိုက်ပြီးတော့ ယှဉ်ပြိုင်တယ် … ညနေစာ မစားတော့ဘူး ဆိုပြီး အကုန်ရှောင်လိုက်တော့ ဟာ ! ငါနဲ့သူတို့ တူနေပြန်ပြီ မတူစေရဘူး ဒီကောင်တွေ ငါလုပ်တာ မလုပ်နိုင်အောင် ငါလုပ်မယ် … ကဿပ ဘုရားရှင်ထံသွားပြီး ရဟန်းခံပေးပါ ဘုရား လို့ တောင်းဆိုတယ် … ဆံ , မုတ်ဆိတ်တွေ ပယ်ပြီး သင်္ကန်း ဝတ်လိုက်တယ် … သင်္ကန်းဝတ်ပြီး ကဿပဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းယူ တစ်ပါးထဲ ဆိတ်ငြိမ်တဲ့ အရပ်မှာ နိဗ္ဗာန်ကို ဦတည်ပြီး တရားဓမ္မကို ကျင့်ကြံ အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားတယ် … သူ့ကိုယ်သူ အကုန်လုံး သိသွားတယ် ငါ့ဘဝဟာ အပြီးသတ်သွားပြီ နောင်ဘဝဆိုတာ မရှိတော့ဘူး သူ့ရဲ့ နိဂုံးကို သူ မြင်လိုက်တယ် … အဲဒီအချိန် သူ့ဘက်က ယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီ … ကျန်တဲ့သူတွေက သူ့ကို အားကျတယ် ဆရာကြီးတောင် ဝတ်နိုင်သေးတာပဲ ဒို့ဘာလို့ မဝတ်နိုင်ရမှာလဲ … အားလုံး ကတုံးတုံးပြီး ဘုန်းကြီးဝတ်လာတဲ့ အခါကျတော့ ခေါင်းဆောင် ဂဝေသီ ရဟန်းက ခါတိုင်းလို စိတ် မရှိတော့ဘူး … လုံးဝ လွတ်လပ်တဲ့ ချမ်းသာကို ငါရထားသလို သူတို့တတွေ ရရှိရင်လည်း ကောင်းမှာပဲ တဲ့ … ဒါက ယှဉ်ပြိုင်မှု အဆုံးသတ်သွားတာ ဖြစ်တယ် ယှဉ်ပြိုင်မှုရဲ့ နိဂုံး သို့ ရောက်လာတယ် … အဲဒီတော့ သူက ကြိုးစားအားထုတ်ဖို့ တိုက်တွန်းတယ် … မကြာခင် သူ့တပည့်တွေလည်း ကိလေသာ အာသဝေါတွေ ကင်းကွာပြီး ရဟန္တာရှင်တွေ ဖြစ်သွားတယ် … အားလုံးဟာ လွတ်မြောက်မှု ဆိုတဲ့ အပေါ်မှာ တူညီတဲ့ နိဂုံးကို ရရှိသွားကြတယ် တဲ့ … အဲဒီလို ယှဉ်ပြိုင်မှုဟာ အင်မတန် မွန်မြတ်တဲ့ ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်လိုက်ကြတာ … နောက်ဆုံးမှာ ရဟန္တာဖြစ်ပြီး ဝိမုတ္တိသုခ ပန်းတိုင်ကြီးကို လှမ်းကိုင်နိုင်သည်အထိ သူတို့ဟာ ယှဉ်ပြိုင်ကြတယ် … နောက်ဆုံး ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားကြတယ် … အဲဒီ ယှဉ်ပြိုင်မှုကသာလျှင် အကောင်းဆုံး ယှဉ်ပြိုင်မှု ဖြစ်ပါတယ် … ဒါကြောင့်မို့ မြတ်စွာဘုရားရှင် က အဲဒီသုတ္တန် အဆုံးမှာ ချစ်သား ရဟန်းတို့ ဒီလို ကျင့်ကြရမယ် တဲ့ … သူများထက် သာအောင် ဆိုတာ - ကောင်းသထက် ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို ရအောင် ယူနိုင်အောင် ကြိုးစားကြရမယ် လို့ … ဒီလိုသာ ယှဉ်ပြိုင်သင့်တယ် , ယှဉ်ပြိုင်ရမယ် လို့ ဒီသုတ္တန်မှာ မြတ်စွာဘုရားက ညွှန်ကြား ဆုံးမပေးတာ ဖြစ်ပါတယ် … ဒါ့ကြောင့် … ယှဉ်ပြိုင်မှုရဲ့ နိဂုံး ဆိုတာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ … အဲဒီ နောက်မှာ ယှဉ်ပြိုင်စရာ မရှိတော့ဘူးတဲ့ … လူတွေရဲ့ ယှဉ်ပြိုင်လို