Saturday, October 19, 2019

ကိုယ့်စိတ်ကို စိုးပိုင်ချင် သရဏဂုံ အလျင်ပွား •••••••••••••••••••••••••••••••••••••••• သရဏဂုံတည်အားကြီး အထူးကောင်းမွန်လာချေသော် မိမိစိတ်ယဉ်ကျေးပြီး သိမ်မွေ့ပြီးဖြစ်ရကား မိမိစိတ် မိမိအစိုးရ ပိုင်ဆိုင်ခွင့် ရှိလာချေ၏။ သို့ကြောင့် မနောကံသောင်းကျန်းမှုဘေး ကင်းဝေးစေ၏။ ကာမ၏ အရင်းခံသည် တွေးတောကြံစည်ရာမှ စတင်၏။ ထိုတွေးတောကြံစည်မှုကို မနောကံကမှ လက်ခံကာ ကြံစည်သုံးသပ်မပေးတော့လျှင် နောက်လိုက် ကာယကံ ဝစီကံများလည်း သောင်းကျန်းစရာ လမ်းစ မပေါ်လွင်ပြီ။ ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ပိုင်ကျုံးအစိုးရနေသူအဖို့ တစ်လောကလုံးကိုလည်း ပိုင်ကျုံးအစိုးရခွင့် လွှမ်းမိုးခွင့် ရရှိတော့သည်သာ။ ဤ၌ သီလနှင့် သရဏဂုံဟူ၍ နှစ်မျိုးရှိကြလေရာတွင် … ၁။ သရဏဂုံသည် စိတ်တွင်းထကြွ ပရိယုဋ္ဌာနခေါ် ကိလေသာအတွေးအဆများကို ဖိချနှိပ်ကွပ်ခြင်းကို တာဝန်ခံ၏။ ၂။ သီလကား ကိုယ်ထိနှုတ်လွန် ကျွံထွက်လာသော ဝီတိက္ကမခေါ် ကိလေသရမ်း ထိုသောင်းကျန်းများကို ငြိမ်ဝတ်ပိပြားစေရာ၌ တာဝန်ခံ၏။ မမေ့ မလျော့ မပေါ့ မဆသောအပ္ပမာဒသတိဖြင့် ထိထိမိမိ သရဏဂုံပွားရှိသူ၏ စိတ်သည် အဟောင်းကိုလည်း မတွေးမိ အသစ်သို့လည်း ပြေးမသိမိပြီ။ စိတ်သည် အာရုံတစ်ခုတစ်ခု၌ အစနှင့်အဆုံးမျှချည်းသာ သိခွင့်ရနေရာ၊ ကိလေသာတို့ မစည်းရုံးသာတော့ရကား ထိုကိလေသာနှင့် ထိုစိတ် မချိတ်မိကြတော့ပြီ။ ထိုသို့သော သရဏဂုံတည်၊ သီလကြောင့် ကိုယ်နှုတ်နှလုံး သုံးပါးလုံးတို့သို့ ကိလေသာကပ်ခွင့် မရလေသောအခါ … လူ၏ လူ့သတ္တိဖြစ်သော ပင်ကိုယ်စိတ်သည် ကိုယ်ဝယ် နေခွင့်ရချေပြီ။ ထိုလူ့ပင်ကိုယ်စိတ် ဝင်နေသူအဖို့ အရာရာတွင် စိတ်သဘောထား ကြီးမြင့်စွာဖြင့် ခွင့်လွှတ်နိုင်တော့သည်သာ။ တစ်ဖက်သို့ တန်းတူထားလိုစိတ် ဝင်နေတော့ရကား မည်သူနှင့် ဆက်ဆံဆက်ဆံ နူးညံ့သိမ်မွေ့ဟန် ပေါ်လွင်နေတော့သည်သာ...။ • ထိုသူ၏ သည်းခံတတ်မှုသည် ခွင့်လွှတ်မှုပါသော သည်းခံမှုတည်း...။ • ထိုသူ၏ မေတ္တာထားတတ်မှုသည် ကိုယ်ချင်းစာ အညှာပါသော မေတ္တာဓာတ်သက်မှုတည်း...။ • ထိုသူ၏ သစ္စာစကားသည် ကျိန်စာမတိုက်သော တဲ့တိုးလိုက် အမှန်စကားသက်သက်ချည်းတည်း...