Tuesday, December 24, 2019

#နတ်ပြည်မှာမရနိုင်တဲ့ကုသိုလ်" •••••••••••••••••••• -လူ့ဘုံမှာ လူလာဖြစ်ရတာ အရမ်းကံကောင်းပါတယ်။ -လူ့ဘုံမှာ ကမ္မဋ္ဌာန်းလေးဆယ်လုံး ရလို့ပါ။ -နတ်ပြည်မှာဆို . . . -အသုဘကမ္မဋ္ဌာန်း(၁၀) ပါး ရယ် , -ကာယဂတာ သတိ ကမ္မဋ္ဌာန်း ရယ် -အာဟာရပဋိကူလသညာ ကမ္မဋ္ဌာန်း ရယ် . . အားလုံး(၁၂) ပါး မရနိုင်ပါဘူး။ -နတ်ပြည်မှာ အသုဘအလောင်းကောင် ဆိုတာ မရှိပါဘူး။ သေရင် မီးငြိမ်းသလို ခန္ဓာကိုယ် ပျောက်သွားတာပါ။ အလောင်းကောင်မရှိတော့ အသုဘ ကမ္မဋ္ဌာန်း ပွားလို့ မရနိုင်ပါဘူး။ ကာယဂတာသတိကမ္မဋ္ဌာန်း ဆိုတာက . . . -ဆံပင် , မွှေးညှင်း , လက်သည်း , သွား , အရေ . . စသည်တွေကို စက်ဆုပ်ဖွယ်ဖြစ်အောင် ဆင်ခြင်ပြီး ပွားရတာပါ။ -နတ်ပြည်မှာ ဆံပင် , မွှေးညှင်းတွေ ရှိပေမယ့် သူတို့ ဆံပင် , မွှေးညှင်းတွေဟာ သိပ်လှ , သိပ် တင့်တယ်နေတော့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်အောင် ပွားဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကာယဂတာသတိ ကမ္မဋ္ဌာန်း မရတာပါ။ အာဟာရပဋိကူလသညာ ကမ္မဋ္ဌာန်း ဆိုတာ . . အာဟာရတွေကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်အောင် ဆင်ခြင်တာပါ။ ဒီအစာတွေဟာ အစာရှိရာကိုလည်း သွားရတယ်။ အစား ရဖို့ရာလည်း ရှာရတယ် . . စသည်ဖြင့် ( ၁၀ ) နည်းနဲ့ ဆင်ခြင်ရတာပါ။ ( ဆင်ခြေပုံ (၁၀) နည်းကိုတော့ ဝိသုဒ္ဓိမဂ် မြန်မာပြန်မှာ ကြည့်ပါ ) နတ်ပြည်မှာ အစာအာဟာရ ရှိပေမယ့် သူတို့ အာဟာရ တွေဟာ နတ်သြဇာ အဆီအနှစ် အာဟာရတွေ ဖြစ်နေလို့ , သိပ်ကောင်းနေလို့ စက်ဆုပ်ရွံရှာဖွယ်လို့ ဆင်ခြင်လို့ မရပါဘူး။ ဒါကြောင့် နတ်ပြည်မှာ အာဟာရပဋိကူလသညာ ကမ္မဋ္ဌာန်း မရတာပါ။ ရူပဘုံမှာကျတော့ အထက်ကပြောခဲ့တဲ့ (၁၂)ပါး ရယ် , အာနာပါနကမ္မဋ္ဌာန်းရယ် မရပါဘူး။ အာနာပါန ဘာဖြစ်လို့ မရတာလဲ . . ရူပဘုံမှာ အသက်မရှူလို့ပါတဲ့။ ဘာပဲပြောပြော သူများဘုံတွေနဲ့စာရင် ကိုယ့်ဘုံက ကမ္မဋ္ဌာန်းလေးဆယ်လုံး ရနေတာ ဆိုတော့ တော်တော်လေးကို ကံကောင်းနေပါတယ်။ ဒါပေမယ့် လူ့ဘုံမှာ ကမ္မဋ္ဌာန်းလေးဆယ်လုံး ရှိနေပေမယ့် ကိုယ်က လုံးဝ မထိကြည့်ဘဲ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ လောကီအာရုံတွေ နောက်ပဲ တစ်ကောက်ကောက် လိုက်နေမယ် ဆိုရင်တော့ လူ့ဘုံမှာ လူလာဖြစ်တာ " ကံကောင်းတယ် " လို့ မဆိုသာဘူးနော်။ (ရဝေနွယ်-အင်းမ) ဓမ္မနှစ်သက်သူ https://ift.tt/2Vr9LK7 ¥°¥°°¥°¥°¥°¥°¥°¥°¥°¥°¥°¥°¥°¥ #ကောင်းကျိူးလိုရာပြည့်ကြပါစေ

via အလင်းရောင် ဓမ္မ https://ift.tt/2PSbs1Q

Monday, December 23, 2019

ကံကောင်းအောင် လုပ်နည်း 🙏🙏🙏🙏🙏🙏🙏 ရတနာသုံးပါး ဦးထပ်ထား၍ ရိုသေစွာ လျှောက်ထားအပ်ပါသည်။တပည့်တော်သည် မိဘကို ပြုစုလုပ်ကျွေးလိုပါ၍ စင်ကြယ်သောနည်းဖြင့် ဝင်ငွေ ရှာဖွေပါသည်။ တပည့်တော် ကြံစည်တိုင်း မအောင်မြင်တာ များပါသည်။ သာသနာ့ဘောင်မှာ နေ၍ တရားဓမ္မနှင့်လည်း ကျေးဇူးမဆပ်နိုင်သေးပါ ဘုရား။ မိဘများ၏ ကျန်းမာရေးနှင့် သူတို့၏တမလွန် အတွက် အလှူဒါနများ ပြုနိုင်အောင် တပည့်တော် ဝင်ငွေရှာခြင်း ဖြစ်ပါသည်။ တပည့်တော် ကြိုးစားလုပ်သမျှ မအောင်မြင်ခဲ့လျှင် တပည့်တော်၏ ရှေးဘဝ အကုသိုလ်ကံကြောင့်လို့ပဲ မှတ်ယူလိုက်ပါသည်ဘုရား။တပည့်တော်၏ ဆိုးနေသော ကံများ ကောင်းလာအောင် ပြုလုပ်နိုင်သော နည်းလမ်းများ ပေးသနားစေချင်ပါသည်ဘုရား။ (ချစ်လွန်းသူ) “ကံရဲ့ သဘာဝ” ••••••••••••••••••••••••••••••••••••• “ကံ” ဆိုတဲ့ စကားလုံးက “လုပ်ခြင်း”လို့ အဓိပ္ပာယ် ရတယ်။ အရင်ကလုပ်ခဲ့ပြီးသား အလုပ် (အတိတ်ကံ)နဲ့ ယခု လုပ်တဲ့အလုပ် (ပစ္စုပ္ပန်ကံ)လို့ နှစ်မျိုးရှိတယ်။ ဒါကြောင့် အလုပ်တစ်ခုခု အဆင်မပြေရင် အရင်ဘဝ အကုသိုလ်ကံကြောင့်လို့ပဲ လွှဲချပြီး ကံကြမ္မာကိုချည်း ယိုးစွဲရင်မမှန်ဘူး။ ပစ္စုပ္ပန်ကံဟာ မိမိအစွမ်းနဲ့ဖြစ်စေ၊ အတိတ်ကံရဲ့ အထောက်အပံ့ကြောင့်ဖြစ်စေ ဒီဘဝမှာရော၊ နောင်ဘဝမှာပါ အကျိုးအပြစ်ကို ဖြစ်စေပါတယ်။ အဆောက်အအုံတွေကို လူတွေစုပေါင်းပြီး တည်ဆောက်သလို ကံက လောကဓာတ်ကို ဖန်ဆင်းပါတယ်။ “ကံဖြစ်ခြင်း အကြောင်းတရား” ••••••••••••••••••••••••••••••••••••• ●-အလိုအလို ရေထွက်တဲ့ သဘာဝရေအိုင်နဲ့ စမ်းချောင်းတွေလို အစွမ်းသတ္တိကြီးမားတဲ့ကံ(ဗလဝကံ)၊ ●-နည်းနည်း တူးရုံယက်ရုံနဲ့ ရေထွက်တဲ့ စမ်းရေတွင်းလို လုံ့လနည်းနည်း စိုက်ရုံနဲ့ အကျိုးများစွာ ခံစားရတဲ့ကံ (မဇ္ဈိမကံ) နဲ့ ●-အလွန်ပင်ပန်းခံ တူးဖော်မှ ရေရတဲ့ ရေတွင်းလို အလွန်များစွာ လုံ့လပြုမှ အကျိုးခံစားရတဲ့ကံ(ဒုဗ္ဗလကံ) လို့ “ကံသုံးမျိုး”ရှိတယ်။ အဲဒီကံသုံးမျိုးဟာ “ပြည့်စုံမှု ငါးမျိုး”ရှိရင် အကျိုးပေး ဖွံ့ဖြိုးတယ်။ ❖(၁)။ နေရာကောင်း၊ဘဝကောင်း၊ (လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့နေရာ)၊ ❖(၂)။ ရုပ်ဆင်းသွင်ပြင် (အဆင့်မီ ဝတ်စားဆင်ယင်၊နေထိုင်မှု)၊ ❖(၃)။ အချိန်အခါကောင်း(ငြိမ်းချမ်း တည်ငြိမ်တဲ့အချိန်)၊ ❖(၄)။ ကြိုးစား အားထုတ်ခြင်း၊ ❖(၅)။ ဉာဏ်အမြော်အမြင်။ ဒါကြောင့် ကံကောင်းဖို့ဆိုရင် “နေရာကောင်း၊ သွင်ပြင်ကောင်း၊ အခါကောင်း၊ ကြိုးစား၊ ဉာဏ်အမြော်အမြင်ကောင်း” တို့ကို အမှီသဟဲ ပြုရပါတယ်။ ဒါကို ကံရဲ့ သမ္ပတ္တိ (ပြည့်စုံမှု)လေးမျိုး လို့ခေါ်ပါတယ်။ အဲဒီလေးမျိုး မရှိရင် ကံရဲ့ ဝိပတ္တိနဲ့ ကြုံလို့ အကျိုးပေး မပြည့်စုံနိုင်ဘူး။ “ကံကောင်းအောင် လုပ်နည်း” ••••••••••••••••••••••••••••••••••••• ❖သင့်တော်တဲ့ နေရာမှာ နေခြင်း၊ ❖လူကောင်းနဲ့ ပေါင်းဖော်ခြင်း၊ ❖ကိုယ်၊နှုတ် နှလုံးကို ဆုံးမခြင်း (ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း)၊ ❖ ရှေးဘဝ ကုသိုလ်အထူး ရှိခြင်း ဆိုတဲ့ အကြောင်း လေးပါးကြောင့် ကုသိုလ်က ကောင်းလာနိုင်ပါတယ်။ (အံ ၁၊ ၁၁)။ ကံကောင်းဖို့ ကြက်တွေကို နည်းယူသင့်တယ်။ ကြက်တိရိစ္ဆာန်တွေဟာ အချိန်မှန် အိပ်တယ်။ အချိန်မှန် ထတယ်။ဆန်ပုံပေါ် ရောက်နေတာတောင် ယက်ပြီးမှ စားတယ်။ ညဉ့်အချိန်မှာ ကန်းနေတယ်။ ဘယ်သူ ဘယ်လောက်ပဲ ခြောက်ခြောက် အိပ်တန်းကို မစွန့်ဘူး။ ကြက်တွေကို နမူနာယူပြီး အလုပ်လုပ်တဲ့အခါ အချိန်ကို လေးစား၊အချိန်မီ ပြီးအောင်လုပ်၊ မဆင်မခြင် ပေါ့ပေါ့နေ ပေါ့ပေါ့စား မလုပ်နဲ့။ အကျိုးမရှိရင် မကန်းသော်လည်း ကန်းယောင်ဆောင်ပါ။ အကျိုးရှိရင် ဘယ်သူဖျက်ဖျက် နောက်မဆုတ်ဘဲ၊ ပြီးအောင်လုပ်။ ဒါဟာ ကံကောင်းစေမယ့် နည်းလမ်းပဲ။ “ကံကောင်းဖို့ ဝီရိယ အဓိက” ••••••••••••••••••••••••••••••••••••• အချို့မှာ ကံအားကောင်းလို့ ချမ်းသာတယ်။ အချို့က ဉာဏ်ကောင်းလို့ ကြီးပွားတယ်။ အချို့ကျတော့ ကြိုးစားနိုင်လွန်းလို့ အောင်မြင်တယ်။ ❖ဒါပေမဲ့ ဝီရိယမပါဘဲ ကံရော၊ ဉာဏ်ပါ နှစ်ခုလုံး မဖြစ်နိုင်လို့ ဝီရိယသာ အဓိကကျပါတယ်။ အောင်မြင်ကျော်ကြားသူတွေရဲ့ ပုဂ္ဂိုလ်ရေး ရာဇဝင်ကို ပြန်ကြည့်ရင် “ဝီရိယ” ကို အရင်းတည်ခဲ့ကြရတာချည်းပါ။ “ဝီရိယာရမ္ဘော ဘိက္ခဝေ မဟတော အတ္ထာယ သံဝတ္တတိ။ ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။ ●ဝီရိယရမ္ဘော၊ ဝီရိယကို အားထုတ်ခြင်းသည်။ ●မဟတော၊ ပြောမဆုံးဖွယ် ကြီးကျယ်ခမ်းနား များစွာသော။ ●အတ္ထာယ၊ လောကီလောကုတ္တရာ နှစ်ဖြာအကျိုး တိုးပွားခြင်းငှာ။ ●သံဝတ္တတိ၊ ဖြစ်၏”(အံ ၁၊ ၁၁)လို့ မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။ “တိုက်တွန်းချက်” ••••••••••••••••••••••••••••••••••••• အချုပ်ပြောရရင် “ကံဟူသည် အလုပ်၊ အလုပ်ရှိမှ ကံရှိသည်။ အလုပ် မရှိလျှင် ကံမရှိ။ အလုပ်ကောင်းမှ ကံကောင်းသည်။ အလုပ် မကောင်းလျှင် ကံမကောင်း” (ကံဉာဏ်ဝီရိယအဖွင့်၊ စာ-၂၂၉) ဆိုတဲ့ ရွှေဟင်္သာတောရ စံကျောင်းဆရာတော်ကြီးရဲ့ ဩဝါဒကိုလိုက်နာပြီး ရှိမြဲ ကောင်းတဲ့ စိတ်ကလေးနဲ့ ဆက်လက် ကြိုးစားရင် ရည်ရွယ်ချက်တွေ တစ်နေ့ကျရင် အောင်မြင်ပါလိမ့်မယ်။ လုံ့လမထူ ဉာဏ်မကူဘဲ၊ အယူတစောင်း ကံတကြောင်းမျှ မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု ကံကိုချည်းသာ မကိုးရာဘူး။ ပညာဉာဏ်ဖြင့် သင့်၊မသင့်ကို အခွင့်ရှု၍ အပြုလုံ့လ ရှိအပ်စွတည်း။ ။ (မဃဒေဝ၊ ပိုဒ် ၂၅၄) -【ဆရာတော်အရှင်ကေလာသ】 【Credit - Admin Team of Young Buddhist's Association】 {ပဋ္ဌာန်းပူဇော်ကြသူများ}

via အလင်းရောင် ဓမ္မ https://ift.tt/3963nOQ

ဘဝရဲ့ တန်ဖိုးအကြီးဆုံး အလုပ်က အရာအားလုံးရဲ့ အပေါ်မှာ အမှန်သိပြီး အလိုကင်းရေးသာဖြစ်သည်။ ဘဝရဲ့ အကြီးမားဆုံးအလုပ်က မပျက်စီးအောင် ကြိုးစားဖို့ မဟုတ်။ ပျက်စီးချိန်မှာ နားလည်မှုနှင့် ခံနိုင်ရည်ရှိ အောင် ကြိုးစားမှုသာ ဖြစ်သည်။ ဘဝခရီးအတွက် အသိဉာဏ်သည်သာ အကြီးမားဆုံး ခွန်အားဖြစ်တယ်။ အသိဉာဏ်ကို အားကိုးလို့ရတဲ့အဆင့်ထိ ရှာထားရမယ်။ အသိဉာဏ်ကလွဲလို့ တခြားဘာကိုမှ အားမကိုးဘဲနဲ့ နေရမယ်။ အသိဉာဏ်ကလွဲလို့ တခြားအရာတွေကို အားကိုးရာလို့ ထင်တာဟာ အထင်မျှသာဖြစ်တယ်။ ရွှေအတုတွေကို ရွှေအစစ်ထင်ပြီး စုဆောင်းထားသူဟာ အရေးကြုံလာချိန်မှာ ဒုက္ခရောက်ဖို့သာရှိတယ်။ (သစ္စာရွှေစည်) credit-ဇာခြည်သန်းထွန်း U Agga acc မှ

via အလင်းရောင် ဓမ္မ https://ift.tt/34Lb35r

ကံ ကံ၏ အကျို းတွေကို ``ငါဘုရားရှင်´´ သိသလိုသာ သိကြမယ်ဆိုရင် လောကမှာ အကုသိုလ်ကံကိုပြု လုပ်ဝံ့သူ မရှိနိုင်သလို ကုသိုလ်ကံကိုမပြု လုပ်ပဲနေမည့်သူလည်း မရှိနိုင်။ မြတ်ဗုဒ္ဓ ~~~~~~

