အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, December 8, 2019
တန်ဖိုးရှိတဲ့ ဘဝ ========== ဘုန်းကြီးတို့ ဘုရားအလောင်း ဘူရိဒတ်နဂါးမင်း ဘဝမှာ နဂါးပြည်မှာဆို ငါးစိမ်း,ဖားစိမ်းစသည်တို့ကိုစားသုံးနေရတဲ့အတွက် အမြဲသီလမပြည့်စုံနိုင်ပါဘူး။ ဒါကြောင့် လူ့ပြည်လူ့လောကဖြစ်တဲ့ ယမုနာမြစ်ကမ်းမှာ ထွန်းတုံးခန့်အရွယ်ဖန်တီးကာ ဥပုသ်ကိုစောင့်ဆည်းပါတယ်။ နဂါးပြည်ဆိုတာ ဥပုသ်စောင့်ဖို့ရာ အဲမတန်ခက်တယ်။ ဒီနေ့လူ့ပြည် တရားနာပရိတ်သတ်တွေ ဥပုသ်စောင့်မယ်ဆို ခက်သလား ? လွယ်သလား?။ ဒီလိုဆို ဒကာကြီးတွေ ဒကာမကြီးတွေ လွယ်ရင်စောင့်မလား?။ အဲ့ဒါပြောတာ ဘုန်းကြီးကိုသွားလေးတွေ ဖြဲပြီးကြည့်နေတယ်။ မိမိတို့ရရှိထားတဲ့ဘဝက တန်ဖိုးအဲမတန်ကြီးတဲ့ဘဝ၊ ဒါပေမယ့် တန်ဖိုးရှိတဲ့အလုပ်ကို ပြည့်ပြည့်စုံစုံ အားမထုတ်နိုင်ကြဘူး။ အားထုတ်ဖို့ ဘုန်းကြီးအမြဲ တိုက်တွန်းပါတယ်။ ဖားအောက်တောရဆရာတော်
via အလင်းရောင် ဓမ္မ https://ift.tt/2Lz9HUD
Newer Post
Older Post
Home