အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, January 3, 2020
မှားတဲ့မေးခွန်းကိုမေးလျင် 🙏🙏🙏🙏🙏🙏🙏 မွေးနေ့အနုမောဒနာ - အပိုင်း(၄) 🎂 ပဋိစ္စသမုပ္ပါဒ်ရဲ့ အတွေးအခေါ်အရကတော့ အရာရာဆက်စပ်နေတယ်၊ အဲဟာလေးကို positive thinking ပိုပြီးခိုင်မာအောင် ကိုယ့်အခန်းကဏ္ဍနဲ့။ တခါတခါ အဲစိတ် မဖြစ်ဘူး။ မိုင်းဖုန်းဆရာတော်ကြီးပြောသလို ❝စိတ်ထားမှန်ရင် စိတ်ထားကောင်းရင် ပြဿနာမရှိဘူး။ စိတ်ထားမမှန်ရင် နေရာတိုင်းမှာ ပြဿနာရှိတယ်။❞ ဆိုပြီး အဲဒီလင်္ကာလေး ရှမ်းလင်္ကာလေး နေရာတိုင်းမှာ သင်ပေးတယ်။ 🎂 အဲဒါ စိတ်ထားမှန်တယ် မမှန်ဘူးဆိုတာ ဒီဟာကြီးကတော့ သူက စွဲချင်သလို စွဲလို့ရတာပေါ့။ ဒီနေရာမှာ ဘုန်းဘုန်းက ဘယ်လိုစွဲမှာတုန်းဆိုတော့ ဒီ မွေးနေ့ပွဲ လုပ်တဲ့နေရာမှာ တကယ်လို့ ဘုန်းဘုန်းက င့ါ အခန်းကဏ္ဍက အရေးကြီးတယ် ငါ ထည့်လိုက်တယ်ဆိုရင် ဘာနဲ့တူတုန်းဆို လက်ငါးချောင်း။ 🎂 ဒီ လက်မက သူက အသန်မာဆုံး သူက အရေးပါးဆုံးဆိုပြီးတော့ သူ့ကိုယ်သူ နောက်ပြီးတော့ နှလုံးသားနဲ့အနီးဆုံးတဲ့။ လက်ညှိုးကပြောတယ် “ဟေး စကားမများနဲ့ တစ်ခုခုလိုအပ်တယ်ဆိုရင် သူများကို အမိန့်ပေးနိုင်တာ လက်မ မဟုတ်ဘူး။” လက်မထောင်တာ တခါခါမှ အလုပ်လုပ်လို့ အဆင်ပြေတဲ့အခါမှ လူတွေက လက်မထောင်တာ။ 🎂 လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့လူတွေကို ကိုယ်လိုအပ်တဲ့အတိုင်းဖြစ်အောင် ခိုင်းနိုင်တာက ဒီလက်ညှိုးပဲရှိတယ်။ လက်ညှိုးက ပိုပြီးတော့ အရေးပါပါတယ်။ လက်မနဲ့လက်ညှိုးနဲ့ ရန်ဖြစ်တာ။ 🎂 အဲဒါကို ကြားတဲ့အခါက လက်ခလယ်က လုံး၀မခံနိုင်ဘူး။ “အရေးပါတာ ဒါကြည့် ဘယ်သူက အမြင့်ဆုံးတုန်း။” မြင့်တာ နိမ့်တာ မြင့်တယ်ဆိုတာက သူက အရေးပါတာ ပြောတာ။ လူကြီးက မြင့်တယ် ရာထူးမြင့်တယ် ကံဇာတာမြင့်တယ်။ လက်ခလယ် သူက အမြင့်ဆုံး အရေးပါဆုံး သူက claim လုပ်ပြန်တယ်။ 🎂 ဒီသုံးချောင်းစလုံး ဘယ်သူမှ အချင်းချင်း သဘောမတူဘူး။ အချင်းချင်းက သူ့ဟာနဲ့သူ ငါ ငါ ဆိုပြီး လုပ်တယ်။ အဲဒါနဲ့ လက်သူကြွယ်ကလည်းပဲ သူလည်း အားကျမခံ “ရတနာရှိရင် ဘယ်မှာထားတုန်း ဘယ်မှာစွပ်တုန်း။” ဒီမှာပဲ စွပ်တယ်။ အဲဒါပြောတာ “လူ့တန်ဖိုးဆိုတာ အဲဒါ ပြောတာ။ စကားသိပ်မများနဲ့” ဆိုပြီးတော့ အရင်သုံးချောင်းကို ပါးစပ်ပိတ်တယ် လက်သူကြွယ်က။ 🎂 လက်သန်းက သေးလည်းသေးတယ် တိုလည်းတိုတယ်ဆိုတော့ သူများထက်အားလည်းငယ်တယ် အားလည်း သူများလောက်မကောင်းဘူးဆိုတော့ သူ့ဟာသူ စဉ်းစားနေတယ် ဒီလူတွေ အဲလိုပြောတယ် ဒီလက်ချောင်းက အဲလိုပြောတယ် ငါ့ကို မခံချင်အောင် သူငယ်ပြီးတော့ မခံချင်ဘူး သူထပြောတယ်။ “ဘုရားရှိခိုးတဲ့အခါ ကျုပ်ရှေ့ကပါ” 🙂 🎂 လက်ငါးချောင်းစလုံး ကိုင်တဲ့အခါ အားရှိတာ။ “သမဂ္ဂေါ သမ္မောဒ မာနော အဝိ၀ဒမာနော” ဝိနည်းတော်ထဲမှာ အမြဲတမ်း မြတ်စွာဘုရား။ ဒါ ပရိတ်သတ်လေးပါးရဲ့ feature အသွင်အပြင် သူလိုချင်တဲ့ပုံစံ နံပါတ်(၁)က #သမဂ္ဂေါ၊ နံပါတ်(၂)က #သမ္မောဒမာနော၊ နံပါတ်(၃)က #အဝိ၀ဒမာနော။ ဒါ မြတ်စွာဘုရားစကားမို့ လိုက်ပြီးတော့ ဆိုနော် လက်အုပ်လေးချီ လေးလေးစားစား။ သမဂ္ဂေါ (သမဂ္ဂေါ) သမ္မောဒ မာနော (သမ္မောဒ မာနော) အဝိ၀ဒမာနော (အဝိ၀ဒမာနော) သာဓု သာဓု သာဓု။ 🎂 #သမဂ္ဂေါ - ဆိုတာ ညီညွတ်တာ ညီညွတ်တယ်၊ #သမ္မောဒမာနော - ဆိုတာ မုဒိတာ ဖြစ်တာ စိတ်ထဲမှာ ၀မ်းမြောက်၀မ်းသာဖြစ်တာ ပီတိဖြစ်တာ။ #အဝိ၀ဒမာနော - ဆိုတာ စကားမများတာ။ ဒီလက်ငါးချောင်းလို စကားမများဘူး။ လုပ်စရာရှိတယ်ဟေ့ဆိုရင် သူက ညီညီညွတ်ညွတ်လည်း လုပ်တယ် လုပ်တဲ့နေရာမှာလည်း အင်္ဂလိပ်တွေပြောသလို job satisfaction ။ 🎂 Job satisfaction ဆိုတာက ကိုယ်တဲ့အလုပ် ကိုယ် စိတ်ပျော်တယ်။ “သမဂ္ဂေါ သမ္မောဒမာနော အဝိ၀ဒမာနော” ဘုန်းဘုန်း တစ်ခါတစ်ခါ စဉ်းစားတယ် ညီညွတ်ရေးက အရင်လာရမှာလား၊ ဒါမှမဟုတ် ၀မ်းသာတဲ့စိတ်က အရင်လာရမှာလား၊ ဒါမှမဟုတ် စကားမများတာ အရင်လာရမှာလား။ စကားမများနဲ့ကွာ နားငြီးတယ်။ စကားများတာကို ပိတ်လိုက်ရင် စိတ်ပျော်ရွှင်မှုအတွက်က ပိုဖြစ်လွယ်တယ်ထင်တယ်။ တခါတခါ အဲလိုတွေးတယ်။ 🎂 တခါတခါကျ မဟုတ်ဘူး။ ညီညွတ်တဲ့ပုဂ္ဂိုလ် ညီညွတ်တဲ့လူတွေမှာ အလွယ်တကူ ပီတိဖြစ်နိုင်တယ်။ အဲလိုလည်း တွေးမိပြန်ရော။ တခါတခါကျတော့ စိတ်ထဲမှာ ပီတိဖြစ်တတ်တဲ့ ပုဂ္ဂိုလ် ကိုယ့်ဟာကိုယ်ကြည့်ပြီးတော့ ဂုဏ်ယူစရာရှိရင် ဂုဏ်ယူတတ်တဲ့ ပုဂ္ဂိုလ်က သမ္မောဒမာနော အဲ အရည်အသွေးရှိတဲ့ ပုဂ္ဂိုလ် စကားပြောတာ အဆင်ပြေတယ် သမဂ္ဂ။ အဝိ၀ဒမာနော တော်ရုံတန်ရုံစကားမများတော့ဘူး။ ဒီလိုလည်း ဖြစ်နိုင်တယ်ထင်တယ်။ 🎂 အဲဒါနဲ့ နောက်ဆုံးကျတော့ ဘုန်းဘုန်းက ဘယ်လိုကောက်ချတုန်းဆိုတော့ ဒီသုံးခု သူက level တူတူပဲ။ ဘယ်ကနေ စမယ်ဆိုတာပဲ။ စချင်တဲ့နေရာကစ #သမဂ္ဂ ကနေ စမှာလား၊ #အဝိ၀ဒမာန ကနေစမှာလား၊ #သမ္မောဒမာနော က စမလား။ စကားမများတာက စမှာလား၊ ၀မ်းမြောက်၀မ်းသာဖြစ်တတ်တဲ့အကျင့်ကနေ စမှာလား၊ ဒါမှမဟုတ် ညီညီညွတ်ညွတ်တိုင်ပင်တတ်တဲ့ အကျင့်ကနေ စမှာလား။ 🎂 စချင်ရာစ သူက “သီလ သမာဓိ ပညာ” နဲ့ တူတူပဲ။ ဝိသုဒ္ဓိမဂ်က သီလကထာကနေ စတယ်။ မဂ္ဂင်ရှစ်ပါး သူရဲ့ origin က #ပညာကနေ စတယ်။ သီလက နံပါတ်နှစ်၊ သမာဓိက နောက်ဆုံး။ တချို့ သုတ္တံတွေထဲမှာ “သမာဟိတော ယထာဘူတံ ပဇာနာတိ” သမာဓိရှိတဲ့အခါကျမှာ ပညာဖြစ်တာတဲ့ အဲလိုလည်း ဆိုပြန်တယ်။ 🎂 ဒါဖြင့် ဒါတွေဟာ contractation မဖြစ်ဘူးလား စာပေစကား နည်းနည်းပြောတာနော်။ တရားနာပရိတ်သတ် တချို့အတွက် အားနာပါတယ်။ ဒါပေမဲ့ ဘုန်းဘုန်းတို့ ဒီနေရာမှာ မနေ့ကမှာ တမြန်နေ့ကမှ conference လုပ်သွားတယ်ဆိုတော့ အဲဒီအရှိန်လေးနည်းနည်း ခု စာသံပေသံ နည်းနည်းပေါက်နေတယ်။ ခါတိုင်း တရားဟောရင် ဒီလို မလုပ်ပါဘူး။ မနက်ဖြန်ကစပြီး မလုပ်တော့ပါဘူး 🙂 🎂 နောက်ဆုံးတော့ အဲဒီ “သီလ သမာဓိ ပညာ” ကို ဘုန်းဘုန်းက ဘယ်လိုကောက်ချက်ချတုန်း မြတ်စွာဘုရား ဓမ္မစကြာ၊ စကြာဆိုတာ ရှိတာပဲ ဒီလို အဝိုင်းကိုပြောတာ။ အဲဒီအဝိုင်းက သူရဲ့ လက်တံ ၈-ခု ဘယ်ကနေစတယ်ဆိုတာ အရေးကြီးဆုံး မဟုတ်ဘူး လက်တံရှစ်ခုစလုံး ရှိဖို့က အရေးကြီးတယ်။ 🎂 လက်တံ ရှစ်ခုစလုံးက ပြိုင်တူ ညီတူညီမျှ integrate လုပ်တာပေါ့နော်။ ညီတူညီမျှ အလုပ်လုပ်ဖို့က အရေးကြီးတယ်။ အဲဒါကြောင့် ခေါင်းဆောင်က အရေးကြီးတယ် နောက်လိုက် အရေးကြီးတယ်ဆိုတဲ့ အဲဒီ statement တွေ အဲလို အဆိုတွေက အရမ်းကြီး အထောက်အကူမဖြစ်ဘူး integrate ဖြစ်တဲ့ဟာ။ 🎂 သမထ ဝိပဿနာဆိုရင်လည်း ဒီနှစ်ခုစလုံး integratedly ဒီနှစ်ခုလုံးပေါင်းစပ် ပြီးတော့ အလုပ်လုပ်တဲ့ဟာ။ ဒီလက်တစ်ဖက်ဆိုရင်လည်း ဒီငါးချောင်းစလုံး intregrate လုပ်ပြီးတော့လုပ်တယ်။ ဒီငါးချောင်းထဲမှာ ဒီတစ်ချောင်းက အကြောညှပ်နေတယ်ဆိုရင် သိသာတယ်၊ နှစ်ချောင်းညှပ်တယ်ဆိုရင် ပိုတောင် သိသာသေးတယ်။ 🎂 လက်တစ်ချောင်း အရိုးကျိုးသွားတဲ့သူဆို ငါးချောင်းစလုံးကို impact ဖြစ်တယ် သူက။ အကျိုးသက်ရောက်မှုရှိတယ်။ ဒါကြောင့် ဒီ လက်ချောင်းငါးချောင်း ဘယ်တစ်ချောင်းက အရေးပါတယ်ဆိုတဲ့ မေးခွန်းက It’s the wrong question. မှားတဲ့မေးခွန်းဖြစ်ပါတယ်။ မေးခွန်းက မှားတဲ့အခါကျတော့ ဘယ်လိုအဖြေပဲပေးပေးမှားတဲ့ အဖြေပဲရမယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ 🙏🙏🙏 (၁၄.၁၁.၂၀၁၈) နေ့တွင် ကျင်းပသော ဆရာတော်ဘုရား၏ (၅၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ ညချမ်းအထူးတရားပွဲတွင် ဟောကြားတော်မူသော မွေးနေ့အနုမောဒနာ တရားတော်မှ ရေးသားပူဇော်ပါသည်။ Transcribed #ThazinHtike . . https://ift.tt/30yjhw5 https://ift.tt/2vV1p2i
via အလင်းရောင် ဓမ္မ https://ift.tt/2QGLMoe
မမေ့သင့်တဲ့အရာ🙏
via အလင်းရောင် ဓမ္မ https://ift.tt/36pLKrm
မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2tqrCH7

#သတိထား 🌻🌻🌻🌻 ❦ သေခါနီးကာလ ... စဉ်းစားကြည့်စမ်း မိမိအင်မတန် ချစ်မြတ်နိုးနေတဲ့ ခန္ဓာအိမ် ၊ မိမိ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားငယ် သမီးငယ် ဇနီးငယ် မြေးငယ် ပစ္စည်းတွေ နောက်ဆုံး ဘယ်တော့မှ မတွေ့ကြရတော့ဘူးတစ်ယောက်နဲ့ တစ်ယောက် ခွဲရတော့မယ် ...အခု ခဏလေး ခွဲတာတောင်မှ ဘယ်လို ဖြစ်နေလဲ ... ?? ❦ ဟိုမှာ နောက်ထပ် ဘယ်တော့မှ မတွေ့သော ခွဲခြင်းဖြင့် ခွဲရတော့မယ် ..... အဲဒီ အချိန်မှာ ဝမ်းမနည်း ဘူးလား ??? ဝမ်းနည်းတယ်~ ဝမ်းနည်းတယ်~ ❦ အဲဒီမှာဒီ ဓာတ်ကို နိုင်အောင် နှိမ်နှင်းနိုင်တဲ့ စွမ်းအားတွေက ကြိုတင်ပြင်ဆင်မှု မရှိရင် မဖြစ်နိုင်ဘူး!! အဲဒီအခါကျမှဝမ်းနည်းနေတဲ့စိတ်နဲ့ဘဝကို အဆုံးသတ်သွားခဲ့ရင် သမ္မောဟ မရဏ လို့ခေါ်တယ် .. တွေတွေ ဝေဝေ နဲ့ ဘဝကို အဆုံးသတ်ရတယ် မည်တယ်။ ❦ ဒီထက်ပိုဆိုးတာက ... မကောင်းတဲ့ ဒုစရိုက် အမျိုးမျိုးတွေကို လွန်ကျူးခဲ့ဘူးတယ် .. မကောင်းတဲ့ အကုသိုလ် အမျိုးမျိုးတွေကို လွန်ကျူးခဲ့ဘူး တဲ့ အတွက် ထို ပုဂ္ဂိုလ် သေခါနီးကာလမှာ မကောင်းတဲ့ နိမိတ်တွေ ထင်လာပြီဆိုတဲ့ အခါကျမှ ဝမ်းနည်းကြေကွဲပြီး ဘဝကို အဆုံးသတ်ခဲ့ရရင်ဒီပုဂ္ဂိုလ်ရဲ့ သေနည်းဟာလည်း သမ္မောဟ မရဏ ပဲ။ ❦ နောက်တစ်နည်းက အဲဒီ ပုံစံမျိုးတော့ မရှိဘူး!!! ဒါပေမယ့် သေခါနီးမှာ အားကိုးရာ တစ်ခု ရှာဖွေတယ် ... သီလပိုင်း ကြည့်လိုက်တော့လည်း အားမကိုးရ ... သမာဓိကြည့်လိုက်တော့လည်း အားကိုးလို့ မရ ... ပညာပိုင်း ကြည့်လိုက်တော့လည်း အားကိုးလို့ မရ ... ဘာမှပြန်ပြီး တရားတွေက နှလုံးသွင်းလို့က မရတော့ ဘာဖြစ်လာလဲ ?? ပူပန်သောကတွေ ဖြစ်လာပြီ အဲဒီလိုနဲ့ ဘဝကို အဆုံးသတ်ရရင်လည်းဒါလည်း သမ္မောဟ မရဏ ပဲ ။ အဲဒီလို သမ္မောဟ မရဏ နဲ့သေခဲ့ရင်တော့ ကောင်းရာ သုဂတိ ရောက်ပါ့မလား ?? မရောက်တော့ဘူး ။ ❦ မိမိတို့ ကောင်းရာ သုဂတိ ရောက်မယ်ဆိုရင် ရောက်နိုင်တဲ့ နည်းကောင်း လမ်းကောင်း စနစ်ကောင်းကြီးတွေ ရှိရဲ့သားနဲ့ ဒီ မိမိအတွက် အရေးကြီးတဲ့ လုပ်ငန်းခွင်တွေကို မလုပ်ဘဲ သူတပါးအတွက် သားအတွက် သမီးအတွက် ဇနီးအတွက် မြေးအတွက် ဘဝကို အချိန်တွေ အများကြီး အသုံးချနေကြမယ် ဆိုရင် အဲဒီလို ပုဂ္ဂိုလ်လောက် မိုက်တဲ့ ပုဂ္ဂိုလ် ရှိဦီးမလား ??? မရှိတော့ဘူး !! သတိထားကြပါ ။ ဖားအောက်တောရ ဆရာတောဘုရားကြီး Credit >>Original Upploader 🙏🙏🙏ပြန်လည်မျှ ဝေပူဇော်ပါသည် 🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2ZRqcSa

ဘာကိုပေးလှူရမလဲ 🙏🙏🙏🙏🙏🙏 ခွန်အားဗလကောင်းချင်ရင် အစားအသောက်တွေလှူရတယ် မျက်လုံးကျန်းမာရေးကောင်းချင်ရင် ဆီမီးလှူရတယ် ရုပ်အဆင်းလှချင်ရင် အဝတ်အစား လှူရတယ် ကိုယ်စိတ် ချမ်းသာချင်ရင် ယာဉ် ထီး ဖိနပ် လှူရတယ် အထက်ပါလေးခုလုံး လိုချင်ရင် ကျောင်းဆောက်လုပ်လှူတန်းရတယ် နိဗ္ဗာန်ကို အမြန်ရောက်စေတဲ့ကုသိုလ်ကတော့ ဝိပဿနာတရားဟောရတယ် တရားပွဲတွေကျင်းပတဲ့ အလှူတွေလုပ်ရတယ် တရားစာအုပ်တွေလှူဒါန်းရတယ် #Mike ယနေ့ည #ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဘာကိုပေးလှူရမလဲ တရားတော်မှကောက်နုတ်ချက် (၁.၁. ၂၀၂၀) ခွန်အားဗလကောင်းချင်ရင် အစားအသောက်တွေလှူရတယ် မျက်လုံးကျန်းမာရေးကောင်းချင်ရင် ဆီမီးလှူရတယ် ရုပ်အဆင်းလှချင်ရင် အဝတ်အစား လှူရတယ် ကိုယ်စိတ် ချမ်းသာချင်ရင် ယာဉ် ထီး ဖိနပ် လှူရတယ် အထက်ပါလေးခုလုံး လိုချင်ရင်ကျောင်းဆောက်လုပ်လှူတန်းရတယ် နိဗ္ဗာန်ကို အမြန်ရောက်စေတဲ့ကုသိုလ်ကတော့ ဝိပဿနာတရားဟောရတယ် တရားပွဲတွေကျင်းပတဲ့ အလှူတွေလုပ်ရတယ် တရားစာအုပ်တွေလှူဒါန်းရတယ် ဗန်းမော်ဆရာတော်ကြီး Cr# #Mike
via အလင်းရောင် ဓမ္မ https://ift.tt/37yljA4

တဏှာရင်းခံ ဥပါဒါန်ကြောင့် ဇာတိအလိုကျ ကမ္မဘဝ မလိုချင်လဲမရ ခန္ဓာရခဲ့။ ဇရာ၏အလို မအိုချင်လဲ ခန္ဓာကမနေ အိုခဲ့လေပြီ။ ဗျာတိ၏အလို မနာလိုသော်လဲ လွန်ဆန်မရ နာရအုံးမည်။ နောက်ဆုံးတနေ့ ..... မရဏအလို မသေ လိုလဲ ခန္ဓာစဲ၍ သေပွဲဝင်ရပေအုံးမည်။ အို၊နာ၊သေရေး ဒုက္ခဘေးတို့ ကင်းဝေးရာအမှန် ပြည်နိဗ္ဗာန်သို့ ရည်သန်တောင်းဆု အာရုံပြုလျက် မပြတ်ရှုပွား မဂ္ဂင်ရှစ်ပါး(ဝိပဿနာ)တရားများ ကျင့်ကြံကျိုးကုတ် အားထုတ်ကြမှ ခေမာသောင်ကမ်း နိဗ္ဗာန်နန်းသို့ တက်လှမ်းနိုင်ကြပေလိမ့်မည်။ ။ T.H Photo-Fb
via အလင်းရောင် ဓမ္မ https://ift.tt/39yOp43

