အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, October 13, 2019
အတု ••••••• ကိုယ့်ကိုမကြောက် သူ့ကိုကြောက် အကြောက် မစစ်သေး။ ကိုယ့်မှာမမုန်း သူ့ကိုမုန်း အမုန်း မစစ်သေး။ မတည့်လျှင်ပစ် တည့်လျှင်ချစ် မိတ်စစ် မဟုတ်သေး။ မှန်လျှင်သာချစ် မှားသော်လှစ် ရန်စစ် မဟုတ်သေး။ မလိုသော်စွန့် လိုမစွန့် အစွန့် မစစ်သေး။ ပျော်လှူ မျှော်လှူ မတော်လှူ ပူဇော် မစစ်သေး။ ခိုးလှူဘက်လှူ ညစ်ပတ်လှူ သူတော် မစစ်သေး။ ဖြစ်ပျက်မရှု လှူပေါင်းစု ကောင်းမှု မစစ်သေး။ အပြစ်နှင့်စပ် ထိုရလာဒ် အမြတ် မစစ်သေး။ ကိုယ်ကျင့်ကိုဖျက် ကြီးပွားချက် အတက် မစစ်သေး။ မတွေ့မိမှ လုံခြုံရ သီလ မစစ်သေး။ ကွက်၍သူ့သာ ချစ်မိရာ မေတ္တာ မစစ်သေး။ စွဲလမ်းသူမှာ သနားရာ ကရုဏာ မစစ်သေး။ ကိုယ့်အောက်သူမှာ ဝမ်းမြောက်ရာ မုဒိတာ မစစ်သေး။ မုန်းသောကြောင့်သာ စွန့်ပစ်ခွာ ဥပက္ခာ မစစ်သေး။ ကောင်းရာသို့မှီ စိတ်သာကြည် ခန္တီ မစစ်သေး။ ပြောင်းလဲတတ်ရာ ဓမ္မတာ သစ္စာ မစစ်သေး။ သူပြော၌သာ ကွဲသိရာ ပညာ မစစ်သေး။ သူချင်းစကား အငြင်းပွား တရား မစစ်သေး။ ဖြစ်ပျက်မမြင် စခန်းလျှင် လမ်းစဉ် မစစ်သေး။ တိုက်ခိုက်မရှိ ငြိမ်သက်ဘိ သမာဓိ မစစ်သေး။ ခဏသာကောင်း ကြာသော်ညောင်း အကောင်း မစစ်သေး။ ပျက်စီးပြီးမှ ချမ်းသာရ သုခ မစစ်သေး။ အငြိမ်းမလာ သိမလာ ဘာဝနာ မစစ်သေး။ အေးကာအေး၏ မငြိမ်းဘိ မုတ္တိ မစစ်သေး။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး Via : Paral lel အတု ••••••• ကိုယ့္ကိုမေၾကာက္ သူ႕ကိုေၾကာက္ အေၾကာက္ မစစ္ေသး။ ကိုယ့္မွာမမုန္း သူ႕ကိုမုန္း အမုန္း မစစ္ေသး။ မတည့္လွ်င္ပစ္ တည့္လွ်င္ခ်စ္ မိတ္စစ္ မဟုတ္ေသး။ မွန္လွ်င္သာခ်စ္ မွားေသာ္လွစ္ ရန္စစ္ မဟုတ္ေသး။ မလိုေသာ္စြန့္ လိုမစြန့္ အစြန့္ မစစ္ေသး။ ေပ်ာ္လႉ ေမွ်ာ္လႉ မေတာ္လႉ ပူေဇာ္ မစစ္ေသး။ ခိုးလႉဘက္လႉ ညစ္ပတ္လႉ သူေတာ္ မစစ္ေသး။ ျဖစ္ပ်က္မရႈ လႉေပါင္းစု ေကာင္းမႈ မစစ္ေသး။ အျပစ္ႏွင့္စပ္ ထိုရလာဒ္ အျမတ္ မစစ္ေသး။ ကိုယ္က်င့္ကိုဖ်က္ ႀကီးပြားခ်က္ အတက္ မစစ္ေသး။ မေတြ႕မိမွ လုံၿခဳံရ သီလ မစစ္ေသး။ ကြက္၍သူ႕သာ ခ်စ္မိရာ ေမတၱာ မစစ္ေသး။ စြဲလမ္းသူမွာ သနားရာ က႐ုဏာ မစစ္ေသး။ ကိုယ့္ေအာက္သူမွာ ဝမ္းေျမာက္ရာ မုဒိတာ မစစ္ေသး။ မုန္းေသာေၾကာင့္သာ စြန့္ပစ္ခြာ ဥပကၡာ မစစ္ေသး။ ေကာင္းရာသို႔မွီ စိတ္သာၾကည္ ခႏၱီ မစစ္ေသး။ ေျပာင္းလဲတတ္ရာ ဓမၼတာ သစၥာ မစစ္ေသး။ သူေျပာ၌သာ ကြဲသိရာ ပညာ မစစ္ေသး။ သူခ်င္းစကား အျငင္းပြား တရား မစစ္ေသး။ ျဖစ္ပ်က္မျမင္ စခန္းလွ်င္ လမ္းစဥ္ မစစ္ေသး။ တိုက္ခိုက္မရွိ ၿငိမ္သက္ဘိ သမာဓိ မစစ္ေသး။ ခဏသာေကာင္း ၾကာေသာ္ေညာင္း အေကာင္း မစစ္ေသး။ ပ်က္စီးၿပီးမွ ခ်မ္းသာရ သုခ မစစ္ေသး။ အၿငိမ္းမလာ သိမလာ ဘာဝနာ မစစ္ေသး။ ေအးကာေအး၏ မၿငိမ္းဘိ မုတၱိ မစစ္ေသး။ မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး Via : Paral lel
via အလင္းေရာင္ ဓမၼ https://ift.tt/2ot5VUK
Newer Post
Older Post
Home