Monday, December 30, 2019

အ ဆင် တန် ဆာ 👑👑👑👑👑 ■ လက်၏ အဆင်တန်ဆာသည် လက်စွပ် လက်ကောက်မဟုတ် ပေးကမ်းစွန့်ကျဲခြင်းဖြစ်သည်။ ■ နား၏ အဆင်တန်ဆာသည် နားကပ် နားဋောင်းမဟုတ် တရားနှင့်ပညာရှိစကား ကြားနာခြင်းဖြစ်သည်။ ■ ပါးစပ်၏ အဆင်တန်ဆာသည် ဆိုးဆေးတို့မဟုတ် မှန်ကန်သော သစ္စာစကားပြောကြားခြင်းသာဖြစ်သည်။ ■ ကိုယ်၏ အဆင်တန်ဆာသည် ဘယက် ဒွာဒရာ မဟုတ် မေတ္တာ ကရုဏာဖြင့် သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းသာဖြစ်သည်။ (သပြေကန်ဆရာတော် အရှင်ဝါသေဌာဘိဝံသ) . . {ပဋ္ဌာန်းပူဇော်ကြသူများ} . https://ift.tt/30yjhw5 https://ift.tt/2vV1p2i

via အလင်းရောင် ဓမ္မ https://ift.tt/369TT34

" ဟင်းမကောင်းလည်း ဆွမ်းလောင်းပေးပါ " °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ဟင်းမကောင်းလို့ ဆွမ်းမလောင်းတော့ဘူး ဆွမ်းမပို့တော့ဘူး ဆိုပြီး နေတတ်ကြပါတယ်။ မပို့ပဲမနေကြပါနဲ့။ ဟင်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အလှူ ခံသူက ဘုဉ်းပေးသည်ဖြစ်စေ မဘုဉ်းပေးသည်ဖြစ်စေ လောင်းလှူ သူမှာ ကုသိုလ်ရသည်သာ ဖြစ်ပါသည် ဟင်းမကောင်းလို့ဆိုပြီး ဆွမ်းပို့ဆွမ်းလောင်တာကို မပျက်ပါစေနဲ့။ မိမိတို့နောက်မှာ ကိုယ်တော်လေးတွေမှီခိုနေရတာကိုသတိရပေးပါ။ [အပရိဘုတ္တေပိ ဒေယျဓမ္မေ ပုညံ ဟောတိယေဝ] credit.

via အလင်းရောင် ဓမ္မ https://ift.tt/2SE9N1U

ရတနာသုံးပါးကို ဘာကြောင့်ကိုးကွယ်သလဲ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဗုဒ္ဓကို ကိုးကွယ်ရာမှာ တို့လူသားတွေဟာ ကြောက်စိတ်နဲ့ ကိုးကွယ်ကြရတာ မဟုတ်ဘူး။ သစ္စာကို သိလိုတဲ့အနေနဲ့ ကိုးကွယ်ကြရတာ။ မြတ်ဗုဒ္ဓဟာ ငါတို့တစ်တွေကို သစ္စာတရား အမှန်တရားကို ဟောပြပေးမယ့် သင်ပြပေးမယ့် ဆရာ (သင်ပြပေးထားခဲ့တဲ့ဆရာ) ဆိုပြီး ကိုးကွယ်ကြရတာ။ ကြောက်လို့ ကိုးကွယ်တာ မဟုတ်ဘူး။ သစ္စာလေးပါး ပြပေးမယ့် ဆရာအနေနဲ့ ကိုးကွယ်ကြရတာ။ ပြီးတော့ ဗုဒ္ဓဟောကြားတဲ့ တရားတော်ကို ကိုးကွယ်တာဟာ တရားစာအုပ် ကျမ်းစာအုပ်ကို ရှိခိုးတာလည်း မဟုတ်သေးဘူး။ ဓမ္မကို ကိုးကွယ်တာလည်း အဲဒီ သစ္စာတရားကို သိရဖို့ ကျင့်ရဖို့ရာအတွက် ကိုးကွယ်တာ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတာ အဲဒီ ဓမ္မကို ကျင့်သုံးပြီးနေရမှာ။ ဓမ္မကို မကျင့်သုံးရင် အဲဒီ ဓမ္မံ သရဏံ ဂစ္ဆမိ ဆိုတာဟာ မပြည့်စုံသေးဘူး။ ဘုန်းကြီးတို့ ပရိသတ် ကိုးကွယ်မှု ပြည့်စုံသွားအောင် လုပ်ကြ၊ ကြိုးစားကြပါ။ နောက်ပြီး သံဃာကို ဘာကြောင့် ကိုးကွယ်ရတာလဲဆိုတာကို ကြည့်လိုက်ပါ။ ဗုဒ္ဓရဲ့ တရားတော်တွေကို ဒီကနေ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ခရီးမှာ ဒီလို သစ္စာတရား အမှန်တရားတွေကို မကွယ်မပျောက်ရလေအောင် နှုတ်အဆင့်ဆင့်ကမ်းပြီး သယ်ဆောင်လာတာဟာ ဒီ သံဃာတော်တွေပါ။ အဲဒါကြောင့် ဒီလို ဗုဒ္ဓရဲ့ အမှန်တရား သစ္စာတရားကို မကွယ်မပျောက်အောင် နှစ်ပေါင်းများစွာ ထိန်းသိမ်းတော်မူကြတဲ့ သံဃာတော်များရဲ့ ကျေးဇူးဟာ ကြီးမားလှပါပေတယ်လို့ ရှိခိုးခြင်း ကိုးကွယ်ခြင်းဟာ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပိုင်းမှာ သရဏဂုံတည်ဆောက်ပုံက ဒီလိုဖြစ်ရမှာ။ အဲဒါကြောင့် ဗုဒ္ဓဉ္စ၊ ဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂတော၊ ဆိုက်ရောက်နေကြပါတယ်။ အဲဒီလို ဆည်းကပ် ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘာအကျိုးကိုရမလဲ ဆိုရင် ကိုယ့်ကိုယ် ကယ်တင်ဖို့ရာလည်း မမျှော်ပါဘူး။ ခွင့်လွှတ်ဖို့လည်း မမျှော်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ကယ်တင်မှ ခွင့်လွှတ်မှသာ ဖြစ်တာပါ။ အဲဒီတော့ ဘာအကျိုးရသလဲဆိုတော့ …. စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ သမ္မပ္ပညာယ၊ မှန်ကန်သောဉာဏ်ပညာဖြင့်။ ပဿတိ၊ မြင်ရတယ်, မြင်နိုင်တယ်။ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်လို့ရှိရင် သစ္စာလေးပါးကို မြင်နိုင်တယ်။ ဗုဒ္ဓ ဓမ္မ သံဃကို ဘာ့ကြောင့် ကိုးကွယ်ရသလဲဆိုရင် သစ္စာသိဖို့ ကိုးကွယ်တယ်လို့ ပိုင်ပိုင်နိုင်နိုင်သာ ဘုန်းကြီးတို့ ပရိသတ် မှတ်ထားကြပေတော့၊ ဟုတ်လား။ တခြားကြောင့် မဟုတ်ဘူး။ သစ္စာသိဖို့ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်နေကြတယ်။ သစ္စာမသိရင် ဘာဖြစ်နိုင်သလဲဆိုတော့ သစ္စာကို မသိရင် ဒုက္ခက မလွတ်နိုင်ဘူး။ သစ္စာမသိရင် ကိုယ့်ဘဝကိုယ် ကယ်တင်လို့ မရဘူး။ ကိုယ့်ဘဝကို ကိုယ်ကယ်တင်မှ ဖြစ်မှာ။ သစ္စာဉာဏ် အမှန်တရားကို ကိုယ်တိုင်မသိကြရင် ခုလိုပဲ ဒုက္ခရောက်ကြရမယ် မှတ်ထား။ အဲဒါကို … ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။ ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။ ဧတံ သရဏံ၊ ထို ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်ခြင်းသည်။ ခေမံ၊ ဘေးကင်းတယ်။ (ဘုရားရှိခိုးတာ ဘာအပြစ်မှ မရှိဘူး။ မရှိခိုးလို့လည်း ဘုရားက ဘာအပြစ်မှ မယူဘူး။ ငါဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ကယ်တင်မယ်လို့လည်း ဗုဒ္ဓက မခွဲခြားပါဘူး။ အဲဒါကြောင့် ဘေးကင်းတယ်။) ဧတံ သရဏံ၊ ထိုသို့ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်ဆည်းကပ်ခြင်းသည်။ ဥတ္တမံ၊ မြင့်မြတ်တဲ့ ကိုးကွယ်ခြင်းဖြစ်တယ်။ ဧတံ သရဏံ၊ ဤသို့ ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ အကြောင်းပြု၍။ (သဗ္ဗေ၊ အလုံးစုံကုန်သော။ သတ္တာ၊ လူနတ်ဗြဟ္မာ သတ္တဝါအနန္တတို့သည်။) သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဒုက္ခအပေါင်းမှ။ ပမုစ္စတိ (ပမုစ္စနိ ္တ)၊ ကောင်းစွာမသွေ လွတ်မြောက်တော်မူနိုင်ကြပါစေကုန်သတည်း ….။ သာဓု .. သာဓု .. သာဓုပါ ဘုရား။ သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ (အမြတ်ဆုံးရတနာကိုးကွယ်ပါ တရားတော် မှ) bwar99.blogspot.com