via အလင်းရောင် ဓမ္မ https://ift.tt/396emrl

စိတ်ဆင်းရဲနေရင် ဘဝမှာလေ.... အရမ်းစိတ်ဆင်းရဲစရာတွေကြုံလာတဲ့အခါ ဒီလိုလေး နှလုံးသွင်းလိုက်စမ်းပါ။ ✔ဘဝရတာကိုက ဒုက္ခပဲ။ ✔အဆုံးသတ်က မရဏပဲ။ ဒီတော့ အဆိုးဆုံး မရဏ ဆိုတဲ့ သေခြင်းတရားကိုတောင် ရင်ဆိုင်ရမှာ၊ ဒီ မဖြစ်စလောက်ကလေးနဲ့ ဘာလို့ အချိန်ကုန်ခံမလဲ။ ဆင်းရဲနေတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ပိုက်ဆံချမ်းသာနေတဲ့သူ သွားမေးကြည့်၊ အလုံးစုံ စိတ်ချမ်းသာရဲ့လားလို့၊ အဖက်ဖက်က လူမှုရေး၊ စီးပွားရေးပြည့်စုံနေပေမယ့် အနည်းဆုံးတော့ သေမှာကြောက်လို့ စည်းစိမ်တွေလျော့မှာစိုးလို့၊ ရောဂါရနေလို့၊ သူများက ကိုယ့်ထက်သာမှာစိုးလို့ စုံလို့ပဲ ပူလောင်နေရတာတွေ။ ပိုက်ဆံဆင်းရဲနေသူကလည်း ပိုက်ဆံမရှိလို့။ အိမ်ထောင်ရေးအဆင်မပြေသူကလည်း အပူတစ်မျိုး။ အပျိုကြီးတွေကျပြန်တော့လည်း ဆေးပေးမီးယူမရှိလို့။ စုံလို့ပါပဲ အပူမီးတွေ။ ဒီမီးတွေက အကြောင်းကိုစစ်တော့ ဒီခန္ဓာကြီး ရထားလို့။ ဒီခန္ဓာမရမှ အေးမှာ။ ဒီတော့ နည်းလမ်းက ဝိပဿနာအလုပ်လုပ်။ ✔လောကီကထွက်၊ လောကုတ္တရာမှာနေ။ အပူလွတ်နည်းက ဒီတစ်နည်းပဲ။ ✔သိအောင်လုပ်နေတုန်းမှာလဲ ငြိမ်းတယ်၊ ✔သိတဲ့အတိုင်း နေတော့လည်းငြိမ်းတယ်၊ လုပ်လိုက်လို့ အပူခပ်သိမ်း ငြိမ်းသွားတော့ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့။ ဒါကြောင့် မြတ်စွာဘုရားက နိဗ္ဗာန်ကို ရအောင်လုပ်ခိုင်းတာ။ Credit _ #သုညတ [Unicode] စိတ်ဆင်းရဲနေရင် 📼📼📼📼 ဘဝမှာလေ.... အရမ်းစိတ်ဆင်းရဲစရာတွေကြုံလာတဲ့အခါ ဒီလိုလေး နှလုံးသွင်းလိုက်စမ်းပါ။ ✔ဘဝရတာကိုက ဒုက်ခပဲ။ ✔အဆုံးသတ်က မရဏပဲ။ ဒီတော့ အဆိုးဆုံး မရဏ ဆိုတဲ့ သေခြင်းတရားကိုတောင် ရင်ဆိုင်ရမှာ၊ ဒီ မဖြစ်စလောက်ကလေးနဲ့ ဘာလို့ အချိန်ကုန်ခံမလဲ။ ဆင်းရဲနေတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ပိုက်ဆံချမ်းသာနေတဲ့သူ သွားမေးကြည့်၊ အလုံးစုံ စိတ်ချမ်းသာရဲ့လားလို့၊ အဖက်ဖက်က လူမွုရေး၊ စီးပွားရေးပြည့်စုံနေပေမယ့် အနည်းဆုံးတော့ သေမှာကြောက်လို့ စည်းစိမ်တွေလျော့မှာစိုးလို့၊ ရောဂါရနေလို့၊ သူများက ကိုယ့်ထက်သာမှာစိုးလို့ စုံလို့ပဲ ပူလောင်နေရတာတွေ။ ပိုက်ဆံဆင်းရဲနေသူကလည်း ပိုက်ဆံမရှိလို့။ အိမ်ထောင်ရေးအဆင်မပြေသူကလည်း အပူတစ်မျိုး။ အပျိုကြီးတွေကျပြန်တော့လည်း ဆေးပေးမီးယူမရှိလို့။ စုံလို့ပါပဲ အပူမီးတွေ။ ဒီမီးတွေက အကြောင်းကိုစစ်တော့ ဒီခန္ဓာကြီး ရထားလို့။ ဒီခန္ဓာမရမှ အေးမှာ။ ဒီတော့ နည်းလမ်းက ဝိပဿနာအလုပ်လုပ်။ ✔လောကီကထွက်၊ လောကုတ္တရာမှာနေ။ အပူလွတ်နည်းက ဒီတစ်နည်းပဲ။ ✔သိအောင်လုပ်နေတုန်းမှာလဲ ငြိမ်းတယ်၊ ✔သိတဲ့အတိုင်း နေတော့လည်းငြိမ်းတယ်၊ လုပ်လိုက်လို့ အပူခပ်သိမ်း ငြိမ်းသွားတော့ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့။ ဒါကြောင့် မြတ်စွာဘုရားက နိဗ္ဗာန်ကို ရအောင်လုပ်ခိုင်းတာ။ Credit _ #သုညတ April Thin

via အလင်းရောင် ဓမ္မ https://ift.tt/2sZwbrp

"မမျှော်စိတ်နဲ့ လှူလိုက်ပါ" 🙏🙏🙏🙏🙏🙏 " တပည့်တော်တို ရန်ကုန်ကတောင် လာဖူးရတာပါဘုရား..."ဟု အစချီလျက် ဟောဒါက ဘာလေးပါဘုရား၊ ညာလေးပါဘုရား၊ နိုင်ငံခြားကတပည့်တော်သား၊ သမီးပို့လိုက်တဲ့ ရှားရှားပါးပါး အသုံးအဆောင်လေးပါဘုရား၊ မေတ္တာပို့ပေးပါဦးဘုရား စသည်ဖြင့်ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထားလာသူများအား "ဟောဗျာ၊ ရန်ကုန်မှာ သံဃာမရှိတာကျလို့ဗျား၊ ကိုယ့်အိမ်ရှေ့ဆွမ်းလာရပ်တဲ့ သံဃာလှူလိုက်တော့ကော ကုသိုလ်မရလို့လားဗျ....အင်၊ ခင်ဗျားတို့ ဒီလိုပုဂ္ဂိုလ်စွဲနဲ့သာ လှူနေရင် ငါစွဲ၊ ငါ့ပစ္စည်းစွဲဆိုတဲ့ တဏှာမာန ဒိဋ္ဌိတွေက ဘယ်တော့လွတ်မတုန်းဗျ။ ငါတော့ ဘယ်ဆရာတော်ကြီးကို ဘာလှူလိုက်ရတာဆိုတဲ့ စွဲစိတ်တွေ၊ ပျော်စိတ်တွေ၊ ဒီလိုလှူလိုက်ရလို့ နောင်ဘဝကျ၊ ငါဘာဖြစ်မှာဆိုတဲ့ အမျှော်စိတ်တွေနဲ့ လှူနေသမျှ ခင်ဗျားတို့ဒါနအကျိုးပေး မစင်ကြယ်သေးဘူးလို့မှတ်ဗျာ...။ အကျိုးပေးမှ မစင်ကြယ်သေးရင် မဂ်ဖိုလ်နိမ္ဗာန်ဆိုတာ ဝေးသေးဗျ။ ပြီးတော့ တို့ကို တစ်ကျပ်ဖိုး အထင်ကြီးရင် တခြားသံဃာကို တစ်ကျပ်ဖိုးအထင်သေးသလို့ ဖြစ်နေတတ်တဲ့သဘောကိုရော ဆင်ခြင်မိကြရဲ့လာဗျာ...။ ဟုတ်ဗျား...။ သံဃာဆိုတာ မြတ်စွာဘုရားနဲ့ အမြင်တူ အကျင်တူလို့ သံဃာခေါ်တာဗျ...။ ဟာ...ဘယ်သံဃာတော့ဖြင့် ကြည်ညိုစရာမကောင်းလို့ မလှူဘူးမလုပ်ပါနဲ့...။ မကောင်းတာ သူ့အပိုင်း၊ သူ့အပြစ်သူခံလိမ့်မယ်...။ ခင်ဗျားတို့ကောင်းတာလုပ် ကောင်းတာဖြစ်မှပေါ့....။ ဟုတ်ဗျား လှူတတ်မယ်ဆိုရင် ဆွမ်းကလေးတစ်ဇွန်းနဲ့လည်း တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးကသံဃာတွေကို လှူလို့ရပါတယ်ဗျ၊ သံဃာလို့ဆိုလိုက်တာနဲ့ ဒီနေ့မှ ရှင်ဖြစ်တဲ့သံဃာကနေ ဘုရားရဟန္တာတွေအထိ အကုန်ပါတယ်ဗျ၊ တို့ ဘာနဲ့တူလဲဆိုတော့ ဒီနေ့မှ စစ်ထဲဝင်တဲ့ ရဲဘော်အသစ်ကနေ ဟိုဗိုလ်ချုပ်ကြီးအထိကို စစ်တပ်လို့ခေါ်သလိုပေါ့...။ သံဃာလည်း ဒီနေ့မှ သင်္ကန်းစဝတ်သူကနေ ဘုရားရဟန္တာတွေအထိဆိုတော့ နည်းသလားဗျ...။ သက်တော်ထင်ရှားတွေရော၊ ပရိနိဗ္ဗာန်ပြုသွားတဲ့ ဘုရားရဟန္တာတွေရော အားလုံးအကျုံးဝင်တယ်ဗျ...၊ ဒါ့ကြောင့် လှူတတ်မယ်ဆိုရင် ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့သာလှူ၊ အိမ်ရှေ့ဆွမ်းရပ်တဲ့ ကိုယ်တော်သပိတ်ထဲ ဆွမ်းလေးတစ်ဇွန်းလောင်းပြီး သံဃာ့ဂုဏ်များ အာရုံပြုနေရင်ဗျာ နိဗ္ဗာန်မှာ စံတော်မူနေတဲ့ ဘုရားရဟန္တာပေါင်း မရေမတွက်နိုင်အောင်ထိ လှူပြီးဖြစ်ပါတယ်ဗျာ....။ ဒါနပြုတယ်ဆိုတာ ငါစွဲဖြုတ်နေတာ ငါပိုင်တယ်ဆိုတာတွေကို စွန့်လွှတ်ပေးလှူပစ်တာ၊ လိုချင်မှု သိမ်းပိုက်မှုဆိုတဲ့ တဏှာလောဘတွေကို ဒါနနဲ့ခွာချနေတာ၊ ရင်ဝမှာစူးနေတဲ့လှံကို ဆွဲနုတ်ပစ်လိုက်တာ ငါ ဒီလိုအလှူကြီးလှူလိုက်လို့ နောင်ဘဝ ဘယ်လိုကောင်းစားဦးမှာဆိုတဲ့ အမျှော်စိတ်နဲ့လှူနေရင် နောက်ထပ်စိုက်ဝင်စူးဝင်လာမယ် လှံတွေကို ရင်ကော့ပြီးခံနေသလိုဖြစ်မှာပေါ့...။ ငါးကြီးကြီးလိုချင်လို့ ငါးသေးသေးကို ငါးစာလုပ်မျှားချိတ်မှာ တပ်မျှားသလို ဖြစ်မှာပေါ့....။ ဒီလိုအလှူမျိုးလှူတိုင်း မကောင်းဘူး။ ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်ပဲများမယ်...၊ ကျောင်းကြီးဆောက်လှူပါရဲ့၊ ငါ့ကျောင်းလို့စွဲနေရင် ကိုယ့်ကျောင်းကိုယ်ပြန်စောင့်ရလိမ့်မယ်...။ ဘုရားတည်ပြီး ဘုရားဒကာဘွဲ့ထူကြီးတော့ ခံယူပါရဲ့၊ ငါ့ဘုရားလို့စွဲနေရင် အဲဒီဘုရား ပြန်စောင့်နေရလိမ့်မယ်...။ ငါ့ဆရာတော်လို့စွဲနေရင် ဆရာတော့်ကျောင်းနား ပြိတ္တာကြီးလာဖြစ်လိမ့်မယ်ဗျ....။ တို့ကျောင်းနားလာကပ်လို့ကတော့ ကျောက်ခဲပရိတ်မန်းပြီး ထုလွှတ်မှာဗျနော်....၊ ဟုတ်လား...။ လဲတယ်ဆိုတာ သူတကာခြေထိုးလို့ လဲတာမဟုတ်ဘူး၊ ကိုယ့်ပုဆိုးစ ကိုယ်တက်နင်းမိလို့ လဲကြတာဗျ...။ ဗုဒ္ဓဘာသာမှ လှူသလားဗျာ၊ လူဖြစ်မှ လှူကြသလားဗျာ၊ တိရစ္ဆာန်တွေရော၊ ဘာသာခြားတွေရော ဒါနပြုနေကြတာပါပဲ။ ဟော...ခွေးအိုမကြီးဗျာ၊ သူ့သားသမီးတွေ နို့တိုက်ကျွေးမွေးလို့ ဒါနမပြုဘူးလားဗျာ။ ဒီခွေးမကြီးအလှူကမှာ ဘာမျှော်စိတ်မှမရှိလို့ မေတ္တာစစ်နဲ့ယှဉ်ပြီး ပေးကျွေးတဲ့ဒါနဖြစ်လို့ မြတ်သေးဗျာ၊ တို့လူတွေများ အလှူလေးလုပ်ပြီးတာနဲ့ တောင်းလိုက်တဲ့ဆု၊ ဒီဘဝ ဘာဖြစ်ရပါစေ၊ နောက်ဘဝ ဘာဖြစ်ရပါစေနဲ့ နိဗ္ဗာန်က နောက်ဆုံးမှပါဗျာ....။ ဟော....ဒိပြင်ဘာသာဝင်တွေလည်း လှူတာကောင်းမှန်သိလို့ လှူနေကြတာပါပဲ၊ ဒါနခင်းချဉ်းကပ်မိတာပါပဲ...။ ဒါပေမဲ့ ငါ, ငါစွဲအတ္တ၊ ပစ္စည်းမာန၊ ပုဂ္ဂိုလ်စွဲတွေရှိနေသမျှ ပါရမီမြောက်တဲ့ဒါန မဖြစ်ဘူး၊ စွန့်လွှတ်ခြင်းအစား တစ်ဖန်ပြန်လည်ရယူရေးကို ဦးတည်နေလို့ ပါရမီဆိုတဲ့စကားနဲ့တော့ ဖီလာကန့်လန့်ချည်းပဲ...။ ပါရမီဒါနဆိုတာ လှူဆဲကာလ ဉာဏ်ယှဉ်ပါမှဗျ...။ အဲဒီတော့ ငါစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပစ္စည်းစွဲတွေအစား ငါလည်းမမြဲ၊ ပုဂ္ဂိုလ်လည်းမမြဲလို့ ဆင်ခြင်ပြီးလှူနိုင်ပါမှ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အကြောင်းအထောက်အပံ့ဖြစ်တယ်ဗျ....။ ။ "ကြည့်သောသူသည် မြင်၍ မြင်သောသူသည် ဆင်ခြင်၏..." 《မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး》 Special Thanks to ☆မိုးဝင်း☆ {ပဋ္ဌာန်းပူဇော်ကြသူများ}

