အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 8, 2019
🌺 သင့်သဘောပါ 🌺 ~~~~~~~~~~~ 🌺 စွဲလမ်းမှု့တွေနဲ့ ရှုပ်နေချင်လား...? စွန့်လွတ်မှု့တွေနဲ့ ရှင်းနေချင်လား...? သင့် လက်ထဲမှာပဲရှိတယ်..... 🌺 ဒေါသတွေနဲ့ ပူနေချင်လား....? မေတ္တာတွေနဲ့ အေးနေချင်လား......? သင့် လက်ထဲမှာရှိတယ်....... 🌺 ဆွဲဆောင်မှု့တွေရှိလို့ မက်မောတာပါလို့ အကြောင်းမပြနဲ့….. 🌺 ဆွဲဆောင်မှု့တွေရှိတိုင်းသာ မက်မောနေရင် လောဘနွံထဲက ဘယ်တော့မှ ထွက်ရမှာမဟုတ်ဘူး….. 🌺 လောကဆိုတာ ဆွဲဆောင်မှု့တွေနဲ့ တည်ဆောက်ထားတာ…… 🌺 မုန်းစရာကောင်းလို့ မုန်းမိတာပါလို့ အကြောင်းမပြနဲ့….. 🌺 မုန်းစရာကောင်းတိုင်းသာ မုန်းနေရရင် ဒေါသမီးတောက်တွေက ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး…... 🌺 လောက ဆိုတာ မုန်းစရာတွေနဲ့ တည်ဆောက်ထားတာ…… 🌺 သင့်အတွက် လောဘမဖြစ်ဖို့ လောကကြီးက မက်မောစရာတွေကို ဖယ်ရှားပေးမှာမဟုတ်ဘူး….... 🌺 သင့်အတွက် ဒေါသမဖြစ်ဖို့ လောကကြီးက မုန်းစရာတွေကို ပယ်ဖျောက်ပေးမှာမဟုတ်ဘူး….. 🌺 သင့်အတွက် လောဘ ဒေါသ မဖြစ်ဖို့ သင့်ရဲ့ အယောနိသောမနသိကာရ နှလုံးသွင်းမှားယွင်းမှုကိုသာ ပယ်ဖျောက်ပြစ်ရမှာ……… 🌺 စွဲလန်းမှု့တွေနဲ့ ရှုပ်နေချင်လား.....? စွန့်လွတ်မှု့တွေနဲ့ ရှင်းနေချင်လား.....? သင့် လက်ထဲမှာရှိတယ်…… 🌺 ဒေါသတွေနဲ့ ပူနေချင်လား......? မေတ္တာတွေနဲ့ အေးနေချင်လား....? သင့် လက်ထဲမှာရှိတယ်....... #Copy အရှင်ဥတ္တမ (သစ္စာရွှေစည်)
via အလင်းရောင် ဓမ္မ https://ift.tt/2rhEPRU
Newer Post
Older Post
Home