Sunday, December 8, 2019

⛳ဝါးလုံးသိမ်းတော့ မရမ်းကြပါနဲ့ ⛳ ဘုရားရှင်လက်ထက်က ဗာရာဏသီပြည်ကို ဗြဟ္မဒတ်မင်း အုပ်စိုးစံနေတဲ့အချိန် ဝိဇ္ဇာဓိုရ် တစ်ပါးဟာ မိဘုရားကြီးနဲ့ညဉ့်သန်းခေါင် အချိန်မှာ လာလာပြီးတော့ ဖောက်ပြန်သတဲ့။ အဲဒီအကြောင်း ဘုရင်ကြီးသိသွားတဲ့အခါ မိဘုရားကိုခေါ်ပြီး နောက်တခါ ဝိဇ္ဇာဓိုရ်ကြီး လာရင် သူ့ခန္ဓာကိုယ်မှာ အမှတ်သားတံဆိပ် ကပ်ပေးလိုက်ပါ လို့ အမိန့်ပေးတယ်။ (အမှတ်သားရှိတော့ ဖမ်းရလွယ်တာကိုး) မိဘုရားလည်း ညဉ့်အချိန် ဝိဇ္ဇာဓိုရ်လာတဲ့အခါ ပျော်ပါးကြပြီး ဝိဇ္ဇာဓိုရ်ပြန်တဲ့အခါ ကျောပြင်တွင် ဟင်္သာပြဒါးဖြင့် လက်ငါးချောင်းရာ အမှတ်သား မသိမသာ ကပ်ပေးလိုက်တယ်။ ဘုရင်ကြီးက နံက်မိုးသောက် အလင်းရောက်တော့ မင်းမူထမ်းတွေကို ခေါ်ပြီး "ကျောပြင်တွင် လက်ငါး ချောင်းရာထင်နေတဲ့သူကို ရှာပြီး ဖမ်းခဲ့ကြစမ်း" ဟု အမိန့်ပေးလေသည်။ မင်းမူထမ်းများလည်း လိုက်ရှာကြရာ သုဿာန်တစ်နေရာမှာ လက်ငါးချောင်းရာ ထင်နေတဲ့ ရဟန်းအသွင် ဝိဇ္ဇာဓိုရ်ကို မြင်တော့ ဝိုင်းဖမ်းမယ်ပြုကြရာ ဝိဇ္ဇာဓိုရ်လည်း ကောင်းကင်သို့ပျံတက်ပြေးသွားတော့သည်။ ထိုအကြောင်းကို မင်းကြီးအားပြန်လည် လျောက်တင်တဲ့အခါ.. အိမ်းး !! ဒီနေ့မှစပြီး ငါ့တိုင်းပြည်အတွင်းမှာရှိတဲ့ ရဟန်း သံဃာမှန်သမျ အကုန်ဖမ်းစေ"ဟူ၍ ဝါးလုံးသိမ်း တစ်ချက်လွတ် အမိန့် ချမှတ်လိုက်တယ်။ ရဟန်းသံဃာတွေလည်း ကြောက်လန် ြ့ပီး တိုင်းပြည်ကနေ ထွက်ပြေးကြတော့တယ်။ ရဟန်းသံဃာတွေ မရှိတော့ မြတ်ဗုဒ္ဓရဲ့ တရားတော်,အဆုံးမတွေကိုလည်း နာကြားခွင့် မရကြတော့ တိုင်းသူပြည်သားတွေလည်း တဖြေးဖြေးနဲ့ စိတ်တွေကြမ်းတမ်းလာကြတယ်။ မကောင်းတဲ့ ဒုစရိုက်အမူတွေကို ကျုးလွန် မိကြပြီး သေတဲ့အခါ အပါယ်ငရဲသို့ကျရောက် ကြရတယ်။ ( ဝိဇ္ဇာဓရဇာတ်တော်) *************** ဒီဇာတ်တော်ထဲကအတိုင်းပဲ ယ္ခုလက်ရှိ မြန်မာနိုင်ငံမှာလည်း (၁) အသင်းအဖွဲ့တစ်ခုမှာ အသင်းသား တစ်ယောက် မကောင်းတာနဲ့ဒီအသင်းအဖွဲ့ မကောင်းဘူးလို့သတ်မှတ်နေကြတဲ့သူတွေ (၂) မဟုတ်တာလုပ်နေတဲ့ ရဟန်းတု ရဟန်းယောင်တစ်ယောက်ကို မြင်တာနဲ့ ကျန်တဲ့ ရဟန်းသံဃာတွေလည်း ဒီအတိုင်း နေမှာပါပဲ ဆိုပြီး ဝါးလုံးသိမ်းရမ်းချင်တဲ့ သူတွေ။ မကောင်းတဲ့ သီလရှင်တု တစ်ပါးကို မြင်တာနဲ့ ကျန်တဲ့သီလရှင်တွေလည်း ဒီတိုင်းနေမှာပဲဆိုပြီး