via အလင်းရောင် ဓမ္မ https://ift.tt/2ELvcOh

ကိုယ့်လောက ကိုယ်ဖန်တီးလိမ့်မယ် 🌾🌾🌾🌾🌾🌾🌾🌾 ကိုယ့်တွေးတဲ့အရာဟာ ကိုယ့်လောက ဖြစ်လာတာပါ။ လှတာကို တွေးနေတဲ့အချိန်မှာ ကိုယ့်လောကဟာ လှနေတယ်။ မြင့်မြတ်တာကို တွေးနေတဲ့အချိန်မှာ ကိုယ့်လောကဟာ မြင့်မြတ်နေတယ်။ ငြိမ်းချမ်းတာကို တွေးနေတဲ့အချိန်မှာ ကိုယ့်လောကဟာ ငြိမ်းချမ်းနေတယ်။ ဘယ်လိုအတွေးမျိုးကို ကိုယ့်စိတ်ထဲကို အဝင်ခံနေသလဲ ဆိုတာသတိထားပါ။ ကိုယ့်စိတ်ထဲဝင်လာတဲ့ အတွေးတွေဟာ ကိုယ့်လောကကို ဖန်တီးလိမ့်မယ်။ ကိုယ့်အတွေးတွေ သဘောထားတွေ ပြောင်းလိုက်ရင် ကိုယ့်ဘဝ ကိုယ့်လောက ပြောင်းသွားတယ်။ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) #Credit - Original Uploader #Via - Paral Lel >>> thank

via အလင်းရောင် ဓမ္မ https://ift.tt/35PrGhS

Sunday, December 22, 2019

ဘုရားလောင်းမွေးပြီးပြီးခြင်း ပြောကြားသော​စကားကြီးလေးခွန်း 🙏🙏🙏🙏🙏🙏🙏🙏🙏 * အဂ္ဂေါဟမသ္မိ လောကဿ။ I am the chief in the world. ငါသည် လောကမှာ အမြင့်ဆုံးဖြစ်၏။ * ဇေဋ္ဌောဟမသ္မိ လောကဿ။ I am the eldest in the world. ငါသည် လောကမှာ အကြီးဆုံးဖြစ်၏။ * သေဋ္ဌောဟမသ္မိ လောကဿ။ I am supreme in the world. ငါသည် လောကမှာ အမြတ်ဆုံးဖြစ်၏။ * အယ မန္တိမာ ဇာတိ။ This is my last birth. ဒါဟာ ငါ့ရဲ့ နောက်ဆုံး ပဋိသန္ဓေနေပင် ဖြစ်၏။ * နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။ There is no rebirth for me. ငါဟာ ဘ၀အသစ် တဖန် မဖြစ်တော့ပြီ။ ဘုရားလောင်း