#ကုသိုလ်ကံကိုစောင့်ရှောက်ထား 🌻🌻🌻🌻🌻🌻🌻🌻🌻🌻 ကိုယ်လုပ်တဲ့အလုပ်တွေမှန်သမျှ စေတနာ ကောင်းကောင်းနဲ့ လုပ်ဖို့ လိုအပ်တယ်။ မှန်ကန်တဲ့စိတ်နေသဘောထားတွေ၊ မှန်ကန်တဲ့စေတနာတွေ ရှိရမယ်။ လူမှာ Intention လို့ခေါ်တဲ့ ရည်ရွယ်ချက် ကောင်းဖို့ အင်မတန်မှ အရေးကြီးတယ်။ ကုသိုလ်ကောင်းမှုလုပ်ရင် ရည်ရွယ်ချက် ကောင်းရတယ်။ ကောင်းတဲ့ရည်ရွယ်ချက်သည် စေတနာကောင်း၊.စေတနာကောင်းရင် ကံကောင်းမယ်။ ကံကောင်းလို့ရှိရင် အကျိုးပေးကောင်းတယ်။ ကုသိုလ်ကောင်းမှုဆိုတာ တစ်ကြိမ်တစ်ခါ လုပ်လိုက်တာကစပြီး ကုသိုလ်အဆက်ဆက်ကြောင့် နောက်ဆုံး နိဗ္ဗာန်ရသည့်တိုင်အောင် အကျိုးတရားဆိုတာ ဖြစ်ပေါ်လာနိုင်တယ်။ ရှေးတုန်းက ပုဂ္ဂိုလ်တစ်ယောက် ဘုရားတစ် ဆူနဲ့ ကြုံတဲ့အခါမှာ ပန်းကလေးတစ်ပွင့် လှူ တယ်။ မိမိလှူလိူက်တဲ့ ဒီကုသိုလ်ကောင်းမှု အပေါ်မှာ အလွန်ကို ပီတိဖြစ်တယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့ကုသိုလ်စိတ်တွေ တိုးပွားပြီး သေသွားတယ်။ နောက်ဘဝတစ် ခု ရောက်တဲ့အခါမှာလည်း ကုသိုလ်တွေ ဆက်ဆက် လုပ်တယ်။ ပန်းတစ်ပွင့် လှူရတဲ့ ကုသိုလ်ကို အခြေပြုပြီး တော့ ( ၉၁) ကမ္ဘာ အပါယ်ဘုံ မရောက်ခဲ့ဘူး။ တိရိစ္ဆာန်ဘဝ မရောက်ခဲ့ဘူး။ ပြိတ္တာဘဝ မရောက်ခဲ့ဘူး။ ငရဲဆိုတာ မရောက်ခဲ့ဘူး။ လူ့ပြည်ရောက်လိုက်၊ နတ်ပြည်ရောက်လိုက် ဒီကုသိုလ်ကံက စောင့်ရှောက်ထားတယ်။ ဘယ်သူကမှ စောင့်ရှောက်တာ မဟုတ်ဘူး။ ကူသိုလ်ကံကို ဓမ္မ လို့ ခေါ်တယ်။ ဓမ်မဆိုတာ " အတ္တာနံ ဓာရေန္တေ ပဋိပဇ္ဇမာနေ စတူသု အပါယေသု အပတမာနေ ကတွာ ဓာရေတီ တိ ဓမ္မော " #ဒီကုသိုလ်ဆိုတဲ့ သဘာဝတရား''' သည် အဲဒီ မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို အပါယ်ဘုံမရောက်အောင် သူက ဆွဲဆောင်ထားနိုင် တယ်။ စောင့်ရှောက်ထားနိုင်တယ်။ အင်မတန်မှ အားကိုးစရာ ကောင်းတယ်။ ပန်းတစ်ပွင့် လှူတဲ့ ကုသိုလ်ကို အခြေပြုပြီး ( ၉၁) ကမ္ဘာ အပါယ်မလားတဲ့ အပြင် နောက် ဆုံးအချိန်မှာ ဒီကုသိုလ်ကံကို အခြေပြုပြီး မြတ်ဘုရားနဲ့တွေ့လို့ တရားဓမ္မနာကြားပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်တဲ့ ရဟန္တာပုဂ္ဂိုလ် ထိအောင် ဖြစ်သွားတယ်။ လောကလူတွေက ချမ်းသာချင်ကြတယ်။ သို့သော် အကုသိုလ်တွေ ရင်ထဲများလာပြီ ဆိုရင်တော့ ဆင်းရဲမှာပဲ သေချာတယ်။ ကုသိုလ်တွေ ရင်ထဲနှလုံးထဲမှာ များလာပြီ ဆိုမှ ချမ်းသာမှာ ဖြစ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်နဲ့အညီ စေတနာ မှန်မှန် စေတနာ ထက်ထက်သန်သန် ပြုလုပ်ခြင်းအားဖြင့် ကံကောင်းမှာ ဖြစ်တယ်။ ကံကောင်းလို့ရှိရင် လည်း အကျိုးပေးကောင်းမှာ ဖြစ်တယ်။ ----------------------- #ဆရာတော်👏 #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ..........🙏🙏🙏🙏🙏 Posted by::: Words of Buddha Page 📜
via အလင်းရောင် ဓမ္မ https://ift.tt/39zSEwc

