Saturday, October 19, 2019

သီလစောင့်ခြင်း အကျိုး ------------------- သာဝတ္ထိပြည် ဇေတဝန်ကျောင်းအတွင်း မြတ်စွာဘုရားရှင်နှင့် အရှင်အာနန္ဒာမထေရ်တို့ တရားဆွေးနွေးနေကြသည်။ အရှင်အာနန္ဒာက ကုသိုလ် သီလစောင့်တည်ခြင်းကြောင့် မည်သည့်အကျိုး အာနိသင်များ ရရှိနိုင်ပါသလဲ ဟု မေးသည်။ မြတ်စွာဘုရားရှင်ကလည်း သီလစောင့်ခြင်းမှ စ၍ ရရှိနိုင်သော အကျိုးအဆက်ဆက်ကို ဖြေတော်မူသည်။ အရှင်အာနန္ဒာက ထပ်၍ ထပ်၍ မေးသဖြင့် မြတ်ဗုဒ္ဓကလည်း ထပ်၍ ထပ်၍ ဖြေကြားခြင်း ဖြစ်သည်။ ထိုအမေးအဖြေ စကားဝိုင်းမှ ရရှိလာသော အကြောင်းအရာတို့သည် သီလစောင့်ခြင်းမှ အစပြုပြီး အကျိုးတရားများ အဆက်ဆက် ဖြစ်နိုင်ပုံကို နားလည်သဘောပေါက်စေသည်။ တနည်းအားဖြင့် ကျိုးကြောင်းဆက် ပြောဆိုနည်း၊ စာရေးနည်းကို ရပါသည်။ အမေးအဖြေများကို ကျိုးကြောင်းဆက် ချုပ်ကြည့်သောအခါ ---- ✰ ကုသိုလ် သီလကို ပြုစု စောင့်ထိန်းခြင်းသည် များစွာသော အကျိုးတရားများကို ဖြစ်စေပါသည်။ ၁။ ကုသိုလ်သီလ စောင့်ထိန်းခြင်းကြောင့် စိတ်နှလုံး ကြည်သာရွှင်လန်းခြင်း အကျိုးရ၏။ (အဝိပ္ပဋိသာရ) ၂။ စိတ်နှလုံး ကြည်သာရွှင်လန်းခြင်းသည် ဝမ်းမြောက်ခြင်းအကျိုးကို ဖြစ်စေ၏။ (ပါမောဇ္ဇ) ၃။ ဝမ်းမြောက်ခြင်းကြောင့် နှစ်သက်ခြင်း ပီတိ ဖြစ်လာ၏။ (ပီတိ) ၄။ နှစ်သက်ခြင်း ပီတိမှတဆင့် ကိုယ် စိတ် ငြိမ်းအေးခြင်းအကျိုးကို ရရှိပေ၏။ (ပဿဒ္ဓိ) ၅။ ကိုယ်စိတ်ငြိမ်းအေးခြင်းကြောင့် ကိုယ်စိတ် ချမ်းချမ်းသာသာ ဖြစ်လာ၏။ (သုခ) ၆။ ကိုယ်စိတ် ချမ်းသာခြင်းကြောင့် စိတ်အစဉ် တည်တည်ငြိမ်ငြိမ် ရှိလာသည်။ (သမာဓိ) ၇။ စိတ်တည်ကြည်ငြိမ်သက်ခြင်းကြောင့် ရုပ်တရား၊ နာမ်တရားတို့၏ သဘောအမှန် အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်သော အနုစား ဝိပဿနာဉာဏ် ဖြစ်ပေါ်လာ၏။ (ယထာဘူတဉာဏဒဿန) ၈။ ရုပ်နာမ်တို့၏ သဘောအမှန်ကို နားလည်သဘောပေါက်သဖြင့် ရုပ်တရား နာမ်တရား၊ ခန္ဓာကိုယ်၊ လောကတို့အပေါ် ငြီးငွေ့လာ၏။ လွတ်မြောက်ချင်လာ၏။ အရင့်စား