အထင်သေး ရှုတ်ချချင်ကြတဲ့သူတွေ အင်မတန်မှ ပေါများလှပါတယ်။ တစ်ယောက်မကောင်းတာနဲ့ အားလုံးမကောင်းဘူးလို့ ယူဆတာဟာ ကိုယ့်ရဲ့စိတ်ဓာတ် ကိုယ့်ရဲ့အသိဥာဏ် သေးသိမ်မူ နှိမ့်ကျမူကို လူပုံအလယ်မှာ ထုတ်ပြလိုက်တာနဲ့အတူတူပါပဲ။ မိသားစုဝင် ငါးယောက်လောက်ရှိတဲ့ သင်တို့ အိမ်မှာတောင် သင်တို့စိတ်တိုင်းမကျတဲ့ သားသမီးတွေ သင်တို့ပြောစကား နားမထောင်တဲ့သားသမီးတွေ ရှိနေတာ မဟုတ်လား? ဒါကို သားတစ်ယောက်ဆိုးတာနဲ့ သင့်မိသားစု မကောင်းဘူးလို့ ဝိုင်းပြောကြရင်ကော သင် လက်ခံနိုင်မှာလား? ဒါ့ကြောင့် သူ့ဘက် ကိုယ့်ဘက် မျှတွေးပြီး သံဃာ့ အဖွဲ့အစည်း သီလရှင်အဖွဲ့အစည်း လူ့အဖွဲ့အစည်းတွေထဲမှာ မကောင်းတာလေး တစ်ခု ,မကောင်းတဲ့လူတစ်ယောက်ကို တွေ့တာနဲ့ ဒီအဖွဲ့အစည်းမကောင်းဘူးလို့ ဒီကျောင်းတိုက် မကောင်းဘူးလို့ မရှူတ်ချ မသတ်မှတ်ကြဘို့တိုက်တွန်းပြောကြားလိုပါတယ်။ (၂) နောက်တစ်ချက်က ဝိဇ္ဇာဓရ ဇာတ်တော်မှာ မြတ်ဘုရား ဟောထားတာက ရဟန်းသံဃာတွေမရှိတော့တဲ့ အခါ လူတွေဟာ တရားများနဲ့ဝေးကွာပြီး စိတ်ဓာတ်တွေ ကြမ်းတမ်းကာ မကောင်းတာတွေ လုပ်မိကြတော့ သေတဲ့အခါ ငရဲသို့ရောက်ကြရတယ် တဲ့ ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ရဟန်းသံဃာ တော်များ သီလရှင်ဆရာလေးများက အခု ထက်ထိ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြတာ။ ထိန်းသိမ်းပြီး လူသားတွေအထံသို့ ပို့ဆောင်ပေးနေသည့်အတွက်ကြောင့်သာ လူသားတွေအနေနဲ့ ဒီအလုပ်က ကောင်းတယ် ဒီအလုပ်က မကောင်းဘူး မိဘပစ်မှားရင် ငရဲကျတတ်တယ်။ ကုသိုလ်လုပ်ရင် နတ်ပြည်ရောက်မယ်။ စသည်စသည်အားဖြင့် အကောင်း+အဆိုး အကြောင်း+အကျိုးတို့ကို ချိန်ထိုးခွဲခြား သိနေခြင်းဖြစ်တယ်။ အဲလို ခွဲခြားသိနေတာဟာ သံဃာတွေရဲ့ ကျေးဇူး , သီလရှင်ဆရာလေးတို့ရဲ့ ကျေးဇူးကြောင့် မဟုတ်ပါလား? အေးချမ်းတဲ့ အရိယာနယ်ပယ်သို့ မကူးပြောင်းနိုင်သေးကြတဲ့ ပုထုဇဉ် လူသားတိုင်း အပြစ်နဲ့မကင်းနိုင် အမှားနဲ့မကင်းနိုင်ကြတာမို့ ကိုယ်မကြိုက်တာ တစ်ခုတွေ့တာလေးနဲ့ ဘယ်သူကိုမှ မကဲ့ရဲ့,မပစ်မှားမိကြဘို့ အထူးသတိပြုကြပါဟု တိုက်တွန်းရင်း ။ လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ အရှင်စန္ဒာဝရာလင်္ကာရ [ ဝါးခယ်မ] Crd


via အလင်းရောင် ဓမ္မ https://ift.tt/2qBiX3y