Saturday, October 19, 2019

#ဝိပဿနာဟာ 🙏 ℹℹℹℹℹℹ အမြတ်ဆုံးတရားပဲ။ ကျင့်တုန်းများ သေသွားရင် နတ်ပြည်သွားတာပဲ။ မကျင့်ဘဲနဲ့နာရုံပဲနာပြီးများ မနေကြနဲ့၊ ကျင့်ကြ၊ ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။ မကျင့်ဘဲပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့တို့လည်း သိထားတာပဲလို့မလုပ်နဲ့၊ သေတော့ လူးလှိမ့်သေရမယ်သာ မှတ်။ သိလို့ပြောတာ။ သေရမှာကတော့ ကျိန်းသေ တယ်၊ ဒီရုပ်နဲ့ဒီနာမ်ဖြစ်လာ သေမှာပဲ။ သေပင်သေရငြားသော် လည်း...! အသိလေးနဲ့သေရရင် မမြတ်ဘူးလား။ အသိမရှိတဲ့ပုဂ္ဂိုလ် မောဟနဲ ့သေလို့ရှိရင် လူရော နတ်ရော ဗြဟ္မာရော သီလရှင်ရော ဘုန်းကြီးရော မောဟနဲ့သေမယ်ဆိုလို့ရှိရင် ရုပ်လည်းမသိ နာမ်လည်းမသိ ပညတ် ပရမတ်လည်း မသိ၊ သဘောတရားလည်း မသိ မသိတဲ့ ပုဂ္ဂိုလ် မှန်သမျှကတော့ လေးဘက်ထောက် လှိမ့်သာချတော့။ ☆လူသေလို့လူဖြစ်မယ်များ ထင်သလား၊ ဘယ်တော့မှ မဖြစ်ဘူး။ လူသေလို့လူဖြစ်တာ၊ လူသေလို့နတ်ဖြစ်တာ၊ လူသေလို့ဗြဟ္မာဖြစ်တာ၊ လူသေလို့နိဗ္ဗာန်ဖြစ်တာ၊ ဒါကတစ်မျိုးစီ စိတ်တွေ။ စိတ်တွေ စိတ်တွေ၊ လူသေလို့အပါယ်ကျတာ စိတ်တွေပဲ။ အဲတော့ လူတော့ လူပဲ ခေါ်ဝေါ်သမုတ်ထားတာ ပညတ်ပဲ။ စိတ်ကရှိသေးတယ် ပြိတ္တာစိတ် တိရစ္ဆာန်စိတ် ငရဲစိတ်၊ လူစိတ် နတ်စိတ် ရှိသေးတယ်၊ ဗြဟ္မာစိတ်ရှိသေးတယ်၊ နိဗ္ဗာန်စိတ် ရှိတယ်။ အဲဒီစိတ်တွေက သူ့စိတ်နဲ့သူ ဘုရားက စိတ်ပဲဟောတယ်။ စိတ်ကိုတော့ ဘယ်သူမှမသိဘူး၊ ပညတ်ကြီးကြည့်ပြီးတော့ တောပြော တောင်ပြောမပြောကြနဲ့၊ ကျင့်တဲ့သူတွေက အသေခံကျင့်ပြီးတော့လုပ်ကြတာ၊ မကျင့်တဲ့သူတွေက တောပြောတောင်ပြော ပြောတော့ မစားရဘဲနဲ့ အပြစ်ခံရမယ်။ ဒီသာသနာကြီးမှီတဲ့အချိန်ခါမယ် မဂ်တားဖိုလ်တားတော့ မခံကြနဲ့။ ကိုယ်လည်း ဘာမှသိတာမဟုတ်ဘူး၊ ကိုယ်ကသိတယ်လို့ထင်နေတယ်၊ မသိဘူး၊ သိတယ်ဆိုလို့ရှိရင် သူများအတင်းမပြောဘူး။ သိရင်ကြောက်တယ် ၊ ကိုယ့်အပြစ်သာပြောတယ်၊ သူများအတင်းမပြောဘူး။ ----------------------------------- (သဲအင်းဂူ ဆရာတော်ဘုရားကြီး🙏🙏🙏 ၂၆-၃-၁၉၆၉ နေ့တွင် ဟောကြားတော်မူသော #မဂ်လေးပါးတရားတော်မှ) 🙏🙏🙏 #ဝိပႆနာဟာ 🙏 ℹℹℹℹℹℹ အျမတ္ဆုံးတရားပဲ။ က်င့္တုန္းမ်ား ေသသြားရင္ နတ္ျပည္သြားတာပဲ။ မက်င့္ဘဲနဲ႕နာ႐ုံပဲနာၿပီးမ်ား မေနၾကနဲ႕၊ က်င့္ၾက၊ က်င့္ရင္ အပါယ္ဘယ္ေတာ့မွ မသြားဘူး။ မက်င့္ဘဲပုဂၢိုလ္ကေတာ့ နာ႐ုံသက္သက္နဲ႕တို႔လည္း သိထားတာပဲလို႔မလုပ္နဲ႕၊ ေသေတာ့ လူးလွိမ့္ေသရမယ္သာ မွတ္။ သိလို႔ေျပာတာ။ ေသရမွာကေတာ့ က်ိန္းေသ တယ္၊ ဒီ႐ုပ္နဲ႕ဒီနာမ္ျဖစ္လာ ေသမွာပဲ။ ေသပင္ေသရျငားေသာ္ လည္း...! အသိေလးနဲ႕ေသရရင္ မျမတ္ဘူးလား။ အသိမရွိတဲ့ပုဂၢိုလ္ ေမာဟနဲ ့ေသလို႔ရွိရင္ လူေရာ နတ္ေရာ ျဗဟၼာေရာ သီလရွင္ေရာ ဘုန္းႀကီးေရာ ေမာဟနဲ႕ေသမယ္ဆိုလို႔ရွိရင္ ႐ုပ္လည္းမသိ နာမ္လည္းမသိ ပညတ္ ပရမတ္လည္း မသိ၊ သေဘာတရားလည္း မသိ မသိတဲ့ ပုဂၢိုလ္ မွန္သမွ်ကေတာ့ ေလးဘက္ေထာက္ လွိမ့္သာခ်ေတာ့။ ☆လူေသလို႔လူျဖစ္မယ္မ်ား ထင္သလား၊ ဘယ္ေတာ့မွ မျဖစ္ဘူး။ လူေသလို႔လူျဖစ္တာ၊ လူေသလို႔နတ္ျဖစ္တာ၊ လူေသလို႔ျဗဟၼာျဖစ္တာ၊ လူေသလို႔နိဗၺာန္ျဖစ္တာ၊ ဒါကတစ္မ်ိဳးစီ စိတ္ေတြ။ စိတ္ေတြ စိတ္ေတြ၊ လူေသလို႔အပါယ္က်တာ စိတ္ေတြပဲ။ အဲေတာ့ လူေတာ့ လူပဲ ေခၚေဝၚသမုတ္ထားတာ ပညတ္ပဲ။ စိတ္ကရွိေသးတယ္ ၿပိတၱာစိတ္ တိရစ္ဆာန္စိတ္ ငရဲစိတ္၊ လူစိတ္ နတ္စိတ္ ရွိေသးတယ္၊ ျဗဟၼာစိတ္ရွိေသးတယ္၊ နိဗၺာန္စိတ္ ရွိတယ္။ အဲဒီစိတ္ေတြက သူ႕စိတ္နဲ႕သူ ဘုရားက စိတ္ပဲေဟာတယ္။ စိတ္ကိုေတာ့ ဘယ္သူမွမသိဘူး၊ ပညတ္ႀကီးၾကည့္ၿပီးေတာ့ ေတာေျပာ ေတာင္ေျပာမေျပာၾကနဲ႕၊ က်င့္တဲ့သူေတြက အေသခံက်င့္ၿပီးေတာ့လုပ္ၾကတာ၊ မက်င့္တဲ့သူေတြက ေတာေျပာေတာင္ေျပာ ေျပာေတာ့ မစားရဘဲနဲ႕ အျပစ္ခံရမယ္။ ဒီသာသနာႀကီးမွီတဲ့အခ်ိန္ခါမယ္ မဂ္တားဖိုလ္တားေတာ့ မခံၾကနဲ႕။ ကိုယ္လည္း ဘာမွသိတာမဟုတ္ဘူး၊ ကိုယ္ကသိတယ္လို႔ထင္ေနတယ္၊ မသိဘူး၊ သိတယ္ဆိုလို႔ရွိရင္ သူမ်ားအတင္းမေျပာဘူး။ သိရင္ေၾကာက္တယ္ ၊ ကိုယ့္အျပစ္သာေျပာတယ္၊ သူမ်ားအတင္းမေျပာဘူး။ ----------------------------------- (သဲအင္းဂူ ဆရာေတာ္ဘုရားႀကီး🙏🙏🙏 ၂၆-၃-၁၉၆၉ ေန႕တြင္ ေဟာၾကားေတာ္မူေသာ #မဂ္ေလးပါးတရားေတာ္မွ) 🙏🙏🙏


via အလင္းေရာင္ ဓမၼ https://ift.tt/33GpMi7