အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, October 16, 2019
❀ မာနမရှိသော ရှင်သာရိပုတ္တရာ • • • ❀ လောကလူတွေဟာ ကိုယ့်မာနကို ကိုယ်မချိုးနိုင်ကြဘူး။ ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးတွေကျတော့ မာနဆိုတာ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေ။ တောင်းပန်စရာရှိရင် သူက အရင်စပြီးတောင်းပန်တယ်။ ❀ ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ (၇)နှစ်အရွယ် ကိုရင်လေးတစ်ပါးက ရှင်သာရိပုတ္တရာရဲ့ သင်္ကန်းစလေး နောက်မှာ လျှောကျပြီး မညီမညာဖြစ်နေတာကို `အရှင်ဘုရား သင်္ကန်းလျှောကျနေပါတယ်´ လို့ ပြောတဲ့အခါ တရိုတသေ တလေးတစား သင်္ကန်းကို ပြင်ဆင်ဝတ်ပြီးတော့မှ ရှင်သာရိပုတ္တရာက `သင့်လျော်ပါပြီလား´လို့ တလေးတစားပြောတယ်။ အခုချိန်မှာ ဆိုလို့ရှိရင် ပြောလိုက်မယ်။ ခဏခဏ ကြားရတဲ့စကားက `လျှာမရှည်နဲ့´ ဆိုတဲ့ စကားပဲ။ လျှာမရှည်နဲ့ ဆိုတဲ့ စကားကတော့ တွင်တွင်သုံးတာ။ အဲဒီမှာ ရှင်သာရိပုတ္တရာကျတော့ အဲဒီလိုစကားမျိုး မပြောတဲ့အပြင် `တဒဟုပဗ္ဗဇိတောသန္တော၊ ဇာတိယာ သတ္တ ဝဿိကော´ မွေးဖွားလို့ (၇)နှစ်ပဲ ရှိသေးတယ်။ ကိုရင်ဝတ်တာလည်း ဒီနေ့မှဝတ်တာ။ အဲဒီကိုရင်လေးက အပြစ်ကို ထောက်ပြပြီး ပြောတယ်ဆိုရင် ဦးထိပ်ရွက် ပန်ဆင်ပါမယ် လို့ ပြောတယ်။ ဒါကလည်း အင်မတန် ပညာကြီးတဲ့ ပုဂ္ဂိုလ်၊ ဘာမာနမှမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကြီးတွေရဲ့ စိတ်နေသဘောထားဟာ ကြီးမြတ်လှပါတယ်။ ဘုန်းကြီးတို့တစ်တွေ အတုယူကြရမှာ ဖြစ်တယ်။ ဒီလောက်ကြီးမားတဲ့ပညာရှိတဲ့ ပုဂ္ဂိုလ်မြတ်ကြီးတောင်မှပဲ အခုလိုစိတ်နေသဘောထားတွေ ထားနိုင်တယ်ဆိုရင် ငါတို့က ဘာမို့လို့ မထားနိုင်ရမှာလဲ။ ဒို့ကြိုးစားပြီးထားကြရမယ် လို့ ကိုယ့်ကိုယ်ကို ဆုံးမကြရမှာဖြစ်တယ်။ ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော် ❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊ တရားအသိဉာဏ်ပေးလှူခြင်း သက်သက်ဖြစ်ပါ၍ တရားဓမ္မကို လိုလားသော, တရားဓမ္မကို ဖြန့်ဝေလိုသော မည်သူမဆို လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။ ❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။ Unicode Version ########## ❀ မာနမရှိသော ရှင်သာရိပုတ္တရာ • • • ❀ လောကလူတွေဟာ ကိုယ့်မာနကို ကိုယ်မချိုးနိုင်ကြဘူး။ ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးတွေကျတော့ မာနဆိုတာ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေ။ တောင်းပန်စရာရှိရင် သူက အရင်စပြီးတောင်းပန်တယ်။ ❀ ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ (၇)နှစ်အရွယ် ကိုရင်လေးတစ်ပါးက ရှင်သာရိပုတ္တရာရဲ့ သင်္ကန်းစလေး နောက်မှာ လျှောကျပြီး မညီမညာဖြစ်နေတာကို `အရှင်ဘုရား သင်္ကန်းလျှောကျနေပါတယ်´ လို့ ပြောတဲ့အခါ တရိုတသေ တလေးတစား သင်္ကန်းကို ပြင်ဆင်ဝတ်ပြီးတော့မှ ရှင်သာရိပုတ္တရာက `သင့်လျော်ပါပြီလား´လို့ တလေးတစားပြောတယ်။ အခုချိန်မှာ ဆိုလို့ရှိရင် ပြောလိုက်မယ်။ ခဏခဏ ကြားရတဲ့စကားက `လျှာမရှည်နဲ့´ ဆိုတဲ့ စကားပဲ။ လျှာမရှည်နဲ့ ဆိုတဲ့ စကားကတော့ တွင်တွင်သုံးတာ။ အဲဒီမှာ ရှင်သာရိပုတ္တရာကျတော့ အဲဒီလိုစကားမျိုး မပြောတဲ့အပြင် `တဒဟုပဗ္ဗဇိတောသန္တော၊ ဇာတိယာ သတ္တ ဝဿိကော´ မွေးဖွားလို့ (၇)နှစ်ပဲ ရှိသေးတယ်။ ကိုရင်ဝတ်တာလည်း ဒီနေ့မှဝတ်တာ။ အဲဒီကိုရင်လေးက အပြစ်ကို ထောက်ပြပြီး ပြောတယ်ဆိုရင် ဦးထိပ်ရွက် ပန်ဆင်ပါမယ် လို့ ပြောတယ်။ ဒါကလည်း အင်မတန် ပညာကြီးတဲ့ ပုဂ္ဂိုလ်၊ ဘာမာနမှမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကြီးတွေရဲ့ စိတ်နေသဘောထားဟာ ကြီးမြတ်လှပါတယ်။ ဘုန်းကြီးတို့တစ်တွေ အတုယူကြရမှာ ဖြစ်တယ်။ ဒီလောက်ကြီးမားတဲ့ပညာရှိတဲ့ ပုဂ္ဂိုလ်မြတ်ကြီးတောင်မှပဲ အခုလိုစိတ်နေသဘောထားတွေ ထားနိုင်တယ်ဆိုရင် ငါတို့က ဘာမို့လို့ မထားနိုင်ရမှာလဲ။ ဒို့ကြိုးစားပြီးထားကြရမယ် လို့ ကိုယ့်ကိုယ်ကို ဆုံးမကြရမှာဖြစ်တယ်။ ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော် ❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊ တရားအသိဉာဏ်ပေးလှူခြင်း သက်သက်ဖြစ်ပါ၍ တရားဓမ္မကို လိုလားသော, တရားဓမ္မကို ဖြန့်ဝေလိုသော မည်သူမဆို လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။ ❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။
via အလင်းရောင် ဓမ္မ https://ift.tt/2Bd655n
Newer Post
Older Post
Home