ဝိပဿနာဉာဏ် ဖြစ်လာ၏။ (နိဗ္ဗိဒါ) ၉။ ရုပ်နာမ်၊ ခန္ဓာ၊ သင်္ခါရ လောက တို့အပေါ် မသာယာ မနှစ်သက် ငြီးငွေ့လာသဖြင့် ရုပ်တရား နာမ်တရားအပေါ် တပ်မက်တွယ်တာမှု ကင်းလာ၏။ တနည်းအားဖြင့် မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ (ဝိရာဂ) ၁၀။ တွယ်တာတပ်မက်ခြင်း ကင်းလာခြင်းကြောင့် လွတ်မြောက်ကြောင်း ဉာဏ်အသိ ဖြစ်ပေါ်ရရှိလာသည်။ တနည်းအားဖြင့် အရဟတ္တဖိုလ်နှင့် ပစ္စဝေက္ခဏာဉာဏ်အမြင် ဖြစ်ပေါ်လာသည်။ (ဝိမုတ္တိဉာဏဒဿန) အရဟတ္တဖိုလ်ဉာဏ်သည် မြတ်ဗုဒ္ဓသာသနာတော်တွင် အထွတ်အထိတ် အောင်မြင်မှုပန်းတိုင် (သို့မဟုတ်) အမြင့်ဆုံး အကျိုးတရား ဖြစ်တော့၏။ ထို့ကြောင့် ကုသိုလ် သီလ စောင့်ထိန်းခြင်းသည် ကြီးမြတ်သော အကျိုးအထိ ပေးစွမ်းနိုင်ကြောင်း အရှင်အာနန္ဒာမထေရ်၏ မေးခွန်းတို့ကို မြတ်ဗုဒ္ဓ ဖြေကြားပေးတော်မူပါသည်။ (အသေးစိတ်ကို အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ ဧကဒသမနိပါတ်ရှိ ကိမတ္ထိယသုတ်တွင် လေ့လာနိုင်ပါသည်။) ဓမ္မဒါနပြုသူ အရှင်ဣန္ဒာစရိယ ၂၉.၀၈.၂၀၁၉ #CREDIT. သီလေစာင့္ျခင္း အက်ိဳး ------------------- သာဝတၳိျပည္ ေဇတဝန္ေက်ာင္းအတြင္း ျမတ္စြာဘုရားရွင္ႏွင့္ အရွင္အာနႏၵာမေထရ္တို႔ တရားေဆြးႏြေးေနၾကသည္။ အရွင္အာနႏၵာက ကုသိုလ္ သီလေစာင့္တည္ျခင္းေၾကာင့္ မည္သည့္အက်ိဳး အာနိသင္မ်ား ရရွိနိုင္ပါသလဲ ဟု ေမးသည္။ ျမတ္စြာဘုရားရွင္ကလည္း သီလေစာင့္ျခင္းမွ စ၍ ရရွိနိုင္ေသာ အက်ိဳးအဆက္ဆက္ကို ေျဖေတာ္မူသည္။ အရွင္အာနႏၵာက ထပ္၍ ထပ္၍ ေမးသျဖင့္ ျမတ္ဗုဒၶကလည္း ထပ္၍ ထပ္၍ ေျဖၾကားျခင္း ျဖစ္သည္။ ထိုအေမးအေျဖ စကားဝိုင္းမွ ရရွိလာေသာ အေၾကာင္းအရာတို႔သည္ သီလေစာင့္ျခင္းမွ အစျပဳၿပီး အက်ိဳးတရားမ်ား အဆက္ဆက္ ျဖစ္နိုင္ပုံကို နားလည္သေဘာေပါက္ေစသည္။ တနည္းအားျဖင့္ က်ိဳးေၾကာင္းဆက္ ေျပာဆိုနည္း၊ စာေရးနည္းကို ရပါသည္။ အေမးအေျဖမ်ားကို က်ိဳးေၾကာင္းဆက္ ခ်ဳပ္ၾကည့္ေသာအခါ ---- ✰ ကုသိုလ္ သီလကို ျပဳစု ေစာင့္ထိန္းျခင္းသည္ မ်ားစြာေသာ အက်ိဳးတရားမ်ားကို