via အလင်းရောင် ဓမ္မ https://ift.tt/3740nRb

မေတ္တာထားတတ်လာပြီဆိုရင် ကိုယ်ကျင့်တရား ပြည့်စုံလာတယ်။ ••••••••••••••••••••••••••••••••• အဒေါသ ဆိုတာကတော့ ဒေါသကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားတစ်ခုပဲ။ ဒေါသဆိုတာ စိတ်ထဲ အလိုမကျတာတွေ မကျေနပ်တာ မုန်းတာ အကုန်လုံး ဒေါသ။ ဒါတင်မကဘူး။ ကြောက်တာလည်း ဒေါသပဲ။ တစ္ဆေကြောက်တာပဲ ဖြစ်ဖြစ် သရဲ ကြောက်တာပဲဖြစ်ဖြစ် ကြောက်တာဟာ ဒေါသပဲ။ အကုသိုလ် ကြောက်တာနဲ့တော့ မဆိုင်ဘူးနော်။ ခုနက သြတ္တပ္ပ ကြောက်တာမျိုးက ဒီလိုမလုပ် သင့်ဘူးဆိုတဲ့အနေနဲ့ ကြောက်တာနော်။ တစ္ဆေကြောက် သရဲကြောက်ဆိုတာ စိတ်ထဲမှာ ထိတ်လန့်တဲ့သဘော။ အဲဒီ ကြောက်တာတွေ မှန်သမျှဟာ အကုန်လုံး ဒေါသလို့ ခေါ်တယ်။ ကြောက်တာရယ် မုန်းတာရယ် အလိုမကျတာရယ် စိတ်ဆိုးတာရယ် ဒါတွေကုန်လုံး ဒေါသ။ ဒါတွေကို ဖယ်ရှားပစ်နိုင်တာက အဒေါသ။ အဲဒီ အဒေါသကို စနစ်တကျတိုးပွားအောင် လေ့ကျင့်မယ်ဆိုရင် မေတ္တာဆိုတာ ဖြစ်လာ တယ်။ မေတ္တာဆိုတာ ဒေါသကို ဖယ်ရှားနိုင်တဲ့ စွမ်းအား။ ဒေါသကို ဖယ်ရှားပစ်ဖို့ရန်အတွက် လူရဲ့ သန္တာန်မှာ မေတ္တာကို ထူထောင်ရမယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့သဘော။ ဒေါသဆိုတာ အကျိုးစီးပွားကို ဖျက်ဆီးပစ် လိုတဲ့သဘော။ ဒါကြောင့် ဒေါသနဲ့ မေတ္တာဟာ ဆန့်ကျင်ဘက်ဖြစ်တယ်။ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ဖျက်လို ဖျက်ဆီး လုပ်ချင်တာက ဒေါသ။ သူတစ်ပါးကို အကျိုးရှိစေချင်တာက မေတ္တာ။ သဘာဝချင်း မတူဘူး။ မတူသည့်အတွက်ကြောင့် မေတ္တာဆိုတဲ့ အဒေါသ သဘာဝတရားကို မိမိသန္တာန်မှာ ပျိုးထောင်ပြီး ရင်ထဲ နှလုံးသားထဲမှာရှိတဲ့ အမုန်းတရားတွေကို ဖယ်ရှားရမယ်။ ဒေါသကို ဖယ်ရှားချင်ရင် မေတ္တာကို ပွားရမယ်။ ဒါကြောင့် သုတ္တန်တွေမှာလည်း မြတ်စွာ ဘုရားက ဒေါသကို ဖယ်ရှားပစ်နိုင်ဖို့ရာ မေတ္တာပွားပါတဲ့။ မေတ္တာပွားဆိုတော့ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု မနက်အစောကြီး ထရွတ်နေတာကို ပြောတာ မဟုတ်ဘူး။ မေတ္တာဆိုတာ မနောကံအလုပ်။ မေတ္တာ အစစ်အမှန်သည် မနောကံ။ စိတ်ထဲက အာရုံစိုက်ပြီး တကယ့် ချမ်းသာစေချင်တဲ့ စိတ်ဖြစ်ဖို့ လိုတယ်နော်။ သဗ္ဗေသတ္တာ သတ္တဝါအားလုံးပေါ်မှာ မေတ္တာကို ပို့ပေမယ့် တချို့က သဗ္ဗေသတ္တာ ဆိုတာမှာ ချွင်းချက်ထားကြသေးတယ်။ ခြင်တို့ ကြမ်းပိုးတို့ မပါဘူးလို့ ဆိုကြ သေးတယ်၊ အဲဒီလိုလည်း မလုပ်ကြနဲ့နာ်၊ သဗ္ဗေသတ္တာ ခြင်ရော ကြမ်းပိုးရော အပါအဝင်ပေါ့။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တာကမှ အမုန်းတရား ကင်းစင်တဲ့ မေတ္တာတရား ဖြစ်တယ်။ မေတ္တာဆိုတာ မနောကံပဲ၊ ဘာဝနာပဲ။ ၉ ပါးသီလ ဆောက်တည်တဲ့အခါမှာ သီလကတော့ ၈ပါးပါပဲ။ မေတ္တာဘာဝနာ ပွားပြီးတော့ နေလို့ ၉-ပါး ဖြစ်တာ။ အဲဒီတော့ မေတ္တာတရားဟာ တည်ဆောက်ရမယ်။ သတ္တဝါတွေ အားလုံးကို ချမ်းသာစေချင် တယ်ဆိုတဲ့ စိတ်ကလေး ကိုယ့်သန္တာန်မှာ အထပ်ထပ် ဖြစ်နေအောင် လုပ်မယ်။ တစ်နာရီ ဖြစ်ရင် နှစ်နာရီဖြစ်အောင် သုံးနာရီဖြစ်အောင်ပွားတာကို ပြောတာ။ သတ္တဝါတွေ ချမ်းသာကြပါစေ။ ဒါကိုပဲ ပွားနေတာ။ သူ့ဟာသူ ချမ်းသာတာ မချမ်းသာတာ ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ့်စိတ်က သူတို့ကို ချမ်းသာစေချင်တဲ့ စိတ်ကလေး မွေးပေးဖို့ပဲ။ အဲဒီလိုမွေးရင် အမုန်းစိတ်တွေ ပျောက်သွား မှာပဲ။ မုန်းတဲ့စိတ်ဟာ မပေါ်နိုင်တော့ဘူး။ ဒါကြောင့် "အဒေါသ"ဆိုတဲ့ စိတ်ဖြူစင်စေတဲ့ သဘာဝ အင်အားတရားကို ထူထောင်ပေး ရမယ်။ အလောဘရှိရင် လှူမှုဒါန်းမှု လုပ်သလို အဒေါသရှိရင် ဘာဖြစ်တုန်း။ အဒေါသ မေတ္တာသည် သီလ၏ အကြောင်းဖြစ်တယ်တဲ့။ အဒေါသ ရှိလာလို့ရှိရင် ကိုယ်ကျင့် တရားတွေ ကောင်းလာတယ်။ ဒေါသရှိရင် ကိုယ်ကျင့်တရားတွေပါ ပျက်စီးတယ်။ လူက စိတ်ဆိုးလာရင် စိတ်တိုလာရင် လုပ်ချင်တာ လုပ်တတ်တယ်။ ဒါကြောင့်မို့ "အဒေါသော သီလဟေတု" စိတ်ကလေးက မေတ္တာထားတက်လာပြီ။ အမုန်းတရားတွေ ကင်းလာပြီဆိုရင် ကိုယ်ကျင့်တရားတွေလည်း ပြည့်စုံလာတတ်တယ်။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ Cr# အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/35TnxcU

❄ ဝိပဿနာ ❄ 🍃🍃🍃🍃🍃🍃 🔸လောက၌ "ဝိပဿနာ" ဝိပဿနာ" ဟု ဆိုနေကြပါတယ်၊ဝိပဿနာဟုသည်အဘယ်နည်း။ 🔹ဝိပဿနာဆိုသည်မှာ ဝိ-ပုဗ္ဗ- ဒိသ-ဓါတ်။(ဝါ)ဝိ-ရှေးရှိသော ဒိသဓါတ်မှလာ၍ ၊ ၄င်းဒိသဓါတ်သည်လည်း-ဒိသ+ဒက္ခဏေ၊ရှုခြင်း၊ကြည့်ခြင်း၊သိခြင်း၊မြင်ခြင်း၊ယူဆခြင်း၊အနက်ကိုဟောပေသည်။ 🔸ဝိ-ပုဒ်မှာ၊ ပုဒ်လေးမျိုးတို့တွင် ဥပါသာရပုဒ်ဖြစ်၍ ဓာတူနံအနေကတ္ထံ။ ဟုလာသည်ဖြစ်၍ ဥပါသာရပုဒ်သည်လည်း အနက်များစွာ ဟောနိုင်ပေသည်။ ဥဒါဟရုဏ် ပုံစံထုတ်ရသော် - - ဝိဇာနာန - အထူးသိတတ်ခြင်း။ ဝိသုဒ္ဓ - စင်ကြယ်ခြင်း၊သန့်ရှင်းခြင်း။ ဝိဘဇ္ဇ - ဝေဖန်ခြင်း၊စီစစ်ခြင်း။ ဝိယောဂ - ကွေကွင်းခြင်း။ ဝိရုဒ္ဓ - ဆန့်ကျင့်ခြင်း။ ဝိပ္ပယုတ္တ - မယှဉ်ခြင်း။ ဝိညာဏ - အထူးသ်ိခြင်း။ ဝိဂတ - ကင်းခြင်း။ ဝိသေသန - အထူးပြုခြင်း။ ဝိဝိဓ - အထူးထူး အပြားပြားအနက် စသည်အားဖြင့် လောကီကျမ်း၊ လောကုတ္တရာကျမ်းများ၌ များစွာ အနက်အဓိပ္ပါယ်ဖွင့်ကြပေသည်။ 🔸ထိုသို့များစွာသောအနက်ကို ဟောနိင်သောဤဝိ-ပုဒ်သည် ဤနေရာ၌ (ဝါ) ဝိပဿနာ၌ပါသော ဝိပုဒ်သည် ရှိသမျှအနက်ကိုဟောနိုင်ပါသလား!၊ရှိသမျှအနက်တို့ကို အကုန်ယူရမည်လား!ဟုဝေဖန်ရပေမည်။ 🔹ဥပမာပြရသော် ရာပေါင်းများစွာ လူပရိတ်ထဲတွင် "ဦးလှ လာခဲ့ပါဟုခေါ်သော် " မည့်သည့်ရပ်ကွက် မည်သည့်ရွာက ဦးလှကိုခေါ်ပါသနည်းဟုမေးရပေမည်။ ဤနည်းတူစွာပင် ၄င်းသည်လည်း ယှဉ်ရာပုဒ်ကိုကြည့်၍ အဆုံးအဖြတ်ပေးရပေမည်။ ဤဝိပဿနာဟူသောစကားရပ်၌ ဝိပုဒ်ယှဉ်ရာ "ပဿနာ"ဟူသော ပုဒ်သည်မှန်ကန်စွာသိခြင်း မှန်ကန်စွာမြင်ခြင်း မှန်ကန်စွာကြည့်ခြင်း မှန်ကန်စွာယူဆခြင်း အနက်တို့ကိုဟော၏။ ၄င်းကို အရကောက်ပါက ပညာကိုသာကောက်ရပါမည်။ ပညာမှာလည်း လောကီပညာ လောကုတ္တရာပညာနှစ်မျိုးလုံးနှင့်ဆိုင်သောလည်း မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ရရာရကြောင်း ကောင်းသောလမ်းနှင့်ဆိုင်သော ပညာကိုသာယူရပါမည်။ 🔸ထိုပညာနှင့်ယှဉ်ရာ ဝိပုဒ်သည်လည်း ဝိဇာနာန၊ ဝိသုဒ္ဓိ၊ ဝိသေသန၊ ဝိဘဇ္ဇ အနက်တို့ကိုသာ (ဝါ) ထိုးထွင်းခြင်းအနက်၊ ဝေဖန်ခြင်းအနက်၊ စင်ကြယ်ခြင်းအနက်၊ အထူးသိခြင်းအနက် စသည်တို့ကိုသာယူရပါမည်။ 🔹ထို့ကြောင့် ဝိပဿနာ၌ ဝိပုဒ်အရ ထိုးထွင်းဝေဖန်ခြင်းအနက်ကိုယူ၍ ၊ ပဿနာပုဒ်အရ မှန်ကန်စွာသိခြင်း၊ မြင်ခြင်း၊ ကြည့်ခြင်း၊ ယူဆခြင်း အနက်တို့ကို ဟောသောကြောင့် နှစ်လုံးပေါင်းလိုက်ပါက- ထိုးထွင်းဝေဖန်သောအားဖြင့် မှန်ကန်စွာ သိတတ်၊ မြင်တတ်၊ ကြည့်တတ်၊ ယူဆတတ်အောင် လေ့လာသင်ကြားပြသသော ပညာရပ်ကို "ဝိပဿနာ" ဟုခေါ်ပါသည်။ . . 💠သာယာချမ်းမြေ့ကြပါစေ💠 . 🌟သစ္စာနီ🌟 ☀credit☀ Original uploader