။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး •••••••••••••••••••••••••••••••••••••••••••••••• ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။ Share:--------------ဦး လေး Credit to original uploader. ရွှင်လန်းချမ်းမြေ့တရားတွေ့ငြိမ်းအေးကြပါစေ. ။ ကိုယ့္စိတ္ကို စိုးပိုင္ခ်င္ သရဏဂုံ အလ်င္ပြား •••••••••••••••••••••••••••••••••••••••• သရဏဂုံတည္အားႀကီး အထူးေကာင္းမြန္လာေခ်ေသာ္ မိမိစိတ္ယဥ္ေက်းၿပီး သိမ္ေမြ႕ၿပီးျဖစ္ရကား မိမိစိတ္ မိမိအစိုးရ ပိုင္ဆိုင္ခြင့္ ရွိလာေခ်၏။ သို႔ေၾကာင့္ မေနာကံေသာင္းက်န္းမႈေဘး ကင္းေဝးေစ၏။ ကာမ၏ အရင္းခံသည္ ေတြးေတာႀကံစည္ရာမွ စတင္၏။ ထိုေတြးေတာႀကံစည္မႈကို မေနာကံကမွ လက္ခံကာ ႀကံစည္သုံးသပ္မေပးေတာ့လွ်င္ ေနာက္လိုက္ ကာယကံ ဝစီကံမ်ားလည္း ေသာင္းက်န္းစရာ လမ္းစ မေပၚလြင္ၿပီ။ ကိုယ္ႏႈတ္ႏွလုံး သုံးပါးလုံးကို ပိုင္က်ဳံးအစိုးရေနသူအဖို႔ တစ္ေလာကလုံးကိုလည္း ပိုင္က်ဳံးအစိုးရခြင့္ လႊမ္းမိုးခြင့္ ရရွိေတာ့သည္သာ။ ဤ၌ သီလႏွင့္ သရဏဂုံဟူ၍ ႏွစ္မ်ိဳးရွိၾကေလရာတြင္ … ၁။ သရဏဂုံသည္ စိတ္တြင္းထႂကြ ပရိယု႒ာနေခၚ ကိေလသာအေတြးအဆမ်ားကို ဖိခ်ႏွိပ္ကြပ္ျခင္းကို တာဝန္ခံ၏။ ၂။ သီလကား ကိုယ္ထိႏႈတ္လြန္ ကြၽံထြက္လာေသာ ဝီတိကၠမေခၚ ကိေလသရမ္း ထိုေသာင္းက်န္းမ်ားကို ၿငိမ္ဝတ္ပိျပားေစရာ၌ တာဝန္ခံ၏။ မေမ့ မေလ်ာ့ မေပါ့ မဆေသာအပၸမာဒသတိျဖင့္ ထိထိမိမိ သရဏဂုံပြားရွိသူ၏ စိတ္သည္ အေဟာင္းကိုလည္း မေတြးမိ အသစ္သို႔လည္း ေျပးမသိမိၿပီ။ စိတ္သည္ အာ႐ုံတစ္ခုတစ္ခု၌ အစႏွင့္အဆုံးမွ်ခ်ည္းသာ သိခြင့္ရေနရာ၊ ကိေလသာတို႔ မစည္း႐ုံးသာေတာ့ရကား ထိုကိေလသာႏွင့္ ထိုစိတ္ မခ်ိတ္မိၾကေတာ့ၿပီ။ ထိုသို႔ေသာ သရဏဂုံတည္၊ သီလေၾကာင့္ ကိုယ္ႏႈတ္ႏွလုံး သုံးပါးလုံးတို႔သို႔ ကိေလသာကပ္ခြင့္ မရေလေသာအခါ … လူ၏ လူ႕သတၱိျဖစ္ေသာ ပင္ကိုယ္စိတ္သည္ ကိုယ္ဝယ္ ေနခြင့္ရေခ်ၿပီ။ ထိုလူ႕ပင္ကိုယ္စိတ္ ဝင္ေနသူအဖို႔ အရာရာတြင္ စိတ္သေဘာထား ႀကီးျမင့္စြာျဖင့္ ခြင့္လႊတ္နိုင္ေတာ့သည္သာ။ တစ္ဖက္သို႔ တန္းတူထားလိုစိတ္ ဝင္ေနေတာ့ရကား မည္သူႏွင့္ ဆက္ဆံဆက္ဆံ ႏူးညံ့သိမ္ေမြ႕ဟန္ ေပၚလြင္ေနေတာ့သည္သာ...။ • ထိုသူ၏ သည္းခံတတ္မႈသည္ ခြင့္လႊတ္မႈပါေသာ သည္းခံမႈတည္း...။ • ထိုသူ၏ ေမတၱာထားတတ္မႈသည္ ကိုယ္ခ်င္းစာ အညွာပါေသာ ေမတၱာဓာတ္သက္မႈတည္း...။ • ထိုသူ၏ သစၥာစကားသည္ က်ိန္စာမတိုက္ေသာ တဲ့တိုးလိုက္ အမွန္စကားသက္သက္ခ်ည္းတည္း...။ ေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားႀကီး •••••••••••••••••••••••••••••••••••••••••••••••• ျပန္လည္မွ်ေဝ ကုသိုလ္ျပဳပါ၏။ Share:--------------ဦး ေလး Credit to original uploader. ႐ႊင္လန္းခ်မ္းေျမ့တရားေတြ႕ၿငိမ္းေအးၾကပါေစ. ။


via အလင္းေရာင္ ဓမၼ https://ift.tt/2OXIgGJ