Monday, December 9, 2019

ဘဝဆိုတာ ခဏပါ.. ဓမ္မပါအောင် လုပ်ရမှာ။ အလှဆိုတာ ခဏပါ.. မာနမပါအောင် လုပ်ရမှာ။ ဓနဆိုတာ ခဏပါ.. ဒါနပါအောင် လုပ်ရမှာ။ ဂုဏ်ဆိုတာ ခဏပါ.. သိက္ခာပါအောင် လုပ်ရမှာ။ အရာရာဟာ မမြဲပါ။ “အားလုံးခဏပါ” ခဏအသိ ဓမ္မရှိ သိညှိကျင့်ရမှာ။ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ခဏလေးပဲ ဖြစ်နေတော့ … အဲဒီခဏလေးမှာ ဓမ္မလေးနဲ့ တွဲထားမှ အလှလေးတွေလည်း အမြဲပါနေမှာ ဖြစ်တယ်။ ဘဝက ပေးတဲ့အပူကို ဓမ္မက ပေးတဲ့ အအေးနဲ့ ရွေးနေနိုင်မှ အပူသက်သာမှာ ဖြစ်တယ်။ အလှက ပေးတဲ့မာနကို ဓမ္မက ပေးတဲ့ နှိမ့်ချမှုနဲ့ ရွေးနေနိုင်မှ မာနလျော့လာမှာ ဖြစ်ပါတယ်။ ဓနက ပေးတဲ့ လောဘကို ဓမ္မက ပေးတဲ့ ရောင့်ရဲမှုနဲ့ ရွေးနေနိုင်မှ အလိုကျလာမှာ ဖြစ်တယ်။ ဂုဏ(ဂုဏ်)က ပေးတဲ့ မောက်မာမှုကို ဓမ္မက ပေးတဲ့ ထောက်စာမှုနဲ့ ရွေးနေနိုင်မှ အကျင့်သိက္ခာ မြင့်လာမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အားလုံးဟာ ခဏလေးဆိုတာပါပဲ။ အဲဒါကို သိအောင်ကြိုးစား ပြီးရင် တရားနဲ့ညှိပြီး လက်တွေ့ကျင့်ကြရမှာ ဖြစ်တယ်။ ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ


via အလင်းရောင် ဓမ္မ https://ift.tt/2PuBI13