အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, October 19, 2019
မြတ်ဗုဒ္ဓ ဟောကြားသော ကထိန်ဒါန အကျိုးတရား။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 တန်ဆောင်းမုန်းလသည် မိုးအကုန် ဆောင်းအကူး ဖြစ်သလို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့၏ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်၊တစ်ကြိမ်မှာ တစ်ကျောင်းဆိုသကဲ့သို့ လမြတ်တန်ဆောင်းမုန်းလတွင် မြတ်သောကထိန်သင်္ကန်းများ ကပ်လှူပူဇော်ပွဲများကို မြို့ရွာအသီးသီးတွင် ဆင်နွှဲကျင်းပလေ့ရှိပေသည်။ ကထိန်သင်္ကန်း ကပ်လှူရန်အကြောင်း ဖြစ်ပေါ်လာပုံ ….. မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျာင်းတော်၌ သီတင်းသုံးတော်မူသောအခါ ဘဒ္ဒဝဂ္ဂီသုံးကျိပ်သော ရဟန်းတို့သည် မြတ်စွာဘုရားအား ဖူးမြော်ရန်အလို့ငှာ ဝါကျွတ်သောအခါသမယ၌ ကေတပြည်မှ ခြေလျင်ခရီးဖြင့် ကြွလာတော်မူကြပါသည်။ လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းတို့သည် မိုးရေများ စိုစွတ်ကြကုန်ပေသည်။ ရဟန်းများ မိုးရေစိုသော သင်္ကန်းများဖြင့် မြင်ရသည်ကို အကြောင်းပြု၍ ဘုရားရှင်ကိုယ်တော်မြတ်သည် ပုရိမာဂါကပ်ခြင်းနှင့် ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်းခွင့်ပြုကြောင်း ပညတ်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် ကထိန်ခင်းထိုက်သော ရဟန်းနှင့် ကထိန်မခင်းထိုက်သော ရဟန်းတို့ကိုလည်း မဟာဝါအဋ္ဌကထာ ပါဠိတော်တွင် ယခုကဲ့သို့ ဟောတော်မူပေသည်။ ကထိန်မခင်းထိုက်သော ရဟန်း … (၁) ကထိန်သင်္ကန်း ဖြစ်ပေါ်ရာကျောင်း၌ ဝါမဆို၊ ဝါမကပ်သော ရဟန်း။ (၂) ပုရိမဝါ ဝါဆိုဝါကပ်သော်လည်း ဝါကျိုးဝါပျက်သော ရဟန်း။ (ဝါကျိုး ဝါပျက်ဆိုသည်မှာ ဝါဆိုဝါကပ်သော ကျောင်းသင်္ခန်းမှ ညအိပ်ခရီးထွက်ရာတွင် ကျောင်းထိုင်ဆရာတော်ထံ ဝါပန်မှု မပြုသော ရဟန်း၊ဝါပန်သော်လည်း ဝါပန်ရန် ကျော်လွန်ခဲ့သော ရဟန်းမျိုးကို ဝါကျိုးဝါပျက် ရဟန်းမျိုးဟု ခေါ်ပေသည်။) (၃) သီတင်းကျွတ် လပြည့်နေ့၌ မဟာပဝါရဏာအချိန်တွင် ပဝါရဏာမပြုသောရဟန်း။ (၄) မစ္ဆိမဝါဆိုသော ရဟန်း။ (၅) လုံးဝ ဝါမဆို ဝါမကပ်သော ရဟန်း။ (၆) ပုဗ္ဗကရဏ စသော ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် မပြည့်သော ရဟန်း။ (၇) ကထိန်ခင်းခြင်းငှာ မစွမ်းနိုင်သော ရဟန်းတို့သည် ကထိန်မခင်းထိုက်သော