စိတ်ဟာ အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီ တဲ့ … ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို့သည်လည်းပဲ … ယှဉ်ပြိုင်မှုရဲ့ နိဂုံးဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရောက်ရှိအောင် ဝိမုတ္တိသုခ ရရှိအောင် တစ်ဦးထက် တစ်ဦးသာအောင် , မွန်မြတ်သထက် မွန်မြတ်အောင် ကြိုးပမ်းအားထုတ်နိုင်ကြပါကုန်သတည်း … #ပါချူပ်_ဆရာတော်_ဘုရားကြီး Credit , Original Uploader ယှဉ်ပြိုင်ခြင်း နိဂုံး <><><><><><> လောကမှာ လူတွေဟာ ယှဉ်ပြိုင်နေကြတာ ချည်းပဲ … အကုန်လုံး - တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ကြတယ် - တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယှဉ်ပြိုင်ကြတယ် - တစ်ရွာနဲ့ တစ်ရွာ ယှဉ်ပြိုင်ကြတယ် - ရပ်ကွက် တစ်ခုနဲ့တစ်ခု ယှဉ်ပြိုင်ကြတယ် - တစ်မြို့နဲ့ တစ်မြို့ ယှဉ်ပြိုင်ကြတယ် - တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယှဉ်ပြိုင်ကြတယ် အဲဒီ ယှဉ်ပြိုင်မှုဟာ ဘယ်တော့မှ နိဂုံးချုပ်မလဲ ? ဆိုတာ သိဖို့လိုတယ် မဟုတ်လား … လောကကြီးဟာ ယှဉ်ပြိုင်မှုနဲ့ သွားနေတာ … ယှဉ်ပြိုင်မှု ဆိုတာ ကောင်းတာ ရှိသလို မကောင်းတာတွေလည်း ဖြစ်ပေါ်စေတတ်တယ် … ဘုန်းကြီးတို့ တစ်တွေဟာ အကောင်းဆုံး ယှဉ်ပြိုင်မှုကို ရွေးချယ်နိုင်မှသာ ယှဉ်ပြိုင်မှုရဲ့ နိဂုံး - အဆုံး ကို ရောက်မှာ ဖြစ်တယ် … မြတ်စွာဘုရားက ဘုန်းကြီးတို့ကို ဆုံးမသြဝါဒ ပေးထားတဲ့ စကားလေး တစ်ခွန်းရှိတယ် … ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားကြရမယ် ဘာနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရမလဲ … တစ်ဦးနဲ့ တစ်ဦး အဆင့်မြင့်သထက် မြင့် ကောင်းသထက် ကောင်း အောင် ကြိုးပမ်း အားထုတ်ခြင်းဖြင့် နောက်ဆုံး အမြတ်ဆုံး လွတ်မြောက်မှုကို ရရှိသွားအောင် ကြိုးစားကြရမယ် … ဒါ ယှဉ်ပြိုင်မှုကို ပြောတာ အဲဒီတော့မှ ယှဉ်ပြိုင်မှုရဲ့ နိဂုံးကို တွေ့မယ် … အဲဒီ နိဂုံးဟာ အေးချမ်းတဲ့ နိဂုံးပေါ့ … တကယ့်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဟောကြားထားခဲ့တယ် … လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅၀၀ ) က အိန္ဒိယနိုင်ငံမှာ ကောသလတိုင်း ဆိုတာ ရှိတယ် … အဲဒီ ကောသလတိုင်းမှာ မြတ်စွာဘုရားက ရဟန်းတော်တွေနဲ့ ဒေသစာရီကြွတယ် … လမ်းမှာ တောအုပ်ကြီးတစ်ခု တွေ့တယ် အဲဒီတောအုပ်ကြီးထဲမှာ အင်ကြင်းပင် အများအပြားရှိတယ် … အဲဒီ အင်ကြင်းတောကြီးကို ကြည့်ပြီး မြတ်စွာဘုရား ရုတ်တရက် ပြုံးလိုက်တယ် … ဒီလို ပြုံးတာကို အနီးနားမှာ ခစားလုပ်ကျွေးနေတဲ့ အရှင်အာနန္ဒာမထေရ်က သတိထားမိလိုက်တယ် … ဘုရားရှင်တို့မည်သည် ဘယ်တော့မှ အကြောင်းမဲ့ ပြုံးတာ မရှိပါဘူး … အရှင်ဘုရား တဲ့ ဘာလို့ ပြုံးရသလဲ ဒီနေရာကို ကြည့်ပြီးတော့ ပြုံးတာဟာ အကြောင်းတစ်ခု ရှိပါသလား တဲ့ … မြတ်စွာဘုရားက - အာနန္ဒာတဲ့ ကဿပ ဘုရားရှင်လက်ထက်တုန်းက ဒီနေရာဟာ တကယ့်ကို စည်ကားတဲ့ မြို့ကြီး ဖြစ်ခဲ့တယ် … အဲဒီမြို့ကြီးမှာ ထူးထူးခြားခြား ယှဉ်ပြိုင်တဲ့ ဒကာတစ်ယောက် ရှိတယ် သူ့နာမည်က " ဂဝေသီ " လို့ ခေါ်တယ် … သူ့ အဖွဲ့ထဲမှာ လူ ၅၀၀ ပါတယ် … အဲဒီလူဟာ ဘုရားရဲ့ ဥပသကာ , ဘုရားကို ကိုးကွယ်သူလို့သာ ဆိုတယ် သူက ကိုယ်ကျင့်တရား ကောင်းသူ မဟုတ်ဘူး အကျင့်သီလ မပြည့်စုံဘူး … သူ့အဖွဲ့သား ၅၀၀ ဟာလည်း ကိုယ်ကျင့်သီလ မပြည့်စုံဘူးတဲ့ … ဂဝေသီ ဟာ စဉ်းစားတယ် သူစဉ်းစားပုံလေးက ကောင်းတယ် … ဒီလူတွေ ငါ့ကြောင့် ဗုဒ္ဓဘာသာ ဖြစ်ပြီး ဘုရားတရား ကိုးကွယ် လာတယ် … ငါက ကိုယ်ကျင့်သီလ မပြည့်စုံဘူး ငါ့အဖွဲ့သားတွေလည်း တစ်ယောက်မှ ကိုယ်ကျင့်သီလ မပြည့်စုံဘူး … ငါက ခေါင်းဆောင် ဆိုတော့ သူတို့နဲ့ မတူသင့်ဘူး ငါက တစ်ခုခုတော့ သာသင့်တယ် … သူတို့က သီလ မရှိဘူး ဆိုရင် ငါ သီလ ရှိသူဖြစ်အောင် လုပ်မယ် ဆိုပြီး ငါးပါးသီလကို တိတိကျကျ ဆောက်တည်ပြီး သီလ ရှိတဲ့ ပုဂ္ဂိုလ်အဖြစ် ကြေငြာလိုက်တယ် … သူ့နောက်က လူတွေလည်း ဟာ … တို့ရဲ့ ခေါင်းဆောင်ကြီး သီလ ရှိပြီ တို့လဲ သီလ ရှိအောင် လုပ်မယ် ဆိုပြီး ယှဉ်ပြိုင်တော့ တူသွားတယ်ပေါ့ … အရည်အချင်း တူတော့ မဖြစ်ဘူး ငါအိမ်ထောင်နဲ့ မနေတော့ဘူး ဆိုပြီး ဂဝေသီက အဗြဟ္မစရိယ သိက္ခာပုဒ် ကို ဆောက်တည်လိုက်တယ် … ကျန်သူတွေလည်း တို့ဆရာကြီးတောင် လုပ်နိုင်တယ် တို့လည်း ဆောက်တည်မယ် ဆိုပြီး အကုန်လုံး အိမ်ထောင်နဲ့ ခွာကြမယ်ပေါ့ … လူ ငါးရာ ကိုယ်ကျင့်သီလကို တိုးမြှင့် ဆောက်တည် လိုက်ကြတယ် … အဲဒါနဲ့ ဂဝေသီက စဉ်းစားပြန်တယ် အကုန်လုံး ငါနဲ့ တူနေပြီ သူတို့ထက် သာအောင် လုပ်မယ် ဆိုပြီး သူတို့က ညနေစာ စားတယ် … ဒီနေ့ကစ နေ့လွဲညစာ မစားတော့ဘူး ကျင့်လိုက်တယ် … ကျန်တဲ့ သူတွေကလည်း လိုက်ပြီးတော့ ယှဉ်ပြိုင်တယ် … ညနေစာ မစားတော့ဘူး ဆိုပြီး အကုန်ရှောင်လိုက်တော့ ဟာ ! ငါနဲ့သူတို့ တူနေပြန်ပြီ မတူစေရဘူး ဒီကောင်တွေ ငါလုပ်တာ မလုပ်နိုင်အောင် ငါလုပ်မယ် … ကဿပ ဘုရားရှင်ထံသွားပြီး ရဟန်းခံပေးပါ ဘုရား လို့ တောင်းဆိုတယ် … ဆံ , မုတ်ဆိတ်တွေ ပယ်ပြီး သင်္ကန်း ဝတ်လိုက်တယ် … သင်္ကန်းဝတ်ပြီး ကဿပဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းယူ တစ်ပါးထဲ ဆိတ်ငြိမ်တဲ့ အရပ်မှာ နိဗ္ဗာန်ကို ဦတည်ပြီး တရားဓမ္မကို ကျင့်ကြံ အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားတယ် … သူ့ကိုယ်သူ အကုန်လုံး သိသွားတယ် ငါ့ဘဝဟာ အပြီးသတ်သွားပြီ နောင်ဘဝဆိုတာ မရှိတော့ဘူး သူ့ရဲ့ နိဂုံးကို သူ မြင်လိုက်တယ် … အဲဒီအချိန် သူ့ဘက်က ယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီ … ကျန်တဲ့သူတွေက သူ့ကို အားကျတယ် ဆရာကြီးတောင် ဝတ်နိုင်သေးတာပဲ ဒို့ဘာလို့ မဝတ်နိုင်ရမှာလဲ … အားလုံး ကတုံးတုံးပြီး ဘုန်းကြီးဝတ်လာတဲ့ အခါကျတော့ ခေါင်းဆောင် ဂဝေသီ ရဟန်းက ခါတိုင်းလို စိတ် မရှိတော့ဘူး … လုံးဝ လွတ်လပ်တဲ့ ချမ်းသာကို ငါရထားသလို သူတို့တတွေ ရရှိရင်လည်း ကောင်းမှာပဲ တဲ့ … ဒါက ယှဉ်ပြိုင်မှု အဆုံးသတ်သွားတာ ဖြစ်တယ် ယှဉ်ပြိုင်မှုရဲ့ နိဂုံး သို့ ရောက်လာတယ် … အဲဒီတော့ သူက ကြိုးစားအားထုတ်ဖို့ တိုက်တွန်းတယ် … မကြာခင် သူ့တပည့်တွေလည်း ကိလေသာ အာသဝေါတွေ ကင်းကွာပြီး ရဟန္တာရှင်တွေ ဖြစ်သွားတယ် … အားလုံးဟာ လွတ်မြောက်မှု ဆိုတဲ့ အပေါ်မှာ တူညီတဲ့ နိဂုံးကို ရရှိသွားကြတယ် တဲ့ … အဲဒီလို ယှဉ်ပြိုင်မှုဟာ အင်မတန် မွန်မြတ်တဲ့ ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်လိုက်ကြတာ … နောက်ဆုံးမှာ ရဟန္တာဖြစ်ပြီး ဝိမုတ္တိသုခ ပန်းတိုင်ကြီးကို လှမ်းကိုင်နိုင်သည်အထိ သူတို့ဟာ ယှဉ်ပြိုင်ကြတယ် … နောက်ဆုံး ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားကြတယ် … အဲဒီ ယှဉ်ပြိုင်မှုကသာလျှင် အကောင်းဆုံး ယှဉ်ပြိုင်မှု ဖြစ်ပါတယ် … ဒါကြောင့်မို့ မြတ်စွာဘုရားရှင် က အဲဒီသုတ္တန် အဆုံးမှာ ချစ်သား ရဟန်းတို့ ဒီလို ကျင့်ကြရမယ် တဲ့ … သူများထက် သာအောင် ဆိုတာ - ကောင်းသထက် ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို ရအောင် ယူနိုင်အောင် ကြိုးစားကြရမယ် လို့ … ဒီလိုသာ ယှဉ်ပြိုင်သင့်တယ် , ယှဉ်ပြိုင်ရမယ် လို့ ဒီသုတ္တန်မှာ မြတ်စွာဘုရားက ညွှန်ကြား ဆုံးမပေးတာ ဖြစ်ပါတယ် … ဒါ့ကြောင့် … ယှဉ်ပြိုင်မှုရဲ့ နိဂုံး ဆိုတာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ … အဲဒီ နောက်မှာ ယှဉ်ပြိုင်စရာ မရှိတော့ဘူးတဲ့ … လူတွေရဲ့ ယှဉ်ပြိုင်လို စိတ်ဟာ အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီ တဲ့ … ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို့သည်လည်းပဲ … ယှဉ်ပြိုင်မှုရဲ့ နိဂုံးဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရောက်ရှိအောင် ဝိမုတ္တိသုခ ရရှိအောင် တစ်ဦးထက် တစ်ဦးသာအောင် , မွန်မြတ်သထက် မွန်မြတ်အောင် ကြိုးပမ်းအားထုတ်နိုင်ကြပါကုန်သတည်း … #ပါချူပ်_ဆရာတော်_ဘုရားကြီး Credit , Original Uploader
via အလင်းရောင် ဓမ္မ https://ift.tt/37AzmoE