◇ နေတတ်အောင်နေခြင်း ◇ ━ ━ ━ ━ ━ ━ ━ ━ ━ ━ ၁။ မျက်စိက မြင်သော်လည်း မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။ ၂။ နားက ကြားသော်လည်း မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူလိုနေပါ။ ၃။ စကားအရာလိမ္မာတဲ့ ပညာရှိဖြစ်သော်လည်း မပြောသင့်တဲ့အရာဆိုလျှင် ဆွံ့အသူလို မပြောဘဲနေပါ။ ၄။ ခွန်အားဗလကောင်းသော်လည်း မလုပ်သင့်တဲ့အရာဆိုလျှင် အားခွန်ဗလ မရှိသူလိုနေပါ။ ၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင် လူသေကောင်လိုနေပါ။ ➢ မဟာ ကစ္စာယနတ္ထေဂါထာ၊ ၂၉၅
via အလင်းရောင် ဓမ္မ https://ift.tt/39xmgu5

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2MPkBq5

Thursday, January 2, 2020
အစွဲမရှိသော စိတ် 🙏🙏🙏🙏🙏🙏 အစွဲမရှိသောစိတ်သည် ချမ်းသာ တယ်။ မိမိခန္ဓာကိုယ်ကိုလည်း မစွဲနဲ့။ သူတစ်ပါးခန္ဓာကိုယ်ကိုလည်း မစွဲနဲ့။ ခန္ဓာနဲ့ နီးစပ်သောအရာဝတ္ထုမှန်သမျှကို မစွဲနဲ့။ စွဲနေသမျှ ဝဋ်ဒုက္ခ မုချတွေ့မည် မှတ်။ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးမှာ စွဲလမ်းစရာတွေ မက်မောစရာတွေ တွေဝေစရာတွေ စိတ်ပမ်း ကိုယ်နွမ်းစရာတွေ တပုံတခေါင်းကြီးနော်။ ဒီအာရုံတွေကို မက်မောတွယ်တာ နေသူတိုင်း ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် နည်းနည်းစွဲ နည်းနည်းစိတ်ပင် ပန်းမယ်။ များများစွဲနေသမျှ မပြောနဲ့တော့။ ဒါကြောင့်မို့ မည်သည့်အရာမဆို မစွဲမိစေနဲ့။ စွဲလမ်းစရာတွေကြည့် ဝတ္ထုကာမအပေါ် တပ်မက် နှစ်သက်၊ တွယ်တာမက်မောမယ် ဆိုရင် ကိလေသာ ကာမတွေဖြစ်ပြီး သံသရာတလျှောက်လုံး အို နာ သေမဆုံး တရုန်းရုန်းနဲ့ အိုပွဲ နာပွဲ သေပွဲတွေနဲ့ရင်ဆိုင် ရပြီး မပြီးဆုံးသော သံသရာမှာ ကျင်လည် ကြရမယ်ဆိုတာ သဘောပေါက်ကြပါစေ။ မည်သည့်အရာဝတ္ထုကိုမှ မစွဲတဲ့နေ့သည် ဒုက္ခအဆုံးကို ရုန်းထွက်ပြီး အပါယ်တံခါး ပိတ်တဲ့နေ့ပါလားဟု ဆုံးဖြတ်လိုက်။ မည်သည့်ပုဂ္ဂိုလ်ကိုမှ မမေးနဲ့။ တရားအသိ ကိန်းလာတဲ့သူသည် မိမိကိုယ်ကို ကြည်ညိုတဲ့စိတ် အမြဲ ဖြစ်နေတယ်။ ကိလေသာဓါတ်တွေ ကွာနေတယ်။ ချုပ်ချုပ်နေတာ တွေ့မြင်နေရလို့ လောကမှာ မိမိကိုယ်ကိုမိမိ အကြည်ညိုဆုံးပုဂ္ဂိုလ်ဖြစ်နေ တယ်။ သင်သည်လည်း မိမိကိုယ်ကို အကြည်ညိုဆုံး အလေးစားဆုံး အမြတ်နိုးဆုံး ဖြစ်ပါစေ။ ------------------------------ မြောက်ဦးဆရာတော် 🙏🙏🙏🙏🙏🙏🙏 ပြန်လည်မျှဝေပါသည်။ credit :
via အလင်းရောင် ဓမ္မ https://ift.tt/2SGGqfg

ကောင်းကျိုးချမ်းသာနဲ့မဝေးစေချင်
via အလင်းရောင် ဓမ္မ https://ift.tt/2QePXsi

`အရည်အသွေးပါမှ စိတ်ချရတာ´ ⛲⛲⛲⛲⛲⛲⛲⛲⛲⛲ ❖ ဘုရားရှိခိုးတာမှာ တကယ် စိတ်ပါလက်ပါ စူးစူးစိုက်စိုက် ရှိခိုးမယ်ဆိုရင် `နမောတဿ´ဘုရားရှိခိုး တစ်ပုဒ်နဲ့တောင် အရည်အသွေးပါတယ်။ ❖ သရဏဂုံ (၃)ပါးနဲ့တောင် အားကိုးရလောက်တယ်။ ❖ လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှာလည်း စိတ်ပါလက်ပါ ကြိုးစားပြုလုပ် အားထုတ်ကြရမယ်။ ❖ ကိုယ့် အရည်အသွေးကို ကိုယ့်ဘာသာပဲ မြှင့်ရမှာ။ ❖ သူများက တင်ပေးတဲ့ အရည်အသွေးက အလကားပဲ။ ❖ ကိုယ်ဘာသာ ကိုယ်တင်တဲ့ အရှိန်အဝါကမှ တကယ့် အရှိန်အဝါဖြစ်တယ်။ ❖ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာကိုယ်၊ကိုယ့်စေတနာကောင်းနဲ့ ကိုယ်ဘာသာကိုယ်လုပ်နေရင် နည်းမှန်လမ်းမှန် သူ့အလိုလို အကျိုးပေးလိမ့်မယ်။ ❖ ဘာပဲလုပ်လုပ် လုပ်ရမယ့်အတူတူဆိုတော့ အရည်အသွေးပါအောင်ပဲ လုပ်ပါ။ ❖ လူမြင်ကောင်းရုံ ဟန်လေးနဲ့ လုပ်တာမျိုးမဖြစ်စေနဲ့၊ ဟန်ဆိုတာ တကယ့်အရေးကျရင် ဘာမှအားကိုးလို့ မဖြစ်ဘူး။ ❖`ဟန်ဆိုတာ အလကား´`အမှန်ကမှ တရား´ တဲ့။ ⛲(တိပိဋကယောဆရာတော်)⛲ Credit : Win Soe ⛲ဓမ္မဒါန ပူဇော်ပါသည်⛲ ⛲စိုးဝင်းကျော်(ယိုးဆနွင်း)⛲ Photo သုဝဏ္ဏလျံတောင်ဘုရား (ရှမ်းပြည်နယ်အရှေ့ပိုင်း)
via အလင်းရောင် ဓမ္မ https://ift.tt/2MIzKth

""အလိုမပြည့်စိတ်က ဒုက္ခကို ဖြစ်စေတယ်"" 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 တရားချစ်ခင်သူတော်စင်အပေါင်းတို့~ အကိတ္တိရသေ့ကြီးက သိကြားမင်းရဲ့ အမေးတွေထဲက နောက်ထပ်လိုချင်တာ ဆုတစ်ခုကို တောင်းပါတယ်။ ""ခေတ္တံ ဝတ္ထုံ ဟိရညဉ္စ ဂဝါဿံ ဒါသပေါရိသံ။ ယေန ဇာတေန ဇီယန္တိ၊ သော ဒေါသော န မယီ ဝသေ။""တဲ့။ လောကလူတွေက လိုချင်မှုတွေများ တော့ ရှာဖွေကြတယ်၊ ရှာဖွေရင်းနဲ့ဘဲ အလိုမပြည့်နိုင်ကြပါဘူး။ ရှေ့သို့ တိုးပြီး ရှာရင်းနဲ့ဘဲ "လယ်ယာမြေတွေဆုံးရှုံး သွားတယ်၊ အိုးအိမ်စည်းစိမ်ဥစ္စာတွေ ဆုံးရှုံး သွားကြတယ်၊ အလုပ်သမား ကျေးကျွန် ကျွဲနွား တွေဆုံးရှုံးသွားတယ်၊ သားသမီး ဆွေမျိုးတွေဆုံးရှုံးသွားတယ်၊""ဆိုတာတွေ ဟာ ကိုယ့်ရဲ့ အလိုမပြည့်မှု ဒေါသကြောင့် ဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် ဘုရားအလောင်းတော်က ဘယ်တော့မှ ဒေါသရဲ့ အလိုကို မလိုက်ရ ပါရစေနဲ့လို့ ဆုတောင်းပါတယ်။ လူတစ်ဦး ဒေါသဖြစ်ပြီ ဆိုရင် ပထမဦးဆုံး ဆုံးရှုံး သွားရတာက""စိတ်ချမ်းသာမှု"" ပါပဲတဲ့။ ဒေါသဖြစ်နေတဲ့ လူရဲ့ အလှအပ တွေဟာ ဖြစ်နေချိန်မှာ ပျောက်ပျက်နေ ပါတယ်။ ဥပမာ~~~ဒေါသဟာ တောမီးနဲ့အလား သဏ္ဍာန်တူပါတယ်။ တောမီးလောင်သွား ပြီဆိုရင် နေရာတစ်ခုလုံး မဲညစ်ကျန်ခဲ့ တာပါ။ ဒီလိုပါပဲ ဒေါသဖြစ်သွားတဲ့ သူဟာ လည်း အရုပ်ဆိုး အကျည်းတန် ဖြစ်သွား ပါတယ်။ ဒါဆိုရင် အရုပ်တင်ဆိုးသွားတာမဟုတ် ပါဘူး။ ပြောတဲ့စကားတွေကလည်း ရိုင်းစိုင်း ယုတ်မာနေတယ်။ တဆက်တည်းမှာဘဲ ဒေါသဖြစ်နေသူဟာ အဖေအမေသတ်တာမျိုး ဆွေမျိုးမိတ်ဆွေ တွေကို သတ်တာမျိုး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို suicide လုပ်ပြီး သေကြောင်းကြံစည်တဲ့အထိ ဒေါသအရှိန် ဟာ ပြင်းထန်သွားတတ်ပါတယ်။ ဒါ့ကြောင့် အလောင်းတော်က ပြောရာမှာ လူတွေကို ဒုက္ခပေးနေတာဟာ သူတို့ရဲ့ မတော်လောဘတွေနဲ့ မဆင်ခြင်တဲ့ အလိုမပြည့်နိုင်တဲ့ ဒေါသတရားတွေပါလို့ ကိုယ်စီကိုယ်ငှ တရားအသိရကြကာ မိမိတို့ သန္တာန်မှာ လောဘ ဒေါသများ မဖြစ်နိုင် အောင် စောင့်ထိန်းနိုင်ကြပါစေကုန် သတည်း။ ~ပါချုပ်ဆရာတော်ဘုရားကြီးအား ဦးခိုက်ပူဇော်လျှက်~~ CR# နန်း တော်ဝင်မြင့်မိုရ်
via အလင်းရောင် ဓမ္မ https://ift.tt/36f7iqI