ရဟန်းတို့ ဖြစ်သည်။ ကထိန်ခင်းထိုက်သော ရဟန်း … (၁) ပုရိမ ဝါကျွတ်ပြီး ပထမ မဟာပဝါရဏာနေ့၌ ပဝါရဏပြုသော ရဟန်း။ (၂) ပုရိမ ဝါမကျိုးမပျက်သော ရဟန်း။ (၃) ပုဗ္ဗကရဏ စသည်ကို သိခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်း။ (၄) သံဃာတ ဝိနည်းကံနှင့် ဉတ်ကမ္မဝါစာဖတ်၍ ပေးသော ကထိန်ခင်းရန် သင်္ကန်းခံယူရရှိသော ရဟန်း။ (၅) ကထိန်ခင်းရန် စွမ်းနိုင်သော ရဟန်း စသည်တို့ ဖြစ်သည်။ ကထိန်ခင်းခြင်းသည် ကထိန်ခင်းသော ကထိန်အလှူရှင်များသာမက ကထိန်သင်္ကန်းအလှူခံသော ရဟန်းများသည် ကထိန်အကျိုး တရားငါးပါး ရရှိပေသည်။ မြန်မာလူမျိုးတို့ ဆိုရိုးစကား ရှိပေသည်။ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ် ဖြစ်ပေသည်။ ကထိန်ခင်းခြင်းသည် တစ်နှစ်မှာ တစ်လ၊ တစ်လမှ တစ်ကြိမ်၊ တစ်ကြိမ်မှာ တစ်ကျောင်းဆိုသကဲ့သို့ မြတ်သောကထိန်သင်္ကန်းကို ကပ်လှူပွဲများကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်မှ တန်ဆောင်မုန်း လပြည့်နေ့တိုင် ကျင်းပလေ့ရှိကြပေသည်။ ကထိန်အကျိုးတရားငါးပါးအား ဖော်ပြပေးအံ့ … (၁) အနာမန္တစာရ - ထင်ရှားသော ရဟန်းအား မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားလာနိုင်သည်။ (၂) အသမာဒါနစာရ - အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဉ့်ကင်း နေနိုင်ခြင်း။ (၃) ဂဏသော ဇုန - (မဖွယ်မရာ ပင့်ဖိတ်သည့်) ဂဏဘောဇဉ်ကို ဘုဉ်းပေးသော်လည်း အာပတ် (အပြစ်) မသင့်ပေ။ (၄) ယာဝဒတ္ထစီဝရ - အဓိဋ္ဌာန် ဝိကပ္ပနာ မပြုဘဲ သင်္ကန်းကို အလိုရှိသလောက် ထားနိုင်သည်။ (၅) ယောစတတ္ထစီဝ ရုပ္ပါဒ - ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိကသင်္ကန်းကို ရပိုင်ခွင့်ရှိခြင်း စသော အချက်တို့ကို အလှူခံသော ကထိန်အာနိသင် ရှိသောရဟန်းသံဃာတော်များ ရရှိပေမည်။ ကထိန်သင်္ကန်းလှူသော အလှူရှင်များ ရရှိသော အကျိုးတရားငါးပါး ရှိပေအံ့ … (၁) မည့်သည့်အရပ်ကိုပဲ သွားစေကာမူ အနှောက်အယှက်မရှိ ဘေးကင်းစွာ သွားနိုင်သည်။ (၂) မိမိပိုင်သော ပစ္စည်းများကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်း။ (၃) ဥစ္စာပစ္စည်း ရှာဖွေရာတွင် သူတကာတို့ထက် လွယ်ကူစွာ ရရှိခြင်း။ (၄) မိမိပိုင်ပစ္စည်းများ ဆုံးရှုံးမှု မရှိဘဲ တိုးပွားဖို့သာရှိခြင်း။ (၅) လူသာမန်တို့ မသုံးဆောင်နိုင်သော အစားအသောက်များကို စားသောက်နိုင်ပြီး အစားအသောက်ကြောင့် ဘေးမဖြစ်နိုင်ပေ။ ဤအကျိုးတရားများကို ကထိန်ခင်းသော အလှူရှင်များ မလွဲဧကန်ရပေတော့မည်အမှန် ဖြစ်သည်တကား …..