မိဘတွေရဲ့ တန်ဖိုး 🙏🙏🙏🙏🙏 ဖတ်ကြည့်နော်… ငွေအကြွေစေ့ရဲ့ တန်ဖိုးကို ရှိနေစဉ် ဘာမှအသုံးမဝင်ဘူး ဆိုပြီး ပြစ်ထားတတ်ကြပါတယ်။ တကယ်တမ်း လိုအပ်လာတဲ့အခါ ငွေအကြွေဆိုတာလဲ သူ့နေရာနဲ့ သူ့တန်ဖိုးကတော့ ရှိနေတာပဲ မဟုတ်လား။ ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို ထမင်းငတ်ဖူးမှ သိနိုင်တယ်။ ရေတစ်စက်ရဲ့ တန်ဖိုးကို ရေငတ်ဖူးမှ သိပါလိမ့်မယ်။ မိဘတွေ မရှိတော့မှ မိဘရဲ့တန်ဖိုးကို မသိချင်နဲ့။ အမေ အဖေရှိနေစဉ် ဘာမှ မသိတဲ့ မိဘ ကျေးဇူး မေတ္တာတရားဆိုတာက မိဘတွေ မရှိတော့တဲ့အခါမှ ငိုကြွေးတောင်းတနေလို့လဲ ပြန်မရနိုင်တဲ့အတွက် မိဘတွေနဲ့ အတူရှိနေချိန်လေးကို တန်ဖိုးထားတတ်ပါစေ။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲဒီလူမရှိတော့မှ ပြန်တမ်းတနေလို့ မရပါဘူး။ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဆိုတာကလဲ သူနဲ့တန်တဲ့ ငွေကြေးပမာဏက ပေးဆပ်ခဲ့ပြီးပြီပဲ။ အသုံးပြုဖို့က… သူ့နေရာနဲ့သူ ထားတတ် သုံးတတ်ဖို့ပဲ လိုတာပါ။ အဓိကက သူ့တန်ဖိုးကို သင်သိနေဖို့ပါပဲ။ ဆုံးရှုံးသွားပြီးမှ ဘယ်အရာကမှ အရင်အတိုင်း အရင်နေရာမှာ ပြန်အစားထိုးလို့ မရနိုင်ဘူးဆိုတာပါပဲ။ အနိုင်ယူသမျှ သည်းခံတိုင်း တောင်းပန်သမျှ ခွင့်လွှတ်နေတိုင်း အရာရာကို တဖက်တည်းကြည့်တတ်တိုင်းလဲ မျှတနေပြီလို့ မထင်ပါနဲ့။ တန်ဖိုးဆိုတာ… တခါတ လေ အနီးအနားမှာ အတူတူရှိနေစဉ်သာ မသိသာပေမဲ့ ဝေးသွားမှ နောင်တရ တမ်းတနေတတ်တာမျိုးပါ။ အိမ်မှာ အသုံးမလိုတော့လို့ ပြစ်ထားတဲ့ ပစ္စည်းတစ်ခုခုကို အမှန်တကယ် အသုံးလိုလာတဲ့အခါ ဘယ်နေရာထားမိမှန်းမသိပဲ နေရာအနှံ့ ရှာပုံတော်ဖွင့်နေရတာမျိုးကို သင် ခဏခဏ ကြုံဖူးမှာပါ။ ဒါလေးက ကျမတို့အတွက် တန်ဖိုးမသိတဲ့အတွက် တန်ဖိုးရှိတဲ့ အရာတွေကို ဆုံးရှုံးလိုက်ရခြင်းဆိုတဲ့ သင်ခန်းစာလေးတစ်ခု ပေးရင်း အသိလေးတစ်ခု ရလိုက်ခြင်းပါပဲ။ တန်ဖိုးသိရင်း… တန်ဖိုးရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်ကြပါစေ။ Credit MayHsu (ရာမညမြေ) ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။ မေတ္တာဖြင့်… အရှင်ပုည( ဝကုန်း )
via အလင်းရောင် ဓမ္မ https://ift.tt/2FkOdY7

🔺 ❝ နီးလျက်နဲ့ဝေးတော့ မဖြစ်ကြစေနဲ့ ❞ ✪ လောကမှာ ရဟန်းဖြစ်စေ လူဖြစ်စေ စိတ်ကို သတိပဋ္ဌာန်တရားတို့ဖြင့် ဆုံးမခြင်း မရှိသေးဘူးဆိုရင်တော့ ••• စိတ်ဓာတ်တွေ ညံဖျင်းနေဦးမှာပါ ••• ✪ မြတ်စွာဘုရားရှင်၏အဆုံးအမသည် စိတ်ကိုစောင့်ရှောက်ခြင်းသာတည်း ••• လောကဓံအာရုံနဲ့ တွေ့တိုင်းတွေ့တိုင်းမှာ အမြဲတမ်းတုန်လှုပ်နိုင်တယ် ••• ဒါကြောင့် မတုန်လှုပ်ဖို့ ကြံ့ကြံ့ခံနိုင်အောင် ဘယ်စိတ်ပေါ်ပေါ် သတိအသိကိုက်အောင် ကြည့်နေပါ ••• ✪ ဒီစိတ်သည် ••• တစ်ခါတစ်ရံ ၀မ်းသာစရာနဲ့တွေ့ရင် သိပ်ကျေနပ်နေတတ်တယ် ••• အဲဒီအချိန်မှာ သတိပြန်ကပ်လိုက် ဒီစိတ်သည် အရှိလား