via အလင်းရောင် ဓမ္မ https://ift.tt/2Q5xcHI

ကိုယ့်သာသနာက ကိုယ့်တစ်သက် •••••••••••••••••••••••••••••••••• သာသနာနှစ်ပေါင်းနှစ်ထောင်ကျော် ကျန်သေးတယ် ဆိုတာကလည်း အထိန်းအသိမ်းအစောင့်အရှောက်ကောင်းရင် လောကအတွင်းမှာ ရှိနိုင်တာကိုပြောတာ၊ သို့သော် အကုန်လုံးက ကိုယ့်သာသနာဟုတ်ချင်မှဟုတ်မှာဗျ။ 💿 မိမိက မနက်ဖြန်ပဲ သေတော့မယ်ဆိုရင် ကိုယ့်သာသနာ ဒီတစ်ညပဲ ကျန်တော့တယ်ပေါ့။ 💿 မိမိကနောက်တစ်လမှာ သေတော့မယ်ဆိုရင် မိမိရဲ့သာသနာက (ကိုယ့်သုံးရမယ့် သာသနာက) တစ်လထဲသာ ကျန်တော့မယ်ပေါ့။ 💿 မိမိက နောက် ၁-နှစ်(လာမယ့်နှစ်)မှာ သေတော့မယ်ဆိုရင်၊ ကိုယ့်သာသနာက တစ်နှစ်ထဲသာ ကျန်တော့မယ်ပေါ့။ 💿 ဒါကြောင့် ကိုယ်နဲ့ဆိုင်တဲ့ သာသနာကတော့ ကိုယ်တစ်သက်ထဲ ရှိမှာ။ ဒါကြောင့် သာသနာနဲ့တွေ့ခိုက်ကြုံခိုက်လေးမှာ လျင်မြန်ဖျတ်လတ်စွာ သေသေချာချာ ကြည့်ပြီးတော့ ရှောင်သင့်သာ လုပ်သင့်တာတွေပြတ်သားစွာကြည့်ပြီးတော့ ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင် လုပ်သင့်တာတွေ အကွက်စေ့နေအောင် လုပ်ပြီး ကြိုးစားအားထုတ်ကြရမှာ။ ဒါကြောင့်_ 💿 ဗုဒ္ဓညွှန်းကြား၊ မြတ်တရားကြောင့်၊ အမှားကင်းစင်၊ စိတ်ကြည်လင်၊ အမြင်ရှင်း၍လာ။ 💿 အခု အကုသိုလ်မှန်း သိနေကြတယ်၊ကုသိုလ်မှန်း သိနေကြတယ်။ ရှောင်သင့်တာတွေ သိကြတယ်။ လုပ်ရမှာလည်းသိနေကြလို့ ကြိုးကြိုးစားစား ပြုလုပ်အားထုတ်နေကြပါတယ်။ 💿 ဘဝပင်လယ်၊ ခရီးသည်၊ တကယ်စိတ်အေးပါ။ 💿 ဘဝပင်လယ်ကြီးထဲမှာ သံသရာခရီးသည်တစ်ယောက် ဖြစ်ရငြားသော်လည်း ဗုဒ္ဓသာသနာ အလင်းရောင်အောက် ရောက်နေတာဖြစ်လို့ အားရှိစရာ တရားစွမ်းအားတွေကို စိတ်ကြိုက်ရယူနိုင်ကြပါတယ်။ ဒါကြောင့် အပ္ပမာဒေန - မမေ့မလျော့ မပေါ့မတန် ထက်သန် ထူးခြား၊ အပ္ပမာဒသတိ_ တရားဖြင့်၊ အဏ္ဏဝံ - ကမ်းလည်းမမြင် လမ်းမမြင်ရ ကျယ်ဝန်းလှသည့် ဘဝပင်လယ်မြစ်ပြင်ကျယ်ကြီးကို၊ တရတိ- ဘဝပင်လယ်ခရီးသည်ဟု တကယ်ထူးကာ ကောင်းစွာမသွေကူးမြောက်နိုင်ပါပေတော့သတည်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ယောဆရာတော်ဘုရားကြီး)

via အလင်းရောင် ဓမ္မ https://ift.tt/369Fy6P

မဂ်လာနံနက်ခင်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2Q5ruWj

Sunday, December 29, 2019

#ကုသိုလျကို #ပိုကျဆံ စုသလိုစုပါ။ #နည်းသည်ဖြစ်စေ။ #များသည်ဖြစ်စေ။ #စုတာများလာတော့ #တိုးပွားလာတာပေါ့။ အရှင်သီရိ(မုနိမြေ)

via အလင်းရောင် ဓမ္မ https://ift.tt/39rGWUv

မဂ်လာညချမ်းပါ ဓမ္မမိတ်ဆွေအပေါင်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/355g60M

လောဘဆိုတာ... တရားတာ မတရားတာ မသိဘူးဗျ။ သူက ရဖို့ပဲသိတာ။ လောဘက ယူသင့်တယ်။ မယူသင့်တယ် မသိဘူး။ မရရတဲ့နည်းနဲ့ ယူမှာပဲ။ အဲ့တော့ လောဘမပါဘဲနဲ့ တို့သတိလေးနဲ့ လောဘ အဝင်မခံနဲ့။ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရတာ မရတာ တို့အလုပ်မဟုတ်ဘူး။ ကံက တာဝန်ယူလိမ့်မယ်။ တို့ ဘယ်ဟာလုပ်လုပ် လောဘစိတ်မပါပဲ ကြိုးစားတဲ့ပုဂ္ဂိုလ်သည် ရေထဲသွားတဲ့ ခြေရာလိုပဲ။ ထောက်တုန်းတော့ ရှိမှာပေါ့။ နှုတ်တော့ ရှိသေးလား။ အဲလိုကျင့်။ လွယ်လွယ်လေးဥစ္စာ အစွဲမကျန်ရစ်ရဘူးလေ။ လောဘပါရင်တော့ စွဲမှာပဲလေ။ လောဘ ဒေါသမပါပဲနဲ့ သတိလေးနဲ့ ကိုယ်လုပ်ချင်တဲ့ဟာကို လုပ်လို့ရှိရင် ရေထဲသွားတဲ့ ခြေရာလိုပဲဗျာ။ မစွဲပါဘူးဗျာ။ ( မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး )

via အလင်းရောင် ဓမ္မ https://ift.tt/3563y9x

မယုံသေးရင် ရောက်ရအုံးမည် ဒီမြင်ကွင်းကို ကြည့်လိုက်ကြပါ ဘာသာကြီးလေးရပ်ထဲမှာ ဘာသာတိုင်းမှာ ငရဲဆိုတာ ရှိတယ်လို့လက်ခံ ထားကြပါတယ် ဒါပေမဲ့ တကယ်ယုံကြည်ရဲ့လားလို့မေးရင် မယုံတစ်ဝက် ယုံတစ် ဝက်လို့ပြောရပါမည် ဒါသည်လက်ရှိ ပစ္ပုပ္ပန်မှာ မျက်ဝါးထင်ထင် မြင်တွေ့နေရတဲ့ ငရဲပြည်လို့ပြောရင် မှားမည်ဟုတ်ပါ……… မသွားအပ် မသွားသင့် မသွားချင်တဲ့ ဒီလိုနေရာကို သူသူငါငါ ဘယ်သူမှရောက်ချင်ပါဘူး ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် သူတော် ကောင်းတို့ သိထားကြတဲ့ #အရိယာသောတာပန် အဆင့်လေးကိုမျှ မရောက်သေးရင် ၁၀၀ မှာ ၇၅% (ရာခိုင်နှုန်း) က ရောက်ကြရအုံးမှာပါ တကယ်မရှိမဟုတ် ရှိတယ်နော် လောကီနယ်ပယ်ထဲ လိုချင်မှုတည်းဟူသော အာသာဆန္ဒများ လွန်းနေကြတာကြောင့် မကောင်းမှု၏ ရလဒ်ကို ကွက်ကွက် ကွင်းကွင်းမမြင်ကြ၍ မသွားသင့် မသွားထိုက် မသွားချင်တဲ့ နေရာကို သင်တို့ငါတို့ရဲ့ မသိစိတ်ကနေ တစ်ရွေ့ရွေ့ ပို့ပေးနေခြင်းလို့ မှတ်ယူလိုက်ကြပါ။ ရုပ်ပုံ Ashin Waranyana fb မှ ကူးယူဖော်ပြသည်။ ____________________________________________________ "စိုးရိမ်လို့ ထပ်ပြောလိုက်မယ်" <><><><><> ရေနွေးပွက်ပွက်ဆူတာက ၁၀၀°စင်တီဂရိတ်.. ကားသချိုင်္င်းတွေမှာ သံရည်ကျိုတဲ့အပူချိန်က ၂၈၀၀°စင်တီဂရိတ်.. အဝီစိငရဲ အပူချိန်က သိပ္ပံပညာရှင်တွေ ခန့်မှန်းတာ ၃၅၀,၀၀၀°စင်တီဂရိတ်.. ၁၃မိုင်လောက်ရှိတဲ့ ကျောက်တောင်ကို ငရဲမီးမုန်ညင်းစေ့လောက်နဲ့ ပေါက်ရင်တောင် ကျောက်တောင်ကြီးဟာ ပျောက်ကွယ်သွားတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့.. လူ့သက်တမ်း ၁၀၀ကို နတ်ပြည် ၁ရက်.. နတ်သက်တမ်း ၁၀၀ကို ငရဲ ၁ရက်.. ငရဲ ၁ရက်ကို လူနှစ်နဲ့ ၃၆သန်း.. ငရဲသား ၁ယောက်က အနည်းဆုံးငရဲသက် သိန်းသန်းချီပြီးခံရမှာ.. ဒါဆို အခုမကောင်းတာမလုပ်ဘူး ဆိုရင် လွတ်မှာလားဆိုတော့ မလွတ်ဘူး.. သံသရာမှာ ကျင်လည်ခဲ့တုန်းက လုပ်ခဲ့တဲ့အကုသိုလ်တွေက လူတိုင်း လူတိုင်းမှာ အသင်္ချေအနန္တ.. ဒီဘဝမှာ ကောင်းတာလုပ်လို့ သုဂတိဘုံရောက်လည်း ခဏပဲ.. ဘုရားရှင်က အပါယ်ဘုံဟာ ကိုယ်ပိုင်အိမ်လို့ ဟောထားတာ တစ်နေ့ကျရင် ငရဲပြန်ကျမှာပဲ.. အဲဒီကလွတ်ဖို့ကလည်း ဒါန သီလ သမထ ဘယ်လောက်ပဲ ကျင့်ကျင့် ဝိပဿနာတရားမပါပဲ မလွတ်မြောက်နိုင်ဘူး.. နတ်ပြည် ဗြဟ္မာ့ပြည်ရောက်လည်း အလကားပဲ ပြီးရင်ငရဲပြန်ကျမှာပဲ အပြီးလွတ်ဖို့က သောတာပန်ဖြစ်မှ အပြီးလွတ်မှာ.. စူဠသောတာပန်တောင် မရဘူး.. မဟာသောတာပန်မှ အပြီးလွတ်မှာ.. ဝိပဿနာတရားအားထုတ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ စဉ်းစားကြည့်ပေါ့.. ဒါကြောင့်လည်း ဗုဒ္ဓက ဝိပဿနာတရားအားထုတ်ဖို့ ၁၇၉၂-ကြိမ် ဟောပြီး ဒုလ္လဘတရားကို ၁၆,၄၂၅-ကြိမ် ဟောခဲ့တာပေါ့.. မိတ်ဆွေတို့ မယုံကြည်လို့ ဝိပဿနာတရားတွေ အားမထုတ်ဘူးဆိုရင်တော့ ငရဲအပူချိန် ၃သိန်းခွဲဒီဂရီစင်တီဂရိတ်က အဝီစိကနေ စောင့်ကြိုနေလေရဲ့ ........ Credit - original uploader. __________________________________________________ 🎍 ငရဲကြီးရှစ်ထပ်အကြောင်း တစ်စေ့တစ်စောင်း🎍 〰〰〰〰〰〰〰〰〰〰〰〰〰 ဤကမ္ဘာမြေကြီးသည် "သိလာ,ပံသု၊မြေနှစ်ခု၊ အထုထက်ဝက်ဝေ" ဟုဆိုသည့်အတိုင်း သိလာမြေခေါ် ကျောက်မြေကြီးကား ယူဇနာ(၁၂၀,၀၀၀) နှင့် ပံသုမြေသားမြေကြီးကား ယူဇနာပေါင်း (၁၂၀,၀၀၀) အားဖြင့် စုစုပေါင်း (၂၄၀,၀၀၀) အထုရှိ၏။ ကမ္ဘာမြေပေါ်မှ အောက်ယူဇနာ (၁၅,၀၀၀) မှစ၍ အဆင့်ဆင့် (၁၅,၀၀၀)စီအကွာတို့၌ ငရဲကြီးရှစ်ထပ်ရှိ၏။ ၎င်းတို့မှာ➖ (၁)- သဉ္ဇိုဝ်းငရဲ (၂)- ကာလသုတ်ငရဲ (၃)-သင်္ဃာတငရဲ (၄)- ရောရုဝငရဲ (၅)- မဟာရောရုဝငရဲ (၆)- တာပနငရဲ (၇)- မဟာတာပနငရဲ နှင့် (၈)- အဝီစိငရဲကြီးဟူ၍ ဖြစ်၏။ ငရဲကြီး(၈)ထပ်တို့၏ အသက်အပိုင်းအခြားကို ပြရလျှင်➖ (၁) စတုမဟာရာဇ်နတ်တို့၏ အသက်အနှစ်ကိုးသန်းသည် သိဉ္ဇိုဝ်းငရဲ၏ တစ်ရက်စာနှင့် ညီ၏။ ထိုရက်ပေါင်း(၃၆၀) သည် တစ်နှစ်အားဖြင့် အနှစ်ငါးရာသည် သဉ္ဇိုဝ်းငရဲ၏ အသက်ပင်တည်း။ (၂) တာဝတိံသာနတ်တို့၏အသက် သုံးကုဋေခြောက်သန်းသည် ကာလသုတ်ငရဲ၌ တစ်ရက်စာသာလျှင် ရှိ၏။ ထိုရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် နှစ်ပေါင်း တစ်ထောင်သည် ကာလသုတ်ငရဲ၏ သက်တမ်းပင်ဖြစ်၏။ (၃) ယာမာနတ်တို့၏အသက် တစ်ဆယ့်လေးကုဋေနှင့်လေးသန်းသည် သင်္ဃာတငရဲ၌ တစ်ရက်စာသာရှိ၏။ ထိုသို့ရက်ပေါင်း(၃၆၀) သည် တစ်နှစ်အားဖြင့် နှစ်ပေါင်းနှစ်ထောင်သည် သင်္ဃာတငရဲ၏ သက်တမ်းပင်။ (၄) တုသိတာနတ်တို့၏အသက် ငါးဆယ့်ခုနစ်ကုဋေနှင့်ခြောက်သန်းသည် ရောရုဝငရဲ၌ တစ်ရက်စာသာရှိ၏။ ထိုသို့ရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် နှစ်ပေါင်းလေးထာင်သည် ရောရုဝငရဲ၏ အသက်ပင်ဖြစ်၏။ (၅) နိမ္မာနရတိနတ်တို့၏အသက် ကုဋေနှစ်ရာ့သုံးဆယ့်လေးသန်းသည် မဟာရောရုဝ ငရဲ၌ တစ်ရက်စာသာရှိ၏။ ထိုသို့ရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် အနှစ်ရှစ်ထောင်သည် မဟာရောရုဝငရဲ၏ သက်တမ်းပင်။ (၆) ပရနိမ္မိတဝသဝတ္တီနတ်တို့၏အသက် ကုဋေကိုးရာနှစ်ဆယ့်တစ်ကုဋေနှင့်ခြောက်သန်းသည် တာပနငရဲ၌ တစ်ရက်စာသာရှိ၏။ ထိုသို့ရက်ပေါင်း(၃၆၀)သည် တစ်နှစ်အားဖြင့် နှစ်ပေါင်း တစ်သောင်းခြောက်ထောင်သည် တာပနငရဲ၏ သက်တမ်းပင်ဖြစ်၏။ (၇) မဟာတာပနငရဲကား အန်တရကပျတစျဝကျစာကွာ၏။ (၈) မဟာအဝီစိငရဲကား အန်တရကပျတစျကပျစာကွာလေ၏။ 💧အန္တရကပ်ဟူသည် လူတို့၏သက်တမ်း ဆယ်နှစ်ကာလမှစ၍ အစဉ်အားဖြင့်တက်သွားသည်ရှိသော် အသင်္ချေယျတမ်းထိရောက်၍ ထိုအသင်္ချေယျတမ်းမှ အနှစ်တရာလျှင်တစ်နှစ်နှုံးပြန်ဆုတ်ခြင်းအားဖြင့် ဆယ်နှစ်တမ်းသို့ပြန်ရောက်လာပြီးသည်အထိကြာသော ကာလတစ်ခုကို အန္တရကပ်တစ်ခုဟုခေါ်၏။ ငရဲကြီးရှစ်ထပ်လုံးသည် သံမိုး၊သံမြေ၊သံတံတိုင်းတို့ဖြင့် အုပ်ဖုံးခင်းရံလျက် လုံခြုံစွာဂဟေဆော်ထား သော လေးထောင့်စပ်စပ် သံသေတ္တာကြီး(၈)လုံးနှင့်အလားတူ၏။ အတွင်း၌ ယူဇနာတရာစီကျယ်၏။ လေးမျက်နှာ၌လည်း သံတံခါးတစ်ပေါက်စီရှိ၏။ အရှေ့နံရံမှထတောက်သောမီးသည် အနောက်နံရံသို့စွဲဝင်၏။ အနောက်နံရံမှမီးတောက်သည် အရှေ့နံရံထိ၊ မြောက်မီးလျှံတောင်, တောင်မီးလျှံမြောက်, အောက်ကမီးလျှံသည်အထက်, အထက်ကမီးလျှံသည်အောက်နံရံထိ အပြန်အလှန်အားဖြင့် စွဲလောင်၏။ တံတိုင်းအမိုးတို့မှ အပြင်ဘက်သို့ ယူဇနာတစ်ရာတိုင်တိုင် မီးလျှံတို့ဖြာထွက်ကုန်၏။ ☠️ငရဲမီးပူပြင်းပုံကို ဥပမာထုတ်ပြရလျှင်- ဘုရားရှင်မရှိသည့်နောက်ပိုင်း၌ မလယမထေရ်သည် " ငရဲမီးဘယ်လောက်ပူပြင်းပါသလဲ သိလိုပါသည်" ဟု ဆရာမထေရ်ကိုလျှောက်သော် ဆရာမထေရ်က အရည်အစေးအလွန်အားကြီးသော ထင်းစိုလှည်းတစ်စီးတိုက်စာကို ကျောက်ဖျာပေါ်မှာစုပုံစေ၍ မီးတိုက်စေ၏။ မလောင်နိုင်ပဲရှိနေရာ အဝီစိငရဲမှ နှမ်းစေ့ခန့်မီးခဲမှုန်လေးကို တန်ခိုးဖြင့်ယူ၍ လက်ဝါးပေါ်မှာ" မြင်ရဲ့လား" ဟုပြကာ ထင်းစိုပုံထဲသို့ချလိုက်သော် မျက်တောင်တခတ်အတွင်းမှာပင် ထင်းစိုလှည်းတစ်စီးတိုက်လုံး အကုန်ပြာကျသွား၏။ ထိုမျှလောက်ပူပြင်းသော်လည်း ငရဲသားတို့မှာ ကံမကုန်မချင်း မသေရပဲ ခံကြရ၏။ 👾ငရဲကြီးတစ်ခုစီ၏ အရပ်ရှစ်မျက်နှာ၌ ယူဇနာတစ်ရာစီရှိကြသော ဥဿဒငရဲငယ် (၄)မျိုးလည်းရှိသေး၏။ ပထမဆုံးကား ဘင်ပုပ်ငရဲဖြစ်၍ မစင်ဘင်ပုပ်ဖြင့် ပြည့်နေ၏။ အပ်သွားကဲ့သို့ထက်လှစွာသော နှုတ်သီးရှိသော ပိုးလောက်တို့သည် ဆင်၏လည်ပင်းခန့်ရှိ၏။ ပိန်းကောလှေခန့်ရှိ၏။ ငရဲကြီးမှလွတ်လာသော ငရဲသားတို့ကို ကိုက်ဖြတ်စားကုန်၏။ ဘင်ပုပ်ငရဲအပြင်ဘက်ကား ပြာပူငရဲရှိ၏။ ထိုငရဲမှတဖန်လွတ်ရပြန်လျှင် လက်ပန်တောငရဲသို့ရောက်ရကုန်၏။ ငရဲထိန်းတို့ ပုတ်ခတ်လေသဖြင့် ငရဲသားတို့သည် လက်ပန်ပင်သို့တက်ကြကုန်၏။ ငရဲသားတို့ တက်သောအခါ လက်ပန်ဆူးတို့သည် အောက်သို့အဖျားညွှတ်၍ ငရဲသားတို့ကို စူးကုန်၏။ အောက်သို့ပြန်ဆင်းသောအခါ အပေါ်သို့ အဖျားပြန်ညွတ်ကုန်၏။ 💀ထိုလက်ပန်တော အပြင်ဘက်၌ ဝေတ္တရဏီအမည်ရှိသော ကြိမ်ပိုက်ချောင်းငရဲရှိ၏။ သတ္တဝါတို့ကို မှုန့်မှုန့်ညက်ညက်ကြေစေသော ရေရှိ၏။ ထိုဝေတ္တရဏီချောင်း၌ ငရဲထိန်းတို့သည် ရဲရဲတောက်သော သံလှင်တံ ခက်ရင်းတို့ဖြင့် ထိုးခုတ်ရိုက်နှက်ကြကုန်၏။ ထိုချောင်းနား ကမ်းနှစ်ဖက်တို့၌ ကြိမ်နွယ်တို့ဖြင့် ဖုံးလွှမ်းကုန်၏။ ရဲရဲငြီးနေသော ကြိမ်နွယ်သမန်းမြက်တို့ စူးရှကုန်သည်ဖြစ်၍ ကြာမြင့်စွာ ဆင်းရဲကို ခံရကုန်၏။ ကြာရွက်တို့၏ အပိုင်းပိုင်းဖြတ်ခြင်းကိုလည်း ခံရကုန်၏။ ရေတို့သည်လည်း ရဲရဲတောက်လောင်နေ၏။ ဤသို့အားဖြင့် ငရဲတို့၏ ဆင်းရဲဒုက္ခကို ပြောပြ၍မကုန်နိုင်ပေရာ။ ရာဇဂြိုဟ်မြို့အနီးမှာပင် သူဌေးသားလေးယောက်တို့ ဒု-သ-န-သော ဟုဟစ်အော်၍ ခံနေရသော လောဟာကုမ္ဘီဆိုသည့် သံရည်ပူအိုးငရဲကြီးရှိလေ၏။ ရာဇဂြိုဟ်ရှိ တပေါဒါမြစ်သည် လောဟာကုမ္ဘီငရဲနှစ်ခုကြားမှ စီးဆင်းလာသည်ဟု ဆို၏။ ငရဲငယ်တွေကား လူ့ပြည်အနီးအနားတွင်ပင် များစွာရှိကြ၏။ စကြာဝဠာသုံးခုဆုံရာနေရာတွင်လည်း စကြာဝဠာတံတိုင်းများကြောင့် နေရောင်မရနိုင်ပဲ အလွန်အေးလှသည့် လောကန္တရိက်ငရဲများလည်း ရှိကြသေး၏။ 😈ယမမင်းဆိုသူများမှာ ဝေမာနိက ပြိတ္တာမင်းမျိုးဖြစ်ကုန်၍ ငရဲသူ ငရဲသားတို့ကို ကယ်ဆယ်ခြင်းငှာ အရံငရဲငယ်တို့၌ ရုံးထိုင်ကြ၏။ တစ်ခါတစ်ရံ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခကို ခံရသေး၏။ ဤယမမင်းကြီးတို့သည် စိတ်ကောင်းရှိကြ၍ ငရဲသူ ငရဲသားတို့ကို အတတ်နိုင်ဆုံး လွတ်မြောက်နိုင်စေရန် ကူညီဖို့ ကြောင့်ကြစိုက်ကြ၏။ သူတို့ရှေ့ရောက်လာသူတို့၏ ကုသိုလ်ကောင်းမှုတို့ကို စဉ်းစားသတိပေးဖော်ရ၏။ ထို့ကြောင့် လူ့ပြည်ရှိ လူအပေါင်းတို့သည် ကုသိုလ်ကောင်းမှုတို့ကို အမျှဝေကြသောအခါ ဤယမမင်းတို့ကိုလည်း အမျှဝေပေးပါက ကံအကြောင်းမလှ၍ သူတို့ဆီရောက်ခဲ့ရလျှင် ကုသိုလ်ကောင်းမှုတို့ကို သတိပေး၍ ငရဲမှလွတ်စေရန် အကူအညီပေးနိုင်ပေလိမ့်မည်။ ငရဲထိန်းဆိုသူတို့ကား ပဋိသန္ဓေအားဖြင့် စာတုမဟာရာဇ်အပါအဝင်ဖြစ်ကြကုန်သော အလွန်ကြမ်းကြုတ်သောအလေ့ရှိကြသည့် ဘီလူးမျိုး ရက္ခိုသ်မျိုးများဖြစ်ကြကုန်၏။ 🐢အချုပ်အားဖြင့် ဆိုရလျှင် အပါယ်ငရဲသို့တစ်ကြိမ်ရောက်သွားသူကား လူ့ပြည် လူ့ဘဝသို့တဖန် ပြန်ရောက်လာဖို့ရာ အလွန်ခဲယဉ်းလှပေ၏။ ဥပမာထုတ်ပြရလျှင် အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာ၌ လိပ်ဦးခေါင်းစွပ်လောက်ရုံ အပေါက်တစ်ပေါက်သာပါသော ထမ်းပိုးတုံးတစ်ခုကိုပစ်ချထားရာ၏။ ထိုထမ်းပိုးသည် အမှတ်မရှိသော လေတို့တိုက်၍ မျောချင်ရာမျောနေပေ၏။ ထိုသမုဒ္ဒရာ၌လည်း အနှစ်တရာတွင်မှ တစ်ကြိမ်သာ ရေပေါ်တက်လာသော လိပ်ကန်းကြီးတစ်ကောင်သည်လည်း ရှိရာ၏။ ထိုမျောချင်ရာမျောနေသော တစ်ပေါက်တည်းသာပါသည့် ထမ်းပိုးတုံးနှင့် အနှစ်တစ်ရာမှတစ်ကြိမ်ပေါ်သည့် လိပ်ကန်းကြီး၏ ဦးခေါင်းနှင့်စွပ်နိုင်သော အကြောင်းအရာသည် မဖြစ်နိုင်လောက်အောင်ပင် အလွန်ခဲယဉ်းကြာညောင်းလှပေ၏။ အပါယ်ငရဲသို့ရောက်သွားသောသူတစ်ယောက် လူ့ဘဝပြန်ရောက်ဖို့ကား ထို့ထက်ပင်ခက်ခဲလှပေ၏။ ထို့ကြောင့် အပါယ်ငရဲကျရောက်ခြင်းမှ ကင်းလွတ်စေနိုင်သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်အမှုတို့ကို မေ့မေ့လျော့လျော့မနေသင့်ပဲ အမှတ်ရတိုင်း ကြိုးစားအားထုတ်သင့်ကြပေသည်။ #သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေသော်# 〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰 Primary sources; ၁: မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ သစ္စသံယုတ်၊ပပါတဝဂ်၊ ပထမဆိဂ္ဂဠယုဂသုတ်။ ၂: ဥပရိပဏ္ဏာသပါဠိတော်၊ သုညတဝဂ်၊ ဒေဝဒူတသုတ်။ ၃: သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဗြဟ္မသံယုတ်ပထမဝဂ်၊ ကောကာလိကသုတ် ၄: ပါရာဇိကဏ်ပါဠိတော်၊ နှာ-၁၄၉ Secondary sources; ၁- ပုစ္ဆာပကိဏ္ဏကကျမ်း၊ လုံးတော်ဆရာတော် ၂- ပရမတ္ထသံခိပ်ကျမ်း၊ လယ်တီဆရာတော် ၃- ပဏ္ဍိတဝေဒနိယဒီပနီကျမ်း၊ သေက္ချတောင်ဆရာတော်ဦးတိလောက ၄- သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ

via အလင်းရောင် ဓမ္မ https://ift.tt/2F1qQTx

#သိပုံပယ်ပုံ တရားတော်# 🙏🙏🙏🙏🙏🙏🙏🙏 ၀ိပဿ နာဆိုတာ ရုပ်တွေနာမ်တွေမှာရှိတဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို သိအောင် ကြိုးစားအားထုတ်တာကိုခေါ်တယ် ။ ရုပ်တွေနာမ်တွေမှာရှိတဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို သိတာဟာဝိပဿ နာဉာဏ်ဖြစ်တယ် ။ ၀ိပဿ နာဆိုတာ အမှန်သိအောင် အားထုတ်တာဖြစ်တယ် ။ ပညတ်တွေရဲ့အမှန် ပရမတ်တွေရဲ့ အမှန်ကို သိအောင် ကြိုးစားအားထုတ်တာဖြစ်တယ် ။ အဓိက ကတော့ ပရမတ်တွေရဲ့အမှန် သိအောင်အရှိတရားတွေရဲ့အမှန်ကို သိအောင်ကြိုးစားအားထုတ်တာဖြစ်တယ် ။ အရှိတရားတွေဆိုတာ ရုပ်နဲ့နာမ်ပါဘဲ ။ အရှိတရားတွေရဲ့အမှန်တရားတွေ ။ လက္ခဏာနဲ့ပြောရရင် သဘာ၀လက္ခဏာ ၊ သင်္ခတလက္ခဏာ ၊ သာမညလက္ခဏာ ဖြစ်တယ် ။ လက္ခဏာဆိုတာ အမှတ်အသားပေါ့ ။ သဘာ၀လက္ခဏာ ၊သင်္ခတလက္ခဏာ ၊ သာမညလက္ခဏာ တို့ဟာ ရုပ်တရား နာမ်တရားတွေမှာ မှန်နေတဲ့ အမှန်တရားတွေဘဲ ။ အရှိတရားတွေပေါ်မှာ မရှိတရားကဖုံးလွှမ်းထားတယ်။ အရှိတရားက ပရမတ် မရှိတရား က ပညတ် ။ ပညတ်က ပရမတ်ကို ဖုံးထားတယ် ။ ပညတ်ဆိုတာ မရှိအမှန်တရား ပရမတ်ဆိုတာ အရှိအမှန်တရား ။ အပြည့်အစုံပြောရရင် ပညတ်ဆိုတာ မရှိတော့ မရှိဘူး ။ လောကီနယ်မှာတော့ မှန်တယ် ။ ယောက်ကျားတို့ မိန်းမတို့ သူ့နယ်နဲ့သူတော့ မှန်နေတာဘဲ ။ ပညာမျက်စိနဲ့ကြည့်ရင်တော့ ယောက်ကျားမိန်းမတို့မရှိဘူး ။ ဒါကြောင့်မရှိအမှန်တရား ။ ပရမတ်ကတော့ အရှိအမှန်တရား ။ တစ်ကယ်ရှိလည်းရှိတယ် မှန်လည်းမှန်တယ် ။ အဲဒါကြောင့် အရှိ အမှန်တရား။ ပညတ်က ပရမတ်ကို ဖုံးနေတယ် ။ မရှိအမှန်တရားက အရှိအမှန်တရားကို ဖုံးနေတယ် ။ အရှိအမှန်တရားကို သိခွင့်မရဘူး ။ တစ်နည်းအားဖြင့် သိခွင့်မရတာဟာ မသိဘူးပေါ့ ။ မသိတာက အဝိဇ္ဇာ ။ စိတ်က မသိဘဲနဲ့တော့ မနေဘူး။ သိတော့ သိတယ် ။ ဘာသွားသိလည်းဆိုတော့ အမှားသွားသိတယ် ။ အမှားသိတာလည်း အဝိဇ္ဇာ ။ အဝိဇ္ဇာကို အကူအညီပေးတဲ့ တရားနှစ်ပါးရှိတယ်။ ပမာဒ နဲ့ ဝိစိကိစ္ဆာ နှစ်ပါးဖြစ်တယ် ။ ဓမ္မသဘာဝတွေကို သဘာ၀အတိုင်း သိထားလို့ရှိရင် လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် မြင်တယ် ။ မြုပ်မယ့်လမ်းစဉ် ၊ လည်မယ့်လမ်းစဉ် ၊ လွတ်မြောက်မယ့်လမ်းစဉ် တွေကို အမှန်အတိုင်းမြင်တယ်။ ပညတ်က ပရမတ်ကို ဖုံးထားတော့ မေ့လျော့မှု့ ပမာဒ ရယ် တစ်ကယ်စစ်မှန်တဲ့ တရားတွေကို သို့လော သို့လော မယုံတယုံ ဝိစိကိစ္ဆာတွေက မသိမှု့ အသိမှားမှု့ကို အားပေးတယ် ။ အမှန်တရားတွေကို မသိတာ အဝိဇ္ဇာ ။ အဝိဇ္ဇာ ကို အားပေးတယ်။ အမှားကို အမှန်ထင်တယ်၊ အဲဒါလည်း အဝိဇ္ဇာ။ တစ်သံသရာလုံးမှာ အဝိဇ္ဇာနဲ့ နေလာခဲ့တယ်၊ အဝိဇ္ဇာနဲ့နေ အဝိဇ္ဇာနဲ့ကြီး အဝိဇ္ဇာနဲ့သေ။ နောက်တစ်ခါ အဝိဇ္ဇာနဲ့ဘဲပြန်ပြီး နေရတယ် ။ အဝိဇ္ဇာကိုပယ်ခွာချင် သူ့ကိုအရင် ခွာလို့ မရဘူး။ ပမာဒ နဲ့ဝိစိကိစ္ဆာ ကိုအရင်ခွာရမယ်။ ပမာဒ နဲ့ဝိစိကိစ္ဆာကိုခွာပြီးတော့မှ အဝိဇ္ဇာကို နဲနဲချင်းခွာရတယ်။ အဲဒီလို ခွာလိုက်တော့မှ အရှိတရားသိခွင့်ရတယ်။ အမှန်တရားသိခွင့်ရတယ်။ ဒီလိုသိတာကိုက လွတ်မြောက်ရေးလမ်းစဉ်ဘဲ။ မသိတာက မြုပ်ရေးလမ်းစဉ်၊ လည်ရေးလမ်းစဉ်။ မသိလို့ရှိရင် သံသရာမှာမြုပ်မယ် လည်မယ်။ သိလို့ရှိရင် သံသရာ က လွတ်မြောက်မယ်။ ၀ိပဿ နာဆိုတာ အမှန်တရားတွေကို သိအောင် လုပ်တဲ့ အလုပ်ဘဲ။ ဒီအမှန်တရားတွေကို ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ထုတ်ဖော်ဟောကြားခဲ့တယ်။ သို့သော်ဘုရားသာသနာပသွားတဲ့အခါ ဒီအမှန်တရားတွေကိုထုတ်ဖော်ဟောကြားမယ့် ပုဂ္ဂိုလ်မရှိတော့ဘူး။ အမှန်တရားတွေကရှိနေတာဘဲ။ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ ရှိနေတာဘဲ။ ရှိပေမယ့် သိခွင့်မရဘူး၊ဖော်ပြမယ့်သူမရှိဘူး။ ဒါ...ဒုက်ခဘဲ၊ ဒါ...သမုဒယဘဲ၊ ဒါ...နိရောဓဘဲ၊ ဒါ...မဂ္ဂဘဲ လို့ ဖော်ပြနိုင်ဘို့ဆိုတာ သဗ္ဗညု တရွှေဉာဏ်တော် ရ မှ... နောက်တစ်နည်း မြတ်စွာဘုရားထံက တရားတွေနာ တရားအားထုတ် မဂ်ဖိုလ်တွေရမှ ပြန်ပြီးတော့ဖော်ပြနိုင်တယ်။ သာသနာကွယ်သွားပြီဆိုရင် ဘုရား ရဟန္တာ ကွယ်ပျောက်သွားတာဘဲ။ ဒါကြောင့်လောကမှာ သာသနာတွင်းနဲ့ ကြုံဘို့ ခဲယဉ်းတယ်။ ခဲယဉ်းတရားတွေ၊ ဒုလ္လဘတရားတွေ လူဖြစ်ဖို့ ခဲယဉ်းတယ် သာသနာတော်နဲ့တွေ့ဖို့ ခဲယဉ်းတယ် သဒ္ဒါ တရားရှိဖို့ ခဲယဉ်းတယ် ရှင်ရဟန်းဖြစ်ဖို့ ယောဂီဖြစ်ဖို့ ခဲယဉ်းတယ် သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းတယ်။ ဒါ... ဒုလ်လဘတရား ငါးပါး။ နောက် ဒုလ္လဘတွေလည်းရှိသေးတယ်။ အယူအဆမှန်ဖို့ခဲယဉ်းတယ်။ အများသိအောင်ပြောရရင် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ဖို့ ခဲယဉ်းတယ်။တစ်နည်းအားဖြင့် သမ္မာဒိဌိဖြစ်ဖို့ ခဲယဉ်းတယ်။ သာသနာထွန်ကားရာအရပ်မှာ နေရဖို့လည်း ခဲယဉ်းတယ်။ သစ္စာလေးပါးမြတ်တရားကို ဟောဖော်ညွှန်ပြတဲ့ ဆရာသမားတွေနဲ့တွေ့ကြုံဖို့လည်း ခဲယဉ်းတယ်။ နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ ဗောတိပက္ခိယတရား(၃၇)ပါး၊ဗောတိပက္ခိယတရား(၃၇)ပါးရဲ့ရှေ့က အရေးကြီးတဲ့တရားက သုစရိုက်(၁၀)ပါး ရှေ့ကသွားတယ်။ သုစရိုက်(၁၀) ပါး ဆိုတာ သီလကိုပြောတာပါဘဲ။ အဲဒီတရားတွေကိုနားထောင်နိုင်တဲ့ ဉာဏ်နားရှိဖို့လည်း ခဲယဉ်းတယ်။ ဉာဏ်နားဆိုတာ ခန္ဓာ ဓာတ် အာယတန သစ္စာ သတ်ိပဌာန် ဗောဇ္ဇျင် စသည်တို့ကို သိထားနားလည်ရမယ်။ ရုပ်တွေနာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တ သိတာ ၀ိပဿ နာ ဉာဏ်ဘဲ။ အရှိအမှန်တရားတွေကိုသိတာ ၀ိပဿ နာဉာဏ်ဖြစ်တယ်။ ဒါတွေကို ယောဂီတို့ သိထားဖို့လိုအပ်တယ်။ ရုပ်ဆိုတာ သဘောတရား၊ နာမ်ဆိုတာလည်း သဘောတရား။ တစ်ကယ်ရှိနေတဲ့သဘောတရားတွေ။ နိဗ္ဗာန်ဆိုတာလည်း သဘောတရားဘဲ။ သဘောတရားပေမယ့် မရှိဘူးလို့ ယူလိုက်ရင် ဥစ္စေဒဒိဌိဖြစ်သွားပြီ။ နိဗ္ဗာန်ဟာ တစ်ကယ်ရှိတယ်။ ခန္ဓာမှာဖောက်ပြန်တတ်တဲ့ သဘောဟာတစ်ကယ်ရှိတယ်။ အဲဒါကိုသဘောတရားလို့ခေါ်တယ်။ ရုပ်တရားလို့လည်း ခေါ်တယ်။ ခံစားတဲ့သဘောလေးတွေ မှတ်သားတဲ့့သဘောလေးတွေ တိုက်တွန်းတဲ့့သဘောလေးတွေ သိတဲ့့သဘောလေးတွေဟာ အကောင်အထည်အနေနဲ့ပြလို့မရဘူး။ ဒါပေမယ့် တစ်ကယ်ရှိနေတယ်။ ရုပ်တွေနာမ်တွေဟာ တစ်ကယ်ရှိနေတယ်။ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဆိုတာ ပရမတ္တတရား လေးပါးဖြစ်တယ်။ စိတ် စေတသိက် ရုပ် က ရုပ်နဲ့နာမ်ကိုပြောတာ၊ စိတ် စေတသိက် ရုပ် ဆိုတဲ့ သင်္ခတတရားကို တစ်ကယ်မြင်တဲ့ယောဂီဟာ အသင်္ခတနိဗ္ဗာန် ပရမတ် တစ်ကယ်ရှိတယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ ရုပ်တွေနာမ်တွေထင်ရှားရှိတာသိတဲ့ယောဂီဟာ နိဗ္ဗာန်ဆိုတာလည်းအထင်အရှားရှိတယ်ဆိုတာ ပိုင်ပိုင်နိုင်နိင်သဘောပေါက်တယ်။ ရုပ်နာမ်ကိုသ်ိမှ သဘောပေါက်တာ။ နိဗ္ဗာန်ကိုမဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ မျက်မှောက်မပြုသေးသော်လည်း ုရုပ်နာမ်တွေဟာအကောင်အထည်နဲ့ မဟုတ်ပေမယ့်၊ တစ်ကယ်ရှိနေတာဘဲ၊ ပူတဲ့သဘော ၊ အေးတဲ့သဘော၊ နာတဲ့သဘော၊ ကိုက်တဲ့သဘော၊ ယားတဲ့သဘောတွေ အထင်အရှားရှိတယ်။ ဖောက်ပြန်တဲ့သဘော၊ ခံစား ၊ မှတ်သား ၊ တိုက်တွန်း ၊ သိတဲ့ သဘောတွေ အထင်အရှားရှိတယ်။ ဒါကြောင့် ရုပ်တွေနာမ်တွေ အထင်အရှားရှိ နိဗ္ဗာန်လည်းအထင်အရှားရှိတယ်လို့ ခန့်မှန်းလို့ ရတယ်။ အပူရှိရင် အအေးရှိတယ် အမှောင်ရှိရင် အလင်းရှိတယ် သေတတ်တဲ့သဘောတရားရှိရင် မသေတတ်တဲ့သဘောတရားရှိတယ်၊ ​ နာတတ်တဲ့သဘောတရားရှိရင် မနာတတ်တဲ့သဘောတရားရှိတယ်၊ သေ(အို)တတ်တဲ့သဘောတရားရှိရင် မအိုတတ်တဲ့သဘောတရားရှိတယ်၊ သင်္ခတနဲ့အသင်္ခတဆိုတာ အဲဒီလိုကွာတယ်။ သင်္ခတပရမတ် ရုပ်နဲ့နာမ်က အနိစ္စ ဒုက္ခ အနတ္တဖြစ်တယ်။ အသင်္ခတနိဗ္ဗာန် ကတော့ နိစ်စ သုခ အနတ်တ ဘဲ။ အနတ္တ ကတော့ အတူတူဘဲ၊ အနိစ္စ ဒုက္ခ မှာ ကွဲသွားတယ်။။ ရုပ်နာမ်ကို သင်္ခတပရမတ်လို့ခေါ်တယ်။ သင်္ခတဆိုတာ ပြု ုပြင်ရတယ် ၊ ပရမတ်ဆိုတာ အမှန် ၊ ရုပ်တွေနာမ်တွေက ပြု ုပြင်ခံနေရတယ်၊ ကံ စိတ်ဥတု အဟာရက ပြု ပြင်နေတယ်၊ အပြု ုပြင်ခံရလ်ု့ သင်္ခတလို့ခေါ်တယ်။ ရုပ်နာမ်တွေက အနိစ္စ ဒုက္ခ အနတ္တ ၊ မမြဲဘူး ဆင်းရဲတယ် အစိုးမရဘူး။ အသင်္ခတပရမတ်ကတော့ ပရမတ်က အမှန် အသင်္ခတ က ကံလည်းပြု ုပြင်လို့မရဘူး စိတ်လည်းပြု ုပြင်လို့မရဘူး ဥတုလည်း ပြု ုပြင်လို့မရဘူး အဟာရ လည်း ပြု ုပြင်လို့မရဘူး။ အဲဒီလိုအပြု ပြင်ကင်းတဲ့ နိဗ္ဗာန်ကျတော့ နိစ္စ မြဲတယ် သုခ ချမ်းသာတယ် (သန္တိသုခ) အနတ္တကတော့ အနတ္တ ပဲ ဖြစ်တယ်။ အတ္တဖြစ်သွားမှာစိုးလို့။ အတ္တ ကနိဗ္ဗာန် ပဲလို့ ယူလိုက်မှာစိုးလို့ ၊ အတ္တ မဟုတ်ဘူးလို့ပြောတာ။ အသင်္ခတ နိဗ္ဗာန်ကျတော့ အနှစ်သာရ မရှိဘူးလို့ ပြောလို့မရဘူး ။ အနှစ်သာရ ရှိတယ် ။ နိစ္စ သုခ အနှစ်သာရရှိတယ် ။ သို့သော်လည်း ဲ အတ္တ မဟုတ်ဘူး၊ #အနအတ်တ ဘဲ ။ အဲဒါကြောင့် အနတ္တဖြစ်တယ် ။ သင်္ခတပရမတ် နဲ့ အသင်္ခတပရမတ် ကွဲပြားတယ် ။ အဲဒီလို ဝိပဿ နာ နေ့တိုင်းအားထုတ်နေတဲ့ ယောဂီတွေဟာ နက်နက်ရှိုင်းရှိုင်း သဘောပေါက်ထားရမယ်။ ၀ိပဿ နာဆိုတာ သင်္ခတကိုရှုတာ ၊ ရုပ်ထင်ရှားရင် ရုပ်ရှု ၊ နာမ်ထင်ရှားရင် နာမ်ရှု ၊ နာမ် က ဝေဒနာ သညာ သင်္ခါ ရ ဝိဉာဏ် ။ ရုပ်ကိုရှုတော့ ကာယနုပဿ နာ သတိပဌာန် ၊ ဝေဒနာကိုရှုတော့ ဝေဒနာနုပဿ နာ သတိပဌာန် ၊ စိတ်ကိုရှုတော့ စိတ္တာနုပဿ နာ သတိပဌာန် ၊ သညာနဲ့သင်္ခါရ ရှုတော့ ဓမ္မာနုပဿ နာ သတ်ိပဌာန် ။ ခန္ဓာ ၅ ပါး ဖြစ်တယ် ။ သတ်ိပဌာန်နဲ့ပြောတော့လေးပါးဖြစ်တယ်။ ခန္ဓာအားဖြင့်လည်း သိရတယ် သတိပဌာန် အားဖြင့်လည်း သိရတယ် သင်္ခတ ၊ အသင်္ခ အားဖြင့်လည်း သိရတယ် ပညတ် အားဖြင့်လည်း သိရတယ် ပရမတ် အားဖြင့်လည်း သိရတယ် အရှုခံ အားဖြင့်လည်း သိရတယ် အရှုဉာဏ် အားဖြင့်လည်း သိရတယ် ဉာတပရိညာ အားဖြင့်လည်း သိရမယ် တိရဏပရိညာ အားဖြင့်လည်း သိရမယ် ၊ ဒါတွေဟာ ကြိုတင်ပြီးတော့ သိသင့်သိထိုက်တဲ့ တရားတွေ ဖြစ်တယ် ။ ယောဂီတို့ဟာ ဖောင်းပိန် ရှုမယ်။ ဗိုက်ကြီးကို ရှုနေမယ်။ ဒါတွေဟာ ပညတ်တွေဘဲ။ ပညတ်က်ိုရှုနေရင် ဝိပဿ နာ ဘယ်ဖြစ်ပါ့မလဲ။ ကိုယ်ကလေ့လာမထားရင် ဟုတ်ထင်ပါရဲ့၊ ဖြစ်နေမယ် ။ သံသယတွေ ၀င်လာမယ်။ ပညတ်ဆိုတော့ ဝိပဿ နာမှ မဟုတ်ဘဲ ။ ၀ိပဿ နာဆိုတာ ပရမတ်ရှုရတာ ။ ယောဂီတို့ ဉာဏ်စိုက်ထားပါ ။ ပညတ်နဲ့ ပရမတ် ဘယ်ဟာရှုရမလဲ ။ ပရမတ် ကို ရှုရမယ် ။ ဖောင်းတယ် ပိန်တယ် ကိုင်တယ် ထိတယ် ကြွတယ် လှမ်းတယ် ချတယ် အပေါ် (ရှု)တင်နေတာမဟုတ်ဘူး ။ ဒါကိုရှုနေတာဟာ ပညတ်ကို ရှုနေတာ ။ ယောဂီတို့ဟာပညတ်ကို ရှုတာမဟုတ်ပါဘူး ၊ ပရမတ်ကို ရှုနေတာပါ ။ ပရမတ်ကို ဘယ်လိုရှုနေပါလိမ့်။ လှုပ်ရှားတဲ့သဘောလေးပေါ် ဉာဏ်ရောက်နေတယ် ။ လှုပ်ရှားတဲ့သဘောလေးဟာ ပရမတ် ။ ပရမတ်ပေါ် ဉာဏ်ရောက်တော့ ဝိပဿ နာဖြစ်တယ် ။ ပရမတ်ပေါ်တော့ ဉာဏ်ရောက်ပြီ ။ ပရမတ်ရဲ့အမှန်တရားတွေ သိအောင် ဆက်ကြိုးစားရမယ် ။ သိမှ ဝိပဿ နာ ဖြစ်မယ် ။ အသာလေးငြိမ်နေပြီး ကြက်သီးလေးတွေ ထ ' ပြီး အေးနေရင် ဝိပဿ နာဖြစ်တာမဟုတ်ဘူး။ အဲဒါ သမထ ဖြစ်တယ် ။ ငြိမ်နေတာတို့ ၊ အေးနေတာတို့ ၊ ပီတိတွေဖြစ်နေတာ ၊ ပဿ ဒိဖြစ်တာတို့ အလင်းရောင်မြင်ရတာတို့ အဲဒါ သမထလည်း ဖြစ်တာ ပဲ။ ၀ိပဿ နာဆိုတာ ရုပ်နာမ်တွေရဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေ ။ ရုပ်နာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တကို သိရမယ် ။ ဒါတွေဟာ သိသင့်သိထိုက်တဲ့အရာတွေ ဉာတပရိညာ အားဖြင့် သိရမယ် ။ ရုပ်တွေနာမ်တွေ ဘဲ ၊ ဒါ သင်္ခတတရား ၊ နိဗ္ဗာန်.... ဒါ က အသင်္ခတတရား ၊ စသည် သိထားရမယ် ။ ဒီအသင်္ခတတရားဟာ သိဖို့ အင်မတန်ခဲယဉ်းတယ် ဆိုတာ ကြိုသိထားမှ ဝိပဿ နာလုပ်ချင်တာ။ ဒီလိုသိမထားရင် ရုပ်တွေနာမ်တွေမြင်ဖို့ထက် သမထနဲ့အကြားအမြင် မြင်ဖို့ကိုပိုပြီးတော့ လူတွေက လိုလားကြတယ် ။ ဘာ့ကြောင့်လည်းဆိုတော့ ဓမ္မဗဟုသုတ နဲလို့ ။ သမထ နဲ ဝိပဿ နာ ကွဲဖို့လိုတယ် ။ အရှိတရားအမှန်တရားကိုသိမှ ဝိပဿ နာဖြစ်တယ်။ အရှိတရားနဲ့အမှန်တရားသိအောင် ပစ္စု ပ္ပန်တဲ့တဲ့ ရှုမှတ်နိုင်ရမယ် ။ ပစ္စု ပ္ပန်တဲ့တဲ့ရှုရာမှာ စူးစူးစိုက်စိုက် စေ့စေ့စပ်စပ် စိပ်စိပ်ကလေး ရှုမှတ်ရမယ် ။ စ ' သုံးလုံးပေါ့ ။ တစ်နေရာထဲလည်း စိုက်မှတ်လို့မရဘူး ။ ပေါ်ရာပေါ်ရာ ထင်ရှားရာထင်ရှားရာ ရှုမှတ်ရမယ် ။ ဒီလို ပေါ်ရာထင်ရှားရာ ရှုမှတ်တဲ့အခါမှာလည်း ဇွဲကောင်းရအုန်းမယ် ။ " စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန် သာသနာ " လ နဲ့ နှစ် နဲ့ ဘ၀ နဲ့ ချီပြီး အားထုတ်ရမယ် ။ ဘုရားဆိုရင် လေးအသင်္ချေ နဲ့ ကမ ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရတယ် ။ အဲဒီလို စိတ်ရှည်ဖို့လိုတယ် ။ ဇွဲ ရှိဖို့ တယ် ။ သည်းညည်းခံဆိုတာ နာတာ ကျင်တာ ကိုက်တာ ခဲတာ စတဲ့သဘောတရားတွေ ၊ တရားအားထုတ်အခါမှ ရောဂါတွေ ပိုဆိုးလာသလို ဖြစ်တာတွေ၊ ကိလေသာတွေဖြစ်လာတာ တွေကို သမာဓိတွေရလာတဲ့အခါမှာ အမှန်တရား တွေကို သိ သိ လာတယ် ။ စိတ်သဘောတွေ သိလာတော့ စိတ်ပျက်စရာ စိတ်ဆိုးစရာတွေသိလာတယ်။ ဒါတွေအားလုံးကိုသည်းညည်းခံနိုင်မှ ၀ိပဿ နာဉာဏ် ရ မယ် ။ " စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန် သာသနာ " တဲ့ ။ တရားအားထုတ်တ ဲ့အခါမှာ အမှန်တရားတွေကို သိနိုင်ဖို့အတွက် #တရားစဉ် နဲ့ #လုပ်ငန်းစဉ် (၂ )မျိုး ကို နားလည်ထားဖို့ လိုအပ်တယ်။ #တရားစဉ် ဆိုတာ ဟောတဲ့တရား ။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားများကိုခေါ်တယ်။ #လုပ်ငန်းစဉ် ဆိုတာ ရုပ်တွေနာမ်တွေကို ထင်ရှားရာတစ်ခု ရှုတဲ့အခါ ရုပ်ထင်ရှားရင် ရုပ်ရှု နာမ်ထင်ရှားရင် နာမ်ကိုရှု တဲ့အခါ အနိစ္စ ဒုက္ခ အနတ္တ မှာ တစ်ခုဘဲထင်တယ် ။ တစ်ချို့က အနိစ္စ ပိုမြင်တယ် တစ်ချို့က ဒုက္ခ ပိုမြင်တယ် ။ တစ်ချို့က အနတ္တ ပိုမြင်တယ် ။ တစ်ခုတင်ရင် ကျန်တာအကုန်ပါသွားတယ် ။ အဲဒါက လုပ်ငန်းစဉ် ဖြစ်တယ်။ တရားစဉ်နဲ့ လုပ်ငန်းစဉ် ကို ခွဲမြင်ရမယ် ။ တရာစဉ်ကိုလည်း ပယ်လို့မရဘူး။ တရားစဉ်နာမှ လုပ်ငန်းစဉ်မှန်မယ်။ လုပ်ငန်းစဉ်လည်း ထိထိရောက်ရောက် လုပ် ရ မယ် ။ လုပ်ငန်းစဉ် မထိရောက်ရင်လည်း တရားစဉ်က အပေါ်ယံဘဲရှိမယ် ။ နှစ်မျိုးစလုံး အရေးကြီးတယ် ။ ရှုနည်းမှတ်နည်းလည်း ကျွမ်းကျင်ရမယ် ။ ရှုနည်းမှတ်နည်းကြောင့် ဒိဌိပယ်ပုံကိုလည်း သဘောပေါက်ရမယ်။ ရှုနည်းမှတ်နည်း ကျွမ်းကျင်တာက ဖောင်းရင် ဖောင်းတယ်မှတ် ပိန်ရင် ပိန်တယ်မှတ် နာရင် နာတယ်မှတ် ကျင်ရင် ကျင်တယ်မှတ် စိတ်ကူးရင် စိတ်ကူးတယ်မှတ် ၊ အဲဒီလိုရှုမှတ်တဲ့အခါမှာ ဒိဌိကို ဘယ်လိုပယ်သွားသလဲ ဒိဌိကို ဘယ်လိုခွာသွားသလဲ ဒါမျိုးတွေကိုသိထားဖို့လိုတယ်။ အဲဒါက တရားစဉ်ဖြစ်တယ်။ ရှုတာမှတ်တာတွေက လုပ်ငန်းစဉ်ဖြစ်တယ်။ လုပ်ငန်းစဉ်နဲ့ တရားစဉ်က ပညတ်နဲ့ပရမတ်လိုပဲ စပ်ပြီးတော့သိရမယ်။ ခွဲပြီးတော့လည်း သိရမယ်။ တရားစဉ်အနေနဲ့ အတိတ်ကအဝိဇ္ဇာသင်္ခါရဖြစ်ခဲ့တယ်။ ဒါဖြင့်ကျန်ခဲ့တဲ့ဘ၀က ဘာဖြစ်ခဲ့သလဲ။ ကျန်ခဲ့တဲ့ဘ၀ကလည်း အဝိဇ္ဇာသင်္ခါရဘဲဖြစ်ခဲ့တယ်။ လူတွေနတ်တွေ ဖြစ်ခဲ့တယ်လို့ပြောလို့မရဘူး ဒါကို အဘိညာဉ်ရှိမှသာ သိနိုင်မယ်။ တစ်ကယ်ဖြစ်တာက အဝိဇ္ဇာသခါင်္ရဘဲဖြစ်ခဲ့တယ်။ ဒီလိုသိနားလည်ထားရမယ်။ ဒီလိုမသိထားရင် ငါ အတိတ်က ဘယ်ကလာတယ် ၊ ဘယ်ကိုပြန်သွားမယ်လို့ဆိုရင် တရားစဉ်ကို ကျကျနန နာမထားလို့ သံသယတွေ ဖြစ်နေတာ။ အဲဒီလိုသံသယတွေဖြစ်နေတော့ ပစ္စု ပ္ပန်သဘောတရားတွေကိုမေ့သွားတယ်။ သံသယဖြစ်တာက ဝိစိကိစ္ဆာ မေ့တာက ပမာဒဖြစ်နေတော့ အဝိဇ္ဇာအားကြီးနေတယ်။ အတိတ်တုံးက အဝိဇ္ဇာသင်္ခါရဖြစ်ခဲ့တော့ ဉာဏ်နယ် ဖြစ်တယ်။ ဒါဟာ တရားစဉ်ဘဲ။ ကံနယ်အနေနဲ့ပြောရရင်တော့ လူဖြစ်ရင်ဖြစ်မယ် နတ်ဖြစ်ရင်ဖြစ်မယ် အပယ်ရောက်ရင်ရောက်မယ် ။ ကံနယ်ဆိုတာ ပညတ်နယ်ကိုပြောတာ။ လူတွေနတ်တွေရှိတယ်။ ဉာဏ်နယ်က ပရမတ်နယ် ရုပ်တွေနာမ်တွေကိုပြောတာ။ အဝိဇ္ဇာသခါင်္ရဆိုတာ နာမ်တရားတွေမဟုတ်လား။ နာမ် ၂ ခုကိုစပ်သိရမယ်။ နာမ် ၂ မျိုး လုံးကိုသိထားဖို့လိုတယ်။ ၂ မျိုးလုံးသိထားမှ ဝိပဿ နာတရား အားထုတ်တဲ့အခါမှာလမ်းမမှားဘဲနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရောက်နိုင်တယ်။ ၀ိပဿ နာတရား အားထုတ်တဲ့အခါ သမာဓိကြောင့် ဘုရားတွေမြင်မယ်၊ ဘိုးတော် နတ်တွေ တောတောင် တွေမြင်မယ် အတိတ်ဘဝတွေမြင်မယ် ဒါတွေဟာ ပညတ်တွေဘဲ။ ဘာတွေပဲ မြင်မြင် ပေါ်တာမှန်သမျှကို မှတ်ပစ်ရမှာဘဲ။ ဆရာပြောလို့ ရှုမှတ်တာနဲ့ သိပြီးမှ ရှုမှတ်တာမတူဘူး။ ဒါတွေဟာ အနိစ္စတရားတွေဘဲ အားလုံးဖြစ်ပြီး ပျက်သွားတဲ့တရားတွေဘဲ။ ဒါတွေက ပညတ်တရားတွေဖြစ်တယ်။ သစ္စာနဲ့ပြောရင် ဒုက္ခသစ္စာတွေဘဲလို့ နားလည်သွားတယ်။ တစ်ချို့မှတ်ပေမယ့် နိမိတ်တွေက ပျောက် မသွားဘူး။တရားမှတ်တဲ့အခါမှာ တွေ့မြင်လာတဲ့နတ်တွေ ဘုရားတွေ တောတောင်စတဲ့ပညတ်တွေကို လှစ်လျှု ုရှုပြီး ခန္ဓာကိုယ်က နာတာကျင်တာ ကိုက်တာခဲတာတွေကို ပြန်ပြီး ဂရုစိုက်ပါ။ ဒါတွေကို သိထားလို့ရှိရင် " အသိတစ်လုံး အမြတ်ဆုံး" ဘဲ ယောဂီတို့တွေဟာ ဝိပဿ နာတရား အားထုတ်ခြင်းဖြင့် ကိုယ်ပိုင်ဥစ္စာတွေရရှိလာမယ်။ ကိုယ်ပိုင်ဥစ္စာဆိုတာ "သီလ သမာဓိ ပညာ" သုံးပါးဖြစ်တယ်။ ဒါန ကတော့ သီလထဲမှာပါတယ်။ #ဝိပဿ နာတရားအားထုတ်တဲ့အခါမှာ ရရှိလာမယ့် အကျို ုးတရားတွေကိုပြောမယ်။ တရားအားထုတ်စဉ် တစ်ထိုင်အတွင်းမှာပင် အာသဝေါတရားကင်းပြီး ရဟန်းသာဖြစ်နိုင်တယ်။ အာသဝေါတရားတေ ွအကုန်မကင်းလည်း သောတာပန် သကဒါဂမ်ဖြစ်နိုင်တယ်။ သေခါနီးမှာ အားထုတ်ရင်လည်း ရဟန်းသာဖြစ်နိုင်တယ်။ ရဟန်းသာမဖြစ်သေးရင်လည်း သောတာပန် သကဒါဂမ် ဖြစ်နိုင်တယ်။ သောတာပန် သကဒါဂမ် မဖြစ်ဘူးထား ၀ိပဿ နာဉာဏ် ရနိုင်တယ်။ ၀ိပဿ နာဉာဏ်ရရင် အပယ်မကျ နိုင်တော့ဘူး။ အပယ်တံခါးပိတ်စေနိုင်တယ်။ နတ်စည်းစိမ်များ ခံစားစံစားနေစဉ်လည်း တရားရနိင်တယ်။ နတ်ပြည်ရောက်သွားတဲ့အခါမှာ နတ်သားနတ်သမီး ဖြစ်တာချင်းအတူတူ ဝိပဿ နာပွားတဲ့ပုဂ္ဂိုလ်နဲ့ ၀ိပဿ နာမပါဘဲ ဒါနသီလသာပါသွားတဲ့ပုဂ္ဂိုလ် အများကြီးကွာခြားတယ်နော်။ ဒါနသီလသာပါသွားတဲ့ယောဂီတွေဟာ နတ်သားနတ်သမီးဖြစ်တဲ့အခါ တရားမေ့ပြီး အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့ နတ်စည်းစိမ်ခံစားတယ်။ တစ်ချို့လည်းဘဲ နတ်တစ်ပါးနဲ့တစ်ပါး ဣဿ မစ္ဆရိယတွေဖြစ်ပြီး သေသွားကြတဲ့အခါ ပြန်ပြီး ငရဲပြန်ကျတယ်။ ၀ိပဿ နာပါသွားတဲ့ယောဂီတွေဟာ နတ်သားနတ်သမီးဖြစ်တဲ့အခါ တရားကိုပြန်ပြီး သတိရတယ်။သိကြားမင်းကြီးတွေ ဗြဟ္မာကြီးတွေ တန်ခိုးရှိတဲ့ရဟန်းသာတွေ နတ်ပြည်မှာလာပြီး တရားဟောတဲ့အခါမှာ တရားနာပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်။ နတ်သက်ကြွေပြီး လူပြန်ဖြစ်တဲ့အခါလည်း နောင်ပွင့်မယ့်ဘုရားလက်ထက် သာသနာတွင်းမှာ လူ့ပြည်ဆင်းပြီးတရားအားထုတ်ခြင်းဖြင့် မြန်မြန်ဆန်ဆန် မဂ်ဉာဏ်ဖိုလ်ဉာဏ်ရနိုင်တယ်။ ရဟန်းသာဖြစ်နိုင်တယ်။ သာသနာပ မှာသာသနာနှင့်မကြုံတွေ့လျင်လည်း ပစ္စေကဗုဒ္ဓ ဖြစ်နိုင်တယ်။ ချမ်းသာကြီးကိုမြင်ရင် ချမ်းသာလေးတွေကို ကြိုးစား၍ ပယ်ရမယ်။ ချမ်းသာကြီးဆိုတာ နိဗ္ဗာန် ချမ်းသာလေးတွေဆိုတာ လူ့စည်းစိမ် ကာမဂုဏ်ချမ်းသာကိုပြောတာ ၊ အဲဒီချမ်းသာအသေးလေးတွေကို ပယ်ပြီး ၀ိပဿ နာတရားကြိုးစားအားထုတ်ရင် ချမ်းသာကြီးဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်နိုင်တယ် ။ ဆင်းရဲကြီးကိုကြောက်ရင် ဆင်းရဲလေးတွေကို ကြိုစားပြီး သီးခံနိုင်ရမယ်။ ဆင်းရဲကြီးဆိုတာ အပယ်လေးပါး ငရဲ တိရိစ္ဆာန် ပြိဿ အသူရကယ် ၊ ဆင်းရဲလေးဆိုတာ တရားနာရတဲ့ဆင်းရဲတွေ တရားအားထုတ်ရတဲ့ဆင်းရဲတွေ ရှစ်ပါးသီလစောင့််ထိန်းရတဲ့ဆင်းရဲတွေ တရားနဲ့ပါတ်သက်တဲ့ ဝေယျာဝိစ္စ လုပ်ရတဲ့ဆင်းရဲတွေ အများပျော်သလို မပျော်နိင်တဲ့ဆင်းရဲတွေ....စသည် အဲဒီဆင်းရဲအသေးလေးတွေကို သည်းညည်းခံလို့ရှိရင် ဆင်းရဲအကြီးက လွတ်နိုင်တယ်။ ဒီနေ့ ဒီလောက်နဲ့ဘဲ နိဂုံးချုပ်လိုက်ကြရအောင်.... မြစိမ်းတောင်ဆရာတော်ဘုရားကြီး အရှင်ဇာနေယျ ဟောကြားတော်မူသော ယောဂီများအတွက် သိပုံပယ်ပုံ တရားတော် #Credit✍️မူရင်းတင်သူ✍️ ပြန်လည်မျှဝေပါသည်📒📒📒ဦးသိန်း တရားဒဿနများ