။ ရွှေမြိုင်ဆရာတော် သာဓု သာဓု သာဓု မွတျဗုဒ်ဓ ဟောကွားသော ကထိနျဒါန အကြိုးတရား။ တနျဆောငျးမုနျးလသညျ မိုးအကုနျ ဆောငျးအကူး ဖွဈသလို မွနျမာလူမြိုး ဗုဒ်ဓဘာသာဝငျတို့၏ တဈနှဈမှာ တဈလ၊ တဈလမှာ တဈကွိမျ၊တဈကွိမျမှာ တဈကြောငျးဆိုသကဲ့သို့ လမွတျတနျဆောငျးမုနျးလတှငျ မွတျသောကထိနျသငျ်ကနျးမြား ကပျလှူပူဇောျပှဲမြားကို မွို့ရှာအသီးသီးတှငျ ဆငျနှှဲကငြျးပလေ့ရှိပသေညျ။ ကထိနျသငျ်ကနျး ကပျလှူရနျအကွောငျး ဖွဈပေါျလာပုံ ….. မွတျစှာဘုရားရှငျသညျ သာဝတ်ထိပွညျ ဇတေဝနျကြာငျးတောျ၌ သီတငျးသုံးတောျမူသောအခါ ဘဒ်ဒဝဂ်ဂီသုံးကြိပျသော ရဟနျးတို့သညျ မွတျစှာဘုရားအား ဖူးမွောျရနျအလို့ငှာ ဝါကြှတျသောအခါသမယ၌ ကတေပွညျမှ ခွလေငြျခရီးဖွငျ့ ကွှလာတောျမူကွပါသညျ။ လမျးခရီး၌ မိုးသညျးထနျစှာ ရှာသှနျးသဖွငျ့ ရဟနျးတို့သညျ မိုးရမြေား စိုစှတျကွကုနျပသေညျ။ ရဟနျးမြား မိုးရစေိုသော သငျ်ကနျးမြားဖွငျ့ မွငျရသညျကို အကွောငျးပွု၍ ဘုရားရှငျကိုယျတောျမွတျသညျ ပုရိမာဂါကပျခွငျးနှငျ့ ပွညျ့စုံသော ရဟနျးတို့အား ကထိနျခငျးခှငျ့ပွုကွောငျး ပညတျတောျမူခဲ့ပါသညျ။ မွတျစှာဘုရားရှငျသညျ ကထိနျခငျးထိုကျသော ရဟနျးနှငျ့ ကထိနျမခငျးထိုကျသော ရဟနျးတို့ကိုလညျး မဟာဝါအဋ်ဌကထာ ပါဠိတောျတှငျ ယခုကဲ့သို့ ဟောတောျမူပသေညျ။ ကထိနျမခငျးထိုကျသော ရဟနျး … (၁) ကထိနျသငျ်ကနျး ဖွဈပေါျရာကြောငျး၌ ဝါမဆို၊ ဝါမကပျသော ရဟနျး။ (၂) ပုရိမဝါ ဝါဆိုဝါကပျသောျလညျး ဝါကြိုးဝါပကြျသော ရဟနျး။ (ဝါကြိုး ဝါပကြျဆိုသညျမှာ ဝါဆိုဝါကပျသော ကြောငျးသငျ်ခနျးမှ ညအိပျခရီးထှကျရာတှငျ ကြောငျးထိုငျဆရာတောျထံ ဝါပနျမှု မပွုသော ရဟနျး၊ဝါပနျသောျလညျး ဝါပနျရနျ ကြောျလှနျခဲ့သော ရဟနျးမြိုးကို ဝါကြိုးဝါပကြျ ရဟနျးမြိုးဟု ခေါျပသေညျ။) (၃) သီတငျးကြှတျ လပွညျ့နေ့၌ မဟာပဝါရဏာအခြိနျတှငျ ပဝါရဏာမပွုသောရဟနျး။ (၄) မစ်ဆိမဝါဆိုသော ရဟနျး။ (၅) လုံးဝ ဝါမဆို ဝါမကပျသော ရဟနျး။ (၆) ပုဗ်ဗကရဏ စသော ကထိနျခငျးထိုကျသော အငျ်ဂါရှဈပါးနှငျ့ မပွညျ့သော ရဟနျး။ (၇) ကထိနျခငျးခွငျးငှာ မစှမျးနိုငျသော ရဟနျးတို့သညျ ကထိနျမခငျးထိုကျသော ရဟနျးတို့ ဖွဈသညျ။ ကထိနျခငျးထိုကျသော ရဟနျး … (၁) ပုရိမ ဝါကြှတျပွီး ပထမ မဟာပဝါရဏာနေ့၌ ပဝါရဏပွုသော ရဟနျး။ (၂) ပုရိမ ဝါမကြိုးမပကြျသော ရဟနျး။ (၃) ပုဗ်ဗကရဏ စသညျကို သိခွငျး စသော အငျ်ဂါရှဈပါးနှငျ့ ပွညျ့စုံသော ရဟနျး။ (၄) သံဃာတ ဝိနညျးကံနှငျ့ ဉတျကမ်မဝါစာဖတျ၍ ပေးသော ကထိနျခငျးရနျ သငျ်ကနျးခံယူရရှိသော ရဟနျး။ (၅) ကထိနျခငျးရနျ စှမျးနိုငျသော ရဟနျး စသညျတို့ ဖွဈသညျ။ ကထိနျခငျးခွငျးသညျ ကထိနျခငျးသော ကထိနျအလှူရှငျမြားသာမက ကထိနျသငျ်ကနျးအလှူခံသော ရဟနျးမြားသညျ ကထိနျအကြိုး တရားငါးပါး ရရှိပသေညျ။ မွနျမာလူမြိုးတို့ ဆိုရိုးစကား ရှိပသေညျ။ သငျ်ကနျးမှာ ကထိနျ၊ ကြောငျးမှာ သိမျ ဖွဈပသေညျ။ ကထိနျခငျးခွငျးသညျ တဈနှဈမှာ တဈလ၊ တဈလမှ တဈကွိမျ၊ တဈကွိမျမှာ တဈကြောငျးဆိုသကဲ့သို့ မွတျသောကထိနျသငျ်ကနျးကို ကပျလှူပှဲမြားကို သီတငျးကြှတျလပွညျ့ကြောျ (၁) ရကျမှ တနျဆောငျမုနျး လပွညျ့နေ့တိုငျ ကငြျးပလေ့ရှိကွပသေညျ။ ကထိနျအကြိုးတရားငါးပါးအား ဖောျပွပေးအံ့ … (၁) အနာမန်တစာရ - ထငျရှားသော ရဟနျးအား မပနျကွားဘဲ ရပျရှာအတှငျးသို့ သှားလာနိုငျသညျ။ (၂) အသမာဒါနစာရ - အဓိဋ်ဌာနျတငျထားသော နှဈထပျသငျ်ကနျးကွီးနှငျ့ ညဉျ့ကငျး နနေိုငျခွငျး။ (၃) ဂဏသော ဇုန - (မဖှယျမရာ ပငျ့ဖိတျသညျ့) ဂဏဘောဇဉျကို ဘုဉျးပေးသောျလညျး အာပတျ (အပွဈ) မသငျ့ပေ။ (၄) ယာဝဒတ်ထစီဝရ - အဓိဋ်ဌာနျ ဝိကပ်ပနာ မပွုဘဲ သငျ်ကနျးကို အလိုရှိသလောကျ ထားနိုငျသညျ။ (၅) ယောစတတ်ထစီဝ ရုပ်ပါဒ - ကထိနျခငျးရာကြောငျး၌ ဖွဈပေါျသော သံဃိကသငျ်ကနျးကို ရပိုငျခှငျ့ရှိခွငျး စသော အခကြျတို့ကို အလှူခံသော ကထိနျအာနိသငျ ရှိသောရဟနျးသံဃာတောျမြား ရရှိပမေညျ။ ကထိနျသငျ်ကနျးလှူသော အလှူရှငျမြား ရရှိသော အကြိုးတရားငါးပါး ရှိပအေံ့ … (၁) မညျ့သညျ့အရပျကိုပဲ သှားစကောမူ အနှောကျအယှကျမရှိ ဘေးကငျးစှာ သှားနိုငျသညျ။ (၂) မိမိပိုငျသော ပစ်စညျးမြားကို ရနျသူမြိုးငါးပါး မဖကြျဆီးနိုငျခွငျး။ (၃) ဥစ်စာပစ်စညျး ရှာဖှရောတှငျ သူတကာတို့ထကျ လှယျကူစှာ ရရှိခွငျး။ (၄) မိမိပိုငျပစ်စညျးမြား ဆုံးရှုံးမှု မရှိဘဲ တိုးပှားဖို့သာရှိခွငျး။ (၅) လူသာမနျတို့ မသုံးဆောငျနိုငျသော အစားအသောကျမြားကို စားသောကျနိုငျပွီး အစားအသောကျကွောငျ့ ဘေးမဖွဈနိုငျပေ။ ဤအကြိုးတရားမြားကို ကထိနျခငျးသော အလှူရှငျမြား မလှဲဧကနျရပတေော့မညျအမှနျ ဖွဈသညျတကား …..။ရှှမွေိုငျဆရာတောျ
via အလင်းရောင် ဓမ္မ https://ift.tt/35RLX71
Newer Post
Older Post
Home