via အလင်းရောင် ဓမ္မ https://ift.tt/2PMyPdm

အတ္တာဟိ အတ္တနော နာထော 🙏🙏🙏🙏🙏🙏🙏 မြတ်စွာဘုရားရဲ့ စကားတစ်ခွန်းဟာ အလွန်တန်ဖိုးရှိတယ်။ "အတ္တာဟိ အတ္တနော နာထော" မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာလို့ တခြားလူ ကိုးကွယ်ရာမဟုတ်ဘူး။ အရာခပ်သိမ်းမှာ ကိုယ့်ကိုယ်ကို အားကိုးရမယ်။ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်ပြီးတော့ ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာ သဘောပေါက်နားလည်ရမယ်။ မိမိသည်သာ ကိုးကွယ်ရာဆိုတာ ကိုယ်ရဲ့ဆန္ဒ ကိုယ်ရဲ့လုံ့လဝီရိယ၊ ကိုယ်ရဲ့အသိဉာဏ်ကို တန်ဖိုးထားပြီး… ဆန္ဒဖြင့် မျှော်လင့်ပြီး လုံ့လဝီရိယဖြင့် မရရ အောင်ကြိုးစားပြီး အသိဉာဏ်ဖြင့် မှန်ကန်တဲ့ နည်းလမ်းတွေကို ရှာဖွေအားထုတ်ရမယ်။ ဒါဟာ လက်တွေ့ အင်မတန်ကျတဲ့ ကျင့်စဉ် တစ်ခုကို မြတ်စွာဘုရားက ဖော်ထုတ်တယ်။ အဲတော့ မေးစရာတစ်ခုရှိလာတယ်။ "အတ္တာ ဟိ အတ္တနော နာထော" မိမိသည်သာလျှင် မိမိ၏ ကိုးကိုယ်ရာလို့ မြတ်စွာဘုရားက ဒီအတိုင်းဟောထားတာ ဟုတ်ပြီ။ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဓမ္မံ သရဏံ ဂစ္ဆာမိ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃံ သရဏံ ဂစ္ဆာမိ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဆိုတဲ့စကားနဲ့ မဆန့်ကျင်နေဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်။ မိမိကိုယ်ကို အားကိုးခြင်း ဘုရားကို အားကိုးခြင်းဆိုတာ အတိုင်းအတာ အကန့်အသတ်ခြင်း မတူဘူး။ မြတ်စွာဘုရားကို အားကိုးတာ ဘယ်အဆင့် နဲ့ အားကိုးတာလဲဆိုတာ အမှန်တရားကို သိဖို့အတွက် အားကိုးတာ။ မြတ်စွာဘုရားက ကယ်တင်တာလဲ မဟုတ်ဘူး၊ ‘မ’ မှာလဲ မဟုတ်ဘူး။ သို့သော် ဘုရားက လမ်းပြပေးတာ။ လောကမှာ သွားရမယ့် လမ်းကို မသိတာ အင်မတန်မှ ဒုက္ခရောက်တယ်။ ပြဿနာကြီး တစ်ခုပဲ။ အဲတော့ သွားရမယ့်လမ်းကို ပြနိုင်တဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ အရေးကြီးတာပေ့ါ။ မြတ်စွာဘုရားကို အားကိုးပါတယ်ဆိုတာ မြတ်စွာဘုရားက လုပ်သင့်တာနဲ့ မလုပ်သင့် တာကို ခွဲခြားဟောပြီး … မလုပ်သင့်တာတွေကို ရှောင်ရမယ်။ လုပ်သင့် တာတွေကို လုပ်ရမယ်လို့ အတိုင်းအတာတစ်ခု အနေနဲ့ သတ္တဝါတွေကို ဆုံးမသြ၀ါဒပေးထား တယ်။ အဲဒီ ဆုံးမသြ၀ါဒကို လိုက်နာကျင့်သုံးဖို့ ကိုယ့်ဟာကိုလုပ်ရမယ်၊ ဒီလိုဆိုလိုတာပေ့ါ။ ဘုရားရဲ့ဘုန်းတန်ခိုးတွေကို မှီခိုပြီး မြတ်စွာ ဘုရားက အရာရာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ တမျှော်မျှော် တခေါ်ခေါ်နေရမယ့် ကိစ္စမျိုး မဟုတ်ဘူး။ ဘုရားက ဒါလုပ်။ ဒါမလုပ်နဲ့။ ဒါမလုပ်နဲ့ ဆိုတာ ကို ရှောင်ပြီးတော့ ဒါလုပ်ဆိုတာကို လုပ်ဖို့ ဒါကိုဟောတာ။ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ဘုန်းကြီး တို့တစ်တွေ ကျင့်သုံးနေထိုင်တာ။ ဒါ "အတ္တာ ဟိ အတ္တနော နာထော" ပဲ။ မိမိသည်သာ ကိုးကွယ်ရာပဲ။ ဒီ့ထက်ရှင်းတဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင် လူတွေဟာ နေမကောင်းထိုင်မသာဖြစ်တဲ့အခါ ဘယ်သွားလဲဆိုရင် ဆရာ၀န်ဆီသွားကြတယ်။ ဆရာ၀န်ဆီ ဘာအတွက် သွားတာလဲဆိုရင် ဘာရောဂါလဲသိဖို့ ဘာကြောင့် ဒီရောဂါ ဖြစ်တာလဲ။ ဒီရောဂါဖြစ်လာလို့ရှိရင် ဘယ်ဆေးသောက် ဘယ်လိုနေရင်ပျောက်မလဲ။ ဒါသိဖို့ သွားတာ။ အဲတော့ ဆရာ၀န်က ရောဂါပျောက်အာင် လုပ်ပေးနိုင်သလားဆိုရင် မလုပ်ပေးနိုင်ဘူး။ လုပ်မပေးနိုင်ဘူးဆိုတာ အင်မတန်ထင်ရှားတယ်။ ဘာပြုလို့လဲ ဆိုရင် ဆရာ၀န်က ဆေးထိုးပေးရင် ပေးတယ်၊ သောက်ဆေး ပေးရင်ပေးမယ်။ လူနာကိုယ်တိုင်က ဆေးသောက်ရမယ်။ အဲဒီကတည်းက ကိုယ်တိုင်လုပ်ရတဲ့ဟာ။ ဆရာ၀န်ဆီ သွားတာဟာ ဒီရောဂါတွက် ဘာဆေးသောက်ရမလဲဆိုတာ သိဖို့သွားတာ။ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီးတော့ ဆေးသောက်မှ ရောဂါပျောက်မယ်။ ဒီလို ဆိုလို တာ။ ဒါ လက်တွေ့ပဲ။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ် ဆရာတော််ဘုရားကြီး။ ‘မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီနေထိုင်ခြင်း’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ #သုတရသဓမ္မစာပေ Crd အတ်တာဟိ အတ်တနော နာထော ▬▬▬▬▬▬▬▬▬▬▬▬ မွတျစှာဘုရားရဲ့ စကားတဈခှနျးဟာ အလှနျတနျဖိုးရှိတယျ။ "အတ်တာဟိ အတ်တနော နာထော" မိမိသာလြှငျ မိမိ၏ ကိုးကှယျရာလို့ တခွားလူ ကိုးကှယျရာမဟုတျဘူး။ အရာခပျသိမျးမှာ ကိုယျ့ကိုယျကို အားကိုးရမယျ။ ကိုယ့ျအစှမျးအစကို ကိုယျယုံကွညျပွီးတော့ ကိုယျတိုငျလုပျကိုငျ ဆောငျရှကျရမယျဆိုတာ သဘောပေါကျနားလညျရမယျ။ မိမိသညျသာ ကိုးကှယျရာဆိုတာ ကိုယျရဲ့ဆန်ဒ ကိုယျရဲ့လုံ့လဝီရိယ၊ ကိုယျရဲ့အသိဉာဏျကို တနျဖိုးထားပွီး… ဆန်ဒဖွငျ့ မြှောျလငျ့ပွီး လုံ့လဝီရိယဖွငျ့ မရရ အောငျကွိုးစားပွီး အသိဉာဏျဖွငျ့ မှနျကနျတဲ့ နညျးလမျးတှကေို ရှာဖှအေားထုတျရမယျ။ ဒါဟာ လကျတှေ့ အငျမတနျကတြဲ့ ကငြျ့စဉျ တဈခုကို မွတျစှာဘုရားက ဖောျထုတျတယျ။ အဲတော့ မေးစရာတဈခုရှိလာတယျ။ "အတ်တာ ဟိ အတ်တနော နာထော" မိမိသညျသာလြှငျ မိမိ၏ ကိုးကိုယျရာလို့ မွတျစှာဘုရားက ဒီအတိုငျးဟောထားတာ ဟုတျပွီ။ ဗုဒ်ဓ သရဏံ ဂစ်ဆာမိ ဘုရားကို ကိုးကှယျရာဟူ၍ ဆညျးကပျပါ၏။ ဓမ်မံ သရဏံ ဂစ်ဆာမိ တရားကို ကိုးကှယျရာဟူ၍ ဆညျးကပျပါ၏။ သံဃံ သရဏံ ဂစ်ဆာမိ သံဃာကို ကိုးကှယျရာဟူ၍ ဆညျးကပျပါ၏။ ဆိုတဲ့စကားနဲ့ မဆနျ့ကငြျနဘေူးလားလို့ မေးကောငျးမေးကွလိမျ့မယျ။ မိမိကိုယျကို အားကိုးခွငျး ဘုရားကို အားကိုးခွငျးဆိုတာ အတိုငျးအတာ အကနျ့အသတျခွငျး မတူဘူး။ မွတျစှာဘုရားကို အားကိုးတာ ဘယျအဆငျ့ နဲ့ အားကိုးတာလဲဆိုတာ အမှနျတရားကို သိဖို့အတှကျ အားကိုးတာ။ မွတျစှာဘုရားက ကယျတငျတာလဲ မဟုတျဘူး၊ ‘မ’ မှာလဲ မဟုတျဘူး။ သို့သောျ ဘုရားက လမျးပွပေးတာ။ လောကမှာ သှားရမယျ့ လမျးကို မသိတာ အငျမတနျမှ ဒုက်ခရောကျတယျ။ ပွူနာကွီး တဈခုပဲ။ အဲတော့ သှားရမယျ့လမျးကို ပွနိုငျတဲ့ ပုဂ်ဂိုလျဟာ အငျမတနျမှ အရေးကွီးတာပေ့ါ။ မွတျစှာဘုရားကို အားကိုးပါတယျဆိုတာ မွတျစှာဘုရားက လုပျသငျ့တာနဲ့ မလုပျသငျ့ တာကို ခှဲခွားဟောပွီး … မလုပျသငျ့တာတှကေို ရှောငျရမယျ။ လုပျသငျ့ တာတှကေို လုပျရမယျလို့ အတိုငျးအတာတဈခု အနနေဲ့ သတ်တဝါတှကေို ဆုံးမသွဝါဒပေးထား တယျ။ အဲဒီ ဆုံးမသွဝါဒကို လိုကျနာကငြျ့သုံးဖို့ ကိုယျ့ဟာကိုလုပျရမယျ၊ ဒီလိုဆိုလိုတာပေ့ါ။ ဘုရားရဲ့ဘုနျးတနျခိုးတှကေို မှီခိုပွီး မွတျစှာ ဘုရားက အရာရာကို ဆုံးဖွတျပေးလိမ့ျမယျလို့ တမြှောျမြှောျ တခေါျခေါျနရေမယျ့ ကိစ်စမြိုး မဟုတျဘူး။ ဘုရားက ဒါလုပျ။ ဒါမလုပျနဲ့။ ဒါမလုပျနဲ့ ဆိုတာ ကို ရှောငျပွီးတော့ ဒါလုပျဆိုတာကို လုပျဖို့ ဒါကိုဟောတာ။ မွတျစှာဘုရားရဲ့ အဆုံးအမအတိုငျး ဘုနျးကွီး တို့တဈတှေ ကငြျ့သုံးနထေိုငျတာ။ ဒါ "အတ်တာ ဟိ အတ်တနော နာထော" ပဲ။ မိမိသညျသာ ကိုးကှယျရာပဲ။ ဒီ့ထကျရှငျးတဲ့ ဥပမာတဈခု ပွောရမယျဆိုရငျ လူတှဟော နမေကောငျးထိုငျမသာဖွဈတဲ့အခါ ဘယျသှားလဲဆိုရငျ ဆရာ၀နျဆီသှားကွတယျ။ ဆရာ၀နျဆီ ဘာအတှကျ သှားတာလဲဆိုရငျ ဘာရောဂါလဲသိဖို့ ဘာကွောငျ့ ဒီရောဂါ ဖွဈတာလဲ။ ဒီရောဂါဖွဈလာလို့ရှိရငျ ဘယျဆေးသောကျ ဘယျလိုနရေငျပြောကျမလဲ။ ဒါသိဖို့ သှားတာ။ အဲတော့ ဆရာ၀နျက ရောဂါပြောကျအာငျ လုပျပေးနိုငျသလားဆိုရငျ မလုပျပေးနိုငျဘူး။ လုပျမပေးနိုငျဘူးဆိုတာ အငျမတနျထငျရှားတယျ။ ဘာပွုလို့လဲ ဆိုရငျ ဆရာ၀နျက ဆေးထိုးပေးရငျ ပေးတယျ၊ သောကျဆေး ပေးရငျပေးမယျ။ လူနာကိုယျတိုငျက ဆေးသောကျရမယျ။ အဲဒီကတညျးက ကိုယျတိုငျလုပျရတဲ့ဟာ။ ဆရာ၀နျဆီ သှားတာဟာ ဒီရောဂါတှကျ ဘာဆေးသောကျရမလဲဆိုတာ သိဖို့သှားတာ။ ဆရာ၀နျညှှနျကွားတဲ့အတိုငျး လိုကျနာပွီးတော့ ဆေးသောကျမှ ရောဂါပြောကျမယျ။ ဒီလို ဆိုလို တာ။ ဒါ လကျတှေ့ပဲ။ ကြေးဇူးတောျရှငျပါမောက်ခခြုပျ ဆရာတောျျဘုရားကွီး။ ‘မွတျဗုဒ်ဓ၏အဆုံးအမနှငျ့အညီနထေိုငျခွငျး’ တရားတောျမှ ကောကျနှုတျခကြျဖွဈပါသညျ။ #သုတရသဓမ်မစာပေ Crd

