အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, October 17, 2019
စိတ်က ပူလို့ ရုပ်က ပူရတာ များတယ်။ စိတ်က တကယ် အေးလာပြီဆိုလို့ရှိရင် စိတ်ရဲ့မှီရာ ရုပ်လည်း အေးနိုင်တယ်။ တရားဘာဝနာအလုပ်ဆိုတာ အခုလည်း ချမ်းသာဖို့ နောင်လည်း ချမ်းသာဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်ရတယ်ဆိုရင် အဲဒီ ရည်ရွယ်ချက်ကို ပြည့်ဝစေနိုင်တယ်ဆိုတာ ဒီဒေသနာက ခိုင်လုံတဲ့သက်သေလို့ ဆိုနိုင်တယ်။ မအိုအောင် မနာအောင် လုပ်လို့ မရဘူး။ ဆိုကြပါစို့… စီးဆင်းနေတဲ့ မြစ်ကြီးကို ပြောင်းပြန် ပြန်ပြီးတော့ စီးဆင်းစေချင်တယ်ဆိုရင် ဒါ ရူးသွပ်မူပဲ။ မြစ်ကတော့ နိမ့်ရာ စီးသွားမှာပဲ။ ဒါ သူ့လမ်းကြောင်း သူ သွားတာပဲ။ ဒီခန္ဓာကိုယ်ကြီးကလည်း အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ လမ်းကြောင်းကို ပုံမှန် စီးနေတဲ့ မြစ်ကြီးတစ်စင်းပဲ။ ဒါကို ကိုယ်က ပြန်ဆန်တက်စေချင်တယ်ဆိုရင် ကိုယ်ရဲ့ ဘာတုန်း ရူးသွပ်မူပဲ, မိုက်မဲမူပဲ။ သစ္စာရွှေစည် အရှင်ဥတ္တမ စိတ္က ပူလို႔ ႐ုပ္က ပူရတာ မ်ားတယ္။ စိတ္က တကယ္ ေအးလာၿပီဆိုလို႔ရွိရင္ စိတ္ရဲ႕မွီရာ ႐ုပ္လည္း ေအးနိုင္တယ္။ တရားဘာဝနာအလုပ္ဆိုတာ အခုလည္း ခ်မ္းသာဖို႔ ေနာင္လည္း ခ်မ္းသာဖို႔အတြက္ ရည္႐ြယ္ၿပီးေတာ့ လုပ္ရတယ္ဆိုရင္ အဲဒီ ရည္႐ြယ္ခ်က္ကို ျပည့္ဝေစနိုင္တယ္ဆိုတာ ဒီေဒသနာက ခိုင္လုံတဲ့သက္ေသလို႔ ဆိုနိုင္တယ္။ မအိုေအာင္ မနာေအာင္ လုပ္လို႔ မရဘူး။ ဆိုၾကပါစို႔… စီးဆင္းေနတဲ့ ျမစ္ႀကီးကို ေျပာင္းျပန္ ျပန္ၿပီးေတာ့ စီးဆင္းေစခ်င္တယ္ဆိုရင္ ဒါ ႐ူးသြပ္မူပဲ။ ျမစ္ကေတာ့ နိမ့္ရာ စီးသြားမွာပဲ။ ဒါ သူ႕လမ္းေၾကာင္း သူ သြားတာပဲ။ ဒီခႏၶာကိုယ္ႀကီးကလည္း အိုျခင္း နာျခင္း ေသျခင္းဆိုတဲ့ လမ္းေၾကာင္းကို ပုံမွန္ စီးေနတဲ့ ျမစ္ႀကီးတစ္စင္းပဲ။ ဒါကို ကိုယ္က ျပန္ဆန္တက္ေစခ်င္တယ္ဆိုရင္ ကိုယ္ရဲ႕ ဘာတုန္း ႐ူးသြပ္မူပဲ, မိုက္မဲမူပဲ။ သစၥာေ႐ႊစည္ အရွင္ဥတၱမ
via အလင္းေရာင္ ဓမၼ https://ift.tt/2BpuC73
Newer Post
Older Post
Home