မရှိလား ဧည့်သည်စိတ်သာဖြစ်တယ် ••• ခဏသာဖြစ်ပြီး ခဏဆိုသတိထားကြည့် မရှိတော့ဘူး ••• ဖျတ်ဆိုပျောက်ပျက်သွားပြီ ••• ✪ ၀မ်းနည်းစရာ ဆင်းရဲစရာနဲ့ တွေ့ပြန်တော့ သိပ်ကိုဆင်းရဲနေတယ် ••• ဒါပေမယ့် ဒီဆင်းရဲနေတဲ့စိတ်ကို သတိကပ်ပြီးကြည့်လိုက် ••• ခဏဖြစ် ဖြစ်ပြီးပျက် ပျက်သွားတာကို အသိဉာဏ်ကပ်ကြည့်မှ ဖြစ်ပေါ်လာသမျှသောရုပ်နာမ်တို့သည် စက္ကန့်တိုင်းဖြစ်ပြီး စက္ကန့်တိုင်းပျောက်ပျက်နေတာကိုသာ အရှိပေါ်တိုင်းပေါ်တိုင်း အသိဉာဏ်ကပ်ပြီးသာ စောင့်ကြည့်လိုက် ••• ✪ ရှေ့စိတ်၏ မမြဲမှုကို နောက်စိတ်နဲ့ အကဲခတ်ပေးပါ ••• ဘယ်စိတ်ပေါ်ပေါ် 'မရှိပါလား' 'မရှိပါလား'ဟု ဉာဏ်နဲ့ညွတ်ပေးလိုက် ••• အညွတ်ခံခန္ဓာအပေါ်မှာ အညွတ်ဉာဏ်ဆင့်ထားပေးပါ ••• ✪ ဘယ်အာရုံပေါ်ပေါ် ခဏဖြစ် ခဏပျက်ပျက်သွားတာကိုသာ စောင့်ကြည့်နေလိုက်ပါ ••• သူ့သဘောဖြစ်ပြီး သူ့သဘောပျက်သွားနေတာသာ စောင့်ကြည့်လိုက် ••• ဘယ်အာရုံမှ တည်မြဲခြင်း ခိုင်ခံ့ခြင်းမရှိတာကို သိသိသာသာတွေ့နေမယ် ••• နိစ္စသုခအတ္တပျောက်ပြီး အနိစ္စဒုက္ခအနတ္တဉာဏ် ဆိုက်ရောက်သွားပါစေ ••• ✪ ဘုရားနဲ့နီးပေမယ့် ဘုရားအဆုံးအမကို မလိုက်နာသူသည် 'ဘုရားနဲ့နီးလျက်နဲ့ဝေး' ••• သံဃာအနားနေပြီး သံဃာ့အဆုံးအမကို မလိုက်နာသူဟာလည်း 'သံဃာနဲ့နီးလျက်ဝေး' ••• ✪ ဒါကြောင့်မို့ ••• ဘုရားအဆုံးအမသြ၀ါဒကို မလိုက်နာ အလေးမထားသူ နေ့ရက်တွေကုန်ဆုံးသွားပေမယ့် အဓိပ္ပာယ်မရှိသောလူ တန်ဖိုးမရှိသောလူသည် တမလွန်ဘ၀ကို ခြေလှမ်းရမည့်နေ့မှာ နောင်တပေါင်းများစွာဖြင့် လောကဓံကို ကြံ့ကြံ့မခံနိုင်လို့ လူဖြစ်ရခြင်းအကျိုးမရှိသလောက် ဆုံးရှုံးတတ်သည်မို့ သင့်ကိုသင်ပြုပြင်ပြီး တရားအသိနဲ့ရှိနေပါစေ ••• 🔄 ❝ အဖေါ်ကောင်းရှိပါစေ ❞ ☘ လောက မှာ အဖေါ် ဆိုတာ လိုအပ်တယ်။ ပစ္စုပ္ပန် အဖေါ်ရယ် သံသရာ အဖေါ် ရယ်လို့ (၂)မျိုး ရှိပါတယ်။ ☘ ပစ္စုပ္ပန်မှာ အဖေ အမေ အကိုအမ ဇနီးမယား သမီး သားရယ်လို့ မိသားစု အဖေါ်တွေ လိုအပ်ပါတယ်။ အဲ့ဒီ အဖေါ်တွေကတော့ တဘ၀စာ တနပ်စာ အတွက်ရပ်တည်ကြမယ့်သူတွေပါ။ ဒီ အဖေါ်တွေမှာလည်း ကောင်းတဲ့ အဖေါ်ရှိသလို မကောင်းတဲ့ အဖေါ်လည်း ရှိပါတယ်။ ကောင်းကျိုးလိုလားသူဆိုရင်တော့ ကောင်းတာတွေ ဖြစ်မယ်။ သံသရာအတွက်ပါ ကောင်းမယ်။ မကောင်းတဲ့ အဖေါ်ကတော့ ခုလည်း မကောင်းဘူး သံသရာအတွက်လည်း မကောင်းနိုင်ဘူး။ ☘ ဒါန ။သီလ ။ သမထ။ ဝိပဿနာ ဆိုတဲ့ လေးမျိုးသော ကုသိုလ် တရားတွေဟာ သံသရာ အတွက် အဖေါ်ကောင်းတွေ ဖြစ်ပါတယ်။ ☘ မိုးကုတ် ဆရာတော်ဘုရားကြီး က ••• ဇာတိ တရားလက်ခံထားသူ များဗိုလ်လူတို့ နောက်မူ စင်စစ် သေမင်းလက်သို့ အသက် အပ်နှင်း မယွင်းသေချာ ဖြစ်မြဲသာတည့်လို့ ဆိုထားပါတယ်။ ☘ အကယ် ၍များ အဖေါ်ကောင်းမရှိခဲ့ရင် ဇာတိ ကို ရထားတဲ့ ခန္ဓာတိုင်းဟာ အိုမှုသဘော ကို`၎င်း နာမှုသဘောကို၎င်း ခံစားရတဲ့အခါ မခံစားနိုင်ဖြစ်ကြတယ်။ အဖေါ်ကောင်းရှိထားတဲ့သူတွေ ကတော့ အိုခြင်းသဘော နာခြင်းသဘောကို သိရှိပြီးဖြစ်သလိုအဖေါ် ကောင်းရဲ့ အထောက် အပံံ့ နဲ့ ပြုံးပြုံး ရွင်ရွှင် ရင်ဆိုင်နိုင်ကြပါတယ်။ ☘ ဇာတိ ရဲ့နောက်မှာ ဇရာ မရဏ ကပ် ပါလာတာပါ။ ခန္ဓာကို ရတဲ့သူတိုင်းဟာ ရုပ်ကိုစွဲလမ်းတတ်တယ်။ ဝေဒနာ ကိုစွဲလမ်း တတ်တယ်။ အဲ့ဒီလိုစွဲလမ်းတော့ အိုမှုသဘော နာမှုသဘော ရုပ် ရဲ့ ဖေါက်ပြန်မှုသဘောတွေကို မခံစားနိုင်အောင် ဝေဒနာ ဖြစ်တတ်ကြပါတယ်။ ✠ သေမည့် ခန္ဓာ သေခန္ဓာ မှန်စွာဖြစ်ရမည်။ ✠ နာမည့် ခန္ဓာ နာခန္ဓာ မှန်စွာ ဖြစ်ရမည်။ ✠ အိုမည့်ခန္ဓာ အိုခန္ဓာ မှန်စွာ ဖြစ်ရမည်။ ✠ အိုဖို့ ရလာ အိုခန္ဓာ အိုမှာ မကြောက်နဲ့။ ✠ နာဖို့ရလာ နာခန္ဓာ နာမှာ မကြောက်နဲ့။ ✠ သေဖို့ ရလာ သေခန္ဓာ သေမှာ မကြောက်နဲ့ လို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကဆုံးမတော်မူခဲ့ပါတယ်။ ☘ ဘုရားရှင် ဘယ်လောက်ပဲဆုံးမထား ဆုံးမထား ၀ိပဿနာ အသိလေးနဲ့ လေ့ကျင့်အားထုတ်ထားခြင်း မရှိရင်တော့ သတိကပ်ပြီး မှတ်နိုင်မှာ မဟုတ်ပါဘူး။ အဖေါ် ကောင်းကို ရှာဖွေ ပေါင်းဖေါ်ထားခြင်းမရှိတဲ့အတွက် နာရင်နာတယ် လို့ခံစားပြီး ငါနာတယ် ငါကျင်တယ်လို့ ဖြစ်နေကြမှာပါ။ ☘ ဝိပဿနာ အသိလေးနဲ့ သတိလေးကပ်ပြီး နာတာကိုမှတ်မယ် နာခြင်းသဘောကို ဖြစ်ပျက်ရှုမယ် ဆိုရင် အဖေါ်ကောင်း နဲ့ နေသူဖြစ်တဲ့အတွက် နိဗ္ဗာန် ကို အဲ့ဒီ အဖေါ်ကောင်းက ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ☘ ဒါကြောင့် အဖေါ်ကောင်း နဲ့ ပေါင်းတတ် သင်းတတ်မှသာ အဲ့ဒီ အဖေါ်ကောင်းက နိဗ္ဗာန် ပို့မယ်အပါယ် တံခါး ကို ပိတ်ပေးပါလိမ့်မယ်။ အဖေါ်ကောင်းရှိမှာသာ ချမ်းသာ ကို ရပါလိမ့်မယ်။ 【မြောက်ဦးဆရာတော် ၀နဝါသီအရှင်ဝါယာမိန္ဒ 】 ❝ အပ္ပမာဒေန သမ္မာဒေထ ❞ ❦ ရွှင်လန်း ❦ ချမ်းမြေ့ ❦ ပါစေ ❦ Credit: ; မူရင်းတင်သူ အလင်းရောင် acc မှ
via အလင်းရောင် ဓမ္မ https://ift.tt/2QFCCYQ

via အလင်းရောင် ဓမ္မ https://ift.tt/36qESKq

Saturday, January 4, 2020
"ဒုက္ခမများစေချင်ဘူးဆိုရင် ✨✨✨✨✨ တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွေပွားနေမယ်ဆိုရင် ကိုယ့်သံယောဇဉ်ကြောင့် ကိုယ်ဒုက္ခရောက်ရမှာဖြစ်သလို သူ့သံယောဇဉ်ကြောင့် သူဒုက္ခရောက်ရလိမ့်မယ်.. ကိုယ့်ကြောင့် သူ့ကိုမဆင်းရဲစေချင်ဘူးဆိုရင် ကိုယ့်အပေါ်မှာရှိနေတဲ့ သူ့ရဲ့သံယောဇဉ်တွေကို ကြီးထွားသွားအောင် မလုပ်ပါနဲ့.. သူ့ကြောင့် ကိုယ်မဆင်းရဲချင်ဘူးဆိုရင်လည်း သူ့အပေါ်မှာရှိနေတဲ့ ကိုယ့်ရဲ့သံယောဇဉ်တွေကို လျှော့ချပစ်ပါ.. ဘယ်သူ့အပေါ်မှာထားတဲ့ ဘယ်သူ့ရဲ့သံယောဇဉ်ပဲဖြစ်ဖြစ် ဒုက္ခကိုဖြစ်စေမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး.. စားသောက်ထားတဲ့ အစားအစာတွေဟာ မုချ ကျင်ကြီးကျင်ငယ်ကိုဖြစ်စေသလိုပဲ ထားမိတဲ့ သံယောဇဉ်တွေဟာ သေချာပေါက် ဆင်းရဲကိုဖြစ်စေလိမ့်မယ်.. သံယောဇဉ်များခြင်းဟာ ဒုက္ခများခြင်းပဲဖြစ်ပါတယ်.. ဒုက္ခ မများချင်ဘူးဆိုရင် ကိုယ်ကလည်း ဘယ်သူ့ကိုမှ မငြိနဲ့.. ကိုယ့်ကိုလည်း ဘယ်သူကမှ မငြိစေနဲ့.. တစ်ယောက်ကိုတစ်ယောက် ငြိမိလို့ကတော့ ချည်ဝင်အူပေါက်လို ရှင်းမရအောင် ရှုပ်သွားလိမ့်မယ်.. ဒါကြောင့် ဒုက္ခမများစေချင်ဘူးဆိုရင် အားလုံးအပေါ်မှာ ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ.. ____________________________________________________ "တစ်ကယ်တော့ အသက်ရှူနေသမျှ လောကဓံတွေဖြစ်နေတာပဲ" ****** ကဲ့ရဲ့ခံရတဲ့အခါ စိတ်မကောင်းသိပ်မဖြစ်သင့်ဘူး.. သူတို့စိတ်ထဲ မကောင်းဘူးလို့ထင်လို့ဖြစ်မှာပေါ့.. ထင်စရာအကြောင်းလည်း ရှိလို့နေမှာပေါ့.. ကိုယ်လည်း သူများကို ထင်သလိုပဲပေါ့.. စကားဆိုတာ သူတို့စိတ်ထဲမှာရှိတာကို ဖွင့်ဟပြလိုက်တာ.. ချီးမွမ်းတယ်ဆိုတာ မင်းကိုကောင်းတယ်ထင်ကြောင်း ကဲ့ရဲ့တယ်ဆိုတာ မကောင်းဘူးထင်ကြောင်းပြလိုက်တာ.. အဲဒီစကားတွေကတစ်ဆင့် ကိုယ့်ကိုမုန်းတယ် မကောင်းထင်တယ်ဆိုတာကို ခံစားရတယ်.. အဲဒီအခါ စိတ်ထဲတော်တော်ခံစားရလိမ့်မယ်.. သူများအထင်ကြီးကို ကိုယ်ကခံစားတာနော် သေသေချာချာစဉ်းစားကြည့်.. သူများက ကိုယ့်ကိုချစ်တယ်လို့ ထင်ရင်တော့ တော်တော်ဝမ်းသာတယ် ပျော်တယ်.. သူ့စိတ်ထဲဖြစ်တဲ့အထင်ကို ဘယ့်နှယ်ကြောင့် ကိုယ်က ဒီမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေရသလဲ.. စဉ်းစားကြည့်ရင် တော်တော်လည်း စိတ်ဝင်စားစရာကောင်းတယ်.. ဒီလောကဓံတွေကို လူမိုက်တွေရဲ့ တုံ့ပြန်ပုံကဒီလိုပါ.. ဒါတွေဟာမမြဲ ဆင်းရဲ အနှစ်မရှိဘူးဆိုတာကို မသိဘူး.. ဒီတော့ ကောင်းတယ်လို့ထင်ရင် ဝမ်းသာယစ်မူး စွဲလန်းတယ်.. မကောင်းဘူးလို့ထင်ရင် ဝမ်းနည်းကြေကွဲပြီး မလိုချင်ဘူး.. တစ်ကယ်တော့ စွဲလမ်းတယ်ဆိုတာဟာ နောင်တစ်ချိန်မှာ အကြီးအကျယ်ပူရာပူကြောင်းကို ကြိုလုပ်နေတာ.. ကိုယ့်ကိုကိုယ်ဆင်းရဲအောင် ဘွတ်ကင်ကြိုလုပ်ထားသလိုပဲ.. ပညာရှိတွေကတော့ ဒါတွေဟာ မမြဲဆင်းရဲ အစိုးမရဘူးဆိုတာ သိတယ်.. အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတွေပဲ အချိန်တန်ရင် ပြီးသွားမှာပဲဆိုတာကို သိတယ်.. တစ်ကယ်တော့အသက်ရှူနေသမျှ လောကဓံတွေဖြစ်နေတာပါပဲ.. #သစ္စာရွှေစည်ဆရာတော် 🙏🙏🙏 Credit / ဓမ္မဒါန-ကုသိုလ်ပြု-ပြန်လည်မျှဝေသူ(SuMyat)
via အလင်းရောင် ဓမ္မ https://ift.tt/2Qq025L
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)