via အလင်းရောင် ဓမ္မ https://ift.tt/2QcCKPg

❝ မိမိစေတနာကံက ဖန်တီးသော ဘဝပုံရိပ်လွှာများ ❞ ^^^^^^^^^^^^^^^^^^^^^^^ တစ်ခါတစ်ခါ စဉ်းစားကြည့်ရင် ကံတရားဟာ … တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ တစ်ယောက်နဲ့တစ်ယောက် မတူအောင် စီမံထားတယ်။ တူတဲ့နေရာမှာတူပေမယ့် မတူတဲ့နေရာတွေက အများကြီးရှိတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်က - "ကမ္မံသတ္တေဝိဘဇ္ဇ" လို့ ဟောတော်မူတာပဲ။ မိမိကိုယ်ကို မကောင်းအောင် လုပ်တာ ဘယ်သူလဲ ? မိမိအလုပ် မိမိကိစ္စ ကံပဲ။ ဘေးရန်အန္တရာယ်တွေဖြစ်အောင် ဘယ်သူလုပ်သလဲ ? မိမိပြုလုပ်တဲ့ကံက လုပ်တာပဲ။ ဥပမာ- ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်နေတဲ့သူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းတဲ့သူကို ရေနစ်စေနိုင်တယ်။ ဒီအတိုင်းပဲ … ဘေးရန်အန္တရာယ်တွေရှိပေမယ့်လည်း အလုပ်ကောင်းသူ၊ ကံကောင်းရှိသူ အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ကံကောင်းမရှိသူသာ ဘေးရန်ဖြစ်နိုင်တယ်။ ဒါကြောင့်… မကောင်းကျိုးကို ဖြစ်စေတတ်တဲ့ မိမိရဲ့လုပ်ရပ်ညံ့၊ စေတနာညံ့ ကံညံ့ ကံယုတ်များကိုသာ ကြောက်စရာလိုတယ်။ ဘေးရန်အန္တရယ်တွေ ကြောက်စရာမလိုပါဘူး။ ဂြိုလ်ကြီးရှစ်လုံး ပူးပူး၊ မပူးပူး ဇာတိဇရာ မရဏစတဲ့ ဘေးရန်တွေ သတ္တဝါတိုင်း… တွေ့နေကြရတယ်။ သံသရာကျင်လည်ခိုက်မှာ မကောင်းမှုကံ ပါလာလို့ သံသရာဒုက္ခ ခံကြရတယ်။ ကောင်းမှုကံပါလို့ စံစရာလေး စံကြရတယ်။ ဘေးရန်တွေက - မိမိမှာ ဖြစ်လာတာမဟုတ်ဘူး။ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေ ဖြစ်နေကြရတာ။ ငရဲကြီးရှစ်ထပ် ရှိနေပေမယ့်… ဘယ်သူ့ကိုမှ လာမခေါ်ပါဘူး။ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင်တယ်။ .................................................... ပါမောက္ခချုပ်ဆရာတော် #ဒေါက်တာနန္ဒမာလာဘိဝံသ 🙏🙏🙏

