Wednesday, October 16, 2019

လောကဓံတရားနှင့် တွေ့ရာ မတုန်လှုပ်ပါ မင်္ဂလာ ••••••••••••••••••••••••• လောကထဲ၌ ဖြစ်လာကြသည့် ပုဂ္ဂိုလ်သတ္တဝါ မှန်သမျှတို့သည် လောကဓံတရား (၈) ပါးနှင့် မုချဧကန် တွေ့ကြရမည်သာ ဖြစ်သည်။ ဘုရား ပစ္စေကဗုဒ္ဓ ရဟန္တာတို့သော်မှ ရှောင်ကွင်း ၍ မရကြပေ။ တွေ့ကြုံကြရသည်ချည်းသာ ဖြစ်ပေသည်။ ဤကဲ့သို့ တွေ့ကြုံကြရသောအခါ မတုန်လှုပ်ပါက မင်္ဂလာ ဖြစ်ပေသည်။ တုန်လှုပ်ပါက အမင်္ဂလာ ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် လောကဓံ တရား (၈) ပါးနှင့် တွေ့ကြုံရသောအခါ… တုန်လှုပ်ခြင်း နည်းနိုင်သမျှနည်းအောင် တရားသဘောဖြင့် ဆင်ခြင်ကြရပေသည်။ လောကဓံတရား (၈) ပါး ဆိုသည်မှာ (၁) လာဘ လာဘ်ရများခြင်း။ (၂) အလာဘ လာဘ်ရနည်းခြင်း။ (၃) ယသ အခြံအရံများခြင်း။ (၄) အယသ အခြံအရံနည်းပါးခြင်း။ (၅) နိန္ဒ ကဲ့ရဲ့ခံရခြင်း။ (၆) ပသံသာ ချီးမွမ်းခံရခြင်း။ (၇) သုခ ချမ်းသာခြင်း။ (၈) ဒုက္ခ ဆင်းရဲခြင်း ဟူ၍ လောကဓံတရား(၈) ပါး ဖြစ်ပေသည်။ လောကဓံ တရား (၈) ပါးနှင့် တွေ့ကြုံရသော အခါ ရဟန္တာ ပုဂ္ဂိုလ်သည်သာ ဧကန်မုချ မတုန်လှုပ်သောပုဂ္ဂိုလ် ဖြစ်ပေသည်။ ရဟန္တာမဖြစ်သေးသော ပုဂ္ဂိုလ်တို့သည် အနည်း နှင့် အများဆိုသလို တုန်လှုပ်ကြပေသည်။ လောကဓံတရား (၈)ပါးနှင့် တွေ့ကြုံသောအခါ အရိယာပုဂ္ဂိုလ်နှင့် ပုထုဇဉ်ပုဂ္ဂိုလ်တို့ မတူကြပေ။ ကွဲပြားကြပေသည်။ လောကဓံတရား(၈)ပါးနှင့် တွေ့ကြုံသောအခါ မတူကြပုံမှာ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကောင်း သော လောကဓံများ ဖြစ်သည့်… လာဘ်ရခြင်း အခြံအရံများခြင်း ချီးမွမ်းခြင်း ချမ်းသာခြင်းတို့နှင့် တွေ့ကြုံရသည့်အခါ ဝမ်းသာကြ၏။ မကောင်းသော လောကဓံ ဖြစ်သည့် လာဘ်ရ နည်းခြင်း အခြံအရံနည်းခြင်း ကဲ့ရဲ့ခံရခြင်း ဆင်းရဲခြင်းတို့နှင့် တွေ့ကြုံရသည့်အခါ ဝမ်းနည်းခြင်းများ ဖြစ်ကြ၏။ ဤကဲ့သို့ ဝမ်းသာခြင်း ဝမ်းနည်းခြင်း ဖြစ်နေခြင်းသည် တုန်လှုပ်ခြင်း ဖြစ်ပေသည်။ ဆင်းရဲအပေါင်းမှ မလွတ်နိုင်၍ " မင်္ဂလာ"မဖြစ်ဟု ဆိုရပေသည်။ အရိယာပုဂ္ဂိုလ်တို့သည် ကောင်းသောလောကဓံ ဖြစ်သည့် လာဘ်ရများခြင်းအခြအရံများခြင်း ချီးမွမ်းခြင်း ချမ်းသာခြင်းတို့နှင့်တွေ့ကြုံရသည့် အခါမှာလည်း … မမြဲခြင်းသဘောကို ဆင်ခြင်၍ ဝမ်းမြောက် ဝမ်းသာခြင်းမရှိ။ မကောင်းသော လောကဓံဖြစ်သည့် လာဘ်ရ နည်းခြင်း အခြံအရံနည်းခြင်း ကဲ့ရဲ့ခံရခြင်း ဆင်ရဲခြင်းတို့နှင့် တွေ့ကြုံရသည့်အခါမှာလည်း… မမြဲခြင်း သဘောကို ဆင်ခြင်၍ ဝမ်းနည်းခြင်း မရှိ။ ဤကဲ့သို့ ဝမ်းသာမှုနှင့် ဝမ်းနည်းမှုများ မရှိခြင်းသည် မတုန်လှုပ်ခြင်း ဖြစ်ပေသည်။ ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၍ မင်္ဂလာ ဖြစ်ပေသည်။ ပုထုဇဉ် ပုဂ္ဂိုလ်တို့သည် လောကဓံ(၈)ပါးတို့နှင့် တွေ့ကြုံရသောအခါ တရားသဘောများကို ဆင်ခြင်၍ မတုန်လှုပ်အောင် နှလုံးသွင်းကြ ရပေသည်။ လာဘ်ရများခြင်းသည်လည်း မမြဲ။ ချက်ချင်းလို ပင် လာဘ်မရခြင်းလည်း ဖြစ်သွားနိုင်ပေသည်။ အခြံအရံများခြင်းသည်လည်း မမြဲ။ ချက်ချင်းလို ပင် အခြံအရံမရှိခြင်းလည်း ဖြစ်သွားနိုင်ပေသည်။ ချီးမွမ်းခံရခြင်းသည်လည်း မမြဲ။ ချက်ချင်းလိုပင် ကဲ့ရဲ့ခံရခြင်းလည်း ဖြစ်သွားနိုင်သည်။ ချမ်းသာခြင်းသည်လည်း မမြဲ။ ချက်ချင်းလိုပင် ဆင်းရဲခြင်းလည်း ဖြစ်သွားနိုင်ပေသည်ဟု ဆင်ခြင်၍ နှလုံးသွင်းကြရပေသည်။ ဤကဲ့သို့ ဆင်ခြင်၍ နှလုံးသွင်းနိုင်ပါက လောကဓံတရား (၈)ပါး တို့ကြောင့် မတုန်လှုပ်ပါဘဲ "မင်္ဂလာ" ဖြစ်နိုင်ပေသည်။ သဒ္ဒမ္မရံသီရိပ်သာဆရာတော် Paral lel ေလာကဓံတရားႏွင့္ ေတြ႕ရာ မတုန္လႈပ္ပါ မဂၤလာ ••••••••••••••••••••••••• ေလာကထဲ၌ ျဖစ္လာၾကသည့္ ပုဂၢိုလ္သတၱဝါ မွန္သမွ်တို႔သည္ ေလာကဓံတရား (၈) ပါးႏွင့္ မုခ်ဧကန္ ေတြ႕ၾကရမည္သာ ျဖစ္သည္။ ဘုရား ပေစၥကဗုဒၶ ရဟႏၱာတို႔ေသာ္မွ ေရွာင္ကြင္း ၍ မရၾကေပ။ ေတြ႕ႀကဳံၾကရသည္ခ်ည္းသာ ျဖစ္ေပသည္။ ဤကဲ့သို႔ ေတြ႕ႀကဳံၾကရေသာအခါ မတုန္လႈပ္ပါက မဂၤလာ ျဖစ္ေပသည္။ တုန္လႈပ္ပါက အမဂၤလာ ျဖစ္ေပသည္။ ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္တို႔သည္ ေလာကဓံ တရား (၈) ပါးႏွင့္ ေတြ႕ႀကဳံရေသာအခါ… တုန္လႈပ္ျခင္း နည္းနိုင္သမွ်နည္းေအာင္ တရားသေဘာျဖင့္ ဆင္ျခင္ၾကရေပသည္။ ေလာကဓံတရား (၈) ပါး ဆိုသည္မွာ (၁) လာဘ လာဘ္ရမ်ားျခင္း။ (၂) အလာဘ လာဘ္ရနည္းျခင္း။ (၃) ယသ အၿခံအရံမ်ားျခင္း။ (၄) အယသ အၿခံအရံနည္းပါးျခင္း။ (၅) နိႏၵ ကဲ့ရဲ႕ခံရျခင္း။ (၆) ပသံသာ ခ်ီးမြမ္းခံရျခင္း။ (၇) သုခ ခ်မ္းသာျခင္း။ (၈) ဒုကၡ ဆင္းရဲျခင္း ဟူ၍ ေလာကဓံတရား(၈) ပါး ျဖစ္ေပသည္။ ေလာကဓံ တရား (၈) ပါးႏွင့္ ေတြ႕ႀကဳံရေသာ အခါ ရဟႏၱာ ပုဂၢိုလ္သည္သာ ဧကန္မုခ် မတုန္လႈပ္ေသာပုဂၢိုလ္ ျဖစ္ေပသည္။ ရဟႏၱာမျဖစ္ေသးေသာ ပုဂၢိုလ္တို႔သည္ အနည္း ႏွင့္ အမ်ားဆိုသလို တုန္လႈပ္ၾကေပသည္။ ေလာကဓံတရား (၈)ပါးႏွင့္ ေတြ႕ႀကဳံေသာအခါ အရိယာပုဂၢိုလ္ႏွင့္ ပုထုဇဥ္ပုဂၢိုလ္တို႔ မတူၾကေပ။ ကြဲျပားၾကေပသည္။ ေလာကဓံတရား(၈)ပါးႏွင့္ ေတြ႕ႀကဳံေသာအခါ မတူၾကပုံမွာ ပုထုဇဥ္ပုဂၢိုလ္တို႔သည္ ေကာင္း ေသာ ေလာကဓံမ်ား ျဖစ္သည့္… လာဘ္ရျခင္း အၿခံအရံမ်ားျခင္း ခ်ီးမြမ္းျခင္း ခ်မ္းသာျခင္းတို႔ႏွင့္ ေတြ႕ႀကဳံရသည့္အခါ ဝမ္းသာၾက၏။ မေကာင္းေသာ ေလာကဓံ ျဖစ္သည့္ လာဘ္ရ နည္းျခင္း အၿခံအရံနည္းျခင္း ကဲ့ရဲ႕ခံရျခင္း ဆင္းရဲျခင္းတို႔ႏွင့္ ေတြ႕ႀကဳံရသည့္အခါ ဝမ္းနည္းျခင္းမ်ား ျဖစ္ၾက၏။ ဤကဲ့သို႔ ဝမ္းသာျခင္း ဝမ္းနည္းျခင္း ျဖစ္ေနျခင္းသည္ တုန္လႈပ္ျခင္း ျဖစ္ေပသည္။ ဆင္းရဲအေပါင္းမွ မလြတ္နိုင္၍ " မဂၤလာ"မျဖစ္ဟု ဆိုရေပသည္။ အရိယာပုဂၢိုလ္တို႔သည္ ေကာင္းေသာေလာကဓံ ျဖစ္သည့္ လာဘ္ရမ်ားျခင္းအျခအရံမ်ားျခင္း ခ်ီးမြမ္းျခင္း ခ်မ္းသာျခင္းတို႔ႏွင့္ေတြ႕ႀကဳံရသည့္ အခါမွာလည္း … မၿမဲျခင္းသေဘာကို ဆင္ျခင္၍ ဝမ္းေျမာက္ ဝမ္းသာျခင္းမရွိ။ မေကာင္းေသာ ေလာကဓံျဖစ္သည့္ လာဘ္ရ နည္းျခင္း အၿခံအရံနည္းျခင္း ကဲ့ရဲ႕ခံရျခင္း ဆင္ရဲျခင္းတို႔ႏွင့္ ေတြ႕ႀကဳံရသည့္အခါမွာလည္း… မၿမဲျခင္း သေဘာကို ဆင္ျခင္၍ ဝမ္းနည္းျခင္း မရွိ။ ဤကဲ့သို႔ ဝမ္းသာမႈႏွင့္ ဝမ္းနည္းမႈမ်ား မရွိျခင္းသည္ မတုန္လႈပ္ျခင္း ျဖစ္ေပသည္။ ဆင္းရဲအေပါင္းမွ လြတ္ေျမာက္နိုင္၍ မဂၤလာ ျဖစ္ေပသည္။ ပုထုဇဥ္ ပုဂၢိုလ္တို႔သည္ ေလာကဓံ(၈)ပါးတို႔ႏွင့္ ေတြ႕ႀကဳံရေသာအခါ တရားသေဘာမ်ားကို ဆင္ျခင္၍ မတုန္လႈပ္ေအာင္ ႏွလုံးသြင္းၾက ရေပသည္။ လာဘ္ရမ်ားျခင္းသည္လည္း မၿမဲ။ ခ်က္ခ်င္းလို ပင္ လာဘ္မရျခင္းလည္း ျဖစ္သြားနိုင္ေပသည္။ အၿခံအရံမ်ားျခင္းသည္လည္း မၿမဲ။ ခ်က္ခ်င္းလို ပင္ အၿခံအရံမရွိျခင္းလည္း ျဖစ္သြားနိုင္ေပသည္။ ခ်ီးမြမ္းခံရျခင္းသည္လည္း မၿမဲ။ ခ်က္ခ်င္းလိုပင္ ကဲ့ရဲ႕ခံရျခင္းလည္း ျဖစ္သြားနိုင္သည္။ ခ်မ္းသာျခင္းသည္လည္း မၿမဲ။ ခ်က္ခ်င္းလိုပင္ ဆင္းရဲျခင္းလည္း ျဖစ္သြားနိုင္ေပသည္ဟု ဆင္ျခင္၍ ႏွလုံးသြင္းၾကရေပသည္။ ဤကဲ့သို႔ ဆင္ျခင္၍ ႏွလုံးသြင္းနိုင္ပါက ေလာကဓံတရား (၈)ပါး တို႔ေၾကာင့္ မတုန္လႈပ္ပါဘဲ "မဂၤလာ" ျဖစ္နိုင္ေပသည္။ သဒၵမၼရံသီရိပ္သာဆရာေတာ္ Paral lel


via အလင္းေရာင္ ဓမၼ https://ift.tt/2VLLhv8