via အလင်းရောင် ဓမ္မ https://ift.tt/2rAsecs

နောက်ဆုံးအချိန်ရောက်လာပြီဆိုတဲ့အခါမှာ ရောဂါတွေ ဖြစ်လာပါပြီတဲ့။ တကယ့်ကို ရောဂါတွေ ဖြစ်လာပြီ။ ဆေးရုံဆေးခန်းရောက်လို့ မသက်သာတဲ့ ရောဂါဝေဒနာ တစ်ခုကို ခံစားရပါပြီ။ ဆွေတွေမျိုးတွေက အဲဒီအချိန်ကျတော့ ဘာလေးလုပ်ကြတုန်းဆိုတော့ ဘုန်းကြီး ပင့်ပြီးတော့ ပရိတ်ရွတ်ပေးတာတို့၊ သင်္ကန်းလေး လှူခိုင်းတာတို့၊ ကဲ သူ အဲဒီအချိန်မှာ စဉ်းစားကြည့်လိုက် လို့ရှိရင် သူကိုယ်တိုင်ကိုက ရောဂါကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ ပရိတ်ရွတ်ပေး လည်း သူ့စိတ်ထဲက စိတ်ချမ်းသာမှု ရချင်မှ ရမယ်နော်။ သင်္ကန်းလေး လှူခိူင်းလို့ လှူတာ သူ စိတ်ချမ်းသာမှု ရချင်မှ ရမယ်။ အဲဒီတော့ ဒါ မလုပ်ရဘူး မဟုတ်ဘူး။ လုပ်ရမယ်။ သို့သော် အဲဒီထက် ပိုပြီးတော့ ကိုယိ့ကိုယ်ကို သတိထားဖို့က ပိုအရေးကြီး တယ်ပေါ့။ ဆိုလိုတာက သူများအလှည့်ကျ တော့ ကိုယ်က လုပ်ပေးတယ်။ ကိုယ့်အလှည့် ကျတော့ ဘာလိုအပ်သလဲ။ ဆိုလိုတာက လုပ်မယ့်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ငါဟာ ဓမ္မကို အဖော်ပြုပြီးတော့ နေမယ်လို့ ဘုန်းကြီးတို့တွေ ကြိုတင်ပြီးတော့ လုပ်သင့် တယ်။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ Posted by Words of Buddha credit…

via အလင်းရောင် ဓမ္မ https://ift.tt/2ZzYMjf

ငါဘုရားရှင်၏ သာသနာတော်၌ တည်တန့်မည့်သူ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 " ချစ်သား အာနန္ဒာ...... ငါဘုရားသည် အိုးထိန်းကဲ့သို့ အိုးတို့ကို ကျက်၏ မကျက်၏တို့ကို ငါဘုရား ကြောင့်ကြမှုမရှိသည်သာ..။ " အိုးထိန်းသည် ဆိုတာ အိုးလေးတွေပြုလုပ်ပြီး သူကရောင်းရန်အလို့ငှာ ဒီအိုးကကျက်တဲ့အိုး ဒီအိုးကမကျက်တဲ့အိုး ဒီအိုးကမကျက်တကျက်အိုး ခေါက်ပြီး စမ်းစစ်မှုဆိုတာပြုရတယ်။ ဒီလိုဘဲ ငါဘုရားက ချစ်သားတို့အပေါ်ကြောင့်ကြစိုက်မှု မရှိပါဘူးတဲ့ ။ ဒီတပည့်က ဣနြေ္ဒရင့်ကျင့်တယ်။ ဒီသာဝကဣနြေ္ဒ မရင့်ကျက်တယ် ဆိုပြီး သာဝကတွေကိုခွဲတန်းချပြီး ကြောင့်ကြစိုက်ကာမနေပါဘူးတဲ့။ ကြောင့်ကြမစိုက်ဘူးဆိုတာဘာပြောတာလည်းဆိုတော့ ခုလိုတရားဟောပြီ တရားနာတဲ့ ပရိတ်သတ်ထဲမှာ ပုဂ္ဂိုလ်အမျိုးမျိုးရှိတယ်။ ဣနြေ္ဒရင့်သူလည်းပါမယ်၊ မရင့်သူလဲပါမယ် အဲ့ဒိပုဂ္ဂိုလ်နဲ့ လျော်ညီအောင်တရားအမျိုးမျိုးကိုကြောင့်ကျစိုက်ပြီး ဟောနေရင်တရားတွေက အစီအစဉ်ကျဖို့ရာမဖြစ်နိုင်ပါဘူး။ " ငါဘုရားသည် တရားတော်အားဟောကြားရာ၌ ချီးမြောက်သင့်သော ပုဂ္ဂိုလ်အားချီးမြောက်၍လည်းကောင်း ၊ နှိပ်ကွက်သင့်တဲ့ ပုဂ္ဂိုလ်အား နှိပ်ကွက်၍ တရားတော်အား ဟောတော်မူတယ်။ " စဉ်စားကြည့်ပါ နှိပ်ကွက်ပြီးဟောရမယ့် ပုဂ္ဂိုလ်ကို ချီးမြောက်ပြီးဟောရင် ဒီပုဂ္ဂိုလ်က မကောင်းတာတွေဘဲ ဆက်၍လုပ်နေမယ်။ အကျိုးမယုတ်နိုင်ဘူးလား ။ ချီးမြောက်သင့် ချီးမြောက်ထိုက်သူကို နှိပ်ကွက်လိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်မှာ တိုးတက်မှုတွေ ရပ်တန့်ပြီးမသွားနိုင်ဘူးလား ။ ရပ်တန့်သွားနိုင် တယ်။ " ငါဘုရားသည် တစ်ခါတလေ နှိပ်ကွက်၍ ဟောတယ်။ တစ်ခါတလေ ချီးမြောက်၍ ဟောတယ် ။ အဲ့ဒိလိုဟောတယ်ဆိုပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်၏ အနှစ်သာရမှာ ရပ်တည်နေတဲ့ သူတော်ကောင်းကတော့ ငါဘုရားရှင်၏ သာသနာတော်မှာ တည်တန့်နေပေလိမ့်မည်။ " ဘယ်လိုနှိပ်ကွက်ပေမယ့် သာသနာတော်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား။ မခွဲတော့ဘူး။ ဘယ်လိုပင် ချီးမြောက်ပေမယ့် သာသနာတော်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား။ မခွဲတော့ဘူး။ ဒီလိုဘဲ ဆရာသမားတွေက သင့်လျော်လျောက်ပတ်တဲ့ ဆိုဆုံးမမှုတွေကို လိုက်နာတဲ့သူက တိုးတက်မသွားနိုင်ဘူးလား။ မလိုက်နာတဲ့ပုဂ္ဂိုလ်ကို ဆရာသမားတွေက ဆိုဆုံးမချင်တဲ့ စိတ်ထားရှိချင်သေးလား ?။ မရှိတော့ဘူး။ တစ်ခါဆုံးမလည်း မလိုက်နာဘူး ၊နှစ်ခါဆုံးမလည်း မလိုက်နာဘူး ၊ သုံးခါဆုံးမတော့လည်း မလိုက်နာဘူး ။ ကြာတော့ ဆရာသမားဘက်က စိတ်ကုန်မသွားဘူးလား?။ စိတ်ကုန်သွားတယ်။ ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်မယ်ဆို ဆရာသမားဘက်က ထပ်ကာ ထပ်ကာ သင်ပေးချင် တဲ့ ဆန္ဒဓာတ်တွေပေါ်လာပါတယ်။ ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်တဲ့သူဟာ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦ းဖြစ်သွားမယ်။ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦး၏ စိတ်သည် တဖြည်းဖြည်း တည်ကြည်လာတယ်တဲ့။ "ဖားအောက်တောရဆရာတော် "

via အလင်းရောင် ဓမ္မ https://ift.tt/2ZF22u0

via အလင်းရောင် ဓမ္မ https://ift.tt/350gwpe