via အလင်းရောင် ဓမ္မ https://ift.tt/2sOKijo

စိတ်ထားလှမှ မြတ်နိူးကြသည် ==================== လောကကြီးမှာ----- ရုပ်အညစ်အကြေး၊စိတ်အညစ်အကြေးရယ်လို့ အညစ်အကြေး (၂)မျိုး ရှိတယ်။ ရုပ်အညစ်အကြေးတွေကတော့ ရုပ်ပိုင်းဆိုင်ရာကို မလှမပ မတင့်မတယ် မသပ်မရပ်ဖြစ်အောင် အနှောက်အယှက်ပြုတဲ့ အရာတွေပေါ့။ စိတ်အညစ်အကြေးဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာကို မလှမပဖြစ်အောင် အရုပ်ဆိုး အကျည်းတန်အောင် ပြုတဲ့ အရာတွေကတော့ စိတ်အညစ်အကြေးပေါ့။ အဲသလို ရုပ်ပိုင်းဆိုင်ရာ အညစ်အကြေး စိတ်ပိုင်း ဆိုင်ရာ အညစ်အကြေးလို့ အညစ်အကြေး (၂)မျိုး ရှိတဲ့ အနက်က ဘာပြောထားလည်းဆိုတော့- ရုပ်အညစ်အကြေးကို လျစ်လျှူ ရှုပြီးတော့ စိတ်၌ ဖြစ်သော အညစ်အကြေးကို ဆေးကြောရမယ်တဲ့။ ရုပ်အညစ်အကြေးကို ဘာဖြစ်လို့ လျစ်လျှူ ရှုရမှာလည်းဆိုတော့ သပ်သပ်ရပ်ရပ်နေဖို့တော့ မြတ်စွာဘုရားက အင်မတန် တိုက်တွန်းပါတယ်။ ပညာဉာဏ် ကြီးပွားကြောင်းတွေထဲမှာလည်း မိမိရဲ့ တစ်ကိုယ်ရေ တစ်ကာယ သန့်ရှင်းရေးဆိုတာ အလေးပေးပြီးတော့ ဘုရား ဟောပါတယ်။ မိမိပတ်ဝန်းကျင် မိမိနေတဲ့အိမ်မှာ သန့်ရှင်းရမယ်။ ဒါမှ မိမိရဲ့ အဇ္ဈတ္တ ဗဟိဒ္ဓ အတွင်းအပြင်မှာ အကုန်လုံး သန့်ရှင်းနေပြီး ၊ ခြေသည်း လက်သည်းတွေ လှီးရမယ်။ ဆံပင်တွေဆို သပ်သပ်ရပ်ရပ် ထားရမယ်။ အဲသလိုမျိုး သန့်သန့်ရှင်းရှင်း နေလို့ရှိရင် ဉာဏ်ပညာ ပိုပြီးတော့ ပွင့်လင်းတယ်။ အခုဆိုလိုတာက အဲဒီလို သန့်ရှင်းရေး မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ရုပ်ပိုင်းဆိုင်ရာ အညစ်အကြေးဆိုတာ တကယ်စင်စစ် ပြောင်စင်အောင် ဘယ်မှာလာ ဆေးကြောနိင်မှာလဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ခန္ဓာကိုယ်ကြီးကိုယ်က အညစ်အကြေးတုံးကြီးပဲလေ။ဆေးရသလောက်ပဲ ဆေးလို့ရမှာ။ အဲသလို ဆေးတဲ့ ကြားထဲကပဲ တစ်ရက်ကို နစ်ခါ သုံးခါ ဆေးတဲ့ ကြားထဲကပဲ နေ့တိုင်း တစ်ရက်ပြီးတစ်ရက် တစ်ခါတည်း အသစ်အသစ် ပြန်ပြန်ပြီးတော့ ရှိနေတယ်။ ဆေးမရတဲ့ အရာတွေကော ရှိတယ် မဟုတ်လား? အဲဒီဆေးမရတဲ့ အရာတွေကော ဘယ့်နှယ့် လုပ်ရမယ်။ လျစ်လျှူ ရှုထားရတာပဲ။ ဒီတိုင်း လျစ်လျှူ ရှုထားရတာပဲ။ နောက်ပြီးတော့ သူက ခန္ဓာကိုယ်ရဲ့ အညစ်အကြေးဆိုတာ မိမိတို့က အရေးထားပြီးတော့ ဆေးကြောမယ်ဆိုရင်လည်းပဲ စိတ်အကြေးကို ပြောင်အောင် ဆေးရတာလောက်တော့ အကျိုးမရှိဘူးဆိုတဲ့ ရှုထောင့်ကနေလည်းပဲ ကြည့်လို့ရတယ်။ ခန္ဓာကိုယ် အညစ်အကြေးကင်းတာနဲ့ စိတ်အညစ်ကြေးကင်းတာ အညစ်အကြေး ကင်းတာခြင်း ယှဉ်လိုက်မယ်ဆိုရင် စိတ်အညစ်အကြေးကင်းတာက အများကြီး ပိုပြီး တော့ အကျိုးရှိတယ်။ ရုပ်အညစ်အကြေးကင်းလို့ ဖြစ်ပေါ်လာမယ့် ရလာဒ်၊ စိတ်အညစ်အကြေးကင်းလို့ ဖြစ်ပေါ်လာမယ့် ရလာဒ်။ ရလာဒ်ချင်း မတူနိင်ဘူး။ အခုလူတွေက ရုပ်အညစ်အကြေးကျတော့ အင်မတန် ဂရုစိုက်ပြီးတော့ ဆေးကြောကြတယ်။ သန့်ရှင်းကြတယ်။ လူမြင်သာ ထင်သာ ရှိတဲ့ နေရာဆို ပိုပြီးတော့တောင်မှ သန့်ရှင်းအောင် လုပ်ကြတယ်။ မျက်နှာပေါ်ဆိုရင် ဆေးအမျိုးမျိုးနဲ့ ၊ ဆံပင်လေး တွေဆို ဗောက်တွေ ဘာတွေကင်း၊အလှကုန် ပစ္စည်းတွေဆိုတာ ဒီအတွက် သုံးကြတာ။ လိုအပ်တာထက်တောင် ပိုပြီးတော့ သုံးကြတယ်လို့ ထင်တယ်။ ငွေကုန်ကြေးကျ အများကြီး ခံပြီးတော့။ ရုပ်အညစ်အကြေး ကင်းဖို့ကျတော့ အများကြီး ကြိုးစားကြတယ်။ အညစ်အကြေး ကင်းရုံမျှတင် အားမရလို့ အရောင်မျိုးစုံတောင် တင်ထားလိုက်သေးတယ်။ အဲသလိုလုပ်တော့ ကြည့်ကောင်း ရှုကောင်းတာတော့ အမှန်ပဲ။ ဒါကျတော့ ပုထုဇဉ် သဘာဝ ကြည့်ကောင်းတာပေါ့။ ကြည့်ကောင်းတာရဲ့ ဟိုဖက်မှာ ဘာအကျိုး ရှိသေးလဲ? ဘာမှ သိပ်အကျိုးမရှိပါဘူး။ ပစ္စုပ္ပန်စီးပွား သံသရာစီးပွား အဲသလို လေးလေး နက်နက် စဉ်းစားမယ်ဆိုရင် စိတ်အညစ်အကြေးကို ပြောင်စင်အောင် ဆေးကြောတာနဲ့ ရုပ်အညစ်အကြေးကို ပြောင်စင်အောင် ဆေးကြော တာ ရလာဒ်ချင်း အများကြီး ကွားခြားတယ်။ အဲတော့ တရားကို အစွန်းရောက်အောင်လည်း မတွေးနဲ့နော်။ ဟို ရုပ်အညစ်အကြေးကို လျစ်လျှူ ရူရမယ်ဆိုပြီးတော့ ဘာမှမလုပ်ဘဲနဲ့ စုပ်စုပ်ပဲ့ပဲ့ကြီး နေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ တစ်ကိုယ်ရေ တစ်ကာယ သန့်ရှင်းရမယ်။ အိမ်ပတ်ဝန်းကျင် သန့်ရှင်းရမယ်ဆိုပြီးတော့ လိုအပ်တယ်ဆိုတာ စောစောက ပြောခဲ့တယ်။ သို့သော် တကယ်လေးလေး နက်နက် တွေးကြည့်ရင် သန့်ရှင်းရေး လုပ်လို့မရတဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိတယ်။ ဒါကြောင့် လျစ်လျှူ ရှုရမယ့် အပိုင်းတွေကော ရှိတယ်။ သူ့ သိပ်ဂရုမစိုက်ပါနဲ့လို့ ပြောတာ။ သူ့ကို ဂရုစိုက်တာထက် စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးကို ဂရုစိုက်တာက အများကြီးလေးနက်ပြီးတော့ အများကြီး အကျိုးရှိမှာ ဖြစ်တဲ့အတွက်ကြောင့် တစ်နည်းဖြင့်လည်း လူတွေက ထင်သာမြင်သာ ရှိတဲ့ ရုပ်အညစ်အကြေး ပြောင်စင်ဖို့ပဲ ဂရုစိုက်လွန်း အားကြီးနေလို့ ပြောတာလည်း ဖြစ်နိင်တယ်။ စိတ်၌ အညစ်အကြေးဆိုတာ ဘာကိုပြောတာလဲ ဆိုတော့ အလိုဆန္ဒတွေ မကျေနပ်မူတွေ မုန်းတီးမူတွေ စက်ဆုပ်မူတွေ ပြိုင်ဆိုင်မူတွေ မနာလိုမူတွေ ဝန်တိုမူတွေ ။အဲဒီလို စိတ်ရဲ့ အညစ်အကြေးတွေ မြောက်များစွာ ရှိတယ်။ အဲဒီ စိတ်အညစ်အကြေးတွေကိုကျတော့ ဂရုစိုက်ပြီးတော့ ဆေးကြောကြရမယ်။ အဲဒီလိုများ စိတ်အညစ်အကြေးကို ဂရုစိုက်ပြီးတော့ အဓိက အနေ ထားပြီးတော့ ပြောင်စင်အောင် ဆေးကြောနိင်ကြမယ်ဆိုရင်---စိတ်ကို အညစ်အကြေး ကင်းအောင်များ လုပ်နိင်ကြမယ် ဆိုရင် ပုပ်နေတဲ့ ခန္ဓာကိုယ်ကြီးပင် ဖြစ်ပါစေ--အဲဒီသတ္တဝါဟာ အဲဒီပုဂ္ဂိုလ်ဟာ ပူဇော်ထိုက်တယ်။ စိတ်အညစ်အကြေး ကင်းရင် ကင်းသလောက် တန်ဖိုးကြီးတယ်လို့ ဆိုလိုတာ။ သစ္စာရွှေစည်ဆရာတော် ၏ "စိတ်ထားလှမှ မြတ်နိူးကြသည်"တရားတော်မှ ကူးယူ ပူဇော်သည်။ မဇ္ဈိမနိကာယ် အနင်္ဂဏသုတ္တန်၊ အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်, သစိတ္တသုတ္တန်တို့ကို အခြေခံ၍ ဟောကြားတော်မူသည်။

via အလင်းရောင် ဓမ္မ https://ift.tt/2ZaB7Ga