အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 19, 2019
အားကိုးရာတရားစစ် ရှိဖို့လိုတယ် ••••••••••••••••••••••••••••••• ဒကာကြီးတွေ မိမိတို့ရဲ့ ကိုးကွယ်းအားထားရာ တရားစစ်တရားမှန်ကို ရှိထားဖို့ လိုအပ်နေပါတယ်။ ဒီနေရာမှာ စကားစပ်မိလို့ပေါ့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဒကာကြီးတစ်ဦးလျှောက်ထားဖူးပါတယ်။ သူကတရားစခန်းရိပ်သာအတော်ခပ်များများလည်း ၀င်ဖူးပါတယ်။ အားထုတ်ဖူးတော့ တရားလည်း အတော်လေးကောင်းပါတယ်။ သူကဘာလျှောက်လဲ?၊ ထူးခြားတဲ့ စကားလေးတစ်ခုပေါ့ “ တပည့်တော်အားထုတ်ထားတဲ့ တရားက အားကိုးထိုက်ပြီလို့ တပည့်တော်ဒီလို လက်ခံထားတယ် ဘုရား၊ စိတ်ချယုံကြည်ထားတယ်၊ ဒီဘ၀မှာတော့ အခြားသောတရားတွေကို လိုက်ပြီး ရှာနေစရာမလိုတော့ဘူးဆိုပြီး နှလုံးသွင်းပြီးကျေနပ်နေတယ် “တဲ့။ ဒီတော့ ဘုန်းကြီးကလည်း ဒကာကြီးကျေနပ်နေတယ်ဆို ကျေနပ်နေရခြင်း အကြောင်းလေးနည်းနည်းပြောပြစမ်းပါလို့ ဆိုလိုက်ပါတယ်။ သူက- တရားတွေရှုလိုက်ပြီဆိုရင် ခန္ဓာအိမ်တစ်ခုလုံး အားလုံး ကြည်ပြီးတော့လင်းသွားတယ်။ ပထမတစ်ခါတစ်ရံ အမှုန်လေးတွေတွေ့တယ်၊ နောက်ပျောက်သွားပြီး ကြည်ပြီးအေးနေတယ်၊ အဲ့ဒီမှာ စိတ်ကလေးကပ်ထားလိုက်ပြီဆို စိတ်လေးကဘယ်မှ မပြေးတော့ဘူး။ အဲ့ဒီချမ်းသာလေးကိုသူက အမြဲတမ်းခံစားနေတယ်။ အဲ့ဒီအဆင့်အထိရထားတော့ တပည့်တော်က ကိုယ့်တရားကိုကိုယ် ကျေနပ်နေတယ်တဲ့။ ဒါပေမယ့်လို့ တစ်နေ့မှာ မခွဲစိတ်ရင် မဖြစ်တော့တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ခွဲစိတ်ရမယ့် အကြောင်းအရာတစ်ခု ပေါ်ပေါက်လာပါတယ်။ ပေါ်လာတဲ့အချိန်ကျတော့ ခွဲစိတ်ခန်းထဲ၀င်ပြီ၊ ဝေဒနာကလည်း သေလောက်တဲ့ ဝေဒနာဖြစ်နေတယ်တဲ့၊ ဒီအချိန်အခါမှာ ငါ့အတွက်အားအကိုးရဆုံးက တရားပဲဆိုပြီး သူအားထုတ်ထားတဲ့ တရားကို ပြန်နှလုံးသွင်းတယ်တဲ့။ တရားတွေ တစ်ခုမှ ပြန်မပေါ်တော့ဘူးတဲ့။ အဲ့ဒီမှာ တပည့်တော်လန့်သွားတယ်၊ တကယ်တမ်း ငါ့တရားဟာ အားမကိုးထိုက်သေးဘူးဆိုတာ သဘောပေါက်သွားတယ်တဲ့။ ဒါသူလျှောက်ထားဖူးတာပါ။ ဒါကြောင့် ဒကာကြီးတွေလည်း အတော်သတိရှိဖို့ လိုအပ်ပါတယ်။ ဘဝမှာ အရေးအကြီးဆုံး အချိန်က မရဏာသန္နအချိန်အခါပါ၊ ဒီအချိန်မှာ အကျိုးပေးမယ့် ကံတွေက အလုအယက်တိုးနကြပါတယ်။ မိမိတို့က စစ်မှန်တဲ့တရားတွေကို လက်တွေ့ကျကျ ကျင့်ကြံကြိုးကုတ်အားထုတ်ထားမယ်ဆို နိဗ္ဗာန်မရသေးဘူးဘဲထား၊ ထိုဝိပဿနာဘာဝနာကို သေခါနီးအထိ အားထုတ်နေသေးရင် ထိုမရဏသန္နဇောကုသိုလ်ကံတွေကြောင့် ကောင်းရာသုဂတိဘုံကို ရောက်ရှိသွားပြီး ဝိပဿနာဇောပဋိသန္ဓေကုသိုလ်စိတ်က ထိုထိုဘုံဘဝမှာတင် နိဗ္ဗာန်ကို လွယ်လွယ်ရသွားနိုင်တဲ့ သဘောရှိပါတယ်။ ဒါကိုလည်း မြတ်စွာဘုရားရှင်က သောတာနုဂတသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ အာမခံပြီး ဟောထားပါတယ်။ ဒီတော့ ဒကာကြီးတွေ မိမိတို့ရဲ့တရားတွေကို ဆန်းစစ်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။ "ဖားအောက်တောရဆရာတော် " Bhikkhu's Dhamma https://ift.tt/2Ob0JwM https://ift.tt/2NCtwZN Zawgyi အားကိုးရာတရားစစ် ရှိဖို့လိုတယ် •••••••••••••••••••••••••••••• ဒကာကြီးတွေ မိမိတို့ရဲ့ ကိုးကွယ်းအားထားရာ တရားစစ်တရားမှန်ကို ရှိထားဖို့ လိုအပ်နေပါတယ်။ ဒီနေရာမှာ စကားစပ်မိလို့ပေါ့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဒကာကြီးတစ်ဦးလျှောက်ထားဖူးပါတယ်။ သူကတရားစခန်းရိပ်သာအတော်ခပ်များများလည်း ၀င်ဖူးပါတယ်။ အားထုတ်ဖူးတော့ တရားလည်း အတော်လေးကောင်းပါတယ်။ သူကဘာလျှောက်လဲ?၊ ထူးခြားတဲ့ စကားလေးတစ်ခုပေါ့ “ တပည့်တော်အားထုတ်ထားတဲ့ တရားက အားကိုးထိုက်ပြီလို့ တပည့်တော်ဒီလို လက်ခံထားတယ် ဘုရား၊ စိတ်ချယုံကြည်ထားတယ်၊ ဒီဘ၀မှာတော့ အခြားသောတရားတွေကို လိုက်ပြီး ရှာနေစရာမလိုတော့ဘူးဆိုပြီး နှလုံးသွင်းပြီးကျေနပ်နေတယ် “တဲ့။ ဒီတော့ ဘုန်းကြီးကလည်း ဒကာကြီးကျေနပ်နေတယ်ဆို ကျေနပ်နေရခြင်း အကြောင်းလေးနည်းနည်းပြောပြစမ်းပါလို့ ဆိုလိုက်ပါတယ်။ သူက- တရားတွေရှုလိုက်ပြီဆိုရင် ခန္ဓာအိမ်တစ်ခုလုံး အားလုံး ကြည်ပြီးတော့လင်းသွားတယ်။ ပထမတစ်ခါတစ်ရံ အမှုန်လေးတွေတွေ့တယ်၊ နောက်ပျောက်သွားပြီး ကြည်ပြီးအေးနေတယ်၊ အဲ့ဒီမှာ စိတ်ကလေးကပ်ထားလိုက်ပြီဆို စိတ်လေးကဘယ်မှ မပြေးတော့ဘူး။ အဲ့ဒီချမ်းသာလေးကိုသူက အမြဲတမ်းခံစားနေတယ်။ အဲ့ဒီအဆင့်အထိရထားတော့ တပည့်တော်က ကိုယ့်တရားကိုကိုယ် ကျေနပ်နေတယ်တဲ့။ ဒါပေမယ့်လို့ တစ်နေ့မှာ မခွဲစိတ်ရင် မဖြစ်တော့တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ခွဲစိတ်ရမယ့် အကြောင်းအရာတစ်ခု ပေါ်ပေါက်လာပါတယ်။ ပေါ်လာတဲ့အချိန်ကျတော့ ခွဲစိတ်ခန်းထဲ၀င်ပြီ၊ ဝေဒနာကလည်း သေလောက်တဲ့ ဝေဒနာဖြစ်နေတယ်တဲ့၊ ဒီအချိန်အခါမှာ ငါ့အတွက်အားအကိုးရဆုံးက တရားပဲဆိုပြီး သူအားထုတ်ထားတဲ့ တရားကို ပြန်နှလုံးသွင်းတယ်တဲ့။ တရားတွေ တစ်ခုမှ ပြန်မပေါ်တော့ဘူးတဲ့။ အဲ့ဒီမှာ တပည့်တော်လန့်သွားတယ်၊ တကယ်တမ်း ငါ့တရားဟာ အားမကိုးထိုက်သေးဘူးဆိုတာ သဘောပေါက်သွားတယ်တဲ့။ ဒါသူလျှောက်ထားဖူးတာပါ။ ဒါကြောင့် ဒကာကြီးတွေလည်း အတော်သတိရှိဖို့ လိုအပ်ပါတယ်။ ဘဝမှာ အရေးအကြီးဆုံး အချိန်က မရဏာသန္နအချိန်အခါပါ၊ ဒီအချိန်မှာ အကျိုးပေးမယ့် ကံတွေက အလုအယက်တိုးနကြပါတယ်။ မိမိတို့က စစ်မှန်တဲ့တရားတွေကို လက်တွေ့ကျကျ ကျင့်ကြံကြိုးကုတ်အားထုတ်ထားမယ်ဆို နိဗ္ဗာန်မရသေးဘူးဘဲထား၊ ထိုဝိပဿနာဘာဝနာကို သေခါနီးအထိ အားထုတ်နေသေးရင် ထိုမရဏသန္နဇောကုသိုလ်ကံတွေကြောင့် ကောင်းရာသုဂတိဘုံကို ရောက်ရှိသွားပြီး ဝိပဿနာဇောပဋိသန္ဓေကုသိုလ်စိတ်က ထိုထိုဘုံဘဝမှာတင် နိဗ္ဗာန်ကို လွယ်လွယ်ရသွားနိုင်တဲ့ သဘောရှိပါတယ်။ ဒါကိုလည်း မြတ်စွာဘုရားရှင်က သောတာနုဂတသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ အာမခံပြီး ဟောထားပါတယ်။ ဒီတော့ ဒကာကြီးတွေ မိမိတို့ရဲ့တရားတွေကို ဆန်းစစ်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။ "ဖားအောက်တောရဆရာတော် " Bhikkhu's Dhamma https://ift.tt/2Ob0JwM https://ift.tt/2NCtwZN
via အလင်းရောင် ဓမ္မ https://ift.tt/2VWRfct
Newer Post
Older Post
Home