တန်အောင်စား၊ တန်အောင်၀တ်၊ တန်အောင်နေ =========================== အရာရာတိုင်းမှာ တန်ဘိုးရှိတယ်။ အရာ၀တ္ထုမှာ တန်ဘိုးရှိသလို၊ လူမှာလည်း တန်ဘိုးရှိတယ်။ တစ်ချို့တန်ဘိုးက ငွေကြေးပမာဏနဲ့တိုင်းတာပြီးပြောတာ။ တစ်ချို့တန်ဘိုးက အသုံး၀င်တာနဲ့ တိုင်းတာပြီးပြောတာ။ တစ်ချို့တန်ဘိုးက ပညာအရည်အချင်းနဲ့ တိုင်းတာပြီးပြောကြသလို၊ တစ်ချို့တန်ဘိုးကတော့ စာရိတ္တနဲ့ တိုင်းတာပြီးပြောကြတာပါ။ ငွေကြေးများများပေးရတိုင်း အသုံးတည့်ချင်မှ တည့်တတ်ပေမဲ့၊ အသုံးတဲ့တိုင်းလည်း ငွေကြေး များများတန်ချင်မှတန်တာလေ။ ပညာများများတတ်တိုင်း စာရိတ္တကောင်းချင်မှ ကောင်းသလို၊ စာရိတ္တကောင်းပေမဲ့ ပညာတတ်ချင်မှ တတ်မယ်လေ။ ဒါပေမဲ့ တန်ဘိုးဆိုတာက နားလည်တဲ့သူ၊ တန်ဘိုးထားသူဆီမှာမှ တန်ဘိုးရှိတာပါ။ နားမလည်သူ၊ တန်ဘိုးမထားတတ်သူ ဆီမှာတော့ စိန်ကလည်း ကစားစရာ ကျောက်ခဲ ဖြစ်နေလိမ့်မယ်။ နားမလည်တတ်မှု၊ တန်ဘိုးမထားတတ်မှုက သူပိုင်ဆိုင်တဲ့ တန်ဘိုးရှိသော အရာများကို လက်လွှတ်ဆုံးရှုံးရခြင်းဆိုတဲ့ ရလဒ်နဲ့ နိဂုံးချုပ်တတ်တယ်။ ဒီထက်ပိုဆိုးရင် ဘ၀ပျက်မယ်၊ ဒီထက်ပိုဆိုးရင် အပါယ်ကျ ခြင်းပေါ့။ လူတွေရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ဟာ စား၊ ၀တ်၊ နေရေးလို့ လူတိုင်းသိကြတယ်။ ဒါပေမဲ့ တန်ဘိုးထားပြီး စားတတ်၊ ၀တ်တတ်၊ နေတတ်တဲ့လူကတော့ လက်ချိုးရေရမလောက် နည်းပါတယ်။ လေးလေးစားစားနဲ့ စားတတ်၊ ၀တ်တတ်၊ နေတတ်တဲ့လူလည်း အတော်နည်းပါတယ်။ တန်ဘိုးမထားတတ်သူတွေက အရာ၀တ္ထုတွေကို တန်ဘိုးမထားရာကနေ သူကိုယ်တိုင်လည်း တန်ဘိုးလျော့သွားတော့တာပါပဲ။ အမှိုက်ပစ်ရက်စရာမရှိတဲ့ နေရာမှာ အမှိုက်ပစ်လိုက်တာကတော့ ဒီလူရဲ့ စိတ်ဓာတ်အဆင့်အတန်း အတော်အောက်တန်းကျတာကို ပြတာပါပဲ။ ဆင်းရဲပေမဲ့ ရှိတာလေးနဲ့ သပ်သပ်ရပ်ရပ် နေတတ်၊ ၀တ်တတ်၊ စားတတ်တဲ့လူတွေ ရှိပါတယ်။ သူ့အနေ သပ်ရပ်ခြင်းက သူ့စိတ် သပ်ရပ်ပြီး စည်းကမ်းရှိတာကိုပြတယ်။ အဓိကကတော့ စိတ်ဓာတ်စည်းကမ်းရှိတာ တန်ဘိုးအရှိဆုံးပါပဲ။ သောင်းတန်၊ သိန်းတန်ကို စားသုံး၊ ၀တ်ဆင်၊ နေထိုင်တဲ့အခါ စိတ်ကိုလည်း သောင်းတန်၊ သိန်းတန်အောင် စားတတ်ဖို့၊ ၀တ်တတ်ဖို့၊ နေတတ်ဖို့လိုပါတယ်။ သောင်းတန်ကိုစားပြီး သူတောင်းစားစားနည်း စားဖို့မသင့်တော်တာ၊ သိန်းတန်၀တ်ထားပြီး စိတ်ဓာတ်အောက်တန်းကျတာ၊ သိန်းထောင်တန်မှာ နေပြီး လမ်းဘေးစျေးသည်သာသာ စရိုက်ကြမ်းတာ တွေကတော့ ပစ္စည်းတန်ဘိုးနဲ့ လူတန်ဘိုး မကိုက်ညီတာပါပဲ။ မတန်တာပါပဲ။ အမှန်မှာ ရုပ်၀တ္ထုကြောင့် လူရဲ့တန်ဘိုးမတက်ပါဘူး။ သုံးစွဲတာနဲ့ တန်တဲ့စိတ်ဓာတ်က တန်ဘိုးရှိတာပါ။ သူ့စိတ် သူ့စရိုက် သူ့အနေကြောင့် သူစားတဲ့အစား၊ သူ၀တ်တဲ့အ၀တ်၊ သူနေတဲ့နေရာက တန်ဘိုးပိုတက်သွားတာပါ။ ဒါကြောင့် လူတန်ဘိုးတက်အောင် တန်အောင်စားပါ၊ တန်အောင်၀တ်ပါ၊ တန်အောင်နေကြပါ။ အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
via အလင်းရောင် ဓမ္မ https://ift.tt/2F9RFEY
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)