ျဖစ္ေစပါသည္။ ၁။ ကုသိုလ္သီလ ေစာင့္ထိန္းျခင္းေၾကာင့္ စိတ္ႏွလုံး ၾကည္သာ႐ႊင္လန္းျခင္း အက်ိဳးရ၏။ (အဝိပၸဋိသာရ) ၂။ စိတ္ႏွလုံး ၾကည္သာ႐ႊင္လန္းျခင္းသည္ ဝမ္းေျမာက္ျခင္းအက်ိဳးကို ျဖစ္ေစ၏။ (ပါေမာဇၨ) ၃။ ဝမ္းေျမာက္ျခင္းေၾကာင့္ ႏွစ္သက္ျခင္း ပီတိ ျဖစ္လာ၏။ (ပီတိ) ၄။ ႏွစ္သက္ျခင္း ပီတိမွတဆင့္ ကိုယ္ စိတ္ ၿငိမ္းေအးျခင္းအက်ိဳးကို ရရွိေပ၏။ (ပႆဒၶိ) ၅။ ကိုယ္စိတ္ၿငိမ္းေအးျခင္းေၾကာင့္ ကိုယ္စိတ္ ခ်မ္းခ်မ္းသာသာ ျဖစ္လာ၏။ (သုခ) ၆။ ကိုယ္စိတ္ ခ်မ္းသာျခင္းေၾကာင့္ စိတ္အစဥ္ တည္တည္ၿငိမ္ၿငိမ္ ရွိလာသည္။ (သမာဓိ) ၇။ စိတ္တည္ၾကည္ၿငိမ္သက္ျခင္းေၾကာင့္ ႐ုပ္တရား၊ နာမ္တရားတို႔၏ သေဘာအမွန္ အမွန္အတိုင္း ရႈျမင္သုံးသပ္နိုင္ေသာ အႏုစား ဝိပႆနာဉာဏ္ ျဖစ္ေပၚလာ၏။ (ယထာဘူတဉာဏဒႆန) ၈။ ႐ုပ္နာမ္တို႔၏ သေဘာအမွန္ကို နားလည္သေဘာေပါက္သျဖင့္ ႐ုပ္တရား နာမ္တရား၊ ခႏၶာကိုယ္၊ ေလာကတို႔အေပၚ ၿငီးေငြ႕လာ၏။ လြတ္ေျမာက္ခ်င္လာ၏။ အရင့္စား ဝိပႆနာဉာဏ္ ျဖစ္လာ၏။ (နိဗၺိဒါ) ၉။ ႐ုပ္နာမ္၊ ခႏၶာ၊ သခၤါရ ေလာက တို႔အေပၚ မသာယာ မႏွစ္သက္ ၿငီးေငြ႕လာသျဖင့္ ႐ုပ္တရား နာမ္တရားအေပၚ တပ္မက္တြယ္တာမႈ ကင္းလာ၏။ တနည္းအားျဖင့္ မဂ္ဉာဏ္ျဖစ္ေပၚလာသည္။ (ဝိရာဂ) ၁၀။ တြယ္တာတပ္မက္ျခင္း ကင္းလာျခင္းေၾကာင့္ လြတ္ေျမာက္ေၾကာင္း ဉာဏ္အသိ ျဖစ္ေပၚရရွိလာသည္။ တနည္းအားျဖင့္ အရဟတၱဖိုလ္ႏွင့္ ပစၥေဝကၡဏာဉာဏ္အျမင္ ျဖစ္ေပၚလာသည္။ (ဝိမုတၱိဉာဏဒႆန) အရဟတၱဖိုလ္ဉာဏ္သည္ ျမတ္ဗုဒၶသာသနာေတာ္တြင္ အထြတ္အထိတ္ ေအာင္ျမင္မႈပန္းတိုင္ (သို႔မဟုတ္) အျမင့္ဆုံး အက်ိဳးတရား ျဖစ္ေတာ့၏။ ထို႔ေၾကာင့္ ကုသိုလ္ သီလ ေစာင့္ထိန္းျခင္းသည္ ႀကီးျမတ္ေသာ အက်ိဳးအထိ ေပးစြမ္းနိုင္ေၾကာင္း အရွင္အာနႏၵာမေထရ္၏ ေမးခြန္းတို႔ကို ျမတ္ဗုဒၶ ေျဖၾကားေပးေတာ္မူပါသည္။ (အေသးစိတ္ကို အဂၤုတၱရနိကာယ္၊ ဒသကနိပါတ္၊ ဧကဒသမနိပါတ္ရွိ ကိမတၳိယသုတ္တြင္ ေလ့လာနိုင္ပါသည္။) ဓမၼဒါနျပဳသူ အရွင္ဣႏၵာစရိယ ၂၉.၀၈.၂၀၁၉ #CREDIT.


via အလင္းေရာင္ ဓမၼ https://ift.tt/32A3PRO